Wednesday, September 12, 2007

5 burmese die in Malaysia car accident

မလေးရှား ကားမှောက်မှု မြန်မာ ၅ ဦး သေဆုံး
Irrawaddy/ အေးလဲ့ | စက်တင်ဘာ ၁၂၊ ၂၀၀၇

မလေးရှားနိုင်ငံမြောက်ပိုင်း ဘာလင်း မြို့နယ် အနီးတွင် ယမန်နေ့ က ဘတ်(စ်)ကား တိမ်းမှောက်ရာမှ မြန်မာအလုပ်သမား ၅ ဦး နှင့် မလေးရှားနိုင်ငံသား ကား စပယ်ယာ ၁ ဦး သေဆုံးခဲ့သည်။

ယင်းမတော်တဆ ကားမှောက်ရာတွင် လူ ၄၃ ဦး ဒဏ်ရာ ရရှိပြီး ၁၁ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။

အဆိုပါ ဘတ်စ်ကားသည် အမျိုးသမီး ၄ ဦး အပါအ၀င် လူ ၄၆ ဦးကို ထိုင်း မလေးရှား နယ်စပ်သို့ သွားပို့ခြင်းဖြစ် သည်ဟု မလေးရှား သတင်းစာ The Star က ဖော်ပြသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံအလုပ်သမားအခွင့်အရေး ကာကွယ်စောင့် ရှောက်ရေး ကော်မတီ အထွေထွေ အတွင်း ရေးမှုး ကိုရဲမင်းထွန်းကလည်း “ဒီဘတ်(စ်) ကားက မြန်မာ ပြည်သား ၄၆ ယောက်ကို လူဝင်မှုကြီးကြပ်ရေးဌာနကနေ ထိုင်း-မလေးရှား နိုင်ငံနယ်စပ်ကို သွားသွန်ဖို့ အသွားလမ်းမှာ ဖြစ်တာ”ဟု ပြောသည်။

ယင်းကားမှောက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေသည့်အဖွဲ့ က မလေးရှားနိုင်ငံ
လူဝင်မှုကြီးကြပ်ရေးဌာနကို သေဆုံးသည့်မြန်မာနိုင်ငံသား အမည်စာရင်းအား တောင်းဆိုခဲ့ရာ မြန်မာသံရုံးနှင့်သာ ဆက်သွယ် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု အကြောင်းပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ဒဏ်ရာရခဲ့သူ ၄၃ ဦးထဲမှ ၁၀ ဦးသည် အရိုးကိုထိခိုက်သည့် ဒဏ်ရာဖြင့် ဘာလင်းမြို့နယ် ဆေးရုံသို့ တင်ထားရသည်ဟု သိရသည်။

“မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အပြန်မှာဖြစ်တဲ့အတွက် မလေးရှားအစိုးရမှာ တာဝန်အများကြီးရှိပါတယ်” ဟု ကိုရဲမင်းထွန်းက ပြောဆိုသည်။

နှစ်နိုင်ငံအစိုးရတွေက တာဝန်မယူသည့်အတွက် ယခုဖြစ်စဉ်မှ သေဆုံးသူများသည် ပိုင်ရှင်မဲ့များအဖြစ်နှင့်သာ တိမ်မြုပ် ပျောက်ကွယ်ရန်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

ဒဏ်ရာရရှိခဲ့သည့် ကားမောင်းသူ လူဝင်မှုကြီးကြပ်ရေးအရာရှိကိုမူ မလေးရှားရဲက ထိန်သိမ်းထားလိုက်ကြောင်း The Star သတင်းစာတွင် ဖော်ပြထားသည်။

မလေးရှားတွင် ယခုနှစ်အတွင်း မတော်တဆ ကားမှောက် သေဆုံးသူ မြန်မာနိုင်ငံသား ၂၁ ဦးကျော် ရှိခဲ့ပြီဖြစ်သည်။

( ဒီသတင်း http://www.irrawaddy.org/bur/news2007/September/sept_12b_07.html ကနေ ယူတယ်။)


No comments: