Showing posts with label phyu phyu thin's writing. Show all posts
Showing posts with label phyu phyu thin's writing. Show all posts

Sunday, May 29, 2011

လူငယ်တို့ရဲ့ နိုင်ငံရေး ကောင်းကင်သစ် (၂၃)

0 comments
ဖြူဖြူသင်း
မေ ၂၈၊ ၂၀၁၁ - Moemaka

လူထုခေါင်းဆောင် လွတ်မြောက်လာပြီးနောက် အတွင်ကျယ်ဆုံး စကားလုံးကတော့ ကွန်ယက်ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ကွန်ယက်ဆိုတာက လူ့အဖွဲ့စည်းမှာက အထူးဆန်းမဟုတ်ပေမယ့် ကွန်ယက်ကို ဘယ်လိုဖွဲ့တည်မလဲဆိုတာကတော့ အနည်းငယ်ပြောစရာလို ဖြစ်နေတာပါ။

တူရာတူရာ အုပ်စုတွေ အလုပ်တူရာတူရာတွေ ပေါင်းစပ်မှုကို ကွန်ယက်လို့ အလွယ်ပြောလို့ရမယ် ထင်ပါတယ်။ ဒါပေမယ့် မတူရာတွေပေါင်းစပ်ဖို့ ကြိုးစားလာကြတာကလည်း ကွန်ယက်ဖွဲ့တယ် ဆိုကြပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ လူအများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်မယ်လို့ ထင်မှတ်နေကြတာ ဖြစ်ပါတယ်။ အမှန်တကယ်တမ်းကတော့ လူထုခေါင်းဆောင် မျှော်လင့်ထားတာက ဦးဆောင်သူရယ် မထားရှိဘဲနဲ့ လုပ်နိုင်စွမ်းရှိသူတွေ၊ လက်တွဲသင့်တယ်ထင်တဲ့လူတွေကို ပူးပေါင်းဆောင်ရွက်ခိုင်းတာသာ ဖြစ်ပါတယ်။


နောက်တခုက အများစုကြီး သတိမထားမိတာက လူမှုရေးလုပ်ငန်းတွေ၊ နိုင်ငံရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြရာမှာ ပူးပေါင်းဆောင်ရွက်မှု အနည်းနဲ့အများဆိုသလို ရှိကြတာချည်းပါပဲ။ ဒါပေမယ့်လို့ ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲဆိုတာနဲ့ ဘာတွေကို လက်တွေ့ကျကျ ဆောင်ရွက်နေသလဲ ဆိုတာပေါ်မှာ တည်မှီနေတာပါ။ လူမှုရေးလှုပ်ရှားနေသူများက လူမှုရေးကွန်ယက်၊ လူ့အခွင့်ရေးဆောင်ရွက်နေသူများက လူ့အခွင့်အရေးကွန်ယက် အစရှိတာတွေက ရှိနှင့်ပြီးသား အဖွဲ့စည်းတွေပါ။ ဒါတွေကို ထပ်ပြီးတိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လူငယ်တွေကြားထဲမှာလည်း လူချင်းမတွေ့ဆုံနိုင်ပေမယ့် အွန်လိုင်း ချက်တင်တွေကနေပြီးတော့ စကားပြောဆိုနေကြတာလည်း တနည်းအားဖြင့် ကွန်ယက်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဒီလိုကွန်ယက်တွေရဲ့ အားသာမှုတခုကတော့ သတင်းစီးဆင်းမှု မြန်ဆန်လာတာကိုကြည့်ယုံနဲ့ သိသာလှပါတယ်။ ခုကမ္ဘာပေါ်မှာ အဖြစ်ပျက်တခုဖြစ်တိုင်း အချိန်နဲ့အမျှဆိုသလို သိရှိကြပြီးတော့ ဒီ ကောင်းမွေ၊ ဆိုးမွေတွေကလည်း တမဟုတ်ချင်းဆိုသလို ပြန့်နှံ့သွားတာပဲဖြစ်ပါတယ်။ ဒီလိုအားသာချက်တွေ အများကြီးတည်ရှိနေတဲ့အတွက် ကွန်ယက်တည်ဆောက်ဖို့ဆိုတာ လွယ်လည်း လွယ်ကူလာပါတယ်။ အရေးကြီးတာက မတူညီတဲ့လူတွေဖြစ်နေတော့ သဘောထားကြီးပြီး အမြော်အမြင်ရှိဖို့ လိုအပ်ပါတယ်။ နောက် အပြန်လှန်ထိန်းညှိပေးပြီးသားလည်း ဖြစ်သွားမှာပါ။ တူတာတွေလုပ်နေချိန်မှာ မတူတာတွေကို မပြတ်ညှိနှိုင်းနေနိုင်ပြီးတော့ သဘောထားတူပြီဆိုတာနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ဖို့ပဲရှိတော့ လုပ်ငန်းတွေ ပိုမိုမြန်ဆန်လာမှာလည်း ဖြစ်ပါတယ်။

ဒီလို ကွန်ယက်နဲ့ပတ်သက်ပြီး လူငယ်ကွန်ယက်တခုဟာလည်း ပေါ်ပေါက်လာအုံးမှာ ဖြစ်ပါတယ်။ လူငယ်တွေကို ကွန်ယက်ဖွဲ့စည်းမယ်ဆိုရင်တော့ ပိုမိုအားကောင်း မြန်ဆန်လာမှာလည်း ဖြစ်ပါတယ်။ ဒီလို လူငယ်ကွန်ယက်နဲ့ပတ်သက်ပြီးတော့ လူငယ်တယောက်က …

“ကျနော့်အမြင် ပြောရရင်တော့ဗျာ ဒီလိုကွန်ယက်ဖွဲ့တာ အရင်ကတည်းက လုပ်သင့်တာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ကွန်ယက်ဖွဲ့စည်းပြီးလုပ်တာဟာ တဦးချင်းတဖွဲ့ချင်းလုပ်တာထက် ပိုပြီးမြန်ဆန်ပြီး ထိရောက်ပါတယ်။ အခုဆိုရင် ကျနော်တို့ဆီကလူငယ်တွေဟာ လွန်ခဲ့တဲ့လေးငါးနှစ်ကထက်စာရင် ဆက်သွယ်ရေးနည်းပညာတွေကို တွင်တွင်ကျယ်ကျယ် သုံးနေ ကြပြီ။ ဒီလို တိုးတက်လာတဲ့ နည်းပညာတွေနဲ့ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအကျိုးကိုသာ တဦးချင်းမှသည် အဖွဲ့အစည်းများအထိ တဦးနဲ့တဦး၊ တဖွဲ့နဲ့တဖွဲ့ ဆက်သွယ်ဆောင်ရွက်နိုင်မယ်ဆိုရင် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ် သေချာ ဖော်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။

ဥပမာအနေနဲ့ပြောရရင်တော့ အရင် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ကြိုးစားတဲ့နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တခုထဲကိုပဲ အားထားနေရတယ်။ အခုလိုမျိုး ကွန်ယက်တွေဖွဲ့ပြီး ဆောင်ရွက်နိုင်မယ် ဆိုရင်တော့ လူတိုင်းဟာ မိမိတို့ကြုံတွေ့နေကြတဲ့ နေ့စဉ်ဘဝတွေကို အချိန်နဲ့တပြေးညီ အခြားသူများ သိအောင်၊ ပြည်သူများ သိအောင် ဆောင်ရွက်လာနိုင်မှာပါ။ အခု ဒီလိုမျိုးလုပ်ရင်းနဲ့ တဦးနဲ့တဦး နားလည်မှုတွေ ရလာမယ်၊ နောက်ဆုံး ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”

ဒီကနေ့ လူငယ်တွေအနေနဲ့ ဆက်သွယ်ရေး နည်းပညာအသစ်တွေနဲ့ ဆက်သွယ်နေကြတာ အားရစရာ ကောင်းလှပါတယ်။ တဦးတယောက်ထက်ပိုတဲ့ ကိစ္စရပ်တွေ လုပ်ဆောင်နေတာလည်း ကြားရ မြင်နေရပါတယ်။ ဖေ့စ်ဘွတ်ကတော့ လူသုံးအများဆုံး နည်းပညာဖြစ်နေတော့ ဒီလို အင်တာနက် အွန်လိုင်းတွေ သုံးကြဖို့လည်း လိုအပ်လှပါတယ်။

နည်းပညာသုံးပြီးတော့ ကိုယ်ယုံကြည်ရာ ဒါမှမဟုတ် တိုင်းပြည်ကောင်းဖို့ အားလုံးနဲ့ ချိတ်ဆက်မိသွားရင် ကိုယ့်ပန်းတိုင်ကိုမြင်ရမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ အစစ်အမှန် ထွန်းကားအောင် လုပ်ဆောင်ကြပါ။ ဆက်သွယ်ရေးလမ်းကြောင်းသစ်တွေ ရှာဖွေပြီးကောင်းမွန်တဲ့ အိုင်ဒီယာတွေနဲ့ ပြည်သူတွေကို အလုပ်အကျွေးပြုကြပါစို့လို့ တိုက်တွန်းနှိုးဆော်ပါရစေ။

ကျမ မဖြူဖြူသင်းပါ။

(လွတ်လပ်တဲ့ အာရှအသံ ရေဒီယိုအစီအစဉ်ကို ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)

Monday, March 7, 2011

ဂုဏ်ယူတယ်ဆို ကူကြပါ

0 comments
ဖြူဖြူသင်း 

HIV/AIDS လူနာတွေကို စောင့်ရှောက်တဲ့ လုပ်ငန်းမှာ ဘာအခက်ခဲတွေ ရှိသလဲဆိုတဲ့ မေးခွန်းကို ထပ်ခါတလဲလဲ အမေးခံရ ပါတယ်။ ကျမလည်း ဖြေစရာစကား မရှိသလိုတောင် ဖြစ်ဖြစ်နေပါပြီ။ အကုန်လုံး လိုအပ်တယ်လို့ ပြောရင် နှာခေါင်းရှုံ့ကြလေမလား မသိဘူး။

“ဆယ့်ရှစ်အိမ်” လို့ ကျမတို့ အလွယ်ခေါ်ကြတဲ့ ရန်ကုန်မြို့ဒဂုံမြို့သစ် တောင်ပိုင်း အမှတ် ၁၈ ရပ်ကွက်က ဂေဟာမှာ လူနာ တချို့က ကျမတို့ကို ပြန်ကူညီနေကြပါတယ်။

တခါတော့ သူတို့က ကျမကို ထူးဆန်းတဲ့ မေးခွန်းတခု မေးပါတယ်။ “လူနာတွေကို မီဒီယာသမားတွေနဲ့ တွေ့တဲ့အခါ ပိုက်ဆံရှိတယ်၊ တည်းစရာနေရာ ရှိတယ်လို့ မပြောဖို့ ခြိမ်းခြောက်ထားသလား” တဲ့။ ဒီလို လုပ်စရာ မလိုပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ ဆိုတော့ “လာသမျှ လူနာတွေက ဘာမှမပါဘူး၊ ဘယ်မှမသွားတတ်ဘူး၊ ဘယ်မှာမှ နေစရာမရှိဘူး၊ ဘာမှ မလုပ်တတ်ဘူး၊ ဘာ စားစရာမှမပါဘူး ဆိုတာချည်း ပြောပြောနေလို့ပါ” တဲ့။ ဒါဟာ ရင်းနှီးခင်မင်လာတဲ့ သူတို့က မွန်းကျပ်စရာ အခြေအနေနဲ့ ကြုံချိန်မှာ နောက်ပြောင်ပြောတာဖြစ်လို့ ကျမ သက်ပြင်းချရင်း ရယ်မောမိပါတယ်။

တကယ် လက်တွေ့မှာတော့ အခြေအနေတွေက ရယ်မောစရာ နည်းပါးပြီး ရင်မောစရာတွေပဲ များပါတယ်။ ကျမက ပင်ကိုအားဖြင့်တော့ အဆင်ပြေတာ၊ မပြေတာကို ပြောလေ့ မရှိပါဘူး။ ဒါပေမယ့် ဒါဇင်နဲ့ချီပြီး များလှတဲ့ လူနာတွေကို စောင့်ရှောက်ရင်းမှ ကျမလည်း ညည်းတတ်တဲ့ အကျင့် ပါလာသလား မသိပါဘူး။ မညည်းမိအောင် ထိန်းသိမ်းနေရင်းကကို ညည်းညူမိနေတာပါ။

ကျမတို့ကို ထောက်ပံ့သူတွေကလည်း နိုင်သလောက်၊ စွမ်းသလောက် လှူနေကြတာပါ။ ဒါပေမယ့် မလောက်ငှဘူး ဆိုတဲ့ စကားတခွန်းတောင် ထပ်တိုး ပြောရမလိုပါပဲ။

ဒီလောက်ဆိုရင်တော့ ဒီခုခံအားကျဆင်းမှု ရောဂါနဲ့ ပတ်သက်လို့ ကျမတို့ တိုင်းပြည်မှာ ဘယ်လောက် အခက်အခဲ ဖြစ်နေသလဲ၊ အကူအညီ အကာအကွယ် မဲ့နေသူ ဘယ်လောက် များသလဲ ဆိုတာ အနည်းအကျဉ်းတော့ ပေါ်လွင် ထင်ရှားမယ်လို့ ထင်ပါတယ်။ ကျမတို့ ကူညီနိုင်တဲ့ အ၀န်းအ၀ိုင်းလေးမှာတောင် ဒီလောက် ခက်ခဲမှု၊ ကျပ်တည်းမှု ဖြစ်နေတယ်ဆိုရင် တပြည်လုံး အတိုင်းအတာနဲ့ဆို ဘယ်လောက်တောင်များ ခက်ခဲနေသလဲ၊ ဘယ်လောက်များ လူတွေ သေနေသလဲဆိုတာ တွေးမိပြီး ကျမ စိတ်ဆင်းရဲကြီးစွာ ဖြစ်ရပါတယ်။

တနေ့တနေ့ ဒီ ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ကုသရေး ဆေးရုံတွေမှာ လူဘယ်လောက် သေနေလဲဆိုတာ ကျမ မျက်မြင် ကိုယ်တွေ့ပါ။ ဒီဆေးရုံတွကို ကျမအပြစ် မမြင်၊ မပြောချင်ပါဘူး။ ဒီဆေးရုံ ဆေးခန်းတွေမှာ ၀န်ထမ်း အင်အားကလည်း မလုံလောက်၊ နောက် ဆေးဆိုရင်လည်း ပဋိဇီဝဆေးလောက်သာ ပေးနိုင်ပြီး တခြားဆေးဝါးတွေက မရှိသလောက် ဆိုတော့ လူနာတွေက ဆေးရုံဆို တယ် မသွားချင်ကြလှပါဘူး။

လူတွေမှာ “အားကိုးမရဘူး” ဆိုတဲ့ အသိ ၀င်နေတာက အတော်လေး ခက်ပါတယ်။ မဖြစ်လွန်းမှ ဆေးရုံတင်ကြ၊ ဆေးရုံရောက်ချိန်မှာလည်း ခြေလွန်လက်လွန် ဖြစ်နေကြ၊ နောက် ဆေးဖိုးဝါးခကလည်း မတတ်နိုင် ဆိုတာနဲ့ လုံးချာလည်၊ အသက် ဆုံးရှုံးနေသူ အများကြီးပါပဲ။ တကယ်တော့ တာဝန်ရှိသူ ဘယ်သူလဲ မေးရင်တော့ ရွှေသမင်ဘယ်ကထွက် ဆိုတာပါပဲ။ တကယ် တာဝန်ရှိသူ အစိုးရကမှ ဂရုမစိုက်ဘူးဆိုရင် သူတို့လက်အောက်မှာ တာဝန် ထမ်းဆောင်နေသူတွေကတော့ ပြောစရာ မရှိလောက်အောင်ပါပဲ။ သူတို့မှာ ဘယ်လောက် ကောင်းတဲ့ စိတ်စေတနာ ရှိတယ် ဆိုဆို ဘာမှ လုပ်မရပါဘူး။

ဒါတွေဟာ အရေးပေါ်ဖြေရှင်းရမယ့် ကိစ္စတွေပါ။ ကျမတို့ လူမျိုးတွေဟာ မဖြစ်ခင်ကတော့ ဘာမှမဖြစ်ပါဘူး၊ ဖြစ်ပြီးရင်တော့ ပြာပြာသလဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တည့်တည့်ရင်ဆိုင်ရမယ့် ဟာမျိုးကို ရှောင်ပါတယ်။

ဒီလို အကူအကယ် မဲ့နေတာကိုလည်း အစိုးရ တာဝန်ရှိသူ၊ အောက်ခြေဆေးရုံအုပ် အစရှိသဖြင့် မတင်ပြရဲပါဘူး။ အဖြစ်မှန်ပြောရင် အလုပ်ပြုတ်မယ် ဆိုတာကို တွေးပြီး မပြောတာ ဖြစ်ပါတယ်။

မကြာသေးခင်က ပဲခူးမှာ လူငယ်နှစ်ယောက်ကို ကလေးစစ်သားက သေနတ်နဲ့ ပစ်သတ်တာ ဟိုးလေးတကြော်ဖြစ်သွားပါတယ်။ ဒါပေမယ့် လူတွေ မရိပ်မိတာကတော့ သေနတ်သံ မထွက်ဘဲ သွယ်ဝိုက်သောနည်းနဲ့ ဖြစ်နေတာတွေ ရှိပါတယ်။ ဒါကတော့ စစ်အစိုးရက လူတွေ သေကြေနေတာကို လျစ်လျူရှုနေတယ် ဆိုတဲ့ အချက်ပါပဲ။

ဒီအကျိုးဆက်ဟာ နောင် လေးငါးခြောက်နှစ်လောက် အထိ ကုစားဖို့ မလွယ်ပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲလွန် ကာလတွေမှာလည်း တခြားနိုင်ငံရေး အာဏာလုပွဲတွေပဲ လုပ်နေဦးမယ် ဆိုရင်တော့ လူတွေ ဒီထက်မက သေကြဦးမှာပါ။ ဒီတော့ တာဝန်ရှိတဲ့ အစိုးရကတော့ ဘာတာဝန်မှ မယူပါဘူး။ ကျမတို့ နိုင်သလောက် တာဝန်ယူကြရမှာပါ။

ကျမ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတဲ့ စကားက လောကြီးပြီး ပြောလိုက်မိတာပါ၊။“တရားမ၀င်ငွေလည်း ယူမယ်” ဆိုတာပါ။ အမှန် ကျမ ဆိုလိုရင်းက အစိုးရက အသိမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ဘယ်အဖွဲ့စည်း ဘယ်နိုင်ငံက ငွေကြေးမဆို ကျမ လက်ခံပြီး လူနာတွေအတွက် ဆောင်ရွက်သွားမယ်လို့ ဆိုလိုချင်တာပါ။

ကျမကို လာတွေ့တဲ့ နိုင်ငံခြားသားတွေ၊ ပြီးတော့ ပြည်တွင်း ပြည်ပက မြန်မာပြည်သားတွေလည်း ပြောကြပါတယ်။ ကျမ လုပ်ရပ်အတွက် အရမ်းကို ဂုဏ်ယူပါတယ်တဲ့။ ကျမလည်း ဒီလို အပြောခံရတာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဂုဏ်ယူနေကြရုံနဲ့ ပြီးမတဲ့လား။ ဒီ အကာကွယ်မဲ့ လူသားတွေကိုရော ဘယ်လို ကူညီကြမလဲ ဆိုတာလေး စဉ်းစားပေးကြပါ။

ဒါကြောင့် ဂုဏ်ယူကြတယ်၊ ဒီထက်မက ဂုဏ်ယူချင်တယ်ဆိုရင် အထိရောက်ဆုံး ၀ိုင်းဝန်းကူညီကြတာဟာ အကောင်းဆုံးပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။


(၂၀၁၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဧရာဝတီတွင် ဖော်ပြပြီး)

Wednesday, September 22, 2010

beginning of Phyu Phyu Thin

0 comments
တွန်းအားများ ...
ဖြူဖြူသင်း Saturday, September 11, 2010
http://irrawaddy.org/bur/index.php/editorial/2009-02-27-05-56-44/4040-2010-09-11-09-09-26

ကျမက ငယ်ကတည်းကပဲ လူမှုရေး ဝါသနာ ပါတယ်လို့ ကျမ မိဘများနဲ့ ပတ်ဝန်းကျင်က ပြောဆိုလေ့ ရှိပါတယ်။ ကျမလည်း မှတ်သားမိရ သလောက်တော့ ဘုရားပွဲဈေးတွေ သွားရင် တခါမှ မုန့်မစားရတာ ပါဘဲ။ ပွဲဈေးက တောင်းစားတဲ့ သူတွေကို ပေးတာနဲ့ ပါလာတဲ့ မုန့်ဖိုး ကုန်သွားလို့ပါ။ နောက် ကျောင်းစာသင်တော့မှ နိုက်တင်ဂေးလ်၊ ဟင်နရီဒူးနန့် အစရှိတဲ့ နာမည် တွေနဲ့ ရင်းနှီးလာရပါတော့တယ်။ အဲဒီကတည်းက သူတို့ကို အထင်ကြီး လေးစားစိတ်တွေ ကိန်းဝပ်လာနေခဲ့တယ် ထင်ပါ တယ်။

ကျမတို့ဟာ ဘုရား ကျောင်းကန်နဲ့ ပတ်သက်တာကလွဲလို့ တခြားသော အလှူ အတန်းတွေ၊ လူမှုရေး လုပ်ငန်း တွေ လုပ်တာ အတော်လေး နည်းပါတယ်။ လူအများကြီးကို ထမင်းကျွေးတဲ့ အလှူမျိုးတွေကိုလည်း မကြာခဏ လုပ်ကြပါတယ်။ ကျမ ငယ်ငယ်က အဲဒီ အလှူမျိုးကို ဝေဖန် ပြောဆိုရင် လူကြီးတွေက ကျမကို ဒိဋ္ဌိလို့ မှတ်ချက်ချဖူးတာလည်း မှတ်မိနေပါ သေးတယ်။

ကျမ လူမှုရေး လုပ်တာ ဝါသနာပါတယ် ဆိုပေမယ့်လည်း အတိုင်းအတာ ကန့်သတ်ချက် ရှိပါတယ်။ ငွေကြေး သိပ် မတတ် နိုင်တာကလည်း တကြောင်း ပါပါတယ်။ တောင်းတဲ့ လူတွေကို ပေးတယ်၊ ဒုက္ခရောက်တဲ့ လူကို ကူတယ် ဆိုတာတွေက လည်း ဘုရားဟောတဲ့ အလှူဒါန ဆိုတာထက် ကျမ စိတ်မှာ မနေတတ်လို့ ဆိုတဲ့ စိတ် တခုတည်းနဲ့ ပေးတာမျိုးပါ။

နောက်တခု ဝန်ခံစရာ ရှိတာက ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဒီနေ့ ဒီအချိန်အထိ ဘယ်အခြေ အနေမျိုး ဖြစ်ဖြစ် လုပ်ကိုင်နိုင်နေတယ် ဆိုတာကလည်း ကျမ အစွမ်းအစ ဆိုတာထက် ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြော်အမြင် ကြီးမားမှုကြောင့် ပါပဲ။ ကျမတို့ ခေါင်းဆောင်ဟာ ကျမတို့ကို ဒီလုပ်ငန်းနဲ့ ပတ်သက် တဲ့ သင်တန်းတွေ တက်ခိုင်းပြီး ဒီအလုပ်တွေ လုပ်ခိုင်းထားပေမယ့် ကျမတို့ကို တာဝန် ပေးလိုက်ကတည်းက သူ့နိုင်ငံရေး တာဝန်တွေနဲ့ အကျယ်ချုပ် ကျခံရတာနဲ့မို့ ကျမတို့ တွေ့ဆုံပြီး အခက်အခဲတွေ အကြောင်းကို တခါမှ မဆွေးနွေး၊ မတင်ပြခဲ့ရ တာလည်း ထူးခြားချက် တခုပါပဲ။

ဒီအခက်ခဲတွေကို ခေါင်းဆောင်ကြောင့် ကျော်လွှားနေတယ် ဆိုတာ ဘာကို ဆိုလိုတာလဲလို့ မေးရင် ကျမတို့ ခေါင်းဆောင် ဟာ ကျမတို့ကို စိတ်ပိုင်းဆိုင်ရာ တွန်းအားတွေကို နေ့စဉ်နဲ့အမျှ ပေးနေတယ်လို့ ဆိုရမှာပါ။ ကျမ ဒီလုပ်ငန်းကို လုပ်တော့ ထွက်ပြေးလိုစိတ်တွေ မကြာခဏ ဆိုသလို ဖြစ်မိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံကို ကျမ မြင်လိုက်ပြီ ဆိုတာနဲ့ ခွန်အားတွေ အလိုလို ပြန်ဖြစ်လာရပါတယ်။

ကျမတို့ ဒီလုပ်ငန်း စတင် လုပ်ကိုင်စဉ် ၂ဝဝ၂ ခုနှစ်က မြန်မာပြည်မှာ NGO ဆိုတာတွေ ရှိတော့ ရှိနေပါပြီ။ ဒါပေမယ့် ပြည် တွင်းကနေပြီးတော့ ဦးဆောင် လုပ်ကိုင်သူ နည်းပါသေးတယ်။ နိုင်ငံခြားသား ဦးဆောင်တဲ့ အဖွဲ့အစည်း များပါတယ်။ လုပ်ကိုင်နေရင်းကမှ ကိုကျော်သူ ဦးဆောင်တဲ့ နာရေး ကူညီမှုအသင်းဟာ လူပေါင်း မြောက်များစွာ အားကိုးရာ ဖြစ်နေတဲ့ အဖွဲ့အစည်း တခုဆိုတာ သိလာရပါတယ်။

ကျမအနေနဲ့ သူ့ကို အရမ်း အားကျပါတယ်။ ဒီနေ့ ထက်ထိ ကိုကျော်သူကို အဝေးကပဲ မြင်ဖူးပါတယ်။ သူက လူမှုရေး သက် သက် အဖွဲ့အစည်း၊ နိုင်ငံရေး လုံးဝ မဆက်နွှယ်တဲ့ အဖွဲ့အစည်းပါ။ ဆက်နွှယ်ရင်တော့ အခက်အခဲတွေကို ဒီထက် ပိုပြီး ရင်ဆိုင် ရဖွယ် ရှိပါတယ်။

ကိုကျော်သူ လုပ်ပြလိုက်တာဟာ ကျမတို့ မြန်မာပြည်သားတွေအတွက် တကယ့် စံပြပါပဲ။ သူဟာ အောင်မြင် ကျော်ကြားတဲ့ မင်းသား၊ သရုပ်ဆောင် တယောက်။ သူ ဒီအလုပ် စလုပ်စဉ်က မလိုသူတွေ ပြောစကားအတိုင်း ပြောရရင် သုဘရာဇာ အလုပ်ကို ထလုပ်တာပါ။ ဒါပေမယ့် အခုတော့ ဗမာ ပြည်မှာ စကားပုံ တခုလို ဖြစ်နေတဲ့ စကားတခွန်း ပေါ်နေပါတယ်။ “သေရင် မပူနဲ့ ကျော်သူ ရှိတယ်” ဆိုတာပါပဲ။ သူ့ အနစ်နာခံမှု၊ လူသား အကျိုးပြု လုပ်ငန်းဟာ ဘယ်လောက် ထိရောက် သလဲ ဆိုတာ အဲဒီ စကားရပ်ကို ကြည့်ရင် သိသာပါတယ်။

နောက်ထပ် တယောက်က ကျမတို့ ကိုဇာဂနာကြီးပါပဲ။ ကျမက သူ့ကို ရင်းနှီးသော အားဖြင့် ကိုသူရ လို့ ခေါ်ပါတယ်။ သူ လုပ်နိုင်သမျှ လုပ်တာတွေကို တခါတခါ ပြန်ပြောပြမှ သိရတာပါ။ ကလေးတွေ ကျောင်းထားပေးတာ၊ အနာကြီးရောဂါ တိုက်ဖျက်ရေး ပါဝင် ဆောင်ရွက်တာ စသဖြင့် အများကြီးပါ။ သူလုပ်နိုင်သမျှတွေဟာ တော်ရုံလူ လုပ်နိုင်မယ် မထင်ပါဘူး။

အထင်ရှားဆုံးကတော့ နာဂစ် ဖြစ်ချိန်မှာ သူ့စွမ်းဆောင်ရည်ကို ဘယ် NGO မှ လိုက်မမီနိုင်အောင် လုပ်ပြသွားတာသက်သေ ပါပဲ။ ဘယ်လောက် အထိတောင် လုပ်နိုင်သလဲ ဆိုရင်တော့ ထောင် ၅၉ နှစ် ကျတဲ့ အထိအောင်ကို လုပ်ပြသွားတာပါ။

နောက်တယောက်ကျတော့ ကျမ အရမ်း ကြိုက်တဲ့ စာရေးဆရာမ သန်းမြင့်အောင် ဖြစ်ပါတယ်။ ကျမနဲ့ အစပိုင်းက မရင်းနှီး ပါဘူး။ သူက နာမည်ကြီး စာရေးဆရာမ၊ ကျမက သူ့ပရိသတ် တယောက်ဆိုတော့ မရင်းနှီးတာ မဆန်းပါဘူး။ ဒါပေမယ့် သူ လုပ်တာတွေ ကြားပါတယ်။ ကိုကျော်သူတို့ နာရေး ကူညီမှု အသင်းမှာ ဦးဆောင်သူ တယောက် အနေနဲ့ ပါနေတာ၊ ကိုသူရနဲ့ တွဲပြီး တိုင်းပြည်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ လူမှုရေးတွေကို တက်တက် ကြွကြွ လုပ်နေတာတွေ ကြားပါတယ်။

AIDS ဖြစ်နေတဲ့ မိဘမဲ့ ကလေး တယောက်ကို သူတို့ရဲ့ သုခရိပ်မြုံ ဆိုတဲ့ ကလေးဂေဟာကို သွားအပ်တော့မှ သူနဲ့ စတွေ့ပြီး လူချင်း ရင်းနှီးရတာပါ။ သူ့ကို မြင်မြင်ချင်း ကျမ စိတ်ထဲမှာ အေးချမ်းမှုကို ခံစားရပါတယ်။ တကယ့် အစ်မ တယောက်လိုပဲ ခံစား ရပါတယ်။ သူတို့ ဂေဟာမှာ ကလေး သိပ်မရှိသေးပါဘူး။ နေရာကလည်း မြောက်ဒဂုံဘက်လည်း မဟုတ်သေးပါဘူး။ သန်လျင်မှာပဲ ယာယီ ရှိနေပါသေးတယ်။

သူ့ကို ကလေးတွေက အမေကြီး လို့ ခေါ်ပါတယ်။ ကလေးတွေက သူ့ကို ချစ်လိုက်တာ၊ တကယ့် အမေရင်း အတိုင်းပါပဲ။ သူကလည်း စိတ်ရှည် လက်ရှည် ကလေးတွေကို စကားတွေပြော၊ မုန့်တွေကျွေး လုပ်နေတာ ကြည့်ရင်း ကျမ ကြည်နူးမိပါ တယ်။

သူတို့ အကြောင်းကို ဘာကြောင့် ပြောနေသလဲ ဆိုတာ အရှင်းဆုံး ပြောရရင်တော့ သူတို့ကို လေးစား အားကျ လို့ပါ။ ကျမ တို့ ပြည်သူတွေက သူတို့လို တိုင်းပြည်မှာ ထင်ရှားသူတွေရဲ့ လှုပ်ရှားမှုတွေကြောင့် ဘာ လုပ်သင့်တယ်၊ ဘာလုပ်ရမယ် ဆိုတာတွေကို အလိုလို သိသွားတာပါပဲ။

အခုဆိုရင် ငွေကြေး ရလို့ ဖြစ်စေ၊ မရဘဲ ဖြစ်စေ တဦးချင်း၊ တဖွဲ့ချင်း ကနေ အစုလိုက် ရပ်ရွာလိုက် လုပ်နေကြတဲ့ လူမှုရေး အသင်းအဖွဲ့တွေ အများကြီး ပေါ်လာပါပြီ။ သံဃာတွေကလည်း ကျမတို့ ငယ်စဉ်က တရား ဟောသလို အလှူပေး သူဌေးဖြစ် ဆိုတာထက် လူမှုရေးတွေ လုပ်သင့်တယ်၊ တိုင်းပြည် လိုအပ်ချက်က ဘာတွေ ဖြစ်နေတယ်၊ ဘာတွေ လုပ်သင့်တယ်၊ ဘယ် လို စိတ်မျိုး ထားရမယ် ဆိုတာတွေကို များများ ဟောပြောလာပါပြီ။

တိုင်းပြည် အုပ်စိုးသူတို့ ပစ်ပယ်ထားတဲ့ လစ်ဟာချက်တွေကို တက်ကြွစွာ ဆောင်ရွက်သူတွေ ရှိလာပါပြီ။ အားရစရာ ကောင်းလှတဲ့ အတိုင်းအတာ တခုအထိတော့ မဖြစ်သေးပါဘူး။ ပွင့်လင်း လွတ်လပ်မှုတွေ ရှိလာရင် ပိုမို လုပ်ကိုင် ဆောင် ရွက်လာနိုင်မှာပါ။ သေးငယ်တဲ့ လူမှုရေး လုပ်ငန်း ဖြစ်စေ၊ တဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ လူမှု လိုအပ်ချက် လုပ်ကိုင် နေသူတွေဟာ လေးစားစရာ ကောင်းပါတယ်။

သေချာတာကတော့ အထက်က ပြောတဲ့ ရဟန်းသံဃာတွေ၊ ကိုကျော်သူ၊ ကိုဇာဂနာ၊ မသန်းမြင့်အောင် တို့လို ကျမ လေး စား အားကျရသူတွေရဲ့ ဦးဆောင် လမ်းပြမှုတွေ မရှိရင် ကျမ လုပ်ကိုင်နေတဲ့ လူမှုရေး လုပ်ငန်းတွေ ဒီအခြေအနေထိ ဖြစ်ချင်မှ ဖြစ်လာမယ် ဆိုတာပါပဲ။

Tuesday, August 10, 2010

article from MoeMaKa (Maung Zaw & Ko San)

1 comments

အပြုအမူတွေ ပြောင်းလဲသွားတဲ့ မောင်ဇော် နဲ့ ကိုစန်း
ဖြူဖြူသင်း
သြဂုတ် ၁၁၊ ၂ဝ၁ဝ


(မဖြူဖြူသင်းက သူ ကူညီခဲ့သူတွေထဲက ကိုရဲကျော်၊ ကိုသာပေါင်း တို့ အကြောင်းကို အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး ဆိုတဲ့ အမည်နဲ့ ဧရာဝတီ မှာ ရေးခဲ့ဖူးပါတယ်။ သူ့ဘလော့မှာလည်း ဖတ်နိုင်ပါတယ်။ ဒီတခါတော့ မောင်ဇော်၊ ကိုစန်း ဆိုတဲ့ ထူးခြားသူ ၂ ဦးအကြောင်းကို မဖြူဖြူသင်းက ပြောပြထားပါတယ်။)


တချိန်ကဆိုရင် ကျမ ကူညီနေတဲ့ လူနာတွေ ရှိတဲ့ ဝေဘာဂီဆေးရုံကို နေ့တိုင်း နီးပါး ကျမ ရောက်ပါတယ်။ အဲ့ဒီတုန်းကလည်း မင်္ဂလာဒုံ ဆေးရုံကလည်း မပေါ်သေးတော့ ဝေဘာဂီမှာပဲ လူနာတွေ အတင် များတာပါ။ ဝေဘာဂီကို သွားရင် ကျမလူနာကော ကျမလူနာ မဟုတ်သူတွေကပါ ကျမကို အကူအညီ တောင်းကြပါတယ်။ သူတို့က ကျမကို နိုင်ငံတကာ အန်ဂျီအို တခုခုကလို့ ထင်မှတ်ထားကြပုံပါပဲ။ ကျမလည်း တတ်နိုင်သမျှ အားပေးပြီး ကျမမှာ ရှိသမျှနဲ့ ကူညီပါတယ်။ ကူညီနေရပေမယ့် ဆင်ပါးစပ် နှမ်းပက်သလို ဖြစ်တဲ့အတွက် ကျမလည်း စိတ်မကောင်းခြင်းစွာ ဖြစ်ရပါတယ်။

မောင်ဇော်
ဝေဘာဂီ ကူးစက်ဆေးရုံကို သွားရင် ဆံပင်ရှည်ရှည်နဲ့ တကိုယ်လုံး အရုပ်တွေ ထိုးထားတဲ့ ကောင်လေးတယောက် အမြဲလိုလို အရက် မူးနေတာလိုလို ဆေးမူးနေတာလိုလို ကောင်လေး တယောက်ကို အမြဲတွေ့ပါတယ်။ သူက အမြဲ ပြုံးပြတာလောက်ပဲ လုပ်ပါတယ်။ တခြား လူနာတွေလို ကျမဆီ အကူအညီ တောင်းတာမျိုးတော့ မလုပ်ပါဘူး။

အမူးသမားလိုလို ဖြစ်နေတဲ့ ဒီကလေးကို ကျမလည်း စကားပြောချင်စိတ် မရှိလို့ မပြောပါဘူး။ ဒါပေမယ့် ကျမ လူနာတွေ ပြောပြချက် အရ သူ့မိန်းမကော ကလေးပါ ဆေးရုံမှာ တင်ထားရတယ် ဆိုတာ သိရတော့ ကရုဏာ သက်မိသလို သူ့ကိုလည်း စိတ်ဝင်စားမိပါတယ်။ သူကတော့ သန်သန်မာမာပါပဲ။ နောက်တပတ် အကြာမှာ ကျမ ဆေးရုံပေါ် တက်သွားတော့ ငိုကြီးချက်မနဲ့ လူးလှိမ့်နေတဲ့ ကောင်လေးကို တွေ့ပါတယ်။ သူ့ကလေး ဆုံးသွားပြီ တဲ့။ ကျမကလည်း အားပေးစကား ပြောတာပေါ့လေ။ အရက်နံ့ကတော့ သူ့ဆီက တထောင်းထောင်း ထနေတာပါပဲ။ ကျမကလည်း သူ ခံစားနေချိန် သောက်တာဖြစ်မှာပါ ဆိုပြီး ဘာမှ မပြောပါဘူး။

တိုက်တိုက် ဆိုင်ဆိုင်ပါပဲ သူ့ကလေးဆုံးပြီး ရက်လည်နေ့မှာ ကောင်လေးက အတော်လေး မူးရူးပြီး သတိ လစ်သလိုလို နတ်ပူး သလိုလို လုပ်နေတာ တွေ့ရပြန်ပါတယ်။ ကျမ အတော်လေး စိတ်ပျက်သွားမိပါတယ်။ ဒါပေမယ့် ချက်ခြင်း ဆိုသလိုပဲ သူ့မိန်းမ အဲ့ဒီနေ့ပဲ ဆုံးသွားတယ် ဆိုတာ သိလိုက်ရတော့မှ ကျမလည်း သူ့အတွက် အတော် လေး စိတ်မသက်မသာ ဖြစ်ရပြီး အတော်လေး သနားသွားပါတယ်။

သူကလည်း ရောဂါသည် ဆိုတော့ ခုလိုမျိုး စိတ်သောကနဲ့ အရက် သောက်တာတွေကော၊ ဆေးချတာတွေပါ လုပ်နေရင် မဖြစ်ချေဘူး ဆိုပြီး နောက်တရက် မနက် အစောကြီး သူနဲ့ စကားပြောဖို့ ဆေးရုံကို လိုက်သွားပါတယ်။ အခြား လူနာတွေကို မေးကြည့်တော့ မောင်ဇော် တယောက် မျက်ရည်စက်လက်နဲ့ သူ့ရွာ ပြန်သွားပြီ တဲ့။

သူနေတာက ကွမ်းခြံကုန်းမြို့နယ်မှာပါ။ ဒီတော့ သူ့ကို ခြေရာခံဖို့ မခက်ခဲပါဘူး။ ကျမတို့ အဖွဲ့ဝင်တွေက တဆင့် စုံစမ်းကြည့်တော့ ဒီကောင်လေး မနက်ကော ညကော တချိန်လုံး သောက်စားပြီး ငိုယိုနေတာပဲ တဲ့။ မေးကြည့်တိုင်း မူးရူးနေတယ် ပြောပြောနေတော့ သေအောင်လုပ်နေတာပဲ၊ လုပ်ပစေတော့ ဆိုပြီး မေ့မေ့ ပျောက်ပျောက် ထားလိုက်ပါတယ်။

တနှစ်လောက် ရှိတော့ မောင်ဇော်ကို ဆေးရုံမှာ ပြန်တွေ့ပါတယ်။ မမှတ်မိလောက်အောင် ပိန်လှီနေပြီးတော့ အေအိုင်ဒီအက်စ် အဆင့်ကိုတောင် ရောက်နေပါပြီ။ သူက ကျမကို တွေ့တော့ ထုံးစံ အတိုင်း ပြုံးပြပါတယ်။ သူ့ကို ကြည့်ပြီး ကျမလည်း စိတ် မချမ်းမသာ ဖြစ်မိပါတယ်။ သူကတော့ ကျမကို အားတက်သရောပါပဲ။ "ကျနော် အခု ဆေး ရတော့မယ် အစ်မ” တဲ့။ အေအာတီဆေးက မြန်မာနိုင်ငံမှာ လူနာတိုင်း မရနိုင်ပါဘူး။ ဒါကြောင့် ဆေးရပြီ ဆိုရင် လူနာတွေက ၀မ်းသာကြပါတယ်။ ကျမကလည်း သူ့ကို နင် ဆေးမသောက်ဘဲ အရက်ပဲ သောက်ပါလား လို့ နောက်မိပါတယ်။ ကျနော် ပြန်ကောင်းလာရင် မလုပ်တော့ပါဘူး လို့တော့ ပြောတာပါပဲ။ ကျမက မယုံပါဘူး။ အဲ့ဒီလိုဆို ကောင်းတာပေါ့ လို့ပဲ ပြောလိုက်ပါတယ်။

ကျမလည်း ရုံးကိစ္စတွေ တခြား လူနာကိစ္စတွေကြောင့် ဆေးရုံဘက် မရောက်ဖြစ်ပြန်ဘူး။ ဒါပေမယ့် မောင်ဇော် တယောက် NGO တခုမှာ စေတနာ့ဝန်ထမ်း လုပ်နေကြောင်း၊ အရက်လည်း မသောက်တဲ့ အကြောင်းတွေတော့ ကြားနေရပါတယ်။ ဒါနဲ့ သူ့အတွက်လည်း စိတ် ချမ်းသာရပါတယ်။

တရက်ကျတော့ မောင်ဇော် တယောက် ကျမအိမ်ကို အစောကြီး ရောက်လာပါတယ်။ သူ့ဆီကလည်း အရက်နံ့ တထောင်းထောင်း ထလို့။ သူလုပ်နေတဲ့ NGO နဲ့ အဆင်မပြေဘူး ဆိုတဲ့အကြောင်းတွေ၊ အဆင် မပြေတာတွေကို ကပေါက် ကချာ ပြောနေပြန်ပါတယ်။ ဒီကလေးကို ကြည့်ပြီး ကျမလည်း ဘာလုပ်ရမှန်းလည်း မသိ၊ ဒေါသကလည်းဖြစ်၊ နင်ဘာလုပ်မလဲ ဆိုတော့ ကျနော် အစ်မ တို့ကို ကူညီချင်တယ် တဲ့။ ကျမ အတော်လေး စိတ်ပျက်သွားပါတယ်။ မဖြစ်မနေ နင်နေချင်ရင်တော့ လူနာတွေ စုနေတဲ့ တောင်ဒဂုံ(၁၈) အိမ်မှာ သွားနေဖို့ ပြောလိုက်တယ်။

သွားနေပါတော့လို့ ပြောလိုက်ရပေမယ့် သူ့ကို ဘယ်လို ထိန်းသိမ်းမလဲ၊ ဒါပေမယ့် အဲ့ဒီမှာနေတဲ့ ကျမအဖွဲ့က လူငယ်တွေကလည်း ရှိနေတော့ ကြည့်ထိန်းရင် ဖြစ်လောက်ပါတယ် လို့တော့ တွေးမိပါတယ်။ သူကကော ပြုပြင်ချင်စိတ် ရှိပါ့မလား စဉ်းစားပြီး စိတ်မောမိပါတယ်။ အံ့သြ ၀မ်းသာဖို့ ကောင်းတာက အဲဒီနေရာကို ရောက်ပြီး နောက်ပိုင်း

လူနာတွေအိမ် ရောက်ပြီး နောက်ပိုင်း မောင်ဇော်ဟာ ဒီနေ့ချိန်ထိ သောက်တာ စားတာလည်း မရှိတော့ပါဘူး။ ပြီးတော့ လူနာတွေမှန်သမျှ ဆေးရုံတက်ရင်လည်း သူပဲ လိုက်စောင့်၊ ဆေးခန်းလည်း သူပဲ ပို့၊ သေတဲ့လူလည်း သူပဲ အသုဘချ ဆိုတာတွေကို လုပ်ပေးနေရှာပါတယ်။ ဒီအလုပ်တွေအတွက် သူ ငွေတပြားတချပ်မှ မရဘူး၊ ထမင်းကိုတော့ အလျဉ်းသင့်သလို ကျွေးပြီး လမ်းစရိတ် ပေးတာလောက်ပဲ လုပ်နိုင်ပါတယ် ဆိုတဲ့ ကျမတို့အခြေအနေမှန်ကိုလည်း သူ သိပါတယ်။

ကိုစန်း
နောက်တယောက်က ကျမတို့ အိမ်နီးနားချင်း တယောက်ပါ ကိုစန်းလို့ အလွယ် ခေါ်ပါတယ်။ ကျမတို့ ငယ်စဉ်ကတည်းက ရင်းနှီးနေတာပါ။ ကျမတို့ အိမ်ရှေ့မှာ ကော်စက် ဆွဲတဲ့အလုပ် လုပ်ပါတယ်။ ဒါပေမယ့် သူက စကားလည်း မပြောပါဘူး ဒါပေမယ့် ဥက္ကလာထဲမှာ ရိုက်ပွဲ ဖြစ်တယ်ဆိုရင် သူ ထိပ်ဆုံးကပဲ။ လမ်းသူရဲ ခေါ်မလား လူမိုက် ခေါ်မလားပဲ။ လူလည်း ခဏခဏ ရိုက်ပါတယ်။ ဘယ်လောက် ဆိုးသလဲ ဆိုတော့ လက်ဖက်ရည် တခွက် တိုက်ရင်ကို လူရိုက်ပါသတဲ့။ ကျမတို့နဲ့ ရင်းနှီးတယ် ဆိုပေမယ့် ဒီလို စရိုက်ကြီးကြောင့် ကျမတို့ကတော့ ဖာသိဖာသာ နေလိုက်တာပါပဲ။

ဒါနဲ့ သူငါးနှစ်လောက် ပျောက်သွားပါတယ်။ ရေတာရှည်ဘက်မှာ အိမ်ထောင် ကျပြီး သစ်မှောင်ခို လုပ်နေသလိုလို ကားစပယ်ယာ လုပ်နေသလိုလို ကြားတာပါပဲ။ ၇ နှစ်လောက် ရှိတော့ သူ ပြန်ရောက်လာပါတယ်။ မိန်းမကော ကလေးပါ ဆုံးသွားပြီတဲ့ ရှေ့ဆင့် နောက်ဆင့်ပဲ ဆုံးတာပါတဲ့။ သူ့အဒေါ်တွေက ကျမတို့ အိမ်မှာ အလုပ်လုပ်တော့ သူ့အကြောင်းကို မကြားချင်လည်း ကြားနေရတာပါပဲ။

သူကတော့ ထုံးစံတိုင်း စကား နည်းမြဲပါပဲ။ ဒါပေမယ့် ကျမက ဒီ အိပ်ခ်ျအိုင်ဗွီ ကိစ္စတွေ လုပ်နေတယ် ဆိုတာ သိတော့ အကူအညီ လာတောင်းပါတယ်။ သူ့မိန်းမနဲ့ ကလေးကော ဒီရောဂါနဲ့ ဆုံးသွားလို့ သူလည်း သွေးစစ်ချင်တယ် ပြောပါတယ်။ သူရောဂါဖြစ်နေတယ် ဆိုတော့လည်း ကျမ လိုက် ကူညီပေးပြီးတော့ ဆေးရအောင် လုပ်ပေးပါတယ်။ ဒီမှာတင် ပြဿနာ တခုက သူ့မှာ နေစရာမရှိ ဖြစ်နေတယ် ဆိုတာပါပဲ။

ကျမကလည်း သူ့ကို ကြောက်တော့ ခေါ်ထားဖို့ အတော့်ကို စဉ်းစားရပါတယ်။ အခြား အတူနေ လူနာတွေကို မထင်ရင် မထင်သလို လုပ်လိုက်မှာကို ကြောက်တာပါ။ ဒါပေမယ့် အရဲစွန့်ပြီးတော့ ခေါ်ထားလိုက်ပါတယ်။

ကြောက်စရာ ကိုစန်းတယောက် လူနာအိမ်ရောက်ပြီးနောက်မှာ အင်မတန် ပြောင်းလဲသွားပါပြီ။ ခုဆို အဝေးပြေးကားဂိတ်မှာ လူနာကြိုတာ၊ ဆေးခန်းပြတာ၊ လူနာတွေကို လိုက်ပြုစုပေးတာ၊ အိမ်တွေကို လိုက်ပြုစုပေးတာတွေကို ကျမတို့နဲ့ တန်းတူ တကယ် လုပ်နေပါတယ်။

မောင်ဇော် နဲ့ ကိုစန်းတို့ နှစ်ယောက် ပြောင်းလဲပုံကိုလည်း ကျမ အံ့သြမိတယ်။ ဒါနဲ့ ကျမ နှစ်ယောက်စလုံးကို မေးကြည့်ပါတယ်၊ သူတို့ ပြန်ပြောပြတာကတော့ တူနေပါတယ်။ သူတို့ကြောင့် အပြစ်မဲ့တဲ့ မိန်းမ တယောက်နဲ့ ကလေး တယောက်စီ သေခဲ့ရပြီးပြီ၊ ဒီတော့ သူတို့ ဒီရောဂါနဲ့ ဆက်ဆိုးနေမယ်၊ ဆက်မိုက်နေမယ် ဆိုရင် သူတို့တင်မက အပစ်မဲ့ သေသွားတဲ့ သူတို့ ဇနီးသည်တွေနဲ့ ကလေးတွေပါ ဘ၀ကူး မကောင်းအောင် လုပ်သလို ဖြစ်နေမှာပေါ့ တဲ့။ အဲဒီတော့ သေဆုံးသွားတဲ့ မိန်းမနဲ့ ကလေးအတွက် တတ်နိုင်သမျှ ကောင်းမှု အစုစု လုပ်ပေးနေတာပါ တဲ့။

ကျမလည်း ကြည်နူး ၀မ်းသာစိတ်နဲ့ သာဓု ခေါ်မိပါတယ်။ ဒီနှစ်ယောက်စလုံး ကျန်းမာ သက်ရှည်ပြီး ကောင်းကျိုး များများ ပြုလုပ်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

Sunday, May 16, 2010

moemaka

1 comments
မသေချင်ကြသူများ
ဖြူဖြူသင်း
မေ ၁၆၊ ၂၀၁၀
[IMG_0218.JPG]
ကျမဆီကို ရောက်လာကြသူ တော်တော်များများပဲ မသေချင်ကြပါဘူး။ ဒါလည်း အထူးအဆန်း မဟုတ်ပါဘူး။ ဘယ်လူမျိုးမဆို မသေချင်ကြတာ မဆန်းဘူး ပြောရမလားပဲ။ ဒါပေမယ့် ကျမဆီ ရောက်လာပြီး မသေချင်ကြသူတွေကျတော့ တခြား မသေချင်သူတွေနဲ့ သိပ်မတူသလို ခံစားရပါတယ်။ သူတို့ မသေချင်ကြပုံတွေက ရှက်ရွံ နာကျည်းမှု တွေနဲ့ အတူ ရှင်သန်စဉ် ကျဆင်းခဲ့ရတဲ့ ဂုဏ်သိက္ခာတွေ အတွက် နောင်တတွေနဲ့ ရောပြွမ်းနေတယ် လို့ ကျမစိတ် ထဲမှာ ထူးထူး ဆန်းဆန်း ခံစားနေရတာပါ။ ပထမဆုံး မကွေးက ရောက်လာတဲ့ ညီအစ်ကို နှစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။
ညီအစ်ကို နှစ်ယောက်က အကြီးဆုံးနဲ့ အငယ်ဆုံး ဆိုတော့ သားအဖတွေလို ဖြစ်နေတာပါ။ ညီဖြစ်သူက ပက်လက် ကလေးနဲ့ ဆေးရုံ တက်ရပါတယ်။ ထုံးစံအတိုင်း လူနာစောင့်က လွဲလို့ ကျန်တာ ကျမ စိုက်ထုတ် ကျခံရပါတယ်။ ဒီကလေးက ၄ လ လောက် အတွင်းမှာ ကံကောင်း ထောက်မစွာနဲ့ ဆေးသောက်ရတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်း အေအာတီဆေးက ဝေဒနာသည်တိုင်း မရပါဘူး။ သူက ဆေးသောက်ပြီးတော့ တဖြည်းဖြည်း ပြန်လည် ကျန်းမာလာပါတယ်။ ခုထက်ထိလည်း ကျန်းမာနေတုန်းပါပဲ။
ဒီကလေး ထူထူထောင်ထောင် ဖြစ်လာချိန်မှာ အစ်ကိုဖြစ်သူက သူ မကွေးပြန်ပြီးတော့ ငွေအနည်းငယ် ရှာလိုကြောင်း ပြောပါတယ်။ ကျမကို အားနာလာတယ် ထင်ပါရဲ့။ ကျမကလည်း သူ့ ညီလေး ကျန်းမာရေးက စိတ်ချရတဲ့ အခြေအနေမို့ ပြန်လွှတ်လိုက်ပါတယ်။
ဒါပေမယ့် တလလည်း ပြန်မလာ၊ နှစ်လလည်း ပြန်မလာ ဖြစ်လာလို့ ကောင်လေးကို မေးပြီးတော့ ဖုန်းနံပါတ် တောင်းတော့လည်း ဖုန်းက မရှိ၊ ဒါနဲ့ လိပ်စာ တောင်းပြီး မကွေးက အဖွဲ့ဝင်တွေကနေ တဆင့် စုံစမ်းခိုင်းတော့ လွန်ခဲ့တဲ့ တလကျော်ကပဲ ဆိုက်ကား နင်းနေတုန်း အဝေးပြေး ကားတစီးနဲ့ တိုက်မိပြီး ကွယ်လွန်သွားပြီလို့ ဆိုပါတယ်။
သေခြင်းတရားဟာ ထူးဆန်းတဲ့အရာ မဟုတ်ပေမယ့် ဒီတယောက် ကွယ်လွန်တဲ့ အခါမှာတော့ အံ့သြရပါတယ်။ အမှန်တကယ် သေရမှာက သေကောင် ပေါင်းလဲ ဖြစ်နေတဲ့ ရောဂါသည် ညီငယ်။ ဒါပေမယ့် ဘာရောဂါမှလည်း မရှိသူ၊ သူ့ကိုယ်သူ အပါအ၀င် ကျမတို့ အားလုံး ထင်မှတ် မထားတဲ့ အစ်ကို ဖြစ်တဲ့လူက မမျှော်လင့်ဘဲ သေပါရောလား။
နောက်တယောက်က ကျောက်ပန်းတောင်းနယ်ကပါ။ အသက် ၅၈ နှစ် ရှိပါပြီ။ သူ ရောဂါ ဖြစ်ပုံကလည်း မထူးဆန်းပါဘူး။ သွေးသွင်းရာက ဖြစ်တာပါ။ သူက အသက်ကလည်း ကြီးတော့ ကျမလည်း အတော်လေး ဂရုတစိုက် ပြုစုပေးပါတယ်။ သူ့ကို အားလုံးက အမေမြိုင် လို့ပဲ ခေါ်ကြပါတယ်။ ကျမလည်း အဲ့ဒီလိုပဲ ခေါ်ပါတယ်။ သူက အသက်ကြီးတာက တကြောင်း၊ ရောဂါကြောင့် ရှက်တာက တကြောင်း ဖြစ်မယ် ထင်တယ် ဘယ်သွားသွား တဘက်ကြီး ခေါင်းပေါ် ခြုံပြီးတော့မှ အပြင် ထွက်ပါတယ်။ သူတို့ အညာဓလေ့အရ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ပြောမရတာနဲ့ ကျမလည်း ဒီအတိုင်းပဲ သွားလေရာ ခေါ်သွားရတယ်။ သူ ရန်ကုန်မှာနေတော့ ကျမက ယုဇနအိမ်ယာမှာ အိမ်ခန်း ငှားထားပေးတာပါ။ သူနဲ့ အတူနေတဲ့ သူတွေလည်း ရှိပါတယ်။
သူ့ခံနိုင်ရည်ကလည်း ကြောက်စရာ ကောင်းလှတယ်။ သူ ရန်ကုန်မှာ နေစဉ် သုံးလလောက် အတွင်းမှာပဲ ပြန်လည် ကျန်းမာလာပါတယ်။ အေအာတီဆေးလည်း အမြန် သောက်ရတယ်။ တခြားလူတွေလို စောင့်စရာ မလိုဘူး။ သူ ပြန်လည် ကျန်းမာလာတော့လည်း အသက်အရွယ်နဲ့ မလိုက်အောင် ခံနိုင်ရည် ရှိတာ တွေ့ရပါတယ်။ ဒါနဲ့ သူ တရက်ကျတော့ သားသမီး မြေးများနဲ့ ပြန်တွေ့မယ် ဆိုပြီး ကျမကို လာနှုတ်ဆက်ပါတယ်။ သူ့အခြေအနေက ပြောစရာ မရှိအောင် ကောင်းမွန်နေတော့ ကျမကလည်း ပြန်ပါလို့ ပြောလိုက်ပါတယ်။
သူ ကျမကို လာနှုတ်ဆက်ပြီး ပြန်သွားတဲ့ ညမှာပဲ သူနဲ့ အတူနေတဲ့ ၄ ယောက်ထဲက ၁ ယောက်က ဖုန်းဆက်လာပါတယ်၊ အမေမြိုင် တယောက် ဗိုက်အောင့်တယ်၊ ပြောနေတယ် ဆိုတော့ ကျမလည်း သာမန် ဗိုက်အောင့်တယ် လောက်ပဲ ထင်ပြီးတော့ အနီးစပ်ဆုံး ဆေးခန်း ပြလိုက်ပါ လို့ ပြောလိုက်ပါတယ်။
၁၂ နာရီလောက် ကျတော့ ဖုန်းထပ်လာ ပါတယ်။ အမေမြိုင် တယောက် ဆေးရုံကြီး အရေးပေါ် ရောက်နေတယ်၊ အရေးတကြီး ဖြစ်နေတယ် ပြောတော့ ကျမလည်း ကားငှားပြီးလိုက်ရပါတယ်။ ဆေးရုံကြီးရောက်တော့ အမေမြိုင်က ပူတယ်ချည်း အော်နေတော့ ကျမလည်း ယပ်တောင် ထိုင်ခတ်ပေးနေရုံက လွဲပြီး ဘာမှ လုပ်မပေးတတ်ဘူး ဖြစ်နေတာပါ။ မနက်ကျတော့ လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ရပါတယ်။ နောက်တရက်မှာ ဗိုက်ခွဲရမယ်လို့ မှတ်ချက်ပြုပါတယ် ကျမလည်းသူ့ ဘေးနားနေပြီး တချိန်လုံး လိုအပ်တာတွေ လုပ်ပေးနေပြီး အိမ်မပြန်ဖြစ်ပါဘူး။ နောက်တရက် ခွဲစိတ်ခန်း သွင်းပါတယ်။ အဆင်မပြေပါဘူး။ အတွင်းမှာ အစာအိမ် ကင်ဆာဆဲလ်တွေက ဘယ်လိုမှ ဖြတ်ထုတ်လို့ မရအောင် ပျံ့နေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ ဆေးရုံမှာ အမေမြိုင် တယောက် ညည်းညူနေရင်း ကျမလက်ပေါ်မှာပဲ အသက်ပျောက်သွားပါတယ်။ ကျမအနေနဲ့ သေခြင်းတရားကို ဒုတိယအကြိမ် ထူးဆန်းစွာ ခံစားလိုက်ရတာပါ။
နောက်တယောက်က သန်လျင်ဘက်ကပါ။ ကိုထွန်းစိန် ဆိုသူ ကားနောက်လိုက်တယောက်။ မျက်လုံး တဘက်က ဖန်မျက်လုံး တပ်ထားရပါတယ်။ ကျမဆီလာတော့ အသိ တယောက်က လိုက်ပို့တာပါ။ မိသားစုက ပစ်ပယ်ထားတာလည်း လ အနည်းငယ် ကြာနေပါပြီ။ ဒီတော့ စိတ်ဓာတ်ကျနေတာကော၊ စိတ်မကောင်းဖြစ်နေတာကော ပေါင်းပြီးတော့ လူက အတော်လေး ကျနေပါပြီ။ သူက တီဘီလည်း ဖြစ်နေလို့ ဒီလောက် ကျနေတာပါ။ ဒီတော့ တီဘီဆေး ၂ လ စားပြီးတဲ့အခါမှာ သူ လူကောင်း ပကတိ နီးပါး ပြန်ဖြစ်လာပြီးတော့ ၀ဖြိုး စိုပြေလာပါတယ်။ တီဘီဆေး သုံးလ သောက်ပြီးတော့ ကျမဆီ တခါ ထပ်ရောက်လာပါတယ်။ သူ ကားပြန်လိုက်နေပြီး မိသားစုကလည်း ပြန်လက်ခံပြီ ဖြစ်ကြောင်း ၀မ်းသာ အားရ လာပြောရှာတာပါ။
နောက် ၄ ရက် အကြာမှာတော့ ကျမဆီ နာရေး ဖိတ်စာ တစောင် ရောက်လာတယ်၊ ကိုထွန်းစိန် ကွယ်လွန်ရှာပြီ တဲ့။ ကျမလည်း မေးကြည့်ပါတယ် ရောဂါက ပြန်သက်သာလာပြီ မဟုတ်လား ဆိုတော့ ရောဂါကြောင့် သေတာ မဟုတ်ဘူး တဲ့။ ကားနောက် လိုက်နေရင်း ကားက မြေပြိုတဲ့ အထဲ ပါသွားလို့ လူလည်း တစစီ ဖြစ်ပြီးတော့ အလောင်းတောင် မနည်း ပြန်မှတ်မိအောင် ဆက်ထားရတယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ်။ ကျမ တော်တော်လေး အံ့သြ ၀မ်းနည်းမိပါတယ်။
မွေးဖွားရာကနေ သေဆုံးမယ် ဆိုတဲ့ သစ္စာတရားကို ကျမ အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် ထင်မှတ်ထားသလို မဟုတ်ဘဲ မမျှော်လင့်တဲ့ ပုံစံတွေနဲ့ သေသွား ရရှာတဲ့ ကျမ လူနာတွေ၊ လူနာစောင့်တွေ ကောင်းရာ သုဂတိ လားပါစေ လို့ ဆုတောင်းပေးရုံက လွဲပြီး ကျမအနေနဲ့ ဘာမှ မတတ်နိုင်သလို ဒီလို အဖြစ်မျိုးတွေ ထပ်မံ မကြုံတွေ့ချင်တော့ပါဘူး။

Monday, April 5, 2010

article in Irrawaddy

0 comments
အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး
ဖြူဖြူသင်း Monday, April 05, 2010

မူရင်း - http://irrawaddy.org/bur/index.php/articles/2-articles/2939-2010-04-05-07-01-12

ကျမတို့ဆီ လာရောက် ဆက်သွယ် ဆေးကုသ ကြသူတွေဟာ နယ်အသီးသီးက လာတာ များပါတယ်။ လူနာတွေ နေတဲ့နေရာကို လူသစ် ရောက်လာတယ် ဆိုရင်တော့ သူတို့အချင်းချင်း နာမည်ရင်းကို မခေါ်ဘဲ သူတို့ လာရာ ဒေသကို အစွဲပြုပြီး ဖျာပုံ၊ သာပေါင်း၊ ဒေးဒရဲ၊ ပုပ္ပား အစရှိသဖြင့် ခေါ်ဝေါ်ကြပါတယ်။

တချို့ကိုတော့ သူတို့ အလုပ် အကိုင်ကို အစွဲပြုပြီးတော့ အမည်ပေး ကင်ပွန်း တပ်ပါတယ်။ ဥပမာ တပ်ထဲက လာတဲ့ အရာခံ တယောက်ကို နာမည်တပ် မခေါ်ဘဲ ရဲဘော်ကြီး ဆိုပြီး ခေါ်သလို ကျောက်ပန်းတောင်း ဘက်က ရဲဝန်ထမ်းကို ရဲပြုတ်၊ ရဲပြုတ်နဲ့ ခေါ် နေကြလို့ ဒီလို မခေါ်ဘဲ ရဲဟောင်းလို့ ခေါ်ပါဆိုပြီး ကျမက သင်ပေးရပါတယ်။

ဒါပေမယ့်သူက “ရဲက ပြုတ်တာလည်း မဟုတ်ဘူး၊ အဟောင်းလည်း မဟုတ်ဘူး ရဲဘ၀ကို မလိုချင်လို့ ကျော်လာတာ၊ ကျနော့်ကို ရဲကျော်လို့ ခေါ်ပါ” ဆိုပြီး ပြောပါတယ်။ ဒါနဲ့ပဲ သူ့နာမည်က ရဲကျော် ဖြစ်သွားပါတယ်။

ရဲကျော် ဆိုတဲ့ ဒီကလေး ရန်ကုန် လာပြီးတော့ ဆေးဝါးကုသတုန်းက ကျောက်ပန်းတောင်းမြို့က အဖွဲ့ဝင်များက ကျမကို အထူး သတိပေးပါတယ်၊ ဒီကလေးဟာ လူမိုက်ဖြစ်ပြီးတော့ အတော်လေး ဆိုးသွမ်းတယ်၊ လူရိုက်တယ်၊ မြို့လယ်ခေါင်မှာတောင် ငှက်ကြီးတောင်ဓား လွယ်ပြီးတော့ မိုက်တိမိုက်ကန်း လုပ်လို့ အချုပ် ခဏခဏ ကျတယ်၊ ရဲသား ဘ၀မှာလည်း သူနဲ့ ဆက်စပ်ရာ ပတ်ဝန်းကျင်ကို အတော်လေး ဒုက္ခပေးတယ် ဆိုတဲ့ အကြောင်း ပြောပြကြပါတယ်။

ကျမဆီ စတင် ရောက်လာစဉ်ကတော့ တီဘီဆေး ပထမအဆင့် ယဉ်ပါးနေပြီးတော့ ပက်လက်လှန်ပြီး ရောက်လာတာပါ။ မိတ်ဆွေများ သတိပေးသလိုပဲ အင်မတန် ရိုင်းစိုင်းပါတယ်။ လူကသာ ပက်လက်လှန်နေတာပါ၊ ဘ၀တူတွေကို မစာနာပါဘူး။ ဆဲဆိုလိုက်၊ ကြိမ်းမောင်းလိုက် လုပ်နေတာပါ။ သူလည်း တီဘီဆေး မတည့်တဲ့ စာရင်းမှာ ပါပါတယ်။ ဒါ့ကြောင့် ဒေါသ ပိုကြီးနေသလား ဒါမှမဟုတ် မူလ ကတည်းကပဲ ရိုင်းစိုင်းသလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဒဂုံမြို့သစ် တောင်ပိုင်းမှာ ကျမ မိသားစုက လူနာတွေ အတွက် ပေးထားတဲ့ အိမ်တလုံးမှာ ရဲကျော်က နေပါတယ်။ ခုချိန်ထိ လူနာတွေ အများအပြား အဲဒီမှာ ခိုလှုံနေကြပါတယ်။ တောင်ဒဂုံ ၁၈ ရပ်ကွက်မှာ ရှိတဲ့အိမ် ဖြစ်လို့ လူနာတွေ ကြားထဲမှာတော့ ၁၈ အိမ်ရယ်လို့ လူသိများပါတယ်။

အဲ့ဒီအိမ်က လူနာတွေဟာ ကျမကို လာလာတိုင်ပါတယ်၊ ရဲကျော်က ဘယ်လို ဆဲကြောင်း၊ ဘယ်လို မိုက်ရိုင်းကြောင်း အစရှိသဖြင့် ပြောပါတယ်။ ကျမလည်း သူ့ကို အိမ်ခေါ်ပြီး အေးအေးသက်သာ ဆုံးမပါတယ်။ ထုံးစံအတိုင်း ကျမရှေ့မှာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ပါပဲ။ ကွယ်ရာမှာတော့ ဆိုးမြဲ ဆိုးပါတယ်။ ကျမကို ကူညီနေတဲ့ လူငယ်တွေကဆို “ဒီကောင် သေချင် သေပါစေ၊ ပြန်လွှတ်ပစ်လိုက်” ဆိုပြီး ပြောတာတောင် ရှိပါတယ်။ ဒါပေမယ့် ကျမ စိတ်ရှည်ခဲ့ပါတယ်။

နောက်ဆုံးတော့ ကျမ သူ့ကို နာမည်ကျော် မဂ္ဂင်ကျောင်းမှာ ကိုရင်ကြီး ၀တ်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ လူ့စိတ်က ဆန်းကျယ်တယ် ဆိုတာ ကျမ လက်တွေ့ သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရင်ကြီး ၀တ်ပေးပြီးတော့ သူဟာ တကယ့်ကို သိမ်မွေ့သွားလို့ပါ။ တခုခု လိမ်ချင်လို့များ လိမ်မာချင် ယောင်ဆောင်နေတာလား လို့တောင် သူ့မိသားစုက ထင်ကြပါတယ်။ ဒါပေမယ့် ၂နှစ် အတွင်း သူ ကွမ်းယာ ပြန်စားတာက လွဲပြီး ကျန်တာတွေ မလုပ်တော့ပါဘူး။ တရား သဘောတွေ၊ ဘာတွေကို နားလည်လို့တော့ မဟုတ်ပါဘူး တဲ့၊ လူတယောက် ကျင့်ဝတ် ဆိုတာကို သူ နားလည်သွားလို့ပါ တဲ့။

ကျမလည်း ခုထက်ထိ ဒီကလေး အကြောင်း ကြားလိုက်ရင် ကောင်းကြောင်းချည်းပဲ ကြားပါတော့တယ်။ ရဲကျော်က ဘယ်လူနာကို ဘယ်လို ကူညီတာ၊ ဘယ်လို ပြုစု စောင့်ရှောက်ပေးတာ ဆိုတာချည်းပဲ ကြားရတော့ သူ တကယ် ပြောင်းလဲသွားပြီ ဆိုပြီးတော့ ခုချိန်ထိ ၀မ်းသာတုန်းပါပဲ။

နောက်တယောက်က သာပေါင်းမြို့က လာလို့ သာပေါင်းလို့ အလွယ် ခေါ်ကြပါတယ်။ ဒီကလေးကျတော့ လိုချင်လောဘ များတယ် ပြောရမလား၊ ဘယ်လိုပြောရမယ် မသိပါဘူး၊ အတော် များများကတော့ ဒီကလေးရဲ့ အပြုအမူကို မကြိုက်ကြပါဘူး။ ဥပမာ သူက ဘယ်သူ ဟင်းကောင်းချက်သလဲ ကြည့်ပြီးတော့ အဲ့ဒီ ဟင်းကောင်းချက်တဲ့လူ စားမယ့်အချိန်ကို စောင့်တတ်တယ်၊ အဲ့ဒီလူတွေ စားတော့ သူပါ ထမင်းခူးပြီး ရောစား အစရှိသဖြင့် လုပ်တတ်ပါတယ်။

နောက်ထပ်တခုက ကျမ အဲ့ဒီကို သွားရင် အမြဲပဲ သူ့ကို အိပ်နေတာပဲ မြင်တယ်။ ကျမကတော့ သူ မသက်သာလို့ ထင်ပြီး မုန့်ဖိုး ပေးရင်လည်း သူ့ကိုပဲ များများပေးတာပေါ့။ နောက်ပိုင်းမှာတော့ တခြား လူတွေနဲ့ အဲ့ဒီမှာ နေနေတဲ့ ကျမတို့ အဖွဲ့ဝင် ကိုရာဇာ ကိုယ်တိုင် ပြောပြတယ်၊ ဒီကလေးက ကျမ မလာဘူး ဆိုရင်တော့ ပုံမှန် သွားလာနေတာပါပဲ တဲ့။ ကျမ ရောက်လာပြီး ဟိုလူ့ နှုတ်ဆက်၊ ဒီလူ့ နှုတ်ဆက် လုပ်နေပြီဆိုရင် သူက ကြုံတဲ့နေရာ အိပ်ချလိုက်တာပါပဲ တဲ့။ ကျမလည်း နောက်တော့ သတိ ထားမိသွားပါတယ်။

သူ့ကို ဘယ်လို ဆုံးမရမလဲ ဆိုတာ စဉ်းစားနေတုန်း နောက်ရက်တွေမှာ သူ အတော်လေး ပြောင်းလဲသွားပါတယ်၊ မရှိ ရှိတာနဲ့ စားတယ်၊ နောက် သူတပါးကိုလည်း တော်တော်လေး ကူညီလာတာ တွေ့တော့ ကျမ အံ့သြသွားပါတယ်။ ရက်ပိုင်းအတွင်း ပြောင်းလဲသွားတာ ဆိုတော့ ကျမလည်း သိပ်တောင် မယုံချင်ဘူး။ သူ့ကိုလည်း မေးမကြည့်မိဘူး။

လူတိုင်းကလည်း “သာပေါင်း၊ သာပေါင်း” ဖြစ်လာပါတယ်။ အယင်ကလည်း ဖြစ်တာပါပဲ၊ ဒါပေမယ့် ဆဲဆိုပြီးတော့ ဖြစ်တာပါ။ ခုဖြစ်တာကျတော့ ချစ်လို့ တမ်းတတာပါ။ ဒီကလေး ပြန်မယ် ဆိုရင် လမ်းစရိတ် စုပေးတာမျိုးက အစ လုပ်ပြီးတော့ တော်တော်လေးကို ချစ်ခင်သွားတာ တွေ့ရတော့ ဘယ်လိုများ စည်းရုံးထားသလဲတောင် စဉ်းစားမိပါတယ်။ တခြားလူတွေကလည်း သာပေါင်း ပြောင်းလဲသွားတာတော့ သိတယ်၊ ဘယ်လို ပြောင်းလဲသွားသလဲ ဆိုတာ ကျမကို မပြောပြတတ်ကြပါဘူး။

နောက်ဆုံးတော့ ကျမ မနေနိုင်ဘူး၊ မေးကြည့်လိုက်တော့မှ သူက “ကျနော်က အရင် အဲ့ဒီလို လုပ်နေတာ လိုချင် လောဘလည်း ပါပါတယ်၊ ရောဂါ သည်းနေတာလည်း ပါတယ်။ ဒါပေမယ့် ကျနော့်ကို ကိုရာဇာက တရက် ခေါ်ပြောပါတယ်၊ ဟေ့ယောင် - ငါအမုန်းဆုံးက လူတွေရဲ့ ကရုဏာတရားကို လိမ်လည်တာကိုပဲ။ မင်းက အဲ့ဒီလို လုပ်နေတာ ကြာပြီ။ ဒီတော့ ပြင်ရင် ပြင်၊ မပြင်ရင်တော့ မင်းကို ငါ စကား မပြောတော့ဘူး၊ မင်းဖာသာ နေချင်သလို နေလို့ ပြောတော့ ကျနော်လည်း စဉ်းစားရင်း ရှက်လာတယ်။ နောက် - မျက်ရည်လည်း ကျမိတယ်” တဲ့။

အရင်တုန်းက ကိုရာဇာက သူ့ကို ဘာတခုမှ မပြောတာဟာ အကြောင်း မသိလို့ မဟုတ်ဘဲ သူ ဘယ်အချိန် ပြုပြင် ပြောင်းလဲသွားမလဲ ဆိုပြီး စောင့်ကြည့်နေတာကို သိလိုက်ရလို့ လိပ်ပြာမလုံ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

“အဲ့ဒီ အချိန်က စပြီးတော့ ကျနော့်ကိုယ် ကျနော် မေးခွန်းထုတ်တယ်၊ လူဆိုတာ ဘာလဲပေါ့။ ငါလည်း သေမယ်၊ သူလည်း သေမယ်၊ နေရတုန်း လူတွေ မုန်းတာ ခံမလား၊ ဒါမှမဟုတ် တခြား လူတွေကို ကူညီပြီးတော့ အသက် ရှင်မလား ဆိုပြီး စဉ်းစားတယ်။ ပြီးတော့ လူပီသအောင် နေလိုက်တာပါ” တဲ့။ သူရှင်းပြတာကို ကြားလိုက်ရတဲ့ ကျမ အံ့သြပြီးတော့ သူ့ကို လေးစားသွားပါတယ်။

လူနာတွေက ကျမကို ချစ်ကြပြီးတော့ ပြတ်ပြတ်သားသား ပြောတတ်ကြတဲ့ ကျမတို့ အဖွဲ့ထဲက ကိုရာဇာ၊ ကိုသန်းထိုက်အောင်တို့ကို ကြောက်ကြပါတယ်။

အပြုအမူ လုံးဝ ပြောင်းလဲသွားတဲ့ သာပေါင်းက ပြောပါသေးတယ် “ကျနော်က ကိုရာဇာ့ကို အစ်ကို တယောက်လိုလည်း ချစ်တယ်၊ လေးလည်း လေးစားပါတယ်” တဲ့။

ကျမတို့ အဖွဲ့ရဲ့ အောင်မြင်မှုလေးတခု ဖြစ်တဲ့ ဒီဖြစ်ရပ်ကလေးကို ကြည်နူးစဖွယ် အမြဲတမ်း သတိရမိနေမှာပါ။ တကယ် ပြောင်းလဲသွားတဲ့ ဒီကလေး နှစ်ယောက်လည်း ကျန်းမာစွာနဲ့ လူ့သက်တမ်းစေ့စေ့ နေထိုင်နိုင်ပါစေ၊ တခြားသူများကို ကူညီပေးနေသူတွေ ဖြစ်ကြပါစေလို့ ကျမ ဆုတောင်းလိုက်ပါတယ်။

Thursday, January 7, 2010

Network of People living with HIV/AIDS

0 comments
from irrawaddy magazine

လူနာကွန်ရက် မြို့ကလေး

ဖြူဖြူသင်း

အညာဒေသ ကျောက်ပန်းတောင်းမြို့ကလေးဟာ စီးပွားရေး အချက်ချာကျပြီးတော့ အတော်လေးပဲ စည်ကားတယ် ဆိုရမှာပါ။ ပုပ္ပားတောင် အရိပ်ကြောင့်လည်း အခြားမြို့တွေထက် စာရင် အပူသက်သာတယ် ပြောရမှာပါ။ ချမ်းသာ ကြွယ်ဝ သူတွေလည်း လာရောက် စီးပွားရေးတွေ မြှုပ်နှံပါတယ်။

ဒီမြို့ကလေးမှာ လုပ်ငန်းရှင် တချို့က ဆယ်ဘီးကား ဘယ်နှစ်စီး ပိုင်တယ် ဆိုတာနဲ့ သူတို့ကြွယ်ဝမှုကို တိုင်းတာလေ့ ရှိတာက တော့ ထူးခြားနေပါတယ်။ တချို့ဆိုရင် ဒီလို ကုန်တင်ယာဉ် အစီး ငါးဆယ်၊ တရာလောက်ထိ ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ ဒီမြို့သား အတော်များများဟာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အဖြစ်နဲ့ အသက်မွေးမှု လုပ်ကြပါတယ်။ အဲ့ဒီမှာတင် နယ်အနှံ့ကို ခြေဆန့်ဖို့ အကြောင်းဖန်လာတော့ပါတယ်။

သူတို့က တခါတရံ ကားမောင်းထွက်သွားလိုက်ပြီဆိုရင် ကုန်တွေကို ဟိုကနေ ဒီကို၊ ဒီကနေ ဟိုကိုပို့ ဆိုတာမျိုးတွေရှိတော့ လပေါင်းများစွာ ကြာအောင် အိမ်ပြန်မရောက်တဲ့ရက်တွေ ရှိပါတယ်။

သူတို့က သုံးဖြုန်းနိုင်တဲ့ ဝင်ငွေလည်း ရှိတော့ သူတို့ သွေးသား တောင့်တမှု ဖြစ်လာပြီ ဆိုရင် အဆင်ပြေတဲ့ မိန်းမနဲ့ အိပ်ကြတော့ တာပဲ။ ဒီတော့ ကျန်းမာရေးအသိကလည်း မရှိ၊ ကွန်ဒုံ ဆိုတာလည်း အလွယ် မရနိုင်တဲ့ လမ်းခရီးလို နေရာမျိုးမှာ အကာကွယ် မပါဘဲ ဆက်ဆံကြတယ်။ ခုခံကျရောဂါ ကူးစက်ပျံ့ပွားဖို့ သိပ်လွယ်တာပေါ့။ အိမ်ပြန်ရောက်ချိန်မှာ သူတို့က ကိုယ့်အမျိုးသမီးနဲ့ လည်း အကာအကွယ် မပါဘဲ ဆက်ဆံကြတယ်ဆိုတော့ ရောဂါပိုး ရှိရင် ကူးပြီပေါ့။ ကူးတာတွေလည်း အများကြီး ရှိပါတယ်။ အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ကိုင်၊ အိပ်ရာထဲ လဲ၊ အဲ့ဒီလို အဖြစ်များပါတယ်။

အရင်ကဆို ကလေးတွေကိုပါ ကူးတယ်။ အခုတော့ အသိရှိရှိ သတိရှိရှိနဲ့ နေထိုင်ကြဖို့ ကျမတို့က တပ်လှန့်ထားပေးတော့ သူတို့ရဲ့ ရင်သွေးတွေကို မကူးစက်အောင် အတော်အတန် ထိန်းသိမ်းနိုင်ပါပြီ။ ပွင့်ပွင့် လင်းလင်း ပြောဆိုဖို့ကိုလည်း ပညာပေးလိုက်တော့ သူတို့အတွက် အေကိုက်နေတယ် ဆိုတဲ့စကားကို နောက်ပြောင်စရာလိုလိုနဲ့ အတည်ပြောနေကြပါတယ်။ အေကိုက်တယ် ဆိုတာ အေအိုင်ဒီအက်စ် လို့ခေါ်တဲ့ ခုခံအားကျရောဂါရရှိတာကို ပြောတာပါ။

အဲ့ဒါကြောင့်လည်း ဒီမြို့က ဝေဒနာသည်တွေဟာ တခြားမြို့တွေထက် များနေသလားလို့ စဉ်းစားမိပါတယ်။ သူတို့တွေဟာ မီဒီယာ မှာ ပြောရမှာလည်း မကြောက်ကြပါဘူး။ သတင်းဌာနများက စာနယ်ဇင်းကျင့်ဝတ်အရ အမည်နာမ မတပ်ဘဲ အသံလွှင့်ရင် သူတို့ က တအား စိတ်ဆိုးကြပါတယ်။ မြို့ကလူတွေသိအောင်လို့ သတင်းဌာနနဲ့ အင်တာဗျူးတာ ဆိုပြီး သူတို့က ပြောချင်တာပါ။

ဒါဆိုရင် ပူပြင်းခြောက်သွေ့မိုးခေါင်တတ်တဲ့ ဒီမြို့ကလေးက ဝေဒနာသည်တွေ ဘယ်လောက် ပွင့်လင်းမှု ရှိသလဲ ဆိုတာ သိလောက် ပါပြီ။

အခြားမြို့တွေမှာ စီစဉ်ရ မလွယ်ကူတဲ့ လူနာကွန်ရက်တခုကို အဲ့ဒီမြို့မှာ ကျမတို့ လုပ်ထားပါတယ်။ လူနာတွေဟာ တဦးနဲ့ တဦး သိယုံမကပါဘူး။ သူတို့ အေကိုက်နေပြီ ဆိုပြီး တမြို့လုံးကိုလည်း သူတို့က ကြွေးကြော်ပါတယ်။ ဒါဟာ တစုံတရာ လိုချင်လို့ မဟုတ်ပါဘူး တဲ့၊ အကြောင်း အမျိုးမျိုးနဲ့ ရောဂါကူးစက်ခံရတယ် ဆိုရင် သူတို့ဆီ လာရောက် ဆက်သွယ်နိုင်အောင်လို့ပါ တဲ့။

တကယ်ကို မွန်မြတ်တဲ့ စိတ်ဓာတ်ပါ။ သူတို့ချင်း နားလည်မှု ကောင်းကောင်း ထားကြပါတယ်။ ဥပမာ ကျမတို့က သောက်ရမယ့် ဆေးတော့ ပို့လိုက်ပါရဲ့၊ အကြောင်း အမျိုးမျိုးကြောင့် ဆေးကမရောက်ဘူး၊ ကားက ပျက်နေတယ် ဆိုရင် သူတို့တွေက ကျမဆီ ဖုန်းဆက်ပါတယ်။ ဒီအခါမျိုးမှာ သူနဲ့ ထပ်တူညီမျှတဲ့ဆေး သောက်နေတဲ့တယောက်ဆီ လွှတ်လိုက်ပြီး ယူသောက်ခိုင်းလိုက်တာပဲ။ နောက် သူ့ဆေးရောက်တော့မှ သူက ပြန်ပေးပေါ့လေ။ အဲ့ဒါကြောင့် အတော်လေး အဆင်ပြေပါတယ်။

တယောက်နဲ့တယောက် ဖေးဖေးမမလည်း ရှိကြပါတယ်။ တယောက်ယောက်က ၀မ်းပျက် ၀မ်းလျှောနေတယ်၊ ညီအစ်ကို မောင်နှမတွေက ရွံတယ် ဆိုပြီး မလုပ်ပေးရင် သူတို့ထဲက တယောက်ယောက်က အဲ့ဒီလို အခြေအနေဆိုးနေတဲ့လူကို အားပေး စကား သွားပြောပေးတာ ပုဆိုး ထဘီ လျှော်ပေးတာမျိုး၊ ဓာတ်ဆား ၀ယ်ပြီးတော့ ဖျော်တိုက်တာမျိုး တနေကုန် လုပ်ကိုင်ပေးပြီး ညအိပ်ချိန်ရောက်မှ ကိုယ့်အိမ်ကိုယ် ပြန်အိပ်တာပါ။

တကယ်လို့များ မြန်မာနိုင်ငံ မြို့တော်တော် များများကသာ ဒီလောက် ပွင့်လင်းမယ်ဆို ရောဂါဆိုး တိုက်ဖျက်ရေးမှာ ပိုမို ထိရောက် မယ်လို့ ကျမတော့ ထင်မြင်နေမိပါတယ်။ အခုဆို ကျောက်ပန်းတောင်းမြို့လေးကနေ စလိုက်တဲ့ လူနာကွန်ရက်ဟာ အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ မကွေး၊ ၀မ်းတွင်း နောက် ဒီရန်ကုန်မှာပါ အောင်မြင်နေပြီ။ နောက်လည်း လူနာများတဲ့ နေရာတွေမှာ အောင်မြင်အောင် လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

နောက်တခုက မြန်မာပြည်က စီးပွားရေးက အင်မတန် ကျပ်တည်းပါတယ်။ ဒီတော့ လူနာအသစ်တွေ ဆေးဝါးကုသမှု ခံယူချင် တယ်ဆို ကျောက်ပန်းတောင်းက လူနာဟောင်းတွေက အလှူငွေ လိုက်ကောက်ပြီး အင်တိုက် အားတိုက်လုပ်ပါတယ်။

ရန်ပုံငွေကို များများ တခါ ကောက်လိုက်ပြီးတော့ မသုံးပါဘူး။ ဈေးထဲမှာ ကုန်စုံဆိုင်လေး ဖွင့်ပြီး လူနာတွေ အလှည့်ကျ ထိုင်ပါ တယ်။ ကြီးကြပ်တာကတော့ ကျမတို့ အဖွဲ့ဝင် နှစ်ယောက်ပါ။ သူတို့ဆီမှာ ငွေအပ်၊ နောက် ဒီကို မလာနိုင်တဲ့လူနာတွေကို သူတို့ နှစ်ယောက်ဆီ လွှတ်ပြီး လမ်းစရိတ် တောင်းခိုင်းပြီး ရန်ကုန်ကို လွှတ်တတ်ကြပါတယ်။ ဒါကိုတော့ ရေနံချောင်း တမြို့တည်းပဲ လိုက်လုပ်နိုင်ပါသေးတယ်။

တောင်တွင်းကြီးလည်း ရံဖန်ရံခါတော့ လုပ်ပါတယ်။ ဒါပေမယ့် ကျောက်ပန်းတောင်းလောက် စိတ်ကူး စိတ်သန်း မကောင်းသေးပါ ဘူး။ ကျမကလည်း ကျောက်ပန်းတောင်းကို စံထားပြီး အခြားမြို့လေးတွေကို ပြုပြင်စရာရှိတာ လိုက်ပြုပြင်ပေးနေတာပါ။ ကျမ ဆရာလို ဖြစ်နေတာပေါ့။ ကျမ သွားလို့ ရဲရဲတင်းတင်း ကြိုဆိုရဲတာလည်း ဒီတမြို့ပဲ ရှိပါသေးတယ်။

ကျမ အဲ့ဒီကို နှစ်ခေါက် ရောက်ပါတယ်။ တခေါက်က ပညာပေး စည်းရုံးရေး ထွက်တာပါ။ နောက်တခါကတော့ ကျမ တိမ်းရှောင် နေရင်းနဲ့ ဘုရားဖူး ခရီးစဉ်တခုမှာ ရောက်သွားတာပါ။ ကျမကို နေရာအနှံ့ သူတို့ကိုယ်တိုင် လိုက်ပို့ပါတယ်။ မြို့ပေါ်က နာမည်ကြီး သူဌေးတွေဆီလည်း ခေါ်သွားပြီးတော့ မိတ်ဆက်ပေးတာပေါ့လေ။ သူတို့ အလှူခံကောင်းအောင်လားတော့ ကျမ မပြောတတ်ပါ ဘူး။

အဲ့ဒီမြို့ကနေ ပြန်ထွက်တော့ ညပိုင်းပေါ့။ မီးရောင် တထိန်ထိန်အောက်မှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ကာရာအိုကေ ခန်းတွေမှာ လူငယ်လေးတွေ ကွန်ဒုံ ဆောင်ပြီး နောက်ပြောင်နေတာတွေကို ကျမ မြင်ရ ကြားနေရပါတယ်။ မြို့လေးက နှုတ်ခွန်း ဆက်သပါတယ် ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကြည့်ပြီး ကျမ လူနာတယောက် ပြောတာ သွားသတိရမိတယ်။ သူကတော့ အားပါးတရကြီးကို ပြောတာပါ၊

"မမဖြူရေ ကျမတို့ ရပ်ကွက်မှာတော့ တအိမ်ကျော် မုဆိုးမတွေချည်းပဲ" တဲ့။

Sunday, November 29, 2009

Two persons living with HIV

0 comments
HIV နဲ့ လူနာ နှစ်ယောက်
ဖြူဖြူသင်း
from - http://www.mizzimaburmese.com/edop/songpa/4266-hiv---.html

သနားစရာ ကောင်းတဲ့၊ အကာအကွယ်မဲ့ခဲ့တဲ့ လူနာလေးတွေထဲက နှစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ သူတို့က မတူညီတဲ့နေရာကနေ လာကြတာပါ။

တဦးက မကွေးတိုင်းက တောင်သူလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးဖြစ်ပါတယ်။ သူ ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက် သွေးသွင်း ကုသခံရာကနေ HIV ပိုး ကူးစက်ခဲ့ပါတယ်။ သူ ဘယ်လိုကြောင့် ဒီရောဂါပိုး ရခဲ့သလဲဆိုတာ သူ မသိဘူး။ သူ့ယောက်ျားကို အထင်လွဲတယ်။ သူ့ယောက်ျား အပျော်အပါး လိုက်စားလို့ သူ့ယောက်ျားဆီက ကူးတာလို့ တောက်လျှောက် စွပ်စွဲပြီး ရန်တွေ့နေတော့တာပါပဲ။ ယောက်ျားဖြစ်သူက ရှင်းပြတာကို လက်မခံ၊ ရန်လုပ်နဲ့ သံသရာ လည်နေတာပါ။

အဖြစ်မှန်ကို သိသွားကြတာကတော့ သူတို့ အိမ်ကို မိတ်ဆွေနှစ်ယောက် ရောက်လာတဲ့နေ့မှာ ဖြစ်ပါတယ်။ ဒီလူတွေရောက်လာတော့ ပြဿနာတက်နေတဲ့ သူတို့ လင်မယား အတော်လေး ထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။ မိတ်ဆွေနှစ်ယောက်လုံး ယားနာတွေ တကိုယ်လုံး ပေါက်နေကြပြီး အတော်လေး ပိန်လှီနေတယ်တဲ့။ AIDS အဆင့် ရောက်သွားတယ် ပြောရမှာပါ။ ဒီမိတ်ဆွေနှစ်ယောက်က လာတောင်းပန်တာပါ။ သူတို့ မသိလို့ သွေးလှူမိတယ် သူတို့မှာ AIDS ဖြစ်နေပါတယ်ဆိုပြီး လာတောင်းပန်တော့ လင်မယား ဘာလုပ်လို့ လုပ်ရမယ်ကို မသိ ဖြစ်သွားတယ်။ သူတို့ သတင်းကို ကြားရတဲ့ ကျမတို့ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုပါလေးက သူတို့ဆီကို သွားပြီး ပညာပေး ဆွေးနွေးတယ်၊ ပြီးတော့ ကျမဆီ ပို့လိုက်ပါတယ်။

ဒီလိုနဲ့ ဒီအမျိုးသမီးလေး ရန်ကုန်ရောက်လာတယ်။ ကျမဆီ လာတယ်။ သူ့မှာ နေစရာမရှိ။ ဘုန်းကြီးကျောင်းတွေမှာ ထားရတာလည်း အဆင်မပြေ။ ဒါနဲ့ ကျမ အဖေပိုင်တဲ့ အိမ်ကလေးမှာ သူ့ကို ထားတယ်။ နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့က ဖွင့်ထားတဲ့ AZG ဆေးခန်းကို သွားပြတယ်။ နောက်တော့ သူ ARV ဆေး ရပါတယ်၊ ဒီဆေးက HIV ပိုးကို တိုက်ဖျက်တဲ့ဆေးပါ။

ဒါပေမဲ့ အစောပိုင်းကာလမှာ သူဟာ ဆေးအရှိန်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတယ်။ တကိုယ်လုံး ချွတ်ပြီး အရပ်ထဲ ပတ်ပြေးတဲ့ အဆင့်ထိ ဖြစ်သွားတာပါ။ မျိုးရိုးကြောင့် စိတ်ရောဂါဖြစ်တာတော့ မဟုတ်ပါဘူး။ အခုတော့ သူက ပြန်ကောင်းလာပြီးတော့ ပုံမှန် လုပ်ငန်းခွင် ဝင်နေပါပြီ။

သူ ကိုယ်ဝန်ပျက်ကျတော့ သွေး ၆ ပုလင်း သွင်းရတယ်လို့ ဆိုပါတယ်။ လိုတဲ့သွေးအတွက် အထက်မှာ ပြောခဲ့တဲ့ သူ့မိတ်ဆွေ နှစ်ဦး အပါအဝင် သွေးလှူရှင် ၆ ဦးက လှူကြတယ်။ ဒါပေမဲ့ ဆေးရုံမှာ သွေးစစ်ခဆိုပြီး နှစ်သောင်း တောင်းတယ်လို့ ဆိုပါတယ်။ ဒီတော့ သူက တသိန်းနှစ်သောင်း ပေးခဲ့ရပါတယ်တဲ့။ မှတ်မှတ်ရရ သူပြောသွားတဲ့အတိုင်း ပြန်ပြောပြချင်ပါတယ်။ သူက စကားပြောရင် ‘သ’ တွေကို ‘တ’ လို့ အသံထွက်ပါတယ်။

“ဆရာမရယ် ကျမလည်း နားလည်ပါဘူး။ တိလည်း မတိဘူးလေ။ ခုတော့ တွေးတွင်းလို့ ဖြစ်တယ်ဆိုတာ ကျမ နားမလည်ဘူး။ ခု ဆရာမ ပြောပြတော့ သွေးသွင်းလို့ ဖြစ်တွားတာဆို။ ကျမက ဒီရောဂါကို တတိန်းကျော် ပေးပြီး ဝယ်လိုက်ရတာပေါ့” တဲ့။ သူ့ စကားကို ကျမ ခုချိန်ထိ ကြားယောင်နေပြီး စိတ်မကောင်း ဖြစ်ရတုန်းပါပဲ။

ကျမလည်း ပြန်လည် သုံးသပ်ပါတယ်။ သူ့မိတ်ဆွေ နှစ်ယောက်ကလည်း သူတို့မှာ ပိုးရှိမှန်း မသိလိုက်လို့ သွေးလှူမိတယ်။ ဆေးရုံကလည်း ဒီသွေးကို စစ်ဆေးပါတယ်။ စစ်ဆေးခ တသိန်းကျော် ယူလိုက်တာပဲ။ ဝင်းဒိုးကာလလို့ ခေါ်ကြတဲ့ စစ်ဆေးချိန်မှာ လူ့ကိုယ်ခန္ဓာက HIV ပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်း မထွက်သေးတဲ့ အချိန်ကာလကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတော့ သူပြောသလို ရောဂါဆိုးတခုကို ငွေပေးပြီး ဝယ်လိုက်ရသလို ဖြစ်သွားတော့တာပေါ့။ လူတဦးချင်း ပေါ့ဆမှုကနေ အများ ဒုက္ခမရောက်အောင်ကတော့ တတိုင်းပြည်လုံးကို သွေးစစ်ထားရမလို ဖြစ်နေတာပေါ့။

သူကတော့ ပြောပါတယ်၊ သူတို့အကြောင်း စာတွေရေးပါ၊ နာမည်ရင်းတွေ သုံးပါ။ ဒါမှ သူတို့ကို လာမေးတဲ့အခါ ပြောပြနိုင်မယ်၊ သင်ခန်းစာ ယူနိုင်ကြမယ်လို့ ဆိုပါတယ်။

နောက်တယောက်ကတော့ ကလေးလေးပါ။ ကျမနဲ့ တွေ့ချိန်မှာ ၅ နှစ်ကျော် အရွယ်ပဲ ရှိပါသေးတယ်။ သူလည်း သွေးသွင်းရာကနေ ကူးစက်ခံရသူပါ။ ကလေးက အလွန်ပဲ ချစ်ဖို့ကောင်းပါတယ်။ အဖေက ဒုတပ်ကြပ်၊ အမေက ကျောင်းဆရာမ ဖြစ်ပါတယ်။ ကလေး သွေးလွန်တုပ်ကွေးဖြစ်တော့ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ကြတယ်တဲ့။

အဲ့ဒီမှာ ကလေးအတွက် သွေး အကူအညီ ပေးတာကလည်း ကလေးအဖေရဲ့ မိတ်ဆွေ ရဲဘော် ပုံမှန် သွေးလှူရှင်ပါပဲ။ အကြိမ် ၆ဝ ကျော်နေပြီ ပြောပါတယ်။ ဒါပေမဲ့ လူတွေ မသိလိုက်တာက ဒီလူက နောက်ဆုံးအကြိမ် သွေးလှူပြီး သိပ်မကြာခင်မှာ အကာကွယ်မပါဘဲ အပျော်အပါး လိုက်စားခဲ့တယ် ဆိုတာပါပဲ။ ဒါကို ကာယကံရှင်ကလည်း ထုတ်မပြောဘူး။ ဆေးစစ်ချက်ယူသူ ဆရာဝန်တွေကလည်း မမေးလိုက်မိဘူး။ အကြိမ် ၆ဝ ကျော် သွေးလှူထားတဲ့သူဆိုတဲ့ အချက်ကြောင့် မမေးဖြစ်တာလို့ ယူဆရပါတယ်။

ကောင်းမွန် ခေတ်မီတဲ့ စက်ကြီးတွေနဲ့လည်း သေချာစစ်ဆေးတယ် ဆိုပါတယ်။ ဒါကတော့ သေချာပါတယ်၊ ဝင်းဒိုးကာလ သွားမိနေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကလေးအဖေနဲ့ ဆေးရုံက ဆရာဝန်ကြီးတွေ အပြန်အလှန် အပြစ်တင်တာပေါ့၊ ဆေးရုံက သွေးစစ်တာ မသေချာလို့ ကလေးကို ကူးတယ်လို့ ကလေးအဖေက ပြောတယ်။ ဆေးရုံကလည်း ကလေးဟာ မိဘဆီက ကူးတာဖြစ်လိမ့်မယ်ဆိုပြီး အပြန်အလှန် စွပ်စွဲကြပါတယ်။ သူတို့ကို သွေးဖောက်စစ်မယ်ဆိုပြီး သွေးဖောက်ယူထားချိန် ကျမဆီ ရောက်လာပါတယ်။

ကျမလည်း ကမန်းကတန်းပဲ သူတို့ကို အမျိုးသား သွေးစစ်ဌာနဆီ ခေါ်သွားပြီး သွေးစစ်တာတွေ လုပ်ပေးထားရပါတယ်။ ပြဿနာတက်လာရင် ဆေးရုံက မမှန်ကန်တဲ့ သွေးစစ်ချက်တွေ ထုတ်ပေးပြီး ရှင်းမှာ စိုးလို့ပါ။ အဲ့ဒီလို စစ်လိုက်ရာမှာလည်း ပိုးမတွေ့ပါဘူး။ ဆေးရုံက မှားနေတာ သေချာသွားပါတယ်။

ဒါပေမဲ့ သူကလည်း တာဝန်ထမ်းဆောင်ဆဲ တပ်ကြပ်လေး တယောက်။ ဆေးရုံက ဆရာဝန်ကြီးတွေကလည်း ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးတွေဆိုတော့ ဘယ်လိုမှ မတုံ့ပြန်ရဲဘူး။ အစောပိုင်းကတော့ တရားစွဲမယ်၊ ကလေးသူငယ် အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့တွေဆီ တိုင်မယ်တောမယ်ဆိုတော့ ကျမ ဘက်ကလည်း လိုအပ်တာတွေ လိုက်လုပ်ပေးနိုင်အောင် ပြင်ထားရတာပေါ့။

ဒီအချိန်မှာပဲ ဒီကလေးရဲ့ အဖွားဖြစ်သူ မယ်သီလရှင်က ဒါတွေဟာ ကံ ကံရဲ့ အကျိုးတွေ၊ ဘာမှ ပူလောင်မနေနဲ့၊ ကလေး အတိတ်ကံ မကောင်းလို့ ဖြစ်တာဆိုပြီး လာခေါ်သွားပါတယ်။ ကျမလည်း အတော်လေး အံ့သြမိတယ်။ ကျမတို့ လူမျိုးရဲ့ စိတ်နေစိတ်ထားဟာ ကြောက်စရာ ကောင်းလှအောင်ကို အေးချမ်းတယ် ပြောရမလား၊ ကြောက်တာလို့ ပြောရမလား၊ ဘယ်လို ပြောရမယ်မှန်းကို မသိ၊ ဝေခွဲမရတော့ပါဘူး။
ကျမကတော့ ကျမဆီ ရောက်လာကြတဲ့ သူတွေထဲက သူတို့ နှစ်ယောက်ကို အမှတ်ရနေမိပါတော့တယ်။ ။

(စာရေးသူ မဖြူဖြူသင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဖြစ်ပြီး၊ ပါတီ၏ HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးအဖွဲ့တွင် လက်ရှိ ဦးဆောင်နေသူတဦး ဖြစ်သည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြသဖြင့် ၂ဝဝ၇ ခုနှစ် မေလတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ရာ HIV ဝေဒနာသည်များက သူမကို ပြန်လွှတ်ပေးရန် ဆန္ဒပြခဲ့ကြသည်။)

Saturday, November 21, 2009

opinion piece from the Irrawaddy

0 comments
အကူအညီတွေ ထိရောက်ပါရဲ့လား…
ဖြူဖြူသင်း ဧရာဝတီ

ဒီနှစ်ထဲမှာ ဆူဒန်နိုင်ငံသမ္မတ မစ္စတာ အိုမာက ခုခံအားကျရောဂါ တိုက်ဖျက်ရေး ကူညီနေတဲ့ NGO များ အပါ အ၀င် NGO ၁၃ ခုကို နိုင်ငံကနေ နှင်ထုတ်လိုက်တဲ့ သတင်းကြောင့် ကျမ အများကြီး အံ့သြ တုန်လှုပ်သွားပါ တယ်။

NGO တွေ ဆူဒန်နိုင်ငံရေးမှာ ၀င်ရှုပ်တယ် ဆိုတဲ့ သူ့စွပ်စွဲချက်တွေ ဘယ်လောက် ခိုင်လုံတယ် ဆိုတာတော့ ကျမ မသိနိုင်ပါဘူး။ ဆေးသောက်လက်စ လူနာတွေ ဘယ်လောက်များ ဒုက္ခ ရောက်သွားသလဲ ဆိုတာကို စဉ်းစား နေမိတာပါ။

NGO တွေက ကျမတို့ နိုင်ငံမှာလည်း ရှိပါတယ်။ စစ်အစိုးရကလည်း NGO တွေကို အကန့်အသတ်နဲ့ လုပ်ကိုင်ခွင့် ပြုထားပါတယ်။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှာတော့ ပြည်တွင်း NGO၊ တနည်း ပြောရရင် ခါတော်မီ NGO တွေ မှိုလို ပေါက်လာပါတယ်။ မှိုလိုပေါက်တယ် ဆိုတဲ့ အသုံးနှုန်းကို တချို့ကတော့ ကြိုက်မယ် မထင်ဘူး။ ဒီတိုင်းပြည် လူဦးရေ ၅၆ သန်းကျော်အတွက် ဒီ NGO လေးတွေပဲ ရှိတာ မှိုလိုပေါက်တယ်လို့ ပြောရမလား ဆိုပြီး အပြစ် မြင်နိုင်ပါတယ်။

မှိုလိုပေါက်နေတယ် ဆိုတဲ့ စကား မမှားဘူးလို့ဘဲ ပြောရပါမယ်။ သူတို့တွေဟာ တကယ့် လိုအပ်ချက်ကို မဖြည့်နိုင်လို့ ဒီစကား ပြောရတာပါ။ သူတို့ဟာ ဝေးလံ သီခေါင်တဲ့ နေရာတွေကို မသွားနိုင်ပါဘူး။ သွားလို့ မရတာလည်း အကြောင်းအချက် တခု ဖြစ်မယ်လို့ ကျမ စဉ်းစားမိပါတယ်။ ရန်ကုန်မြို့မှာတော့ NGO တွေ များတယ် ဆိုရမှာပါ။

စဉ်းစားမိတဲ့ နောက်တချက်က အလှူရှင်နဲ့ လုပ်ကိုင် ဆောင်ရွက်သူတွေကြား နားလည်မှုပါပဲ။
အလှူငွေတွေဟာ 3D Fund လို့ ခေါ်တဲ့ တီဘီ၊ ငှက်ဖျား၊ ခုခံအားကျ ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီတဲ့ နိုင်ငံတကာ အဖွဲ့ဆီက လာပါတယ်။

3D Fund အဖွဲ့ကြီးဟာ ရောဂါ သုံးမျိုးအတွက် မြန်မာနိုင်ငံကို ၅ နှစ်ထောက်ပံ့မယ့် အဖွဲ့ဖြစ်ပါတယ်။ အဲဒီလို ထောက်ပံ့ဖို့အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲဖို့ရာထားပါတယ်။ ဒီနှစ်အတွက် ဒေါ်လာ ၆ သိန်း ၃သောင်း သုံးစွဲမယ်လို့လည်း အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီ 3D Fund က မြန်မာနိုင်ငံကို မူဝါဒ အမှားကြီးနဲ့ ၀င်လာတာကြောင့် ဒေသခံ NGO တွေ ပွားများ လာစေတာပါ။ သူတို့ မူဝါဒ အမှားကြီးက ကျမတို့ နိုင်ငံက ဒေသခံ NGO တွေကို ပျက်စီးစေတဲ့ လမ်းကြောင်း ဘက်ဆီ တွန်းပို့သလို ဖြစ်နေတာပါ။ 3D Fund ကို ကျမ မြင်တာကတော့ ဒီအတိုင်းပါပဲ။

သူတို့ရဲ့ ယေဘုယျမူကတော့ သူတို့ ကိုယ်တိုင်ကိုယ်ကျ အကူအညီ မပေးနိုင်ဘူး။ ဒါပေမယ့် ကြားခံ တခု ထားပြီးတော့ ပေးမယ်။ ပေးမယ့် နေရာမှာလည်း အားလုံးကို ပေးမယ်၊ ကျမတို့လိုမျိုး နိုင်ငံရေးအဖွဲ့အစည်းက လွဲလို့ပေါ့။ ဒါ ကျမတို့ကို မပေးလို့ ဝေဖန်နေတာလည်း မဟုတ်ဘူး။ ကျမတို့ အနေထားက သူတို့ ပေးမယ် ဆိုရင်တောင် လက်မခံနိုင်တဲ့ အခြေအနေပါ။

အာဏာပိုင်တွေနဲ့ NGO တွေရဲ့ သဘောတူညီချက်တွေ အရ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေ၊ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့တွေကို သူတို့ ကူညီလို့ မရဘူး။ ဒါပေမယ့် အငြင်းပွားစရာ ဖြစ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းလိုမျိုးတွေကို ကူညီနေတာ တွေ့ရတယ်။

ဒီလို အကူအညီတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်မယ့်သူ ဘယ်သူဖြစ်မလဲ၊ စောင့်ကြည့်တာကိုရော ခံနိုင်သလား ဆိုတာ လေ့လာပြီးတော့မှ အကူအညီပေးသင့်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တခါတုန်းက ပြောခဲ့တဲ့ စကားဟာ အလွန်ကိုပဲ တန်ဖိုးရှိပါတယ်။

3D Fund က NGO တွေကို ထောက်ပံ့တယ်။ ငွေသာ ၀င်သွားတယ် NGO တွေက ဘာတွေလုပ်နေတယ်ဆိုတာ ပြည်သူလူထု မသိလိုက်ကြဘူး။ ထိရောက်မှု ဘယ်လောက် ရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

3D Fund က တကယ် ထိထိရောက်ရောက် လုပ်နေသူတွေနဲ့ လက်တွဲမှ အောင်မြင်မှာ ဖြစ်ပါတယ်။ တကယ်လုပ်နေတဲ့ အဖွဲ့တွေက အကူအညီ မရတာတွေ ရှိပါတယ်။

တဘက်မှာလည်း အာဏာပိုင်တွေက ထိန်းချုပ်မှု သိပ်များရင် ဒီငွေတွေက ထိရောက်မှာ မဟုတ်ဘူး။ HIV နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိထိရောက်ရောက် လုပ်မှ အောင်မြင်မှာပါ။ အာဏာပိုင်တွေက NGO တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့လည်း လိုအပ်ပါတယ်။

3D Fund လိုပဲ အဲဒီ ရောဂါသုံးမျိုးအတွက် လှူဒါန်းနေတဲ့ နောက်ထပ် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းကြီး တခုဖြစ်တဲ့ Global Fund ဆိုတဲ့အဖွဲ့ကြီးဆိုရင် စစ်အစိုးရက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ကို ချုပ်ချယ် ကန့်သတ်ထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

မနေ့တနေ့ကတော့ အဲဒီ Global Fund အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို လာမယ့် တနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကူညီသွားမယ်ဆိုတဲ့သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုလို လိုအပ်နေတဲ့ အကူအညီကို ပြန်ပေးတဲ့ အတွက် ကြိုဆိုရမှာပါ။ ဒါပေမယ့် ဒီအလှူတွေက တကယ် လိုအပ်နေတဲ့ သူတွေရဲ့ လက်ထဲကို ရောက်နိုင်တဲ့ အစီအစဉ်တွေလည်း သေသေချာချာ ရှိသင့်ပါတယ်။

လက်တွေ့ လိုအပ်ချက်ကို မပေးနိုင်ဘဲနဲ့ သူ မလိုအပ်တာ ပေးမိပြန်ရင်လည်း ပေးကားပေး၏ မရ ဆိုတာလိုမျိုး ဖြစ်မှာပါပဲ။

ဥပမာနဲ့ မြင်သာအောင် ပြောရရင် ကျမ လူနာတချို့ကို NGO တခုက လာခေါ်ပါတယ်။ စက်ချုပ် သင်တန်း ပေးမယ်လို့ ပြောပါတယ်။ အသက်မွေးမှု ပညာ တတ်မြောက်ထားရင် မဆိုးဘူး ဆိုပြီး သင်တန်း လွှတ်လိုက် ပါတယ်။ သင်တန်းလည်း ပြီးလာရော သူတို့ ပညာအနည်းငယ်တော့ တတ်လာပါပေရဲ့။ ဒါပေမယ့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ဖို့ စက်က ဘယ်မှာလဲ လို့ သင်တန်းပေးသူတွေကို မေးကြည့်တော့ “အဲဒါတော့ မတတ်နိုင် ဘူး၊ ဒီ စက်ချုပ် သင်တန်း ပေးတဲ့ စက်တွေတောင် ငှားထားရတာ” ဆိုတော့ ကျမလည်း သက်ပြင်းချရုံ မှတပါး မတတ်နိုင်တော့ဘူးပေါ့။

ဒီသင်တန်းကို လူ ၃၅ ယောက် အတွက် ပေးတာပါ။ ကျမ စဉ်းစားမိတာက သင်တန်းကို ၅ ယောက်လောက် အတွက်ပဲ ပေး၊ ပြီးတာနဲ့ စက် ၅ လုံး ၀ယ်ပြီး ဆင်ပေးလိုက်ရင် မဖြစ်ဘူးလား ဆိုတာမျိုးပါ။ တကယ်ဆို လူ ဒီလောက်များများ ဘာလို့ သင်တန်းပေးသလဲ မေးရင် အလှူရှင် ဘက်ကနေ ကြည့်ကောင်းအောင် ပေးတယ် ဆိုတဲ့ အဖြေပဲ ထွက်ပါတယ်။ လူနည်းနေရင် ထောက်ပြ ပြောဆိုခံရမှာ စိုးရိမ်ပုံ ရပါတယ်။ ဒီတော့ သင်တန်းတခု ပေးလိုက်၊ ဒေသခံ NGO လေးတွေက ငွေသုံးလိုက်၊ လူနာတွေ တကယ် ထိရောက်မှု ရှိမရှိ ဆိုတာလိုမျိုး ဘယ်သူမှ မသိနိုင်တော့တဲ့ အနေအထားတွေ မြင်နေရပါတယ်။

တလောက HIV/AIDS ဆိုင်ရာ အကူညီပေးရေး ဆွေးနွေးပွဲကြီး တခုအတွက် ကျပ် သိန်း ၂၄၀ လောက် သုံးလိုက်တယ်တဲ့။ လုပ်ငန်း မစနိုင်သေးခင် ကုန်သွားတဲ့ ပိုက်ဆံပါ။ အရမ်းပဲ နှမြောမိပါတယ်။

ဆွေးနွေးပွဲကို ဟိုတယ်ကြီးမှာ လုပ်မယ့်အစား ဈေးသက်သာတဲ့ ခန်းမ တခုမှာ လုပ်လိုက်ပေါ့။ ဈေးကြီးတဲ့ အစားအစာတွေနဲ့ ဧည့်ခံမယ့်အစား ငွေကုန်ကြေးကျ သက်သာမယ့် လက်ဖက်ရည် တခွက်စီလောက် တိုက် လိုက်ပေါ့။ ဒါဆို ကုန်ကျစရိတ်က နည်းသွားပြီး လုပ်ငန်းစချိန်မှာ ဒါတွေထည့်သုံးရင် လူနာတွေအတွက် ပိုမို အကျိုးရှိမယ်လို့ တွေးမိနေတာမျိုးပါ။ နိုင်ငံတကာစံ ဆိုတာလည်း ဒီလောက်ကြီး အကုန်ကျခံပြီး လုပ်ပြမှ မဟုတ်လောက်ပါဘူး။

ဒါက ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်ပါ။ မမြင်သာတာတွေလည်း ရှိပါတယ်။ လူနာတွေကတော့ ဘာမှ မသိသလို အလှူရှင်တွေလည်း ဘာမှ သိမယ် မထင်ပါဘူး။

ဒီလုပ်ငန်း လုပ်ကိုင်နေတိုင်း ချီးမွမ်း ထောမနာပြု၊ သူရဲကောင်း တယောက်လို ဆက်ဆံနေတာဟာ မြန်မာပြည် မှာတော့ အတော့်ကို လွဲမှားနေတယ်လို့ ပြောချင်ပါတယ်။ အလှူရှင်တွေလည်း သတိရှိရှိ ကူညီ ဆောင်ရွက်ပါလို့ ကျမ အလေးအနက်ထား သတိပေး ပြောဆိုလိုက်ရပါတယ်။ ။

comments and hits counting on Nov 23, 2009

Hits: 1696
Comments (6)Add Comment

Oneof the sutibable Point Of View
written by koyelay, November 23, 2009
In these days, we should ask this is question!!!!!!
Should learn more
written by Phoe Auu, November 23, 2009
Seems like author doesn't know well about the donors organizations and how they do it.
One thing for sure is that money doesn't come that easy from these international donors. They have well-crafted check and balance system and monitoring and evaluation systems for the recipient organizations to be accountable as much as possible. I agree with author about the fact that intended amount of these aids should reach the beneficiaries. But some points opinions in the article are not well-thought and professional.
မှန်တယ်
written by MHM, November 22, 2009
မြန်မာတွေက ငါးပွက်ရာ ငါးစာချဖို့ လုပ်ကြတာ များတယ်။ အန်ဂျီအိုကို စစ်အစိုးရက သူ့အတွက် အသုံးချဖို့လောက်ပဲ ကြည့်နေတာပါ။ ပြည်တွင်း အန်ဂျီအို အတော်များများကလည်း အစိုးရနဲ့ ပလူးပလဲ လုပ်ပြီး၊ စီးပွားရေးလုပ်ငန်း တခုလို ၀င်လုပ်နေကြတာလို့ပဲ မြင်ပါတယ်။ NGO Business ပေါ့။
ဒီလိုမျိုးလည်း ရှိတယ်လား?
written by Phoenix, November 21, 2009
ဒီလိုအဖြစ်မျိုးလည်း ရှိတယ်ပေါ့? ကျနော် အရင်က သေချာမသိဘူးဗျာ။ NGO တိုင်းက သူ့ Donor နဲ့သူ တကယ်ထိထိရောက်ရောက် လုပ်နေတယ်ပဲ ထင်ခဲ့မိတာ။ Fund တွေ အလဟသတ် ကုန်သွားတာ နှမြောဖို့ကောင်းတယ်ဗျာ။ ပြုပြင်သင့်ပါတယ်။
HIV & Burma
written by Mi Mi Linn, November 21, 2009
You are right. I am currently working in one of the LNGOs in Burma. Yes. we are spending too much money but we don not know what the results are. We need to produce more efforts. Of course, this military regime should be changed. With this regime, no efforts can be made. This is politics. Everything in Burma is related to politics. Love live Burma.
welcome to all INGOs
written by myo, November 21, 2009
We should welcome to all of INGOs because they are helping our people as much as they can.There may have some error in their management because they are led by foreigners and they don't know well about the country.Inernational donors trust to them only.They know the regulations how to get the funs from donors. "Welcome to all INGOs who helping our people".

Monday, October 19, 2009

Defeating HIV/AIDS, Preserving the Future

2 comments
Opinion and comments in http://www.irrawaddy.org/opinion_story.php?art_id=17021

Defeating HIV/AIDS, Preserving the Future
By PHYU PHYU THIN

Monday, October 19, 2009

When the immune deficiency syndrome disease (HIV/AIDS) first appeared in Burma in 1988, it was said that the first case was that of a sailor who was infected with the disease.

Possibly for that reason, after 1990 the syndrome was commonly known as "sailors' disease." Then the disease spread among the homosexual community in 1994-95, and it was called the "gays' disease."

I learned a little about the disease in school, but personally, I wasn’t very interested in the issue.

When I joined the National League for Democracy (NLD) in 1996, I became involved in various social issues, but HIV / AIDs still wasn’t high on my list.

By that time, it was well-known as the "4-alphabet disease" among Burmese youth, or "Lay lone disease” in Burmese. Many people were afraid when the government launched its first awareness campaign with billboards saying, "AIDS has no cure and there is no medicine for it."

Apart from awareness campaigns, the government had no program to give blood tests to people in vulnerable communities such as drug users or sex workers, and it neglected the spread of the disease.

As the situation worsened, many people died from HIV/AIDS. In my small community, adults and youths died from the disease, their bodies shrinking into the form of a skeleton. If someone asked, their relatives might say that they died from tuberculosis (TB) or cerebral malaria.

When she was free for a brief period, Aung San Suu Kyi, a leader of vision, said during a speech in 1998 at the 13th International AIDS conference in Durban that openness will help control the spread of HIV, since people can discuss how it is contracted, how to control its spread and how to help those who already have the virus.

She said "containing the spread of HIV/AIDS is preserving our future," and, "If we could develop more compassion in this world then we would all have achieved a happier, more peaceful world."

Suu Kyi selected 19 NLD youth members to be trained in HIV prevention and care at the United Nations Development Program office in Rangoon. After the training, all 19 members started working in a NLD prevention and care program for HIV/AIDS patients. Since then, without financial assistance or salaries, we have worked to deliver care and raise HIV/AIDS awareness.

Meanwhile, the authorities are always looking at what we do, and they sometimes harass us because we are NLD members. It’s hard to keep the work going. The program continues with a small group of workers, including me and Khin Htar Yee, who is liked my elder sister. With meager resources, we keep the program going amid many uncertainties and great anxiety.

I recall that our first HIV/AIDS patient was a police officer. Since then, we have cared for almost 2,000 infected patients. Many of our patients died while receiving our care. Many stories are tragic, but others are heart warming.

In our early days, we treated patients unsystematically, and we learned as we did our work. We went to patients' homes and offered help such as washing clothes, cleaning a room or cooking. We were not familiar with HIV/AIDS medicines, and we had no source for knowledge or supplies. The patients were thankful for our support, but we couldn’t provide medical care, and they died.

At first, we faced tremendous hardships because of the stigma attached to HIV/AIDS. Most patients didn’t want others to know of their illness. In some cases, families welcomed us. But many families rejected us, not wanting to be associated with the disease.

At that time, most people believed HIV/ AIDS was a disease of bad moral character or shameful behavior. The problem was compounded by the military government’s fear-driven campaign. Many patients would not go to hospitals or health services, and they wanted to keep their infection secret, which could sometimes lead to reckless lifestyles and more infections.

Many patients arrived too late to be treated at the Wai Bar Gi Infectious Disease Hospital. Those who could be treated often couldn't afford to buy drugs in the government’s ill-equipped hospitals.

Now many of our patients are given ARV (anti-retroviral drugs) medicine and support, and most can continue their lives.

However, while cheaper and affordable drugs are now available, some patients still go to faith healers or take herbal medicines or dangerous concoctions, seeking a cure. Some even eat dog meat once a day, believing it can cure them. We have a long way to go to remove misguided beliefs and deep-seated fears.

If Suu Kyi were free and able guide us, we could work to support our patients and treat the disease even more effectively.

I have committed my life to help people with the disease and to eliminate the spread of HIV/AIDS in Burma.
I urge people to join in the fight to prevent this catastrophic disease.

Phyu Phyu Thin, a member of the National League for Democracy, is a key organizer of the NLD’s HIV / AIDS outreach program

COMMENTS (3)

Kyaw Win Wrote:

21/10/2009
Our Burmese leaders have no distinction between politics and social issues. What a pity! People in Burma have been suffering from all kinds of physical and mental abuses and maltreatment under these leaders.

pLan B Wrote:

21/10/2009
Jeffrey Helllman,

"Why no help?"

People like Turnell and BEW with these articles as proof have long shut down the help for health matters so tightly supported by groups of expats:

http://www.burmaeconomicwatch.blogspot.com/

Just read the first few articles and you will know how the flippant attitude of these people convinced the world that it is useless and not worth the $ to deal with SPDC in health care matters or otherwise.

Consider that none of these "authors" has ever even been to the country.

Burma is the country that received the least help even without considering the lack of aid for Nargis after the initial SPDC blunder.

MSF is the only know organization that is indirectly involved inside Myanmar.

Until people stop politicizing health matters, the most vulnerable ones, the children and the poor, will bear the brunt.

It has come to a point where the prevalence of children with TB, which used to be rare, is now the norm due to the degradation of education, nutrition, etc.

Jeffrey Hellman Wrote:

19/10/2009
Why hasn't there been more financial support provided to Burma to help ameliorate the AIDS epidemic?

According to Doctors Without Borders, "An estimated 240,000 people are currently infected with HIV in Myanmar. 76,000 of these people are in urgent need of ART, yet less than 20% of them receive it through the combined efforts of MSF, other international non-governmental organizations (NGOs) and the Government of Myanmar.

For the remaining people, the private market offers little assistance as the most commonly used first-line treatment costs the equivalent of a month’s average wage.

The lack of accessible treatment resulted in 25,000 AIDS related deaths in 2007 and a similar number of people are expected to suffer the same fate this year, unless HIV/AIDS services - most importantly the provision of ART - are urgently scaled-up."

http://doctorswithoutborders.org/publications/topten/story.cfm?id=323

Friday, October 16, 2009

working for the future

0 comments
ယနေ့ ဧရာဝတီတွင် ဖော်ပြထားသော ဆောင်းပါး

အနာဂတ်ကို ထိန်းသိမ်းခြင်း
ဖြူဖြူသင်း

ကျမတို့ တိုင်းပြည်ကို HIV/Aids ရောဂါဆိုး တိတ်တဆိတ် ဝင်ရောက်လာတာဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပါတယ်။ စတင် ဖြစ်ပွားစဉ်ကတော့ နိုင်ငံခြား သဘောင်္သား တယောက်က စဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉ဝ နောက်ပိုင်းမှာ သဘောင်္သားရောဂါ ဆိုပြီး ခေါ်ကြပါတယ်။ အဲ့ဒီက တဆင့် ၁၉၉၄-၉၅ လောက် ရောက်တော့ ဒီရောဂါဟာ လိင်တူ ဆက်ဆံသူတွေ အဖြစ်များလာပါတယ်။ အဲ့ဒီအချိန်ကျတော့ ဒီရောဂါကို အခြောက်ရောဂါ ဆိုပြီး ထပ်မံ ကင်ပွန်းတပ်ပါတယ်။

ကျောင်းမှာ ဒီရောဂါအကြောင်းသင်နေရပေမယ့် သင်တဲ့ဆရာကလည်း အလေးနက်မရှိ၊ အပွင့်လင်းဆုံး ပြောရ မယ်ဆိုရင် ကျမတို့ကိုယ်တိုင်လည်း စိတ်မဝင်စားခဲ့ပါဘူး။ ၁၉၉၆ ကျမကျောင်းပြီးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကိုရောက်တော့လည်း တခြားသော လူမှုရေး လုပ်ငန်းတွေကိုသာ လုပ်ဖြစ်ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်လို့ သိပ်မသိခဲ့ပါဘူး။

မဖြူဖြူသင်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

လူငယ်ထုကြားထဲမှာတော့ လေးလုံးရောဂါ၊ လေးလုံးရောဂါ ဆိုပြီးတော့ အတော်လေးတော့ အပြောများလာပါ တယ်။ အစိုးရကလည်း ကုရာနတ္ထိဆေးမရှိဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကို လမ်းဆုံလမ်းခွတွေမှာ လိုက်တင်ပါတယ်။ ပြည်သူလူထုကလည်း အတော်လေး အထိတ်တလန့် ဖြစ်ကုန်ပါတယ်။

အခြေအနေတွေကတော့ အတော်ဆိုးဝါးလာပြီ ဖြစ်ပါတယ်။ မူးယစ်ဆေးသုံး လူငယ်များ၊ ပြည့်တန်ဆာများ အားလုံးကို သွေးစစ်ပေးမယ့် အစီအစဉ်မျိုးလည်း အစိုးရမှာ ရှိပုံမပေါ်ပါဘူး။ သူ့အုပ်ချုပ်ရေးယန္တရား ခိုင်မြဲရေး တခုသာ ကြည့်ပြီးတော့ ကျန်းမာရေးကိစ္စကို လှည့်တောင်မကြည့်သလို ဖြစ်နေပါတယ်။

ဒီလို ဖြစ်သလိုသွားနေရင်းနဲ့ လူအတော်များများကလည်း သေကုန်ပါတယ်။ ကျမတို့ ပတ်ဝန်းကျင် အနီးနားက လူငယ်တွေ၊ လူလတ်တွေ ပိန်လှီပြီး သေကုန်တာမျိုးပါ။ မေးကြည့်လိုက်ရင် တီဘီကျွမ်းတယ်၊ ငှက်ဖျားပိုး ခေါင်း ထဲရောက်တယ် ပြောပါတယ်၊ ဒါကတော့ ကျမ ပတ်ဝန်းကျင် ကွက်ကွက်ကလေးက အခြေအနေပါ။ တတိုင်း ပြည်လုံးအခြေနေက ဘယ်လောက်ဆိုးဝါးနေပြီလဲ ဆိုတာတော့ သိပ်ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။

ဒီလိုအခြေနေဆိုး ကြားထဲမှာပဲ ၂ဝဝ၂ ခု မေလခြောက်ရက်နေ့မှာ နေအိမ်အကျယ်ချုပ် ခံထားရတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်အစိုးရကလည်း သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီဆိုတဲ့ စကားလုံးလှလှလေး သုံးပြီးကမ္ဘာကို ရုတ် တရက် ဖမ်းစားလိုက်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ အခြေခံပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိ တာတွေကတော့ ဘယ်ခေတ်ကနဲ့မှ နှိုင်းမရအောင် ဆိုးဝါး ဆုတ်ယုတ်နေတာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ပါ။ “HIV ပိုးကို ထိန်းချုပ်ခြင်းသည် ကျမ တို့အနာဂတ်ကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်” လို့ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၈ တောင်အာဖရိကနိုင်ငံ ဘန်ဒေါင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ခုခံအား ကျဆင်းမှုဆိုင်ရာ ညီလာခံကြီးအတွက် ပေးပို့တဲ့မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

အာဏာပိုင်တွေက ကျန်းမာရေးလုပ်ငန်းတွေကို ဦးစားမပေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည် အတွက် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို စတင် လုပ်ဆောင်ပါတယ်။ အဲ့ဒီထဲမှာမှ ကျမတို့ လူငယ် ၁၉ ဦး စိစစ် ရွေးချယ်ပြီး UNDP ရုံးမှာ HIV ကာကွယ်တားဆီးရေးနဲ့ ပြုစုစောင့်ရှောက်ရေး သင်တန်း တက်ရောက်ဖို့ ပို့လွှတ် တာလည်း တခုပါဝင်ပါတယ်။

သင်တန်းကာလပြီးချိန်မှာတော့ ကျမတို့ လူငယ် ၁၉ ဦးစလုံး တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြပါတယ်။ အဖွဲ့ချုပ် ရုံးမှာလုပ်တဲ့ ပညာပေး ဟောပြောပွဲတခု အမေရိကန်ပြည်ထောင်စုက ရောဂါဝေဒနာ ခံစားနေရသူ တယောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျမ အတူတူ ဟောပြောကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီရောဂါဆိုးကြီး စွဲကပ်ခံနေရ သူတွေနဲ့ ကျမတို့ အဖွဲ့ချုပ်ဝင်တွေကြားမှာ လုံးထွေးပြီး လုပ်ကိုင်နေတာ ဒီနေ့ထက်တိုင်ပဲ ဖြစ်ပါတယ်။

ဒီအလုပ်ကိုလုပ်လို့ တခြား NGO တွေလို ငွေကြေး မရပါဘူး။ ဒီလောက်ကြီးကျယ်တဲ့ အလုပ်ကို လုပ်ကိုင်နေရ ပေမယ့် ရန်ပုံငွေလည်း ခုထက်ထိ မရှိပါဘူး။ အလျဉ်းသင့်သလို လုပ်ကိုင်ဆောင်ရွက်နေတာပါ။ ဒီတော့ ကျမတို့ အဖွဲ့လုပ်ကိုင်နေတာကိုကြည့်ရင် စည်းစနစ်တကျမရှိ ဆိုသလိုဖြစ်နေမှာပါ။

တဘက်မှာ အာဏာပိုင်တွေကလည်း အစဉ်တစိုက် ဒုက္ခပေးဖို့ စောင့်ကြည့်နေပါတယ်။ ဒီအကြောင်းချက်တွေကို တော်ရုံ လွတ်လပ်တဲ့နိုင်ငံက လူတွေ နားလည်မယ် မထင်ပါဘူး။ လူငယ်တွေဟာ ငွေကြေး တပြားတချပ်မှ မရ တာ ကြာလာတော့ သိပ်မလုပ်နိုင်တော့ပါဘူး။ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းကျတော့ ကျမရယ်၊ အစ်မလို ခင်မင်ရတဲ့ မခင်ထားရီရယ် မိန်းမသား နှစ်ဦးတည်း လုပ်ကိုင် ဆောင်ရွက်ရပါတော့တယ်။

ကျမတို့မှာ စတင် လုပ်ကိုင်စဉ်ကတည်းက ငွေကြေး ရန်ပုံငွေကလည်း မရှိ။ မိန်းမသားနှစ်ဦးတည်းလည်း ဖြစ်ပြန် ဆိုတော့ အစစ အရာရာဟာ စိတ်မချစရာနဲ့ စိုးရိမ် ပူပန်စရာ ဖြစ်နေတာပါ။ မှတ်မှတ်ရရ ကျမတို့ကို စတင် လာ ရောက် ဆက်သွယ်တဲ့ လူနာဟာ အာဏာပိုင်တွေဘက်က ရဲဝန်ထမ်းတဦး ဖြစ်နေတာပါ။ သူ့ကို စတင်ပြီး ကူညီ ဆောင်ရွက်ပေးခဲ့တာ ခုဆို လူနာ ၂ဝဝဝ ကျော်သွားပါပြီ။

ကံမကောင်း အကြောင်းမလှလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ လူနာတွေကလည်း အများကြီးပါပဲ။ နောက်ပိုင်းမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ လူနာတွေအကြောင်း ရေးသားပါဦးမယ်။

နည်းမှန်လမ်းမှန်နဲ့ ကျမတို့ဆီရောက်ရှိလာတဲ့ လူအတော်များများကိုတော့ အေအာဗွီဆေး အကူအညီ၊ ကျမတို့ရဲ့ အားပေးမှုတို့နဲ့ အသက်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒီရောဂါ တိုက်ဖျက်ရေးအတွက် ခုချိန်မှာ ကျမကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ တိုက်ဖျက်နေပါတယ်။ အကယ်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတော့ လမ်းညွန်၊ ဦးဆောင်မှုပေးမယ်ဆိုရင် ဒီရောဂါဆိုးတိုက်ဖျက်ရေး ပိုမိုအားကောင်းလာမှာ မုချပါ။

ဒီရောဂါ အမြစ်ပြတ်ဆေး မပေါ်သေးသရွေ့ ကျမကတော့ HIV/Aids ကာကွယ်တားဆီးရေး၊ လူနာတွေကို ပြုစု စောင့်ရှောက်ရေးတွေ ဆောင်ရွက်ပေးနေမှာ ဖြစ်ပြီးတော့ ပြည်သူအားလုံးလည်း ကျန်းမာရေး သတိရှိရှိနဲ့ ဒီရောဂါ ဆိုးကြီး တိုက်ဖျက်ရေးမှာ အဖွဲ့တဖွဲ့နဲ့ ပူးပေါင်းလို့ဖြစ်စေ၊ တဦးချင်းဖြစ်စေ ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

အစောပိုင်းမှာ အထက်က တင်ပြခဲ့သလို ကျမတို့မှာ နည်းလမ်းလည်းမသိ ဆေးဝါးလည်းမသိ ယောင်ဝါးဝါး လျှောက်လှမ်းရတာပါ။ ဒီတော့ လူနာတွေအိမ်တွေကို လိုက်ပြီး ပြုစုကုသပေးတာ အဝတ်လျှော်၊ ကြမ်းတိုက်၊ ထမင်းဟင်းချက်ပြုတ် ကျွေးမွေးတာတွေကို လိုက်လုပ်ပေးရုံက လွဲပြီး တခြားသော ဆေးဝါးကိစ္စတွေ မလုပ်ကိုင် နိုင်ဘူး ဖြစ်နေလေတော့ အစောပိုင်းလူနာတွေဟာ စိတ်ပိုင်းဆိုင်ရာ မြင့်တက်လာပေမယ့် ကိုယ်ခန္ဓာက မလိုက် နိုင်ဖြစ်ပြီး သေဆုံးကုန်ပါတယ်။

စလုပ်ကိုင်စဉ် အခက်အခဲ တခုကတော့ ကာယကံရှင်ကလက်ခံပါရဲ့ မိသားစုက လက်မခံဘဲ ကျမတို့ကို ဆဲဆို မောင်းထုတ်တာမျိုး လုပ်ပါတယ်။ တချို့ကျတော့လည်း မိသားစုကသိပြီး စိုးရိမ်၊ ကာယကံရှင်က လက်မခံတာ မျိုးတွေ အများကြီး ကြုံတွေ့ရပါတယ်။

ဒီရောဂါဟာ အကျင့်ပျက်လို့ဖြစ်တာ၊ စာရိတ္တချွတ်ယွင်းလို့ဖြစ်တာ ဆိုပြီး တလွဲအယူတွေ ရှိနေတာပါ။ အစိုးရက လည်း ကုရာနတ္ထိဆေးမရှိလို့ ပြောလိုပြော၊ ဘေးပတ်ဝန်းကျင်ကလည်း ဒီရောဂါဖြစ်ရင် ခြောက်လပဲ ခံတော့မယ်၊ သေမယ်၊ ဆေးရုံတင်လို့လည်း မဖြစ်ဘူး၊ ဆေးရုံက ဆေးထိုးသတ်တယ် ဆိုတာလိုမျိုး သတင်းမှားတွေကလည်း အများကြီး ထွက်နေတာပါ။

ဒီလိုကောလာဟလတွေကြောင့် လူတွေ အတော်များများက သူတို့မှာ ဒီရောဂါလက္ခဏာရှိကြောင်း ပြနေစေဦး တော့ ဒီရောဂါဖြစ်နေတာ မဟုတ်ပါဘူး ဆိုပြီး ခါးခါးသီးသီး ငြင်းဆန်တော့ပါပဲ။ ဒီတော့ ဆင့်ပွားကူးစက်တာတွေ၊ အရက်သေစာ သောက်စားပြီး နေချင်သလို နေလိုက်တာမျိုးတွေ အများကြီး ဖြစ်ကုန်တာပါ။

ကနဦး အစတုန်းက ကုရာနတ္ထိဆေးမရှိလို့ အစိုးရက ပြောမယ်ဆိုလည်း ပြောစရာပါ၊ ကျမတို့နိုင်ငံမှာ အေအာဗီ ဆိုတာ ကြားတောင် မကြားဘူးသေးလို့ပါ။ ရောဂါသည် အများစုက ရောဂါအဆင့်လွန်ပြီးတော့မှ ဝေဘာဂီ ကူးစက် ဆေးရုံရောက်၊ ရောက်ပြန်တော့လည်း ပိုးသတ်ဆေးကအစ ဆေး နဲ့ ဆေးပစ္စည်းမျိုးစုံ ဝယ်ယူရလေ တော့ လူနာ အများစုက အသက် ဆုံးရှုံးရပါတယ်။

အခုကျတော့ အေအာဗီဆေးက အရင်ကထက်စာရင် အများကြီးသက်သာတဲ့ ဈေးတွေနဲ့ ဝယ်သောက်လို့ ရလာ ပါပြီ။ ဒါပေမယ့် ပျောက်စေဆရာတွေ၊ တိုင်းရင်းဆေးယောင်ယောင် ဘီးဇပ်ရွက်လို အရွက်တွေနဲ့ ဒီရောဂါပျောက် တယ်၊ ဒီရောဂါဟာ တနေ့ ခွေးတကောင်စားရင် ပျောက်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေကိုတော့ တိုက် ဖျက်ရဦးမှာပါ။

မဖြူဖြူသင်းသည် ပြီးခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှစတင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ HIV/Aids ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေး နှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် လုပ်ကိုင်နေသူ တဦး ဖြစ်သည်။