Friday, August 31, 2007

Lizard Cage

0 comments



(မြန်မာပြည်အကြောင်း စာအုပ်ကို မိတ်ဆက်ထား သုံးသပ်ထားတာဗျာ။ ဧရာဝတီက ဆောင်းပါး။)

ချောက်ချားဖွယ့် ရုဒ္ဒသစ္စာ
ကေလတ် သြဂုတ် ၃၁၊ ၂၀၀၇



တရားမဲ့ ရက်စက်ကြမ်းတမ်းပြီး ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသော မြန်မာ့နိုင်ငံရေး အကျဉ်းသားများအကြောင်း အင်္ဂလိပ် ဘာသာဖြင့် ထိထိမိမိရေးသားထားသော စာအုပ်စာတမ်း၊ ၀တ္ထုများ ကျနော်တို့တွင် များစွာမရှိလှပါ။ ကာရင် ကော်နယ်လီ (Karen Connelly) ရေးသားသော “အိမ်မြှောင်လှောင်ချိုင့်” (The Lizard Cage) စာအုပ်ကဲ့သို့ စူးရှထိမိစွာ သရုပ်ဖော် ရေးသားနိုင်သော စာအုပ်မျိုးဆိုလျှင် ပို၍ပင် ရှားပါသည်။

တနည်းဆိုရလျှင် ကော်နယ်လီက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားအားလုံး၏ အကြောင်းကို အသေးစိတ် ရှုထောင့်မျိုးစုံမှ တင်ပြရေးသားသွားခြင်း ဖြစ်ပါသည်။ ကြိုတင်ခန့်မှန်းမထားနိုင်သော ခုံရုံးများ၏ သဘာဝ၊ ရက်စက်ကမ်းကြုတ်ပြီး တပါးသူ မျက်ရည်ပေါက်ကြီးငယ်ကျမှ အာသာပြေလေ့ရှိကြသော ထောင်မှူး ထောင်ပိုင်များနှင့် “အိမ်မြှောင်လှောင်ချိုင့်” ထဲမှဘ၀ကို လွှမ်းမိုးနေသော စိတ်ပိုင်းဆိုင်ရာ ဖိစီးနှိပ်စက်မှုတို့ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသွားပါသည်။
ကော်နယ်လီသည် ကာရန်၊ နရီကျွမ်းကျင်လှသော ကဗျာဆရာမတဦးဖြစ်သည်နှင့်အညီ သူမ၏ အရေးအဖွဲ့မှာ ဇာတ်လမ်းပါ ရက်စက်ယုတ်မာမှုများက လွှမ်းမိုးမထားနိုင်လောက်အောင် လှပလွန်းလှပါသည်။ တေးရေးဆရာ တေဇာ၏ဘ၀ အကျဉ်း ထောင်ထဲတွင် မျှော်လင့်ချက်မဲ့ နစ်မြုပ်သွားရသည့် ဇာတ်ကြောင်း၏အစကို ထင်မှတ်မထားနိုင်လောက်သော တင်ပြပုံမျိုးဖြင့် တင်ပြသွားခဲ့ပါသည်။ အခြား မြန်မာအကျဉ်းသားများနည်းတူ ဒုက္ခတွင်းနက်ထဲ နစ်မြုပ်ကျဆင်းသွားရရှာသော သူတို့ အားလုံး၏ ဘ၀ဇာတ်ကြောင်းကို ဒီမိုကရေစီလှုပ်ရှားမှုကြီးမှ အစပြုထားပါသည်။

သို့သော်စာအုပ်တွင် အကြောင်းရင်းထက် အကျိုးဆက်ကိုသာ ပိုမိုအာရုံစိုက်ထားသည်ကို တွေ့ရပါသည်။ စာရေးသူက ဇာတ်ကြောင်းပြောသူအဖြစ် ၀င်ပြောသောအကြောင်းအရာအများစုသည် တေဇာ၏ အကျဉ်းပိတ် တိုက်ခန်းအတွင်းထဲ၌သာ လှည့်ပတ်မွှေနှောက်နေခဲ့ပြီး မျှော်လင့်မထားနိုင်သည့် သူ၏ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို ခြိမ်းခြောက်နေသော ဖိစီးမှု များကို အားပြုတင်ပြထားပါသည်။ သံတိုင်အပြင်ဘက်မှ ရက်စက်ယုတ်မာလှသော ထောင်ဝါဒါများ၏ အနိုင်ကျင့် နှိပ်စက် မှုကို မခံနိုင်တော့သည့်အဆုံး တိုက်ခန်းထဲမှ အိမ်မြှောင်ကိုပင် လိုက်လံဖမ်းဆီး စားသောက်ရဲသော သတ္တိပေါ်လာသည့် အခြေအနေအထိ ဖြစ်လာပုံကို လှုပ်ခတ်ရုန်းကြွအောင် တင်ပြသွားခဲ့ပါသည်။
ဝတ္ထုတပုဒ်လုံးတွင် တေဇာအား အကျဉ်းထောင်ကြီးက သေခြင်းနှင့် ရှင်ခြင်းကို နေ့စဉ်ရွေးခိုင်းနေကြောင်းကို စာရှုသူများ မေ့မသွားစေရန်အတွက် တချိန်လုံး သတိပေးနေသည်မှာ ကန့်လန့်ကာနောက်ကွယ်မှ ဇာတ်ကောင် အိမ်မြှောင်ပင် ဖြစ်ပါတော့သည်။ အိမ်မြှောင်တို့က သူ၏ မလောက်မငှ ရိက္ခာရာရှင်ကို ပိုများလာစေသည်။ ထိုမှရလာသော အင်အားများဖြင့် သူ၏ ရှည်လျားငြီးငွေ့ စိတ်ပျက်စရာကောင်းသော အကျဉ်းစံဘ၀ကို လွှဲဖယ် မေ့ပျောက်ထားနိုင်ရန် အတွက် သူ့စိတ်ကို အလုပ်ပေးစွမ်းနိုင်ရန်လည်း အိမ်မြှောင်က ကူညီပေးပြန်သည်။ သို့သော် သူ၏မသတီစရာ ထောင်ပုံစံခွက်ထဲတွင် ဖုံးဖိ
ဝှက်ထားရန် သူကြိုးစားနေသော အရိုးချောင်းငယ်များက သူ့ကို ပြန်၍ လှောင်ပြောင်နေပြန်ပါသည်။ ယင်းသည် နေ့စဉ် သူ့ကိုယ်သူကာကွယ်ရန် အားထုတ်မှုများနှင့် အတူတွဲပါနေသော ရှက်ရွံ့အားငယ်ရမှု ဖြစ်ပါသည်။

ကော်နယ်လီသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ရရန် အကျဉ်းသားတို့က ကြိုးစားအားထုတ်မှုများကို တိတိကျကျ ရေးသားထားနိုင်ခဲ့သည့်အပြင် ထောင်မှူးထောင်ပိုင်များက ၎င်းကဲ့သို့ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ရလိုမှုကို အခွင့် ကောင်းယူပြီး အကျဉ်းသားများအပေါ် ပိုမိုရက်စက်ယုတ်မာစွာ မည်သို့ပြုကျင့်လေ့ရှိသည်ကိုလည်း ဖော်ပြသွားနိုင်ခဲ့ပါသည်။ တေဇာသည် သူများဒုက္ခရောက်မှ အာသာပြေတတ်သူတို့၏ လက်ချက်ကြောင့် ရှိသမျှ စွမ်းအင်အားလုံး ကုန်ခမ်းသွားခဲ့ဖူး ပါသည်။ ထိုစဉ်က သူနှင့်သူ့အဖော်များအဖို့ ထိန်းသိမ်းကာကွယ်ရန်ဆို၍ သူတို့ကိုယ်ပိုင်စိတ်၏ အချုပ်အခြာ အာဏာ ပိုင်ခွင့်သာ ကျန်ရစ်ပါတော့သည်။

တေဇာက သူ့လှောင်အိမ်ထဲမှ အိမ်မြှောင်ငယ်များကို ချောင်းမြောင်းဖမ်းဆီးနေစဉ်တွင် အညှာတာမဲ့ သူ့အချစ်တော်
ထောင်ဝါဒါ ကိုတော်ချောကလည်း သူ့ကိုဒုက္ခပေးရန် အလစ်ချောင်းနေပါသည်။ အခွင့်အရေးရသည်နှင့် တခါတည်း ရက်စက်ပါတော့သည်။ အဆုံးသတ်တွင် ဆုံးရှုံးသွားခဲ့သော သူ့ စွမ်းအင်တချို့ပြန်ရလာစေရန်အတွက် တေဇာက အစာငတ်ခံ ဆန္ဒပြပါတော့သည်။ သူ့ဆန္ဒပြမှုမှ ဘာဆက်ဖြစ်သည်ကို ၀တ္ထုအဆုံးသတ်တွင် ဆက်လက်မဖော်ပြတော့ခြင်း သည်လည်း တမျိုးကောင်းသည်ဟု ဆိုနိုင်ကောင်းပါသည်။ အကြောင်းမှာ စာရေးသူက ယခုတိုင် ထိုအိမ်မြှောင် လှောင်ချိုင့်ထဲတွင် ပိတ်မိနေဆဲ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ ကျော်၏ဘ၀များအကြောင်းကို တေဇာ၏ဇာတ်လမ်းနှင့် ယှက်နွယ်ပေါင်းစပ် ဆက်လက်တင်ပြသွားသောကြောင့် ဖြစ်ပါသည်။

စာဖတ်သူ၏ အာရုံကိုဖမ်းစားနိုင်သော ၀တ္ထုပါနိမိတ်ပုံများကို ကျော်ကြည့်လျှင် ဇာတ်လမ်းသည် ထိုနိုင်ငံရေး အရှုပ် အထွေးကြီးတွင် ပျောက်ဆုံးသွားသော ညီအစ်ကိုနှစ်ယောက်၏ သာမန်ဇာတ်လမ်းမျှသာ ဖြစ်ပါသည်။ ထိုနိုင်ငံရေး ရှုပ်ထွေးမှုသည် မြန်မာနိုင်ငံသားတို့၏ဘ၀ကို ဆယ်စုနှစ်ပေါင်းများစွာ ပုံဖော်နေခဲ့ပါသည်။ ကာရင် ကော်နယ်လီက ဤစာအုပ်သည် အောင်ဇော်နှင့် ကျော်စွာမိုးတို့ ညီအစ်ကိုသို့ ရည်ညွှန်းရေးသားသည်ဟု ဖော်ပြထားပြီး မူရင်းဖြစ်ရပ်မှန် အဖြစ်အပျက်ကို ခပ်ပါးပါးသာ ဇာတ်လမ်းဆင် ဖုံးကွယ်ထားသည်ကို တွေ့ရသည်။ ထိုညီအစ်ကိုနှစ်ဦးသည် ၎င်းတို့၏ နိုင်ငံရေးလှုပ်ရှားမှု ကြောင့် လိုက်လံဖမ်းဆီး ထောင်ချခံရပြီးနောက် မြန်မာနိုင်ငံနယ်စပ် တနေရာတွင်ပြန်လည်ဆုံတွေ့ ခဲ့ကြရပါသည်။ အခြား စာဖတ်သူများ၏ အဖြစ်အပျက်နှင့်လည်း ခပ်ဆင်ဆင် တူကောင်းတူနေနိုင်ပါသည်။ တေဇာ၏ ကိုယ်ရေးဖြတ်သန်းမှုနှင့် အသေးစိတ်ဖြစ်ရပ်များတွင် ကျနော်ကိုယ်တိုင်၏ ဖြတ်သန်းမှု အစိတ်အပိုင်းများကိုလည်း ရှာတွေ့ခဲ့ရပါသည်။

ကော်နယ်လီ၏ စံဇာတ်ကောင်ကဲ့သို့ပင် ကျနော်လည်း အိမ်မြှောင်လှောင်ချိုင့်ထဲတွင် ပိတ်မိခဲ့ဖူးပါသည်။ အစ်ကိုဖြစ်သူ နှင့်လည်း ကွဲကွာခဲ့ရပါသည်။ အစ်ကိုက သူ၏ဒီမိုကရေစီတိုက်ပွဲကို ဆက်တိုက်ရန်အတွက် အိန္ဒိယနယ်စပ်သို့ ထွက်ပြေး ရောက်ရှိသွားပါသည်။ ကျနော့်မှာမူ ထောင်တွင်းဖိနှိပ်မှု၊ ရက်စက်မှုများကို ပြင်ပကမ္ဘာသို့ အသိပေးဖြန့်ဝေရန် စာထုတ်မှုနှင့် မိသားစုနှင့်အဆက်အသွယ်ရရန် ကြိုးစားမှုတို့ဖြင့် ထောင်တွင်းမှ နောက်အမှုတက်ပြီး ပြစ်ဒဏ်အတိုးခံခဲ့ရပါသည်။

တေဇာနည်းတူ ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် နက်နက်ရှိုင်းရှိုင်း ယုံကြည်လေးစားမှု ရှိပါသည်။ သူ၏အနီး တွင် ကာလတခုကြာ လုပ်ကိုင်ခွင့်ရရှိခဲ့ဖူးသည်မှာ မိမိအတွက် တန်ဖိုးမဖြတ်နိုင် ဂုဏ်ယူနေရဆဲ ဖြစ်ပါသည်။ ကျနော် သည်လည်း ၀တ္ထုထဲမှ ဇာတ်ကောင်ကဲ့သို့ပင် ထောင်ဝင်စာမရှိဘဲ သီးခြားအကျဉ်းပိတ်ပြစ်ဒဏ်ကို ခံခဲ့ရဖူးပါသည်။ ထို့အပြင် ထောင်အတွင်းသို့ ပစ္စည်းမှောင်ခိုအသွင်းအထုတ်လုပ်ရန် ကုလားလေးကဲ့သို့သော ရာဇ၀တ်သားများကိုလည်း စွန့်စား ခိုင်းစေခဲ့ရဖူးပါသည်။

ကော်နယ်လီသည် တေဇာ၏ဇာတ်ရုပ် အသက်ဝင်လာစေရန်အတွက် အထက်ပါ အသေးစိတ် အဖြစ်အပျက်များနှင့် စရိုက်များကို ဇာတ်လမ်းဇာတ်ကွက်ဆင် တင်ပြရာတွင် စူး၊ ဆောက်၊ ပစ္စည်းများအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ထိုအဖြစ်အပျက်များနှင့် စရိုက်လက္ခဏာများသည် မြန်မာအဏာရှင်အစိုးရ လက်အောက်တွင် ကျနော်တို့အားလုံး ခါးသီးစွာ ရင်ဆိုင်ခံစား ဖြတ်ကျော်ခဲ့ရသည့်၊ ရင်ဆိုင်ဖြတ်ကျော်နေရဆဲ ဖြစ်သည့် ခြောက်ခြားဖွယ့် ရုဒ္ဒသစ္စာတရားပင် ဖြစ်ပါတော့သည်။

စာအုပ်တွင် အကြောင်းအရာအချို့ မှားယွင်းနေသည်ကိုလည်း တွေ့ရပါသည်။ မြန်မာအကျဉ်းထောင် အားလုံး ညဘက်တွင် ဘယ်သောအခါမှ အမှောင်မချပါ။ မီးမပျက်ပါ။ လုံခြုံရေးအတွက်အမြဲတမ်း မီးဖွင့်ထားပါသည်။ ထိုအချက်ကြောင့်ပင် တေဇာအတွက် လိင်အာသာ ဖြေဖျောက်ရန် အကောင်းဆုံးအချိန်သည် ညနေစောင်းချိန်ကို ရွေးရခြင်း ဖြစ်ပါသည်။ ထို အချိန်များတွင် ထောင်ဝါဒါများက အိပ်ငိုက်နေလေ့ ရှိကြပါသည်။

ထောင်ဝါဒါတဦးသည် သူမ၀တ္ထုတွင် ဖော်ပြခဲ့သလို မည်သို့သောအခါမျှ အကျဉ်းသားများ၏ ပစ္စည်းများကို ကိုယ်တိုင် တလာစီလေ့ မရှိပါ။ သူတို့ကိုယ် သူတို့ ဤလောကတွင် ဘုရင်တပါးကဲ့သို့ မှတ်ထင်ထားပြီး ရာထူးအဆင့်နိမ့်သော လက်အောက်ငယ်သားများကိုသာ တလာစီ ရှာဖွေခိုင်းလေ့ရှိပါသည်။ ထို့အပြင် အကျဉ်းသားများအား အုပ်ချုပ်ရန် ထောင်မှခန့်အပ်သော အကျဉ်းသားတန်းစီး အပါအ၀င် မည်သည့်အကျဉ်းသားမျှ လက်ပတ်နာရီ ပတ်ခွင့်မရှိပါ။

အထက်ပါ မဖြစ်စလောက် အချက်အလက် မှားယွင်းမှုက ကော်နယ်လီ၏ ရုန်းကြွနေသော ဇာတ်လမ်းကို မည်သို့မျှ မထိခိုက်စေနိုင်ပါ။ သူမ၏ အိမ်မြှောင်လှောင်ချိုင့်သည် အပြစ်မဲ့သူတဦး နေ့စဉ် ကိုယ်စိတ်နှစ်ပါး ဖိစီးနှိပ်စက်ခံနေရသော ကျဉ်းကျပ်လှသည့် ရူးသွပ်ချောက်ချားဖွယ် အကျဉ်းခန်းတခန်းထက်များစွာ ပိုလွန်၍ တာသွားသော နိမိတ်ပုံသင်္ကေတ ဖြစ်ပါသည်။ ထိုမျှမက ကော်နယ်လီ၏ စာအုပ်သည် အာဏာရှင်အစိုးရတရပ်က နိုင်ငံတခုလုံးကို ပြန်ပေးဆွဲထားသည့် သဖွယ် ထိန်းသိမ်းအကြပ်ကိုင်ထားသည့် အခြေအနေနှင့် ၎င်းနိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် ထိုက်တန်သည့် အဆင့်နေရာကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းအားထုတ်နေပုံများကိုပါ ပုံဖော်ခြယ်မှုန်း သွားခဲ့ပါသည်။ ။

၂၀၀၇ ခုနှစ် သြဂုတ်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Kay Latt ရေးသည့် Telling Dreadful Truths ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

(ကေလတ်သည် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး စစ်အစိုးရ၏ နာမည်ဆိုးဖြင့်ကျော်ကြားလှသော အင်းစိန်နှင့် သရက်အကျဉ်းထောင်တို့တွင် ၁၉၉၀ မှ ၁၉၉၉ ခုနှစ်အထိ ရှစ်နှစ်ကျော် ထောင်ကျခဲ့ဖူးသူ ဖြစ်ပါသည်)

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/bshelf/2007/bshelf_aug_31_2007.html ကနေ ယူတယ်။)


letter from su su nway

0 comments
မြန်မာလူထုကို ပြောချင်တဲ့ ရင်ထဲက စကား

စုစုနွေး
သြဂုတ်လ ၃၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

(မစုစုနွေးရဲ့ စာ တဲ့ ခင်ဗျ)


မြန်မာနိုင်ငံမှာ ကျမတို့ရဲ့ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ ပြည်သူပြည်သားတွေ လူ့အခွင့်အရေး ရရှိရေးနဲ့ မြန်မာပြည် တိုးတက်ရာ တိုးတက်ကြောင်းအတွက် သူ့ဘဝနဲ့ ရင်းပြီး၊ နေအိမ် အကျယ်ချုပ် နှစ်ရှည်လများ ကျခံပြီး မားမားမတ်မတ် ရပ်တည်နေသူပါ။

ကျမတို့ရဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ အကိုတွေ၊ အမတွေဟာလည်း ဒီ့အတွက်ပဲ သူတို့ရဲ့ လူငယ်ဘဝတွေကို ထောင်ထဲမှာ စတေးခဲ့ပြီးသွားပြီ။ ထောင်က ထွက်ပြီးချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အတော်ကို ဆိုးရွားနေပါတယ်။ အထွေထွေ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုတွေ အတွက် သူ့တို့ ဘဝတွေကို ဘယ်လိုပဲ စတေးခဲ့ရ၊ စတေးခဲ့ရ ဒါတွေကို နောက်ပြန် မကြည့်ဘဲနဲ့ လူထုရဲ့ အခက်အခဲတွေကို ‘ငါတို့ ... ဖြေရှင်းမှ ဖြစ်တော့မယ်’ ဆိုပြီးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ မကြာသေးခင်က ထပ်မံပြီး တောင်းဆိုခဲ့ကြ ပါသေးတယ်။

မြန်မာပြည် တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်အောင် အခုလို လုပ်နေပေမယ့် စစ်အာဏာရှင်တွေဘက်က ပြစ်မှုတွေ အမျိုးမျိုးတပ်၊ စွပ်စွဲချက်တွေ အမျိုးမျိုးတင်ပြီး ၈၈ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချ ခဲ့ပြန်ပါပြီ။ ဒီကြားထဲမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ မြန်မာပြည်ရဲ့ အထွေထွေ အကျပ်အတည်းကို နေ့တဓူဝ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုတွေကို စစ်အာဏာရှင်တွေ ဘက်ကနေ ရပ်တည်ပြီးတော့ ပြည်သူ အယောင်ဆောင် စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေက အကြမ်းဖက်၊ ဖမ်းဆီး အရေးယူတာဟာ မြန်မာပြည်ရဲ့ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။
မြန်မာပြည် အနာဂတ် ကောင်းစားရေးကို အရှည်မျှော်ကြည့်ပြီး လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေးသမား အားလုံးကို စစ်ခေါင်းဆောင်ပိုင်းက ဆွေးနွေးပြီးတော့ လက်ရှိ အခြေအနေကို ပြုပြင် ဆောင်ရွက် ပေးနိုင်မယ် ဆိုရင် ကျမတို့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ တကယ့်ကို တင့်တယ်တဲ့ နိုင်ငံတခု ဖြစ်သွားနိုင်ပါတယ်။

အခုလို လောင်စာဆီ ဈေးနှုန်းတွေ၊ ကုန်ဈေး နှုန်းတွေ အစစအရာရာ ကြီးမြင့်လာမှုတွေကြောင့် နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အခု အချိန်မှာ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုး၊ အမှန်နဲ့ အမှား၊ တရားမှုနဲ့ မတရားမှု၊ ဖိနှိပ် ချုပ်ချယ်မှုနဲ့ လွတ်လပ်ခွင့်တွေကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ အချိန် ကျရောက်နေပါပြီလို့ ပြောချင်တယ်။

မြန်မာ့ စစ်ခေါင်းဆောင်ကြီးတွေဟာ ဒီမိုကရေစီ စနစ်ကို အမှန်တကယ် လိုလားတယ် ဆိုရင်တော့ အခုကတည်းက ကျမတို့ နိုင်ငံရဲ့ အုပ်ချုပ်ရေး လမ်းတွေမှာ လူသားဆန်ဖို့ လိုအပ်နေပါပြီ။ လူသား ဆန်စေချင်ပါတယ်။ နောက် ကျမတို့ရဲ့ အကိုတွေဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ကျမတို့ ငြိမ်းချမ်းစွာ ဆန္ဒ တောင်းဆိုနေတဲ့ အဖွဲ့ချုပ်၊ အဖွဲ့ဝင်တွေ ပြည်သူလူထုတွေကို အကြမ်းဖက် နှိမ်နိင်းနေတယ်။ အဲဒီ နှိမ်နှိင်းနေတဲ့ လူတစုက ပြည်သူ့ ယောင်ဆောင်ထားတဲ့ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေကို အသုံးချ လုပ်နေတာသာ ဖြစ်ပါတယ်။ အဲဒီလို ကျမတို့ကို ပြည်ပ သောင်းကျန်းသူတွေနဲ့ ပူးပေါင်းပြီးတော့ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတယ်လို့ ကျမတို့ကို အမျိုးမျိုး စွပ်စွဲချက်တွေနဲ့ စွပ်စွဲ ရေးသားခြင်းကို မကြာခဏ ကြားလည်း ကြားနေရပါတယ်။ ဖတ်လဲ ဖတ်ရပါတယ်။ အဲတော့ ကျမတို့က နေပြီးတော့ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်းကို ကျမတို့ လုပ်နေကြတာ မဟုတ်ပါဘူး။

ကျမတို့ တိုင်းပြည်အတွက် လူတိုင်း၊ လူတိုင်း၊ လူ့အခွင့်အရေး ရဖို့နဲ့ ဒီမိုကရေစီ ရရှိရေး အတွက်ကိုသာ ကျမတို့က ဦးတည်ပြီးတော့ ကျမတို့ရဲ့ ဘဝတွေရော ကျမတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပျော်ရွင်မှုတွေ အားလုံးတွေ၊ ကျမတို့က ပြည်သူတွေနဲ့ ကျမတို့ လိုလားတဲ့ ကျမတို့ တိုင်းပြည်မှာ ရှိသင့်ရှိထိုက်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက်တွေကို ကျမတို့က ငြိမ်းချမ်းသော နည်းဖြင့် တောင်းဆိုတာပါ။

တိုင်းပြည်နဲ့ ပြည်သူလူထုကို မကြည့်ဘဲနဲ့ စွပ်စွဲချက်တွေ အမျိုးမျိုး တင်ပြီးတော့ ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတာဟာ အာဏာရှင်တွေသာ ဖြစ်ပါတယ်။ အာဏာရှင် စနစ်သာ ဖြစ်ပါတယ်။ လူတစု ကနေပြီးတော့ အကြမ်းဖက် နှိမ်နင်းနေခြင်းဟာ ကျမတို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရေး သမိုင်းမှာ တော်တော်လေး အရုပ်ဆိုး အထီးကျန်လှပါတယ်။ ဘယ်လို ထိန်းချုပ်မှုတွေနဲ့ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ ကျမတို့ နောက်မဆုတ်ဘဲနဲ့ ကျမတို့ ဒီမိုကရေစီ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့ဖို့အတွက် ကျမတို့ မောင်နှမတွေအားလုံး တညီတညာတည်း စည်စည်းလုံးလုံးနဲ့ ဘယ်လိုပဲ တားဆီးခံရခံရ ဖမ်းဆီးခံရပါစေ။ ကျမတို့က ဆက်လုပ်သွားမယ် ဆိုပြီး ကျမပြောချင်ပါတယ်။

နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဘဝနဲ့ ဆန္ဒ တဘက်ထဲကျတဲ့ အခြေအနေ တခုကို ရောက်ဖို့အတွက် ဘာလုပ် သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာကို ရွေးချယ်ပြီးတော့ အဆင့်သင့် ဖြစ်နေရမယ်လို့ ကျမ ပြောချင်ပါတယ်ရှင်။

(မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦး ဖြစ်ပြီး အဓမ္မ လုပ်အားပေး ခိုင်းစေမှုများနှင့် ပတ်သက်၍ အာဏာပိုင်များကို တရားစွဲဆိုခဲ့သော ပထမဦးဆုံး မြန်မာနိုင်ငံသားတဦး ဖြစ်သည်။ အာဏာပိုင်များကလည်း လက်တုံ့ပြန်သောအားဖြင့် သူမကို ဖမ်းဆီး ထောင်ချခဲ့သည်။)

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.mizzimaburmese.com/Su_Su_Nwe.php ကနေ ယူတယ်။)

more radio listeners in sittwe

0 comments
စစ်တွေမှာ ရေဒီယို နားထောင်တာ ခေတ်စားနေ
ငြိမ်းချမ်း (မဇ္ဈိမသတင်းဌာန)
သြဂုတ်လ ၃၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ပြုလုပ်ပြီးနောက် ပြန်လည် ငြိမ်သက်သည့် အခြေအနေတွင် ရှိနေသော်လည်း နိုင်ငံရေး အာရုံစိုက်မှု များပြားလာကာ ရေဒီယို နားထောင်မှု သိသာစွာ တိုးပွားလာသည်ဟု ဒေသခံများက ပြောသည်။

“ပြည်သူ အများစုက ရေဒီယိုကိုပဲ အားရုံစိုက်ပြီး နားထောင်နေကြတယ်။ ဘယ်မြို့မှာတော့ ဘာဖြစ်တယ်။ ပြည်သူ့အင်အား ဘယ်လောက် အားကောင်းလာတယ် ဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့် နေကြတယ်လေ။ ဆိုတော့ ပြည်သူတွေ အနေနဲ့ အချိန်တချိန်မှာ ဆန္ဒပြဖို့အတွက် တာဆူနေကြတဲ့ သဘောမျိုးရှိတယ်” ဟု စစ်တွေ မြို့ခံတဦးက ပြောသည်။

စစ်တွေ ဆန္ဒပြမှုများတွင် စစ်အစိုးရ၏ လက်ကိုင်တုတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် စွမ်းအားရှင်များသည်လည်း အာဏာပိုင်များ၏ တာဝန်ပေးမှုကို ဝတ်ကျေတန်းကျေသာ လုပ်ကြောင်း စစ်တွေ ကြံ့ဖွံ့ အသင်းဝင် တဦးက ပြောသည်။

“ရခိုင်ပြည်မှာက အကုန်လုံး ဒုက္ခ ရောက်နေကြတာ။ ဘယ်သူမှ အဆင်ပြေတယ် ဆိုတာ မရှိဘူး” ဟု သူက ပြောသည်။

ယခုလ ၂၈ ရက်နေ့ ဆန္ဒပြပွဲတွင် ရဲစခန်းမှ ရဲဝန်ထမ်းများကပင် လက်ခုတ်တီးပြီး အားပေးခဲ့ကြောင်း မျက်မြင်တဦး ဖြစ်သူ ဦးမျိုးခိုင်က ပြောသည်။

အခြားတဘက်တွင်လည်း အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ဆန္ဒပြပွဲများမှ မြို့လူထုကို အာရုံလွှဲရေးအတွက် ဘာသာရေး အဓိကရုဏ်းများ ဖန်တီးပစ်ရန် ကြိုးစားနေသည်ဟု ထင်မြင် ယူဆနေသူများ ရှိသည်။

“မနေ့က ညနေဘက်မှာ ကျနော်တို့က ကမ်းနားလမ်းက လဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း နာဇီရွာဈေးမှာ ကုလားတွေက ဘုန်းကြီးတပါးကို ဝိုင်းရိုက်လိုက်လို့ ခေါင်းတွေ ကွဲသွားတယ် ဆိုပြီးတော့ လူတချို့က လာပြောတယ်။ အဲဒီလို အချိန်မျိုးမှာသာ အဟုတ်ထင်ပြီး ကုလားကို ပြန်ရိုက်ပစ်လိုက်ရင် ဘာသာရေး အဓိကရုဏ်း စပြီပေါ့။ ဒါပေမဲ့ ကျနော်တို့က ခံရပေါင်းများတော့ နားလည်နေပြီ” ဟု ကိုသိန်းကျော်အောင်က မဇ္ဈိမကို ပြောသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.mizzimaburmese.com/sittwe_radio.php ကနေ ယူတယ်။)

burma's pp day in mdy & moulmein

0 comments
နိုင်ငံရေးအကျဉ်းသားများနေ့ မန္တလေးနှင့် မော်လမြိုင်ထောင်တွင်ကျင်းပ
ဒီဗွီဘီ ။ ၂၆ ။ သြဂုတ် ။ ၂၀၀၇
မောင်တူး ။ ဒီဗွီဘီ သတင်းထောက် ။ ထိုင်း

(ဘလော့ဂါ့မှတ်ချက် - သတင်းကတော့ အသစ်စက်စက်မဟုတ်ပါ။ သို့ပေမယ့် စွန့်စားလုပ်ကိုင်သူတွေကို ဂုဏ်ပြုခြင်းအားဖြင့် တင်လိုက်ပါတယ်/ မော်လမြိုင်ထောင်ထဲ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပါကြောင်း။ )

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများနေ့ အခမ်းအနားကို မန္တလေးတိုင်း၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်နဲ့ မော်လမြိုင်အကျဉ်းထောင်တွင်းတို့မှာ ဒီကနေ့ ကျင်းပပါတယ်။
မော်လမြိုင်ထောင်မှာ ဗိုလ်ကြီးဟောင်း ၀င်းဘို ကျဆုံးခဲ့တဲ့ သြဂုတ်လ (၂၆) ရက် နေ့ကို သတ်မှတ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဦးစီး ကျင်းပခဲ့တာပါ။

ဒီကနေ့ အမရပူရမြို့ မဟာဂန္ဓာရုံတိုက်မှာ နိုင်ငံရေးအကျဉ်းသားများနေ့ အထိမ်းအမှတ် ထောင်တွင်းကျဆုံးခဲ့တဲ့ ဗိုလ်ကြီးဟောင်းဝင်းဘိုနဲ့ တကွ အကျဉ်းသားအားလုံးအတွက် ဆွမ်းကပ်အမျှဝေပွဲကို အခုလို ပြုလုပ်ခဲ့ပါတယ်။

“ဒကာ ကိုဝင်းဘိုနှင့်တကွ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ဒီမှာ လာပြီးတော့ လှူဒါန်းပူဇော်ကြတယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်းများတင်မက ယခု ဦးဇင်းတို့တတွေရော၊ ဒကာဒကာမအပေါင်း သူတော်ကောင်းတို့တတွေဟာ အကျဉ်းထောင်ထဲမှာ ကျနေကြတာ၊” မဟာ ဂန္ဓာရုံတိုက်ဆရာတော်ကြီး ဟောကြားသွားတာပါ။

ဒီကနေ့ အကျဉ်းသားနေ့ အခမ်းအနားအတွင်း ဗိုလ်ကြီးဟောင်း ၀င်းဘိုနဲ့တကွ နိုင်ငံရေး အကျဉ်းသားတွေကိုလဲ အလေးပြုခဲ့ကြပါတယ်၊ အခမ်းအနားအတွင်းကနေ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ငြိမ်းသစ်က ဗိုလ်ကြီးဟောင်းဝင်းဘိုကျဆုံးတဲ့ နေ့ကို အကျဉ်းသားများနေ့အဖြစ် ဘာကြောင့် သတ်မှတ်ခဲ့သလဲဆိုတာကို အခုလို ရှင်းပြပါတယ်။ “(၂၀၀၀) ခုနှစ်။ သြဂုတ်လ (၂၆) ရက်နေ့မှာ မော်လမြိုင် အကျဉ်းထောင် ကြိုးတိုက်အတွင်းမှာ ထောင်အာဏာပိုင် (၂၃) ယောက်ရဲ့ ရိုက်နှက်သတ်ဖြတ်ခြင်းခံရပြီး ကျဆုံးသွားတာပါ၊ သူ့ကို နောက်ပြန်လက်ထိပ်ခတ်ပြီးတော့ လည်ပင်းကို ခြေထောက်နဲ့နင်းပြီးတော့ ရိုက်သတ်တာပါ၊ နောက်ပြီးကျတော့ သူ့ကို ရှင် ထူးခိုင်းပါတယ်၊ သူဟာ ရှင်မထူးပဲနဲ့ အသက်ကို စွန့်လွှတ်သွားတာပါ။

နောက် သူကျဆုံးတဲ့နေ့ကို ဘာကြောင့်မြန်မာနိုင်ငံ အကျဉ်းသားများနေ့ သတ်မှတ်ရသလဲဆိုတော့ သူဟာ မဟာဂန္ဓာရုံတိုက် နာယက ဆရာတော် တိုက်အုပ်ဆရာတော်ဘုရားကြီး အပါအ၀င် ရွှေကျင်သာသနာပြု ဒုတိယဂိုဏ်းချုပ် ဆရာတော်ဘုရားကြီးရယ်၊ တိပိဋက ဆရာတော် ဦးသုမင်္ဂလ အပါအ၀င် သံဃာအပါးတထောင်ကျော်ရဲ့ လက်မှတ်ရေးထိုးပြီးတော့ နအဖအစိုးရဆီကို စာပေးပို့တာပါ။ တိုင်းပြည်ရဲ့ အခက်အခဲအကြပ်အတည်းတွေ ဆင်းရဲ ငတ်မွတ်မှုတွေကို ပြည်သူလူထုအားလုံး ခံစားကြုံတွေ့နေရတယ်၊ နအဖ ခေါင်းဆောင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းတိုင်ပင်ကြဖို့ အာဃာတမထားပဲနဲ့ တဦးနဲ့ တဦး မေတ္တာတရားရှေ့ထားပြီးတော့ ညှိနှိုင်းဆောင်ရွက်ကြဖို့ သံဃာတော်၊ ဆရာတော်ဘုရားကြီးတွေကနေပြီးတော့ မေတ္တာရပ်ခံတဲ့ စာပေးပို့တာပါ။ ဆရာတော်ဘုရားကြီးတွေကနေပြီးတော့ ပန်ကြားတာပါ၊ အဲဒီ ပန်ကြားတဲ့စာကို ပေးပို့တဲ့အတွက် သူဟာ ထောင်ဒဏ် (၂၁) နှစ် ကျခံခဲ့ရပါတယ်။

ထောင်ထဲရောက်တော့လဲပဲ သူက ကလေးစစ်သားတွေ ထောင်ထဲမှာ အများကြီးရှိပါတယ်၊ လိင်တူဆက်ဆံခြင်းကို ခံနေရပါတယ်၊ သူတို့ကို လိင်ကျွန်ပြုပြီးတော့ ဆက်ဆံနေတာကို ခံစားနေရပါတယ်။

အဲဒါကို ကိုဝင်းဗိုလ်ကနေပြီးတော့ ဒီကလေးစစ်သားတွေက တပ်မတော်အတွက် တိုင်းပြည်အတွက် ရွပ်ရွပ်ချွန်ချွန် သူတို့က တာဝန်ထမ်းဆောင်ခဲ့ကြတာလဲဖြစ်တယ်၊ လိင်တူ ဆက်ဆံခံနေရတာကို တပ်မတော် အကြီးအကဲတွေ သိရင် ဒါ စိတ်ကောင်းနိုင်မှာမဟုတ်ဘူး၊ ဒါကြောင့်မို့လို့ ထောင်ပိုင်ကို တင်ပြပါတယ်။

အဲဒါကြောင့်မို့လို့ ထောင်ပိုင်နဲ့တကွ ဒု ထောင်ပိုင် ဦးချစ်မောင်တို့က သူတို့ရဲ့ မွေးထားတဲ့ အင်ဖော်မာကို တွန်းလှန်ရမလားဆိုပြီးတော့ ကိုဝင်းဗိုလ်နဲ့အတူ ကိုမိုးကျော်သူရယ်၊ နောက် ကိုဇော်မင်းမင်းလတ်ရယ်ကို နောက်ပြန်လက်ထိပ်ခတ်ပြီး ကြိုးတိုက်မှာ ညကြီး ရိုက်တာပါ၊ အဲဒီနှစ်ယောက်ကတော့ မသေပေမဲ့ သေရာပါတဲ့ ဒဏ်ရာ အခုချိန်အထိ ရှိပါသေးတယ်။ ကိုဝင်းဘိုကတော့ ညတွင်းချင်း ကျဆုံးသွားတာပါ။

ဒါကြောင့် ကိုဝင်းဘိုဟာ အကျဉ်းသားများရဲ့ အကျိုးကို ကြိုးပမ်းရင်းနဲ့ နိုင်ငံရေးအကျဉ်းသားဖြစ်လာရတယ်၊ အကျဉ်းထောင်ထဲကျတော့လဲပဲ အခြားသော အကျဉ်းသားတွေရဲ့ အကျိုးကို ကာကွယ်စောင့်ရှောက်ရင်းနဲ့ ကျဆုံးသွားရတယ်၊ ဒါကြောင့်မို့လို့ သူကျဆုံးတဲ့နေ့ကို ကျနော်တို့က မြန်မာနိုင်ငံ အကျဉ်းသားများနေ့အဖြစ်နဲ့ ဂုဏ်ပြုသတ်မှတ်တာပါ၊”

မော်လမြိုင်ထောင်ထဲမှာ (၂၀၀၄) ခုနှစ်ကနေ စတင်ကျင်းပလာခဲ့တာမို့ ဒီနှစ်ဆိုရင် လေးကြိမ်မြောက်ရှိခဲ့ပါပြီ။ ဒါကြောင့် ဒီကနေ့မှာပဲ အလားတူ အခမ်းအနားတခုကိုလဲ မော်လမြိုင် အကျဉ်းထောင်အတွင်း ကျင်းပခဲ့တယ်လို့ ထောင်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်တွေက သိရပါတယ်၊ နအဖ အာဏာပိုင်တွေ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိပါဘူးလို့ ပြောဆိုနေချိန် အခုလို အကျဉ်းသားများနေ့ကို ကျင်းပခဲ့တာလဲဖြစ်ပါတယ်၊ ဒီလို ကျင်းပခွင့်ရခဲ့တဲ့အတွက် မန္တလေးထောင်ကနေ မကြာခင်က လွတ်မြောက်လာတဲ့ အကျဉ်းသူဟောင်း ဒေါ်နှင်းပပကတော့ အခုလို ပြောဆိုပါတယ်။

“ကျမကလေ ဒီလို နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီးတော့ပေါ့၊ ဒီနိုင်ငံရေးအကျဉ်းသားနေ့ဆိုတဲ့ဟာတခုကို ဖော်ထုတ်နိုင်ဖို့အတွက်ကို ကျမက အများကြီး ထောင်ထဲမှာကတည်းက မျှော်လင့်ခဲ့ပါတယ်၊ အခု ဒီမှာမှ နိုင်ငံရေးအကျဉ်းသားများ နေ့ဆိုတာကို ဖြစ်ပေါ်လာဖို့အတွက်ကို ကြိုးစားနိုင်တဲ့အတွက်လဲ အင်မတန်မှ ၀မ်းသာဂုဏ်ယူမိပါတယ်။”

ဒီကနေ့ကျင်းပခဲ့တဲ့ မန္တလေးက နိုင်ငံရေးအကျဉ်းသားများနေ့ အခမ်းအနားကို အာဏာပိုင်တွေက စောင့်ကြည့်သတင်းယူ မှတ်တမ်းတင်တာတွေ ရှိခဲ့ပေမဲ့ တစုံတရာ နှောင့်ယှက်တာတွေ မရှိပါဘူး။

( http://burmese.dvb.no/news.php?id=1634 ကနေ ယူတယ်။)


0 comments
အထိန်းသိမ်းခံထားရသူများက အစာငတ်ခံဆန္ဒပြနေဟုဆို

yoma 3 ဉာဏ်မောင်။ သြဂုတ် ၃၁၊ ၂၀၀၇

ယခုလအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းအတွက် ပြည်သူလူထုကိုယ်စား ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ရာ စစ်ကြောရေးစခန်းအတွင်း ဖမ်းဆီးခံထားရသူများက အစာငတ်ခံဆန္ဒပြမှု ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေ သည်။


စစ်အစိုးရမှ ဖမ်းဆီးခဲ့သူများအနက် ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှု လုံလောက်စွာ မပြုလုပ်ပေးသည့်အတွက် ယခုကဲ့သို့ အစာငတ်ခံ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အဆိုပါဆန္ဒပြမှုကို ကြာသပတေးနေ့က စတင်ပြုလုပ်ခဲ့ပြီး အဆိုပါစခန်းတွင် ရောက်ရှိနေသော အင်န်အယ်ဒီပါတီ လူငယ်အဖွဲ့ဝင် အိုးဝေ (ခေါ်) ရဲသိန်းနိုင်မှာ ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များ၏ ရိုက်နှက်မှုကြောင့် ခြေထောက်ကျိုးသည့် ဒဏ်ရာရရှိထားသော်လည်း လုံလောက်သည့် ဆေးဝါး ကုသမှုမရှိကြောင်း သတင်းများကဆိုသည်။

အိုးဝေ (ခေါ်) ရဲသိန်းနိုင်သည် ယခုလ (၂၈) ရက်နေ့က ရန်ကုန်မြို့၊ လှည်းတန်းဆန္ဒပြမှုတွင် ပါဝင်ပြီး အင်းစိန်လမ်းမပေါ်မှ မစ္စတာဘရောင်း ကော်ဖီဆိုင်ရှေ့တွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင် များ၏ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့သည့် လူ ၂၀ ကျော်တွင် ပါဝင်သူဖြစ်သည်။

လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် စစ်အစိုးရ ကိုင်တွယ်ဖြေရှင်းနေမှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဘုရှ်က (မြန်မာစစ်အစိုးရ)အုပ်ချုပ် သူ အာဏာပိုင်တို့၏ (အမိန့်အာဏာ) စကားများကို ငြိမ်သက်စွာ နားထောင်ခြင်းထက် ပြည့်စုံ ခိုင်လုံသော အင်အားများဖြင့် ကျိုးကြောင်းဆီလျှော်မှုများကိုသာ နားထောင်သင့်သည်ဟု ယနေ့ ပြောဆိုလိုက်သည်။

သူက“ နိုင်ငံတကာက တောင်းဆိုနေတဲ့ ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ဒီမိုကရေစီရေး လှုပ်ရှားနေသူများကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လှုပ်ရှား ဆောင်ရွက်နေသူတွေကို နှိပ်ကွပ်နေမှုများကို အမြန်ဆုံးရပ်တန့်သင့်သည်”ဟှု မြန်မာစစ်ဗိုလ် ချုပ်များသို့ ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်လည်း ယနေ့နံနက်ပိုင်းက ပြည်သူနှစ်ဦးက ပိုစတာကိုင် ဆန္ဒပြခဲ့ရာ အာဏာပိုင်များက ထိုးကြိတ်ဖမ်းဆီးသွားခဲ့သည်။

ယခုလအတွင်းဖြစ်ပွားခဲ့သည့် မြန်မာပြည်အနှံ့ ဆန္ဒပြသူများကို စစ်အစိုးရက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးနေရာ ယခုအချိန်အထိ (၁၂၇) ဦး ရှိသွားပြီးဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP) က ပြောဆိုလိုက်ပြီး စစ်ကြောရေးစခန်း တွင် အစာငတ်ခံ ဆန္ဒပြနေသည်မှာ မှန်ကြောင်း အတည်ပြုခဲ့သည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.yoma3.org/news/2007/august/hungerstrike.html ကနေ ယူတယ်။)


strike in Kyauk Pa Daung

0 comments
ကျောက်ပန်းတောင်းတွင် ဆန္ဒပြမှု ပြည်သူများဝိုင်းရံလာ၍ ဖမ်းဆီးမှုမရှိခဲ့
yoma 3 ဗထူး။ သြဂုတ် ၃၀၊ ၂၀၀၇

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းတွင် လမ်းလျှောက်ဆန္ဒပြသူများကို ပြည်သူများက ၀ိုင်းရံ လာသောကြောင့် ဖမ်းဆီးမှုမရှိဘဲ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက် လမ်းလျှောက်ဆန္ဒပြမှုတခုကို ယနေ့ နံနက်က အင်န်အယ်ဒီပါတီဝင်များက ဦးစီးပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက် (၁၀) နာရီတွင် ကျောက်ပန်းတောင်းမြို့ရှိ ‘လေ’လ္ဘက်ရည်ဆိုင်မှစတင်ကာ
မြင်းခြံ -ရန်ကုန်ကားလမ်းမအတိုင်း လမ်းလျှောက်ခဲ့ကာ မြို့ရုပ်ရှင်ရုံမှ (မယက)ရုံးဘက်သို့ လမ်းလျှောက်ဆန္ဒပြခဲ့ရာ အင်န်အယ်ဒီအဖွဲ့ဝင် (၂၀) ဦးနှင့်အတူ ပြည်သူအချို့ ပူးပေါင်းပါဝင် လာခဲ့သည်။

ထို့နောက် ဆန္ဒပြသူများက စေတီကြီးဘုရားဘက်သို့ ဆက်လက်ထွက်ခွာရန် ပြင်ဆင်နေချိန် တွင် (မယက)ရုံးတွင်းမှ အသင့်စောင့်နေသော စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(စရဖ)၊ ကြံ့ဖွံ့၊ ရဲသတင်းအထူးတပ်ဖွဲ့(SB)နှင့် (ရ၀တ)အဖွဲ့ဝင် အင်အား (၈၀) ခန့်က ဖမ်းဆီးရန် အမိန့်ပေးခဲ့ သည်။

“(မယက)ရုံးရှေ့ရောက်တော့ သူတို့က (၈၀) လောက်ရှိတယ်၊ ဖမ်းဖို့ အမိန့်ပေးသံတွေ ကြားရ တယ်၊ ဘေးကပြည်သူတွေ ၀ိုင်းလာတော့ အဖမ်းအဆီးမဖြစ်ခဲ့ဘူး၊ ဘုရားဘက်ကိုသွားမဲ့ လမ်းကို ပိတ်ဆို့ပြီးတော့ မသွားဖို့ပြောတာ၊ ကိုယ်ထိလက်ရောက်တော့ မဟန့်တားဘူး၊ ဒါပေမဲ့ ဘုရားကို သွားနိုင်ခဲ့တယ်”ဟု ဆန္ဒပြရာတွင်ပါဝင်သူတဦးက ဆိုသည်။

ဆန္ဒပြသူများသည် (မယက)ရုံးမှတဆင့် စေတီကြီးဘုရားသို့ ဆက်လက်လမ်းလျှောက်ကာ ဘုရားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံ ၈၈ ကျောင်းသားခေါင်းဆောင်များ ပြန်လွတ် ရန် ဝတ်ပြုဆုတောင်းခဲ့ကြသည်။

“ဆန္ဒပြတဲ့အထဲက အင်န်အယ်ဒီအဖွဲ့ဝင်နှစ်ယောက်ကို (မ၀တ)ရုံးထဲကို ခေါ်တယ်၊ ခေါ်ပြီးတော့ (၂/၈၈) ကို ဖတ်ပြတယ်၊ ဖတ်ပြပြီးတော့ ဒါကိုသိရှိကြောင်း ပြောတာပါ၊ လက်မှတ်ထိုးခိုင်းတာ တွေ မလုပ်ဘူး”ဟု ကျောက်ပန်းတောင်းမြို့နယ် (NLD) ပါတီ စည်းရုံးရေးမှူးက ဆိုသည်။

ယခုလက်ရှိတွင် ကျောက်ပန်းတောင်းဒေသ၌ လောင်စာဆီဈေး မြင့်တက်ခဲ့သည့်အတွက် ဆန်၊ ဆီ၊ ဆား အပါအ၀င် မီးဖိုချောင်သုံး အခြေခံစားကုန်များ ၁၅ ဆမျှ စတင်မြင့်တက်လာနေ သည်ဟု ကျောက်ပန်းတောင်းမြို့ခံတဦးက ဆိုသည်။




(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.yoma3.org/news/2007/august/kyautpadaung.html ကနေ ယူတယ်။)

love journal blames the media & activists for the strik

0 comments
မီဒီယာနှင့် ဆန္ဒပြသူများ ချိတ်ဆက်လုပ်ကိုင်ဟု အချစ်ဂျာနယ် စွပ်စွဲ
irrawaddy ကိုသက် သြဂုတ် ၃၁၊ ၂၀၀၇


"- - ပြည်တွင်းအခြေစိုက် မဂ္ဂဇင်း၊ ဂျာနယ်များသည်
စစ်အစိုးရအာဘော်ဖြစ်သည့် ဆောင်းပါးတပုဒ်အား မထည့်မနေရ ထည့်သွင်းဖော်ပြရပြီး
ယခုအချစ်ဂျာနယ်တွင်ဖော်ပြခဲ့သည့်ဆောင်းပါးသည် မထည့်မနေရဆောင်းပါးအပြင်
သီးခြားဖော်ပြ ထားသော ဆောင်းပါးဖြစ်သည်။ - - "



လောင်စာဆီဈေးနှုန်း တိုးမြှင့်သတ်မှတ်မှုကိုအခွင့်ကောင်းယူကာ နိုင်ငံရေးလှုပ်ရှားသူများနှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများ ဟန်ချက်ညီညီချိတ်ဆက်ကာ ဆန္ဒပြပွဲများလုပ်ဆောင်နေသည်ဟု မြတ်ခိုင်ဦးစီးသည့် အချစ်ဂျာနယ်၏ ဆောင်းပါးတပုဒ်တွင် ဖော်ပြထားသည်။

ယခုအပတ်တနင်္လာနေ့ထုတ် အချစ်ဂျာနယ် အတွဲ ၅၊ အမှတ် ၂၅ တွင်ဖော်ပြ ထားသည့် စာရေးသူ မေနိုင်း၏ “လောင်စာဆီကိုအကြောင်းပြုလို့ မယောင်ရာ ဆီလူးကြသူများ” ဆောင်းပါးတွင် ပြည်တွင်းရှိ နိုင်ငံခြား သတင်းထောက်များ သည် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးဆန္ဒပြပွဲများ ပြုလုပ်မည့်နေရာ များသို့ ကြိုတင်ရောက်ရှိနေသည်မှာ ဆန္ဒပြသမားများနှင့် သတင်းထောက်များ ရည်ရွယ်ချက်ရှိရှိဖြင့် ဆူပူမှုဖြစ်ပွားအောင် ချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။

၎င်းစွပ်စွဲချက်များကို ဖော်ပြခဲ့သည့် အချစ်ဂျာနယ်နှင့် တာဝန်ခံအယ်ဒီတာ မြတ်ခိုင်အား ပြည်တွင်း စာနယ်ဇင်းသမားများက ဝေဖန်ရှုတ်ချနေကြကြောင်း ဧရာဝတီက သတင်းရရှိသည်။

ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်တဦးက “အားလုံးကတော့သိပြီး သားပါပဲ။ ဒီဂျာနယ်ဟာ ဘယ်လိုလူတွေလဲ၊ ဘယ်လိုလူစားမျိုးတွေလဲဆိုတာ၊ ကိုယ့်သမိုင်းကိုယ်ရေးကြတာပါ။ စည်းဝါးကိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့က ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာပါ၊ အခုမှမဟုတ်ပါဘူး”ဟု ပြောသည်။

ပြည်တွင်းစာနယ်ဇင်းသမားတဦးကလည်း အချစ်ဂျာနယ်၌ အဆိုပါဆောင်းပါးဖော်ပြခြင်းအားဖြင့် မြန်မာ စာနယ်ဇင်းသမား များ၏ ဂုဏ်သိက္ခာကိုထိခိုက်စေပြီး စာပေအသိုင်းအ၀န်းအတွက် ကောင်းသည့်လက္ခဏာ မဟုတ်ကြောင်း ပြောဆိုသည်။ ၎င်းအပြင် ဆောင်းပါးရှင် မေနိုင်း၏အမည်ကို ယခင်ကမကြားဘူးကြောင်း၊ ကလောင်ဝှက်ဖြင့် ရေးသားခြင်းဖြစ်ကြောင်း လည်း ဧရာဝတီကိုပြောသည်။

ပြည်တွင်းအခြေစိုက် မဂ္ဂဇင်း၊ ဂျာနယ်များသည် စစ်အစိုးရအာဘော်ဖြစ်သည့် ဆောင်းပါးတပုဒ်အား မထည့်မနေရ ထည့်သွင်းဖော်ပြရပြီး ယခုအချစ်ဂျာနယ်တွင်ဖော်ပြခဲ့သည့်ဆောင်းပါးသည် မထည့်မနေရဆောင်းပါးအပြင် သီးခြားဖော်ပြ ထားသော ဆောင်းပါးဖြစ်သည်။

“ပြည်သူတွေရဲ့ဘ၀ကိုမကြည့်ရက်လို့ သွေးနဲ့၊ ချွေးနဲ့ရင်းပြီး ရွပ်ရွပ်ချွံချွံ ဆောင်ရွက်နေသူတွေက ဘယ်သူနဲ့မှ ညှိနှိုင်းပြီး လုပ်တာမဟုတ်ဘူး။ ဒီမိုကရေစီလုပ်ငန်းကို အံချော်အောင် တိုက်ဖြိုတဲ့သဘောမျိုး ရေးတယ်၊ ပြောတယ်၊ တွေးတယ် ဆိုရင်တော့ ဒါဟာမကောင်းဘူး ဆင်ခြင်သင့်တယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွက် အနစ်နာခံတဲ့သူတွေ၊ အဖမ်းခံတဲ့သူတွေရဲ့လုပ်ရပ်တွေကို မလေးမစားလုပ်သူဟာ မြန်မာနိုင်ငံသားဖြစ်ခဲ့ရင်တော့ တော်တော်ရှက်ဖို့ကောင်း ပါတယ်” ဟု ၀ါရင့်သတင်းစာဆရာတဦးဖြစ်သည့် ဗိုလ်တထောင်သတင်းစာ အယ်ဒီတာဟောင်း ဦးစိန်လှဦးက ပြောသည်။

သတင်းစာဆရာကြီး ဦးအုန်းကြိုင်ကလည်း စာနယ်ဇင်းသမားများသည် ပြည်သူလူထု၏ နား၊ မျက်စိများ ဖြစ်ကြပြီး လူထု၏ မြှောက်စားခြင်း၊ နေရာပေးခြင်းကိုခံရသည်။ ထိုအခါ သတင်းစာဆရာများအတွက် ရွေးချယ်ရန် လမ်းနှစ်သွယ်လည်း ပေါ်လာပြီး လူထုဘ၀ကိုနားလည်းခံစားသည့် ပြည်သူ့သတင်းစာဆရာနှင့် ကိုယ်ကျိုးရှာ ဖောက်ပြန်ရေးသမားသတင်းစာ ဆရာဟူ၍ နှစ်မျိုးကွဲသွားတတ်သည်ဟု ဧရာဝတီကို ရှင်းပြသည်။ လက်ရှိမြန်မာနိုင်ငံ၏ စာနယ်ဇင်းလောကတွင် ကိုယ်ကျိုး ရှာသမားများကိုတွေ့နေရသော်လည်း လူနည်းစုသာ ဖြစ်သည်ဟုလည်း ပြောသည်။

“အများစုသတင်းစာဆရာတွေကတော့ဖြင့် ပြည်သူထဲသတင်းကိုလိုက်ယူ၊ ဘ၀တွေကိုမြင်ရင်း၊ ပြည်သူတွေမြှောက်စား တာကိုခံယူရင်း ပြည်သူတို့အကျိုးသယ်ပိုးတဲ့လမ်းပေါ်ကို အားနဲ့ မာန်နဲ့ တက်နေကြတယ်လို့ ကျနော်မြင်ပါတယ်” ဟုလည်း သတင်းစာဆရာကြီး ဦးအုန်းကြိုင်က ပြောသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_31c_07.html ကနေ ယူတယ်။)

strike impact on patient

0 comments
အိပ်ခ်ျအိုင်ဗီ လူနာများလည်း အခက်ကြုံနေ
ဧရာဝတီ | သြဂုတ် ၃၁၊ ၂၀၀၇


လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများ အဆမတန် ထိုးတက်သွားသည့်အတွက် အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်
ဝေဒနာရှင်များ ဆေးဝါးကုသရာတွင် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
အာဏာပိုင်များ၏ ဖမ်းဆီးရန် စောင်ကြည့်နေခြင်းကို ရှောင်တိမ်းနေရသူ ယင်းဝေဒနာရှင်များကို ကူညီ စောင့်ရှောက်နေ သည့် မဖြူဖြူသင်းက “အခုဆို ဝေဒနာရှင်တွေဟာ သူတို့ အသက်ရှင်ဖို့ အတော် ခက်ခက်ခဲခဲ ရပ်တည်နေကြရတယ်”ဟု ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့်ပြောသည်။


အဆိုပါ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များ သောက်နေရသည့် တလ အတွက် အေအာဗီ ဆေးမှာ ယခင် ကျပ် ၃၀၀၀၀ ခန့် ရှိရာမှ ယခု ကျပ် ၃၇၀၀၀ ခန့်ဖြစ်နေပြီး ရန်ကုန်မြို့ပြင်တွင် နေထိုင်သည့် ဝေဒနာရှင်များအနေဖြင့်လမ်းစရိတ် မတတ်နိုင်သော ကြောင့် မြို့တွင်းသို့ လာရောက် ထုတ်ယူ ကုသရန် အလွန်အခက်အခဲဖြစ်နေကြသည်ဟုလည်း မဖြူဖြူသင်းက ပြောဆိုသည်။

ယခုကဲ့သို့ အာဏာပိုင်များ၏ စောင့်ကြည့်နေမှု မတိုင်ခင်က မဖြူဖြူသင်း ကူညီစောင့်ရှောက်နေသည့် ဝေဒနာရှင် ၂၀၀ ခန့်ရှိပြီး ယင်းဝေဒနာရှင်များသည် ၎င်းတို့ တည်းခိုနေထိုင်ရန် စီစဉ်ပေးထားသည့် ရန်ကုန် မြို့ပြင်မှ မြို့တွင်းသို့
ဆေးဝါးလာရောက် ထုတ်ယူ ကုသမှုခံနေကြသူများဖြစ်သည်ဟု သိရသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသော အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင် တနေ့လျှင် ၁၀ ဦးခန့်ကို ကူညီစောင်ရှောက်ပေးနေသူ မဖြူဖြူသင်းနှင့် တွေ့ရှိပါက ၎င်းတို့အားအကြောင်းကြားရန် ဒေ၀နာရှင်များကို အာဏာပိုင်များက နှိုးဆော်ထားကြောင်း၊ ယခုအချိန်တွင် ၎င်းနှင့် ဆန္ဒပြရာတွင် ဦးဆောင်သူ အမျိုးသမီး ၃ ဦးအားကို စစ်တပ်က အပူတပြင်း ရှာဖွေလျှက်ရှိကြောင်း လည်း မဖြူဖြူသင်းကပြောပြသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_31b_07.html ကနေ ယူတယ်။)



demonstration in Taung Goke

0 comments
တောင်ကုတ်မှာ ဆန္ဒပြပွဲဖြစ်
ကိုစိုး | သြဂုတ် ၃၁၊ ၂၀၀၇


လောင်စာဆီဈေးနှုန်း ကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် တောင်းဆိုရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသည့် အသက်၂၅-၃၀ နှစ်ဝန်းကျင်ရှိလူ၂ ဦးက ယနေ့နံနက် ၇ နာရီခန့်တွင် တောင်ကုတ် မြို့တွင်း၌ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြခဲ့ကြရာ ၎င်းတို့၂ ဦးအား အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဆန္ဒပြသူ ကိုစည်သူနှင့် ကိုသန်းလွင်တို့က တောင်ကုတ်မြို့လမ်းမများပေါ် လှည့်လည်၍ ၂ နာရီခန့်ကြာ ဆန္ဒပြ နေစဉ် ချောင်းကောက်ရပ်ကွက် အရောက်တွင် ရဲ ၊ ကြံ့ဖွံ့နှင့် အက်စ်ဘီထောက်လှမ်းရေးများက ဆိုင်ကယ် များဖြင့် ၀ိုင်းဝန်း ဖမ်းဆီးသွားသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေး အဖွဲ့ အတွင်းရေးမှူး ဦးခင်လတ်က ပြောသည်။

“ဆန္ဒပြသူတွေက ပြည်သူတွေ ငတ်နေကြပြီ လောင်စာဆီဈေးနှုန်းကျဆင်းရေးဖြေရှင်းပေး၊ ကုန်ဈေးနှုန်းကျဆင်း ရေး ဖြေရှင်းပေး၊ အလုပ်အကိုင်ရှားပါးမှု ဖြေရှင်းပေးလို့ ရေးထားတဲ့ဆိုင်းဘုတ်ကိုကိုင်ပြီးအေးအေး ဆေးဆေး ဆန္ဒပြကြတာပါ၊ ကြွေးကြော်တာတွေဘာတွေမရှိဘူး၊ အဲဒါ ချောင်းကောက်ရပ်ကွက်ရောက်တော့ ဖမ်းသွားကြ တယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ထိုသို့ မဖမ်းဆီးခင် မြို့တွင်း တနေရာ၌ ဆန္ဒပြသူ ၂ ဦးကို အက်စ်ဘီ ထောက်လှမ်းရေးအဖွဲ့က ခေါ်လာသည့် စစ်သား တဦးက ၀င်ရောက် ထိုးကြိတ်ခဲ့ကြောင်း သိရသည်။

“အန်းလမ်းတနေရာမှာ အဲဒီစစ်သားက လက်သီးနဲ့ဝင်ထိုးလို့ ပြည်သူလူထုကို မင်းတို့ ဒီလို အကြမ်းဖက်တာမျိုး မလုပ်ပါနဲ့လို့ ကျနော်တို့က ၀င်တားခဲ့ပါတယ်၊ အဲဒီအချိန်မှာ ရဲအရာရှိတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေရှိတယ်၊ သူတို့ရှေ့မှာလုပ်တာ”ဟု ဦးခင်လတ်ကပြောသည်။

အဆိုပါ စစ်သားက ထိုးကြိတ်နေပုံကို တောင်ကုတ် အန်အယ်လ်ဒီ တွဲဖက်အတွင်းရေးမှူး ကိုမင်းအောင်က မှတ်တမ်းဓာတ်ပုံ ရိုက်ယူစဉ် သူ၏ ကင်မရာအား ၎င်း စစ်သားက သိမ်းယူဖျက်ဆီးရန် ကြိုးစားခဲ့ကြောင်း၊ ယင်း ဓာတ်ပုံများကိုလိုချင်သည့် အတွက် စစ်ကွပ်ကဲ အခြေစိုက် အမှတ်-၅ (စကခ-၅) တပ်မမှူးက ရယက ဥက္ကဌအား ၎င်းတို့ကို အခေါ်လွှတ်ခဲ့ကြောင်း ကိုမင်းအောင်က ပြောပြသည်။

“ကျနော့်ကို ဓာတ်ပုံမရိုက်ရဘူး ကင်မရာကိုပေးဆိုပြီးလာလုတယ်၊ ကျနော်က ဒါ ခင်ဗျား ဥစ္စာမဟုတ်ဘူး ကျနော် မပေးနိုင်ဘူး ဆိုပြီး ပြန်ယူပြီးထွက်လာခဲ့တယ်”ဟု ကိုမင်းအောင်က ပြောသည်။

မနက်ပိုင်းက စကခ-၅ တပ်မမှူး ခေါ်သည်ကို တရားဝင်ခေါ်မှလာနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ပြီးနောက် နေ့လယ် ၂ နာရီကျော် ၃ နာရီခန့်တွင် တောင်ကုတ်မြို့နယ် ဆရာဝန်ကြီးက လာရောက်မေတ္တာရပ်ခံသော ကြောင့် ဦးခင်လတ်နှင့် ကိုမင်းအောင်က ယင်းတပ်မမှူးနှင့် သွားရောက်တွေ့ဆုံခဲ့ရာ တပ်မမှူးက ဆန္ဒပြသူ ၂ ဦးကို အကြမ်းဖက်ထိုးကြိတ်သည့် စစ်သားပုံများကို သိမ်းယူထားလိုက်သည်ဟု ဦးခင်လတ်က ပြောပြသည်။

ဆန္ဒပြသူ ၂ ဦးကိုလည်း ယခုအချိန်အထိ တောင်ကုတ် ရဲစခန်းတွင်ပင် ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကြောင်း သိရသည်။

“ဥပဒေဘောင်တွင်းကနေ ပြည်သူလူထုက မိမိရဲ့ဆန္ဒကို ထုတ်ဖော်ပြသနိုင်ခွင့် ရှိရပါမယ်၊ အဲဒါကို မတရားသဖြင့် ထိုးကြိတ် ရိုက်ပုတ်ဖမ်းဆီး ချုပ်နှောင်ထားတာကို ကျနော်လုံးဝကန့်ကွက်ပါတယ်၊ ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့လည်း တောင်းဆိုပါတယ်”ဟု ဦးခင်လတ်က ပြောဆိုသည်။

ယခုကဲ့သို့ ပြည်သူလူထု၏ အခက်အခဲကို ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား ဥပဒေမဲ့ အကြမ်းဖက်ခြင်းသည် မဖြစ်သင့် ကြောင်း၊ ဥပဒေကို ကိုင်တွယ်အသုံးပြုနေသည့် နိုင်ငံတော် အုပ်ချုပ်သူများတွင်ဖြေရှင်းပေးရန် တာဝန်ရှိ ကြောင်းလည်း ဦးခင်လတ်က ပြောသည်။

( http://www.irrawaddy.org/bur/news2007/August/aug_31_07.html ကနေယူတယ်။)

Thursday, August 30, 2007

Rgn people stays away from usda members

0 comments

ရန်ကုန်လူထုက ကြံ့ဖွံ့များကို ဖယ်ကြဉ်လာ
irrawaddy ကြည်ဝေ သြဂုတ် ၃၀၊ ၂၀၀၇


ရန်ကုန်မြို့တွင် နေထိုင်သူများသည် ၎င်းတို့မြို့နယ်၊ ရပ်ကွက်များတွင် နေထိုင်ကြသော ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်များနှင့် စွမ်းအားရှင် အဖွဲ့ဝင်များအား သိသိသာသာပင် မကျေနပ်ကြောင်းပြသကြကာ ပြစ်တင်ရှုံ့ချမှုများ၊ ဖယ်ကြဉ်မှုများ ပြုလုပ်လျှက်ရှိသည်။

“ကျနော်တို့လမ်းထဲက အိမ်တွေတင်မကဘူး၊ မာလာမြိုင် ၁ လမ်း ၂လမ်း ၃ လမ်းက လူတွေကပါ ရပ်ကွက်ထဲက ကြံ့ဖွံ့တို့ စွမ်းအားရှင်တို့ကို စကားမပြောတော့ဘူး၊ ဆန္ဒပြပွဲလမ်းလျှောက်တဲ့သူတွေကို သူတို့ ဖမ်းတာ၊ ရိုက်တာ တွေ့ပြီးကတည်း က လူတွေက သူတို့ကို မုန်းပြီး ရွံသွားကြတယ်၊ တချို့အိမ်တွေဆို သူတို့ အိမ်ကို လာလည်နေကြ ကြံ့ဖွံ့တွေလာလည် တာတောင် အ၀င်မခံကြတော့ဘူး”ဟု ရန်ကုန်မြို့ လှိုင်မြို့နယ် မာလာမြိုင် ၂ လမ်းတွင်နေထိုင်သူ တဦးက ပြောပြသည်။

လှိုင်မြို့နယ် မာလာမြိုင် ၁လမ်း၊ ၂ လမ်းနှင့် ၃ လမ်းတို့တွင် နေထိုင်သူများက သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ
ဝန်းကျင်တွင် ဖြစ်ပွားခဲ့သော အုတ်ကျင်းမှတ်တိုင် အနီး၌ ဆန္ဒပြသူများအား ၎င်းတို့ ရပ်ကွက်တွင်းမှ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်အချို့နှင့်စွမ်းအားရှင်များက ရိုက်နှက်ဖမ်းဆီးကြသည်ကို မြင်တွေ့ခဲ့ရသောကြောင့် ၎င်းတို့ကို မုန်းတီးရွံရှာ သွားကာ ခုလိုဆက်ဆံခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ထို့အတူ ဗဟန်းမြို့နယ်တွင်လည်း ရေတာရှည်လမ်းထိပ်၌ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲတွင် ဆန္ဒပြသူများကို ဖမ်းဆီး ရိုက်နှက် ခဲ့သော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များကို ရပ်ကွက်တွင်းနေထိုင်သူများက အမည်စာရင်းနှင့် အတိအကျ မှတ်သားထား ခဲ့သည်ဟု ဗဟန်းမြို့နယ် ရွှေဂုံတိုင်တွင်နေထိုင်သူ တဦးက ပြောပြသည်။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှတ်တိုင်အနီး ရေတာရှည်လမ်းထိပ်ဆိုက်ကားဂိတ်မှ ဆိုက်ကားဆရာ တဦးကလည်း “ကျုပ်တို့ဆို ငတ်လို့ သေချင်သေပါစေ သူတို့လိုမျိုးတော့ တသက်လုံးမလုပ်ဘူး၊ ခုလိုလုပ်တဲ့ကောင်တွေကိုလည်း မကျေနပ်ဘူး၊ ဘယ်ကောင်တွေပါတယ်ဆိုတာ ကျုပ်တို့ အားလုံးမှတ်ထားတယ်” ဟု ပြောသည်။

ထိုမြို့နယ်များတွင်သာမက အခြားမြို့နယ်များတွင်လည်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များကို မကျေနပ်ကြောင်း အမျိုးမျိုး ပြသနေကြသကဲ့သို့ အချို့မြို့နယ်များမှ ကြံ့ဖွံ့များကလည်း ၎င်းတို့အားလာခေါ်ကာ ဆန္ဒပြသူများကို ဖမ်းဆီးရိုက်နှက် ခိုင်းမည်ကို စိုးရိမ်သောကြောင့် ခရီးထွက်ကာ ရှောင်သွားကြသည့် သူများလည်း ရှိသည်ကြောင်း ရန်ကုန်မြို့မှ သတင်းထောက်များ၏ ပြောပြချက်အရ သိရသည်။

“ကြံ့ဖွံ့တွေနဲ့ရပ်ကွက်ထဲက လူတွေ မကြာခင်ရိုက်ပွဲ ဖြစ်ကြတော့မယ်၊ လူတွေက ကြံ့ဖွံ့တွေမြင်တိုင်း မကျေမနပ်နဲ့ မျက်စောင်းထိုးတဲ့သူက ထိုးတယ်၊ အရင်က ရင်းရင်းနှီးနှီးခင်ခဲ့တဲ့ သူတွေတောင်မှ ခုဆို အိမ်ထဲအ၀င်မခံတော့ဘူးဆိုလို့ ရန်ထဖြစ်တဲ့သူက ဖြစ်နဲ့ ဖြစ်ကုန်ပြီ” ဟု သတင်းဂျာနယ်တစောင်၏ တာဝန်ခံအယ်ဒီတာ တဦးက ဆိုသည်။

ထို့ပြင် မြို့နယ်အချို့မှ သံယာတော်များကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနှင့် စွမ်းအားရှင်အဖွဲ့ဝင်များ၏ နေအိမ်များသို့ သြဂုတ်လ ၃၀ ရက်နေ့ နံနက်မှ စတင်ကာ ဆွမ်းမခံသည်ကို တွေ့မြင်ရကြောင်း ခရမ်းမြို့နယ်တွင် နေထိုင်သူ တဦးက ပြောပြသည်။

လမ်းဆုံလမ်းခွနှင့် လူစည်ကားရာနေရာများ၊ ကားမှတ်တိုင်များတွင် စောင့်နေကြသော အရပ်ဝတ် ရဲများနှင့် ရ၀တများ၊ ကြံ့ဖွံ့များကို လမ်းသွားလမ်းလာများက မျက်စောင်းထိုးကြည့်ခြင်း၊ ၎င်းတို့ရှေ့တွင် တတွေး ထွေးခြင်းများပြုလုပ်လျက် ရှိသည်ဟု မြင်တွေ့ခဲ့ရသူ တဦးကလည်း ပြောပြသည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_30_07.html ကနေ ယူတယ်။)


let's drive the evil spirits away

0 comments

သံပုံးတီး တောထုတ်ရန် နှိုးဆော်စာ ပျံ့နှံ့ နေ
irrawaddy အေးလဲ့ သြဂုတ် ၃၀၊ ၂၀၀၇

မြန်မာနိုင်ငံအတွင်း လမ်းလျှောက်ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လူထုလူတန်းစား အလွှာစုံကို ကိုယ်စားပြု ထားသည့် ဆန္ဒပြပွဲထောက်ခံသည့်စာများ အသီးသီးပျံ့နှံ့ခဲ့သည်။ ၎င်းစာများအနက် ယခုနောက်ဆုံး ထွက်ရှိလာသည့် လူအများ စိတ်အ၀င်စားဆုံးစာမှာ မြန်မာနိုင်ငံတွင် ဆိုက်ရောက်နေသည့် ဘေးအန္တရာယ်များမှ လွတ်ကင်းရန် မကောင်းဆိုးဝါးများအား သံပုံးတီး တောထုတ်ကြရန် နှိုးဆော်ထားသည့်စာ ဖြစ်သည်။

အဆိုပါစာကို ပြည်တွင်းပြည်ပမှ လက်ခံရရှိသူတိုင်းက အီးမေးလ်ဖြင့်သော် လည်းကောင်း၊ ကိုယ်ပိုင်ဘလော့တွင် တင်ထားခြင်းဖြင့်သော် လည်းကောင်း၊ မိတ္တူကူး၍သော် လည်းကောင်း လက်ဆင့်ကမ်း ဖြန့်ဝေနေကြောင်း သိရသည်။

ယင်းစာတွင် စက်တင်ဘာလ ၁၁ ရက်နေ့၊ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ညပိုင်းသံပုံးတီးရန် အချိန် အတိအကျကိုလည်း ဖော်ပြထားသည်။

“အထူးပန်ကြားလွှာ” ဟု အခေါင်းစဉ်တပ်ထားသည့် အဆိုပါစာကို “မြန်မာနိုင်ငံ စောင့်ရှောက်ရေးအဖွဲ့” က ဖြန့်ဝေခြင်းဖြစ်၍ စာတွင် “မြန်မာပြည်အတွင်း ကြီးမားသောဘေးဒုက္ခများ ကျရောက်ပြီး လူအများသေကြေ ပျက်ဆီးခြင်း၊ စီးပွားပျက်ခြင်း၊ မတရားဖမ်းဆီး နှိပ်စက်ခံရခြင်း၊ သဘာဝဘေးဒါဏ် အပြင်း အထန်ခံရခြင်း၊ အစိုးရမင်းများ လိုဘ ကြီးမှုကြောင့် ပြည်သူလူထုအပေါ် ပိုမိုဖိနှိပ်လာခြင်း၊ ပြည်သူအများအားကိုးရာမဲ့ ခြင်း၊ မကောင်းဆိုးဝါးများ ပူးကပ်မှု များကြောင့် စိတ်ဝမ်းကွဲ ခြင်း၊ လူမိုက်လူရမ်းကားများက သူတော်ကောင်းတို့ ကို နှိပ်စက်ခြင်း၊ ရဟန်း သံဃာများ ပစ္စည်းလေးပါးရှားပါးခြင်း၊ ဘာသာခြားများကို အထူးနှိပ်စက်ခြင်းနှင့် ကြပ်ကုန်း တွင် မင်းနေပြည်တော် တည်၍ တိုင်းပြည် အတွင်း မကောင်းဆိုးဝါးများပူးကပ်လျက်ရှိသည် ”ဟူသော အချက်များ ပါရှိသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု ကာလအတွင်း ဗိုလ်ချုပ်စိန်လွင် သမ္မတရာထူးမှ နုတ်ထွက်စဉ်ကလည်း သံပုံးတီး တောထုတ်သည့် လှုပ်ရှားမှုကို တကြိမ်ပြုလုပ်ခဲ့ဖူးသည်။

သံပုံးတီး တောထုတ်သည့်အယူကို မြန်မာနိုင်ငံ၌ နှစ်သစ်ကူးအချိန်အခါ၊ နှစ်ဆန်းတရက်နေ့၌ မကောင်းဆိုးဝါးများ မိမိတို့နေထိုင်ရာ မြို့နယ်၊ ရပ်ကွက်တို့မှ ထွက်သွားစေရန် အယူအဆဖြင့် ပြုလုပ်လေ့ရှိသည်။

gossip on first lady in nay pyi daw

0 comments

မန္တလေးမှနေ ဗျတ်ဝိ၊ ဗျတ္တလို နေပြည်တော်ကို ပန်းဆက် နေရ
သြဂုတ် ၃၀။ သားချစ် (ဟစ်တိုင်)


နေပြည်တော်သို့ ပန်းများဆက်ကပ်နေရသည့်အတွက် မန္တလေးဈေးချိုစည်ပင်သာယာအဖွဲ့မှ စိတ်ပျက်ညည်းညူနေကြကြောင်း သိရှိရသည်၊
တပါတ်လျှင်တခါ ပန်းမျိုးစုံကို ပို့နေရသည့်အတွက် ငွေကုန်လူပန်းဖြစ်နေကြောင်း ထိုဌာနတွင် တာဝန်ယူနေသူ တဦးက ဟစ်တိုင်သို့ ယခုကဲ့သို့ ပြောဆိုသည်၊

“အဓိပ္ပာယ်မရှိတဲ့အလုပ်တွေ လုပ်နေရတယ်။ အားလုံးအိတ်စိုက်တွေချည်းပဲ။ တခါပို့ရင် ဟိုင်းလတ်ကားတစီးစာ ပို့ပို့ပေးနေရတယ်၊ ပန်းတွေက တမျိုးထဲ မရဘူး။။ ပန်းမျိုးစုံရှာပြီး ပို့ပေးနေရတယ်။ အဲဒီပန်းခဖိုးတွေ။ နောက် ဓါတ်ဆီဖိုးတွေအတွက် ကျနော်တို့ကို ဘတ်ဂျက် ချပေးထားတာ မရှိဘူး။။ ကိုယ့်ဟာကိုယ် အောက်ဆိုဒ်ရှာပြီး အပင်ပန်းခံပြီး ပို့ပေးနေနေရတယ်”

ထိုပန်းများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထားသော ဘုရားအပါအ၀င် ကျန်သည့်ဌာနများအတွက်ပါ ပန်းဆပ်ကပ်နေရသည့် အတွက် အပတ်စဉ် အလုပ်ရူပ်နေရကြောင်းကိုလည်း အောက်ပါအတိုင်း ပြောပြသည်၊

“ပန်းပို့တဲ့အလုပ်အပြင် ဘုရားဆောင်တွေပါ ပန်းလဲတဲ့ အလုပ်တွေပါလုပ်ရတယ်၊ နောက် နေပြည်တော်ရုံးအတွက်ပါ လုပ်ပေးနေ ရတယ်။ တခါတလေ ညပိုင်းအရောက် ပို့ပေးရမယ်ဆိုလို့ ညကြီးမင်းကြီး ကားမောင်းပြီး ပို့ပေးရတယ်။ ညမောင်း မနက်ရောက်။ အရမ်းပင်ပန်းတယ်ဗျာ။ အဖိုးကြီးက အသက်ကြီးလာတော့ ဘုရားတရားကို ပိုလုပ်လာတယ်လေ။ သေခါနီးပြီဆိုတော့ဗျာ။။ ဘ၀ကူးကောင်းအောင် လုပ်နေပုံရပါတယ်၊ နေပြည်တော်မှာ သူတည်ထားတဲ့ ရေ$တိဂုံဘုရားပုံစံစေတီရှိတယ်”

နေပြည်တော် (ပျဉ်းမနား)မြောက်ဘက်ရှိ ရွှေတံဂုံဘုရားပုံစံတည်ထားသော စေတီဘုရားကို ပျဉ်းမနားစွမ်းအားရှင်အဖွဲ့၊ ကြက်ခြေနီ အဖွဲ့၊ ဂေါပကအဖွဲ့၊ ၀တ်ရွတ်သင်းအဖွဲ့တို့မှ လက်ရွေးစင်ရွေးထားသော လူထုများနှင့် ၂၀၀၆ခုနှစ်တွင် ဘုရားထီးတော်တင်ခဲ့ကြောင်း သိရှိရသည်၊

မနျွှလေး ဈေးချိုစည်ပင်သာယာအဖွဲ့မှ အငြိမ်းစားတပ်ထွက်ဗိုလ်မှူးတယောက်အပါအ၀င် လူနှစ်ယောက်ဖြင့် အပတ်စဉ် ပန်းဆပ်ကပ် နေကြောင်း ဟစ်တိုင်မှ သိရှိရသည်၊


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.hittaing.org/news/ ကနေ ယူတယ်။)


students in Defence Services Medical Academy support BaKaTha

0 comments

(ဗကသ)ဖွဲ့စည်းခြင်းကို မင်္ဂလာဒုံ စစ်ဖက်ဆေးဘက်တက္ကသိုလ် ကျောင်းသားများက ထောက်ခံ
ရိုးမ ၃။ သြဂုတ် ၃၀၊ ၂၀၀၇

ယခုလ (၂၈) ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များ အဖွဲ့ချုပ်ကို ဖွဲ့စည်းကြောင်း လက်ရှိပညာသင်ကြားနေသော ကျောင်းသားများ၏ ကြေညာချက်ကို တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်(မင်္ဂလာဒုံ) ဗိုလ်လောင်း(ကျောင်းသား များ)က ထောက်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာသည်။

လက်ရှိ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေသည့် ကျောင်းသားများက ကြုံတွေ့နေရသည့် အကြပ်အတည်းများကို ပြည်သူနှင့်အတူ လက်တွဲဖြေရှင်းရန် အစဉ်အလာကြီးမားသည့် (ဗကသ) ပြန်လည်ဖွဲ့စည်း ကြောင်း ကြေညာခဲ့ပြီး နောက်တနေ့တွင် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုကြေညာချက်တွင် ပြည်သူလူထုမှ မွေးဖွားလာသည့် ပြည်သူ့သားကောင်းများဖြစ်သည်နှင့် အညီ ပြည်သူအပေါင်း ခံစားနေရသည့် အကြပ်အတည်းများကို ၎င်းတို့အနေဖြင့် ခံစားနေရ ကြောင်း ဖော်ပြထားသည်။

ဆေးဘက်ဆိုင်ရာ ဗိုလ်လောင်းကျောင်းသားများအနေဖြင့် အဆိုပါတက္ကသိုလ်တွင် သူတောင်း စားများပမာ နေထိုင်စားသောက်နေရပြီး ပါမောက္ခချုပ်လင်မယား၏ မတရား လာဘ်စားမှု ပေါင်းစုံနှင့် စစ်ဗျူရိုကရက် အရာရှိဆိုးများ၏ ခေါင်းပုံဖြတ် ဖိနှိပ်ဦးချိုးမှုအမျိုးစုံကို ကိုယ်တွေ့ ခံစားနေရသည့်အတွက် အခြားညီနောင်ကျောင်းသားများအပေါ် နားလည်စာနာမိသည်ဟု ဆိုသည်။

ထို့အတွက် မိဘပြည်သူ ညီနောင်ကျောင်းသားများအတွက် မတရားဖိနှိပ်မှုများကို တိုက်ပွဲဝင် မည့် (ဗကသ)အဖွဲ့ချုပ် ဖွဲ့စည်းမှုကို ကြိုဆိုထောက်ခံကြောင်း ယမန်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ သည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.yoma3.org/news/2007/august/MMUstm290807.html ကနေ ယူတယ်။)

strike diary ( irrawaddy aug 30 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၃၀၊ ၂၀၀၇

ကျောက်ပန်းတောင်း-မန္တလေးတိုင်း

နံနက် ၁၀ နာရီခန့်က အန်အယ်လ်ဒီပါတီဝင် အများစုပါဝင်သည့် လူဦးရေ ၂၀ ခန့်ရှိသော ဆန္ဒပြသမားများ ဆုတောင်းပြည့် ဘုရားသို့ လမ်းလျှောက်ဆန္ဒပြကြကြောင်း လမ်းလျှောက်ပွဲတွင်ပါဝင်သည့် အန်အယ်လ်ဒီပါတီဝင် ကိုအေးခိုင်က ဧရာဝတီကို ပြောသည်။

လမ်းလျှောက်ဆန္ဒပြကြစဉ် ဈေးအနီး၌ မြို့နယ် မယက ဥက္ကဌနှင့် စွမ်းအားရှင်များကလမ်းပိတ်ထားသောကြောင့် အခြား လမ်းမှ ဘုရားသို့သွားရကြောင်း၊ ဘုရားတွင် ရွှေသင်္ကန်းကပ်ကာ ကုန်ဈေးနှုန်း ကျဆင်းရေးအပါအ၀င် အဖမ်းအဆီး ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဆုတောင်းခဲ့သည်ဟုလည်း ကိုအေးခိုင်က ပြောသည်။

အပြန် မယက ရုံးရှေ့အရောက်တွင် လမ်းလျှောက်ပွဲ၌ပါဝင်သည့် ကျောက်ပန်းတောင်းမြို့နယ် အန်အယ်လ်ဒီ အတွင်းရေမှူး ဦးရွှေကိုအား အာဏာပိုင်ကခေါ်၍ လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိသည့် ၂/၈၈ အမိန့်ကို ဖတ်ပြပြီး ဖမ်းလိုက ဖမ်းနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြပွဲကို နေလယ် ၁၂ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း ကိုအေးခိုင်က ပြောသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)

0 comments
လူထုသတင်းထောက်များ နိုင်ငံတကာမီဒီယာနှင့် ချိတ်ဆက်နိုင်ကြပြီ
ဧရာဝတီ | သြဂုတ် ၃၀၊ ၂၀၀၇


မြန်မာစစ်အစိုးရက လောင်စာဆီဈေးနှုန်းများ မြှင့်တင်လိုက်မှုကြောင့် မကြာသေးမီက ဖြစ်ပေါ်လာသော ကန့်ကွက်ဆန္ဒပြ ပွဲသတင်းများက နေ့တွင်းချင်းဆိုသလို နိုင်ငံတကာသတင်းမီဒီယာများပေါ်သို့ ရောက်လာခဲ့သည်။ ဓာတ်ပုံများ၊ ဗီဒီယို ရိုက်ချက်များ၊ နောက်ဆုံးသတင်းများကို ချက်ချင်းဖော်ပြနိုင်ခဲ့ကြသည်။

ဤသို့ အချိန်နှင့်အမျှ ပေးပို့နိုင်ခဲ့သော ရုပ်ပုံများနှင့် သတင်းများက ထူးခြားတိုးတက်ပြောင်းလဲမှု တရပ်ပင်ဖြစ်သည်။ ပြည် တွင်းရှိဖြစ်ရပ်များ၊ သတင်းများ မပေါက်ကြားစေရန် စစ်အစိုးရက ထိန်းချုပ်နိုင်စွမ်းမရှိ ဖြစ်နေသည်ကို ပြနေသည်။

လူထုကိုယ်တိုင် သတင်းထောက်လုပ်ကြသူများနှင့် ဆန္ဒပြသူများအတွက် ခေတ်သစ်ဆက်သွယ်ရေးနည်းပညာများ သုံးစွဲ လာနိုင်သည်ကို ကျေးဇူးဆိုကြရလိမ့်မည်။ ယခင်အတိတ်ကာလများက စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်း မှုများကို နိုင်ငံပြင်ပမှ သိရှိနိုင်ရန် ခဲယဉ်းလှသော်လည်း ယခုအခါ ယခုဖြစ် ယခုနိုင်ငံတကာသတင်းများတွင် ပါဝင်ဖော်ပြနိုင်ကြပြီ ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးစနစ်က များစွာ ညံ့ဖျင်းနေပါသေးသည်။ စစ်အစိုးရက ဆက်သွယ်ရေးနည်းလမ်းများအားလုံးကို တင်းကျပ်စွာချုပ်ကိုင်ထားပြီး လက်ကိုင်ဖုန်း၊ အီး-မေးလ်၊ အင်တာနက်၊
ဝက်ဘ်ဆိုက် စသည် အားလုံးကို မြန်မာပြည်သူ အများစု အသုံးပြုနိုင်သည့်အခြေအနေမှာလည်း များစွာ နိမ့်ကျသည့် အဆင့်တွင်ပင် ရှိနေပါသေးသည်။

ဤသို့ ထိန်းချုပ်ထားသည့်ကြားမှ စစ်အစိုးရ၏ ထောက်လှမ်းရေးကွန်ရက်များ အနှံ့အပြားထိုးဖောက် စောင့်ကြည့်နေကြ သည့်ကြားမှပင် လူထုသတင်းထောက်များနှင့် ဆန္ဒပြသူများက စစ်အစိုးရနှင့် ၎င်း၏လက်ကိုင်တုတ်လူမိုက်များ ကျူးလွန်ခဲ့ ကြသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာသိ တင်ပြ သတင်းပေးပို့ နိုင်ခဲ့ကြသည်။

ဧရာဝတီ အဖွဲ့သားများက သတိပြုမိခဲ့သောအချက်မှာ လူထုများကိုယ်တိုင် ပို၍ နိုးကြားအသိရှိနေကြပြီး သတင်းထောက် အဖြစ် ကိုယ်တိုင်ဆောင်ရွက်ကြကာ နိုင်ငံတကာနှင့် ပြည်ပရှိ မြန်မာ သတင်းမီဒီယာများကို ကောင်းကောင်း အသုံးချနိုင်ခဲ့ ကြသည်။ ဤအတွက်ကြောင့်လည်း လွန်ခဲ့သည့် သီတင်းပတ်အတွင်း မြန်မာပြည်သူ များခံစားနေရသည့်အရေးကို လူအများ က သတိပြုနေမိခဲ့ကြသည်။

ပို၍အရေးကြီးသည့်အချက်မှာ သတင်းထောက်အဖြစ် ဆောင်ရွက်ကြသည့် ပြည်သူများသည် ပို၍ သတ္တိကောင်း ရဲရင့် ကြပြီး သူတို့ကိုယ်သူတို့ အရေးပါသည့်တာဝန်တရပ် ထမ်းဆောင်နေကြောင်းလည်း သိရှိ သဘောပေါက် ထားကြသည်။ သူတို့က စစ်အစိုးရ၏ မတရားမှု၊ ဖိနှိပ်မှု၊ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများ ချိုးဖောက်ကျူးလွန်နေမှု၊ အခြေခံ အခွင့် အရေးများ ဆုံးရှုံးချိုးဖောက်ခံနေရမှုတို့ကို မကြောက်မရွံ့ သတင်းပေးပို့ နေခဲ့ကြသည်။

ဧရာဝတီမဂ္ဂဇင်းက ပြည်ပရှိ မြန်မာသတင်းမီဒီယာ အဖွဲ့အစည်းများကိုယ်စား ယင်းလူထုသတင်းထောက်များ နိုးကြား လှုပ်ရှားလာသော အခန်းကဏ္ဍကို တန်ဖိုးထားပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် အဖိုးမဖြတ်နိုင်သော အင်အားစုဟု ရှုမြင်ပါသည်။

ဘီဘီစီ ၊ နယူးယော့တိုင်း (မ်) စသည့် နိုင်ငံတကာသတင်းမီဒီယာအဖွဲ့ကြီးများကပင် စစ်အစိုးရ၏ဖိနှိပ်မှု သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုရိုက်ချက်များကို ရှားရှားပါးပါးထုတ်လွှင့်ပေးနိုင်ခဲ့ကြပြီး ဝေးလံလှသည့်မြို့များမှ သတင်းများကိုလည်း ဖော်ပြနိုင်ခဲ့ကြပါသည်။

ဥပမာ ၁၉၉၀ ခုနှစ် ကာလများကဆိုလျှင် ထင်ရှားသည့် ခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ် တယောက် နိုင်ငံရေး သတင်းစကားများကို ယခုကဲ့သို့ပါးနိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပါ။ ယခုအချိန်တွင်တော့ ပုန်း အောင်းနေစဉ်ကာလ မှာပင် သူက နိုင်ငံခြားသတင်းဌာနများနှင့် ဆက်သွယ်ပြောဆိုနေနိုင်ပါသည်။

ယခု ဖြစ်ပွားနေသော ဆန္ဒပြပွဲများတွင် သတင်းယူကြသည့် နိုင်ငံခြားသတင်းထောက်များနှင့် ဒေသခံသတင်းစာသမားများ ကို သတင်းမယူနိုင်ရန် နည်းမျိုးစုံဖြင့် စစ်အစိုးရက တင်းကျပ်စွာ ကန့်သတ်ထားပါသည်။ သို့သော်လည်း သတင်းများက ဖုံးဖိထား၍ မရပါ။ ထွက်ပေါ်နေမြဲသာ ဖြစ်သည်။

ကမ္ဘာက ရန်ကုန်နှင့် အခြားမြို့များတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်နေသည်ကို သိနေကြပါပြီ။ ဓာတ်ပုံများ၊ ဗီဒီယို ရိုက်ချက်များ၊ သတင်းပေးပို့မှုများလည်း ဆက်တိုက် ချက်ချင်းဆိုသလို ထွက်ပေါ်နေခဲ့ပါသည်။ ဤကိစ္စအတွက် တသီးပုဂ္ဂလ လှုပ်ရှား ကြသော လူထု သတင်းထောက်များ၏ လုပ်ကိုင်ဆောင်ရွက်လိုကြသည့်ဆန္ဒ၊ စိတ်ပိုင်းဖြတ်မှုနှင့် သတ္တိတို့ကို နိုင်ငံတကာ မီဒီယာမိသားစုက ကျေးဇူးစကားဆိုကြရမည် ဖြစ်သည်။ အမှန်ကို အမှန်အတိုင်း တင်ပြခြင်းကပင်လျှင် ဖိနှိပ် ချုပ်ချယ် နေသော စစ်အစိုးရကို ချိနဲ့အားပျော့သွားအောင် ထိုးနှက်နိုင်မည့် စွမ်းအားထက် လက်နက် ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သဘော ပေါက်ထားကြပါသည်။

(၂၀၀၇ ခုနှစ် သြဂုတ်လ ၃၀ ရက်က ဧရာဝတီ အင်တာနက်မဂ္ဂဇင်းတွင် ဖော်ပြထားသည့် Burmese Citizen-reporters Create Direct Link to International Media ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)


( http://www.irrawaddy.org/bur/articles2007/August/09.html ကနေ ယူတယ်။)



Wednesday, August 29, 2007

citizen journalism & burma ( voa )

0 comments
ခေတ်မီသတင်းနည်းပညာတွေကြောင့် စစ်အစိုးရလုပ်ရပ်တွေကို ဖုံးကွယ်မထားနိုင်
ဗွီအိုအေသတင်းဌာန သြဂုတ် ၂၉


(Read more ကို နှိပ်ရင် skin ဖတ်ထားတဲ့ သတင်းချပ် ၃ချပ် တွေ့ရမယ်ဗျာ)


(1)



(2)


(3)




( ဒီသတင်းကို http://www.voanews.com/burmese/upload/29Aug07am_new%20tech%20and%20Burma%20protests_to_.pdf ကနေ ယူတယ်။)


strike of college students in Tavoy

0 comments
ထားဝယ်တက္ကသိုလ်ကျောင်းသားများ ဆိုင်ကယ်ဖြင့် လှည့်လည်ဆန္ဒပြ


(ဒီဗွီဘီ၊ အာအက်ဖ်အေတို့မှာ ပါတဲ့ သတင်းဗျာ။ ကလစ် နှိပ်ပြီး ဖတ်ပါဦး)





religious sanction against gov sympathizers

0 comments
စစ်အစိုးရလက်ဝေခံအိမ်များသို့ ဆွမ်းခံမကြွရန် တိုက်တွန်းနှိုးးဆော်
ရိုးမ ၃။ သြဂုတ် ၂၉၊ ၂၀၀၇

ပြည်သူအကြပ်အတည်းများအတွက် ဆန္ဒဖော်ထုတ်ခဲ့သူများကို အကြမ်းဖက် ရိုက်နှက်ခဲ့သည့် စစ်အစိုးရ လက်ဝေခံအိမ်များသို့ ဆွမ်းခံမကြွရန် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့သာမဂ္ဂီ အဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်သည်။



နိုင်ငံအနှံ့ လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရ ဖွဲ့စည်းထားသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ခြင်းကြောင့် ယခုကဲ့သို့ တိုက်တွန်း နှိုးဆော်ခဲ့ခြင်းဖြစ်သည်။

မသူတော်တရား မထွန်းကားမှီ သူတော်တရား အားမနည်းမှီ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန် ပြည်တွင်းပြည်ပ သံဃာတော်အရှင်မြတ်များနှင့် ပြည်သူတို့အား အဆိုပါ တောင်းဆိုချက်တွင် ဖော်ပြခဲ့သည်။

စစ်အစိုးရ အာဏာတည်မြဲရေးအား ထောက်ခံ၍ ပြည်သူအချင်းချင်း ရိုက်နှက်ဟန့်တားခဲ့ကြ သည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့ဝင်များ၏ နေအိမ်များသို့ ဆွမ်းခံမကြွခြင်း၊ တရားဒေသနာ ဟောပြောမှုမလုပ်ခြင်း၊ သာရေးနာရေး လူမှုရေးဆောင်ရွက်ချက်တို့အား ရှောင်ကြဉ်ခြင်းဖြင့် သပိတ်မှောက်ကံဆောင်ရန် သံဃာ့သာမဂ္ဂီအဖွဲ့က တိုက်တွန်းနှိုးဆော်ခဲ့သည်။

စစ်အစိုးရအကြီးအကဲဆိုသူများက တည်ဆဲဥပဒေဟုဆိုကာ ဗုဒ္ဓဘာသာဂုဏ်ကို မထောက်ပဲ ညှဉ်းပမ်းနှိပ်စက်ခြင်းအမျိုးမျိုး၊ ဖမ်းဆီးခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းတို့အားလည်း ကန့်ကွက်ရန်လိုအပ်ပြီး ညီညွတ်မျှတသော ဥပဒေပေါ်ပေါက်ရန် ၀ိုင်းဝန်ကြိုးပမ်းကြရန်လည်း တိုက်တွန်းခဲ့သည်။

အဆိုပါ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ချက်တစောင်ကိုလည်း ကြေညာခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ချက်ခြင်း လွှတ်ပေးရန် တောင်းဆိုထားပြီး စစ်အစိုးရ၏ အာဏာတည်မြဲအောင် လုပ်ဆောင်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။

ထို့အပြင် မတရားသော လုပ်ရပ်များ ရပ်တန့်ရေး၊ တရားမျှတသော လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းသောနည်းဖြင့် တောင်းဆိုသည့် လုပ်ရပ်တိုင်းကို စဉ်ဆက်မပြတ် ထောက်ခံအားပေးသွားမည်ဟု ကြေညာခဲ့သည်။

( http://www.yoma3.org/news/2007/august/290808monkstm.html ကနေ ယူတယ်။)


small talk with Zinn Mel god ( part 185 )

0 comments
ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၅)
ရန်ကုန်သားတာတေ | သြဂုတ် ၂၉၊ ၂၀၀၇


ချင်းမိုင်မြို့၏ရာသီဥတုမှာ ကျွနုပ်တို့၏ အမိမြန်မာနိုင်ငံကဲ့သို့ပင် ကောင်းလှသည်ဟူ၍မရှိ။ နေကကျဲကျဲတောက်ပူလာလိုက်၊ သဲကြီးမဲကြီး မိုးရွာချလိုက်နှင့် အပြောင်းအလဲမြန်လှသည်။

ချင်းမိုင်တွင် အပြောင်းအလဲမရှိသည်ကား မြန်မာထမင်းဆိုင်ကနေ့စဉ်ချက်သည့်ဟင်းများနှင့် ရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ် တို့၏ အပတ်စဉ်ဆွေးနွေးခန်းပင်ဖြစ်သည်။ ယခုလဲ အချိန်ကျပြန်ပြီမို့ ဆွေးနွေးခန်းစကြပြန်၏။


ရုက္ခစိုး။ ။ ဟေး … ကြွက်စုတ်နဲ့ ဖိုးရှုပ်တို့ပါလားကွ။ ဆိုင်ကယ်မပါ လမ်းလျှောက်လာကြပုံထောက်တော့ မင်းတို့လဲ ပြည်တွင်းက လမ်းလျှောက်ဆန္ဒပြသူတွေကို လေးစားထောက်ခံသောအားဖြင့် လမ်းလျှောက်လာတယ် ပေါ့လေ။

ကြွက်စုတ်။ ။ သရီးအင်ဝမ်း … တချက်ခုတ် သုံးချက်ပြတ်ပေါ့ ဦးရုက္ခစိုးရာ … ဟဲဟဲဟဲ။ ကျနော့်ဆိုင်ကယ် ပျက်နေ တာကတကြောင်း၊ လကုန်ရက်ကနီးပြီး ဘိုင်ပြတ်နေတော့ ကားလဲမစီးနိုင်တာကနောက်တကြောင်း၊ အဲ နောက်ပြီး လမ်းလျှောက်သူများကို လေးစားတာကလဲတကြောင်း၊ အဲဒီအကြောင်းတွေပေါင်းလိုက်တော့ လမ်းလျှောက်ဖို့ရာ အကြောင်းဖန်လာကြောင်းပါ ခင်ဗျ။

ရုက္ခစိုး။ ။ အဲဒီလမ်းလျှေက်ပွဲတွေကိုလုပ်တဲ့စိတ်ကူးကတော့ လှသဟေ့။ ကာနယ်ကြည်မောင်ကြီး နှစ်ပတ်လည် ဆွမ်းကျွေးပွဲကတည်းက ၈၈ ကျောင်းသားတွေဖဲကြိုးဖြတ်လိုက်တဲ့ပွဲက နေ့တိုင်းလိုလို လှုပ်ရှားမှုတွေကမပြတ်ပဲဟေ့။

ကြွက်စုတ်။ ။ ဟုတ်တယ်ဗျ။ နအဖ ငှားထားတဲ့ နေ့စား အပေအတေတွေနဲ့ ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွဲနေတဲ့ကြားကကို ဆန္ဒပြပွဲတွေက ရပ်မသွားတဲ့အပြင် တဗိုလ်ဆင်း တဗိုလ်တက်ဆိုသလို လျှောက်လိုက်ကြတာများ အခုဆို နယ်တွေမှာတောင် လမ်းလျှောက်ပွဲတွေလုပ်နေကြပြီဗျ။

ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့ စကားအတိုင်အဖောက်ညီနေကြစဉ် ဖိုးရှုပ်ကလည်း မီဒီယာ၏ အခန်းကဏ္ဍကို ၀င်ပြောလေ၏။

ဖိုးရှုပ်။ ။ ဒီဆန္ဒပြပွဲတွေမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလဲ မေ့ထားလို့မရဘူးခင်ဗျ။ ဆန္ဒပြပွဲနဲ့ဆိုင်တဲ့ သတင်းအချက် အလက်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကသိအောင် စက္ကန့်၊ မိနစ်နဲ့အမျှ အပ်ဒိတ်လုပ်ပေးနေကြတာကိုး။

ဖိုးရှုပ်ကကြော်ငြာထိုးနေသောကြောင့် ဦးရုက္ခစိုးမှာ စိတ်အချဉ်ပေါက်လာ၏။

ရုက္ခစိုး။ ။ စက္ကန့်အမျှ အပ်ဒိတ်လုပ်တာလဲကောင်းပါရဲ့ မောင်ရယ်။ မောင်ရင်တို့မီဒီယာတွေက တခုခု ကြားတိုင်း အပ်ဒိတ်လုပ်ရတော့ သတင်းတွေဘယ်လောက်ခိုင်မာတယ်ဆိုတာကို ကွန်ဖန်းလုပ်ချိန်တောင် မရဘူးထင်ပါရဲ့။ သတင်းတခုတည်းကိုပဲ ဌာနတခုကိုတမျိုးစီဖြစ်နေကြတယ်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်းဗျာ … မီဒီယာတွေက ကျနော်တို့ကို အရသာစုံစုံလင်လင် စားသုံးစေချင်လို့ မူကွဲလေးတွေ တပွဲပြီးတပွဲ ကျွေးနေတာဗျ။ အခုဆို ရန်ကုန်မှာ ၂၂၊ ၂၃၊ ၂၄ သုံးရက်စာ ဆန္ဒပြပွဲတွေကို ဗီစီဒီ တချပ်စာစုထားတဲ့အခွေ တိုးတိုးတိတ်တိတ်ဝယ်လို့ရနေပြီဗျ။ အဲဒါ မီဒီယာတွေရဲ့ကျေးဇူးပဲမဟုတ်လား ဟဲဟဲဟဲ။

ဖိုးရှုပ်။ ။ ပြောထားဦးပေါ့ကွာ … ဘေးထိုင်ဘုပြောရတာလွယ်ပါတယ်ကွ။ တကယ်လက်တွေ့လုပ်တဲ့အခါ ဘယ်လို အခက်အခဲတွေရှိတယ်ဆိုတာကိုတော့ အဲဒီအပြောသမားတွေ မသိနိုင်ဘူးကွ။

ရုက္ခစိုး။ ။ မောင်ဖိုးရှုပ်က မီဒီယာတန်ခိုးနဲ့ တို့ကိုစိတ်ဆိုးနေပြန်ပြီ။ အခုလိုအချိန်မျိုးမှာ စိတ်ဝမ်း မကွဲသင့်ဘူးကွ။ ကဲပြောကြပါဦး ထူးတာလေးတွေ။ လောင်စာဆီဈေးကျဖို့ ဆန္ဒတွေဒီလောက်ပြနေကြတော့ အကျိုးဆက်က ဘယ်လိုတုန်း။ အာဏာပိုင်က ဆီဈေးပြန်ချပေးမယ့် အရိပ်အယောင်လေး မပြဘူးလား။

ကြွက်စုတ်။ ။ ဆီဈေးကျ မကျတော့မသိဘူးဗျာ ကားဈေးတွေကျသွားတာတော့ အမှန်ပဲဗျ။

ရှုက္ခစိုး။ ။ လူတွေလဲ အများကြီး အချုပ်ကျကုန်ကြတယ်မဟုတ်လား။

ဖိုးရှုပ်။ ။ ကားဈေးသာကျတာ ကုန်ဈေးနှုန်းကတော့ ကမ္ဘာ့အရပ်အရှည်ဆုံးလူသားကိုတောင်ကျော်သွားပြီ။ တကယ်ဆို မြန်မာ့ကုန်ဈေးနှုန်းကို ဂင်းနစ်မှတ်တမ်းမှာ ထည့်သင့်နေပြီကွ။

ရုက္ခစိုး။ ။ အဲဒါလဲမဖြစ်သေးဘူးကွ။ မြန်မာပြည်ကုန်ဈေးနှုန်းဆိုတာက မျောက်များလို … ဘယ်တော့မှ အငြိမ်မနေဘူး။ အမြင့်ကို ပြေးပြေးတက်နေတာကွ။ တော်ကြာ ဂင်းနစ်မှတ်တမ်းလဲ မင်းတို့သတင်းတွေလို မြန်မာ့ကုန်ဈေးနှုန်းကို နေ့တိုင်းအပ်ဒိတ်လုပ်နေရဦးမယ်။

ကြွက်စုတ်။ ။ ဖိုးရှုပ်ကြည့်ရတာ အခုတလော ညအိပ်ရာဝင်ရင် ဘုရားမရှိခိုးဘူးထင်တယ်။ တချိန်လုံး ဦးရုက္ခစိုး အပြောမလွတ်ဖြစ်နေတယ်။

ဖိုးရှုပ်။ ။ ဘုရားမရှိခိုးလို့မဟုတ်ဘူးဟေ့ … မနေ့ညက ညောင်ပင်ဘက်ကို ခြေဆင်းပြီးအိပ်မိလို့ဖြစ်တာ … သိပြီလား။

ရုက္ခစိုး။ ။ ညောင်ပင်အောက် ရှုးရှုးပေါက်မိတယ်လို့ မပြောတာကိုဘဲ ကျေးဇူးတင်လှပါပြီ မောင်ရယ်။

ဖိုးရှုပ်နှင့် ဦးရှုက္ခစိုးတို့ စကားနိုင်လုနေပုံကို ကြွက်စုတ်က စိတ်မရှည်တော့သဖြင့် …

ကြွက်စုတ်။ ။ ကဲပါဗျာ … ကလေးမဟုတ် သူငယ်မဟုတ် စကားနိုင်လုနေကြပြန်ပြီ။ အဓိပ္ပာယ်ရှိတဲ့ စကားလေးများလည်း ပြောကြပါဦးလား။

ရုက္ခစိုး။ ။ ငါကလည်း အဲဒါပြောမလို့ဘဲ။ လမ်းလျှောက်ပွဲတွေကလဲ ဆက်တိုက်ဖြစ်နေတယ်။ စွမ်းအားရှင်တွေကလည်း လူမဆန်ကြဘူးဆိုတော့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ကြမလဲ။ ဒီအတိုင်းသာဆိုရင် တို့လူတွေလဲ ကားပေါ်ပစ်တင်ခံရတာနဲ့ပဲ ကုန်သွားနိုင်တယ်နော်။

ဖိုးရှုပ်။ ။ နိုင်ငံရေးအုပ်စုတစုက ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြမယ်၊ အဲဒါကိုအကြမ်းဖက်ခဲ့ရင် လက်တုံ့ပြန်မယ်။ လူဖြစ်ဖြစ်၊
ရုပ်ဝတ္ထုဖြစ်ဖြစ် ဘာကိုမှသည်းမခံဘူး၊ ပြည်သူတွေလဲ အဲဒီလိုစိတ်ထားဖို့ စာထုတ်ထားတယ်ဗျ။

ရုက္ခစိုး။ ။ ကောင်းတယ်ဟေ့ … အဲဒိ သခင်အားရ ကျွန်ပါးဝတဲ့ကောင်တွေကို တွေ့ရာနေရာမှာ အပြတ်ဆော်ဖို့ ငါ့ရဲ့ ရုက္ခစိုးရဲဘော်တွေကိုလည်း တပ်လှန့်ထားလိုက်မယ်။

ရုက္ခစိုးကြီး၏စကားကြောင့် ကြွက်စုတ်နှင့် ဖိုးရှုပ်တို့မှာ အလွန်ပင်အံ့သြသွားလေ၏။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးက ဘယ်တုန်းက ရုက္ခစိုးယူနီယံကို ဖွဲ့လိုက်တာလဲ။

ဖိုးရှုပ်။ ။ အေးလေ။ ကျနော့်ကိုလည်း ပြည်တွင်းရုက္ခစိုးတွေကို အင်တာဗျူးလို့ရအောင် ဖုန်းနံပါတ်လေး ဘာလေး ပေးထားမှပေါ့။

ရုက္ခစိုး။ ။ ဒါကတော့ကွာ လျှို့ဝှက်အပ်တဲ့ကိစ္စမျိုးဆိုတာ ဘယ်လောက်ပဲခင်ခင် မပြောရဘူးကွ။ ငါက ဘုရားလောင်း မဟော်သဓာထုံး နှလုံးမူထားတာကွ။ ဟိုတလောက ပြည်တွင်းကိုသွားတာလဲ ငါ့လူ … အဲ ငါ့ရုက္ခစိုးတွေနဲ့
အစည်းအဝေးသွားလုပ်တာလေ။ အခုဖြစ်တဲ့ ဆန္ဒပြပွဲတွေကို အာရုံရလို့ကွ။

ရုက္ခစိုးကြီး လေထွားနေသည်ကို သူကောင်းသားနှစ်ယောက် အမြင်ကပ်နေကြပြီ။ လတ်တလောဖြစ်ပေါ်နေသည့် လှုပ်ရှားမှုများကိုပင် အာရုံရသည်ဟု ပြောလိုက်သေးသည်။ ဒီရုက္ခစိုး ဆုံးမမှဖြစ်တော့မည်ဟူသည့်သဘောဖြင့် တယောက်နှင့်တယောက်ကြည့်ကာ …

ကြွက်စုတ်။ ။ ဦးရုက္ခစိုးက ပြည်တွင်းလုပ်ငန်းလုပ်တာ မကြာသေးဘူးထင်တယ်။ မဟော်သဓာထုံးသာ ပြောတယ် အစည်းဝေးလုပ်တာတွေ၊ လှုပ်ရှားမှုကိုကြိုသိတာတွေနဲ့ ယူဂျီတကယ်လုပ်မယ်ဆိုရင် စည်းကမ်းရှိရတယ်ဗျ။

ဖိုးရှုပ်။ ။ အေးလေ … အထဲက ရုက္ခစိုးတွေကို ပြန်ချဖို့ တပ်လှန့်ထားတာတောင်ပါသေးတယ်။ စစ်အစိုးရက ရုက္ခစိုးတွေ၊ နတ်စိမ်းတွေလဲ ချမ်းသာပေးမှာမဟုတ်ဘူးနော်။ သူတို့ကလည်း အနော်ရထာထုံး နှလုံးမူထားတာ။ လူထားတဲ့အချုပ်တွေ အပြင် နတ်လှောင်ကျောင်းပါ ဆောက်ထားတယ်ဗျ။ ကျနော့်အထင်တော့ ချင်ဗျားတို့ကိစ္စကို စစ်တပ်ကကြိုသိ နေပြီထင်တယ်။

ကြွက်စုတ်။ ။ အနည်းဆုံးတော့ အဲဒီရုက္ခစိုးတွေနေတဲ့သစ်ပင်တွေ အခုတ်ခံရနိုင်တယ်။ နောက်ပြီး … … … … … … … …။ … … … … … … … …။

ရုက္ခစိုးသိလိုက်ပြီ။ ၎င်းပိုပြောလိုက်သည်ကို သူကောင်းသားနှစ်ယောက်က အပီအပြင်တွယ်နေကြပြီ။ သူတို့၏ဂွင်ထဲတွင် ကားယားကြီးမိနေပြီ။ မည့်သို့တုံ့ပြန်ရမည်ကို အကြံထုတ်မရ တေမိမင်းသား နှလုံးမူကာ ဆွံ့အနေရလေတော့သည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/cmnat2007/August/185.html ကနေ ယူတယ်။)


mdy monks' voice on the strike

0 comments
၂၀၀၃ ခုနှစ် မန္တလေးရောက် ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်းနှုတ်ဆက်နေသော သံဃာတော်များ(ဓာတ်ပုံ- AHCDM)


မန္တလေး သံဃာတော်များက ဆန္ဒပြပွဲများကို မျက်ကွယ်မပြုနိုင်ဟုဆို
irrawaddy ကိုစိုး သြဂုတ် ၂၉ ၊၂၀၀၇

မြန်မာပြည်တွင်း လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်သည့် နည်းဖြင့်ဖြေရှင်း နေခြင်းအား မျက်ကွယ်မပြုနိုင်ကြောင်း မန္တလေးမြို့ရှိ သံဃာတော်များက ယနေ့ ပြောကြားလိုက်သည်။
“ဒါဟာအိုးမည်းသုတ်ပြီး ပြည်သူအချင်းချင်း ပြန်တိုက်ပေးနေသလိုမျိုးပဲ”ဟု မန္တလေးမြို့ မစိုးရိမ် ကျောင်းတိုက်မှ ဘွဲ့အမည် မဖော်လိုသော သံဃာတော် တပါးက ဧရာဝတီသို့ပြောသည်။

လောင်စာဆီဈေးကျဆင်းရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်အစိုးရ အရပ်ဝတ် အာဏာပိုင်များနှင့် ၎င်းတို့ငှားရမ်းထားသူများက အကြမ်းဖက်နည်းဖြင့် နှိမ်နင်းနေသည်ဟု ၎င်းက ပြောသည်။

“အစိုးရတရပ်အနေနဲ့ တာဝန်ယူ မလုပ်နိုင်ဘူးဆိုရင် လုပ်နိုင်တဲ့သူကို လွှဲပေးသင့်တယ်”ဟုလည်း ဆိုသည်။

မန္တလေးရှိ သံဃာတော်များက ကိုယ့်ရှေ့တွင် ဤကဲ့သို့ မတရားပြုလုပ်နေမည်ဆိုပါက လက်ပိုက်ကြည့်နေကြမည် မဟုတ်ဟုလည်း တခြားသံဃာတော် တပါးက ပြောသည်။

“အများပြည်သူ အကျိုးအတွက် သံဃာတွေက မျက်ကွယ်ပြုထားမှမဟုတ်ပါဘူး”ဟု အဆိုပါသံဃာတော်က ပြောကြား လိုက်ပြီး “တိုင်းပြည်ကောင်းစားတိုးတက်ဖို့ဆိုရင် လူတိုင်းကိုယ်လုပ်နိုင်တာကို လုပ်မှ အဆင်ပြေမယ်” ဟုလည်း ဆက်လက်ပြောကြားသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က မန္တလေးတိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်က ယခုဆန္ဒပြမှုများတွင် မန္တလေးရှိ သံဃာတော်များ
မပါဝင်ရန် လျှောက်ထားတားမြစ်ခြင်းကိုလည်း မန္တလေးသံဃာတော်က ဝေဖန်လိုက်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် သံဃာတော်များက အများပြည်သူဘက်က ပါဝင်၍ မားမားမတ်မတ် ရပ်တည်ခဲ့သည့် သမိုင်းအစဉ်အလာရှိခဲ့သည်ဟုလည်း ဆိုသည်။

ယမန်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့တွင် သံဃာတော် အပါး ၂၀၀ ခန့်က လောင်စာဆီကျဆင်းရေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်ချမ်းစွာဆန္ဒပြလမ်းလျှောက်ခဲ့ကြပြီး ယင်းဆန္ဒပြပွဲအား အာဏာပိုင်များ ဘက်က နှောင့်ယှက် ဟန့်တားမှုမရှိဘဲ ပြီးဆုံးခဲ့သည်။

ယင်းဆန္ဒပြပွဲတွင် သံဃာတော်များကို သောက်ရေသန့် ကပ်လှူသူ နှစ်ဦးကိုမူ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း စစ်တွေဒေသခံတဦးက ယနေ့ပြောသည်။

အဆိုပါ လောင်စာဆီကျဆင်းရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲများကို ၈၈ မျိုးဆက်ကျောင်းသားများနှင့် အန်အယ်လ်ဒီ အဖွဲ့ဝင်များက ဦးဆောင်၍ သြဂုတ်လ ၁၉ ရက်က ရန်ကုန်မြို့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တခြားမြို့များ တွင်လည်း ဆက်လက် ဆန္ဒပြခဲကြသည်မှာ ရက်သတ္တ တပတ်ခန့်ရှိပြီဖြစ်သည်။

(မူရင်း - http://www.irrawaddy.org/bur/news2007/August/aug_29b_07.html)


return of student unions

0 comments


ဗကသ များအဖွဲ့ချုပ် ပြန်လည်ထူထောင်
ကိုသက် သြဂုတ် ၂၈၊ ၂၀၀၇



ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးလှုပ်ရှားမှုများမှသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးတော်ပုံ ကာလများအထိ ခေတ်အဆက်ဆက် သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို လက်ရှိပညာ သင်ကြားနေသည့် တက္ကသိုလ်ကျောင်းသားများဖြင့် စုစည်းပြီး အသစ်ပြန်လည်ဖွဲ့စည်းကြောင်း သိရသည်။

အသစ်ပြန်လည်ဖွဲ့စည်းသည့် ဗကသကို ဗဟိုစည်းရုံးရေးကော်မတီအနေဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ၎င်းအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုကျော်ကိုကိုက ဧရာဝတီကို ပြောသည်။

“စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေရတဲ့ မိဘပြည်သူတွေနဲ့ ကျောင်းသား တွေရဲ့ မွန်းကြပ်နေတဲ့ အကြပ်အတည်းတွေကြားကနေ ပြန်လည်ရုံးထွက် လွတ်မြောက်နိုင်ဖို့အတွက် ဒီလိုအချိန်မှာငုံ့ခံမနေတော့ဘဲ ရုန်းကန်ရင်းနဲ့ လွတ်မြောက်အောင်ကြိုးစားရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗကသများအဖွဲ့ ချုပ်ကို ပြန်လည် ထူထောင်ရတာဖြစ်ပါတယ်” ဟု ကိုကျော်ကိုကိုက ပြောသည်။

ယနေ့နေ့စွဲဖြင့်ထုတ်ပြန်သည့် ဗဟိုစည်းရုံးရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် “ကျောင်းသားများသည် မိဘပြည်သူ များမှ မွေးဖွားပေးလိုက်သော ပြည်သူ့သွေးသားများ ဖြစ်သည့်အတွက် ယခုအချိန်၌ မိမိတို့၏မိဘများ ကိုယ်တွေ့ရင်ဆိုင် ခံစားနေရသော အခက်အခဲများ၊ မိမိတို့တိုင်းပြည်၏ ပြည်တွင်းနိုင်ငံရေး အခက်အခဲများ၊ ပညာ သင်ကြားရာ၌ မိမိတို့ ကိုယ်တိုင်ကြုံတွေ့နေရသော အခက်အခဲများစသည့် အထွေထွေ အခက်အခဲပေါင်းများစွာကို ညီညီညာညာ စုပေါင်းဖြေရှင်း ကြဖို့ အချိန်ကျရောက်နေပြီဖြစ်သည်” ဟု ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ကျောင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ ရရှိရေးအတွက် ကိုယ်ကျိုးမဖက် တိုက်ပွဲဝင်မည်ဟုလည်း ဗကသကျောင်းသားများက ကြေညာချက်တွင် သစ္စာ အဓိဋ္ဌာန် ပြုထားသည်။

မြန်မာနိုင်ငံ၏ ဒုတိယကျောင်းသားသပိတ်ကာလအတွင်း ၁၉၃၆ ခုနှစ် မေလ ၈ ရက်နေ့ ရန်ကုန် ဂျူဗလီဟောတွင်ကျင်းပ သည့် ကျောင်းသားညီလာခံ၌ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့ရာ ပထမဆုံး ဥက္ကဌမှာ ဦးရာရှစ်ဖြစ်ပြီး ဒုက္ကဌမှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။

လွန်ခဲ့သည့် ၁၉ နှစ်၊ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်းက ဒီမိုကရေစီ လှုပ်ရှား မှုကိုဦးဆောင်သည့် ကျောင်းသားများက ဗကသကို ပြန်လည်အသက်သွင်းခဲ့ကြပြီး လတ်တလော အဖမ်းခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ခေါင်းဆောင် ကိုမင်းကိုနိုင် ဥက္ကဌ ဖြစ်လာခဲ့သည်။

ထိုအချိန်က ဗကသ ခေါင်းဆောင်တဦးဖြစ်ခဲ့သည့် အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့၏ မူဝါဒရေးရာ ဒါရိုက်တာ ဦးအောင်ဒင်က “မဆလ ခေတ်ဆိုးကြီးအောက်မှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဗကသ ကို လွန်ခဲ့တဲ့ ၁၉ နှစ်က ပြန်လည်တည်ထောင်နိုင်ခဲ့တဲ့အတွက် များစွာဂုဏ်ယူမိတယ်။ အခု ကျနော်တို့ ညီငယ်လေးတွေက ဗကသကို ပြန်လည်ဖွဲ့စည်းတည်ထောင်တယ်ဆိုတော့ အင်မတန်ဝမ်းသာတယ်၊ ဂုဏ်ယူတယ်။ ရှေ့ဆက်ပြီးတော့လည်း ဗကသရဲ့ သမိုင်းပြောင်မြောက်တဲ့ ခွပ်ဒေါင်းအလံကို ရဲရဲရင့်ရင့် မြှင့်တင်နိုင်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

၎င်းအပြင် လက်တွေ့ကျသည့်နည်းလမ်းများဖြင့် ပြည်သူလူထုဘက်မှ ရပ်တည်တိုက်ပွဲဝင်မည့် လုပ်ရပ်များကိုလည်း မျှော်လင့်ကြောင်း ဦးအောင်ဒင်က ပြောဆိုသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_28b_07.html ကနေ ယူတယ်။)




death body of knu leader appears

0 comments
ပျောက်ဆုံးနေသော ကေအန်ယူ တပ်မှူး ရုပ်အလောင်းပြန်တွေ့
ကိုစိုး | သြဂုတ် ၂၈၊ ၂၀၀၇

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ မှ ဒု ဗိုလ်မှူးကြီးကြည်လင်း၏ သေဆုံးနေသော ရုပ်အလောင်းကို သေနတ် ဒဏ်ရာများနှင့် အတူတွေ့ရှိရကြောင်း သိရသည်။


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဟောင်သရောမြစ်ထဲမှ ငါးဖမ်းပိုက်အတွင်းတွင် ဒု ဗိုလ်မှူးကြီးကြည်လင်း၏ ရုပ်အလောင်းကို သြဂုတ်လ ၂၀ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) က အမည်မဖော်လိုသော ဒု ဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။

သြဂုတ်လ ၁၆ ရက်က ထုတ်ပြန်သော တပ်မဟာ ၆ ၏ အစီရင်ခံစာ၌ ဒု ဗိုလ်မှူးကြီး ကြည်လင်းသည် မတော်တဆ လှေမှောက် ပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။

ဒု ဗိုလ်မှူးကြီးကြည်လင်းသည် ကေအန်ယူ တပ်မဟာ ၆ လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း ၁၈ တပ်ရင်းမှူး ဖြစ်သည်။

ဒု ဗိုလ်မှူးကြီးကြည်လင်းကို သူ၏တပ်ဖွဲ့ဝင်များက ပြန်၍လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟု သံသယရှိကြောင်း၊ သို့သော် သတင်းအတိအကျ မရရှိသောကြောင့် မည်သူသတ်သည်ကို မပြောနိုင်ကြောင်း အထက်ပါ ဒီကေဘီအေ ဒု ဗိုလ်မှူးကြီးက ပြောဆိုသည်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒို မန်းရှာကလည်း ဒု ဗိုလ်မှူးကြီး ကြည်လင်းကို မည်သူသတ်သည်ဟု ယခုအချိန် အထိ အတည်မပြုနိုင်ကြောင်း ပြောကြားလိုက်ပြီး ဒု ဗိုလ်မှူးကြီးကြည်လင်း သွားရောက်တွေ့ဆုံခဲ့သည့် မြန်မာစစ်တပ် ဘက်က သော်လည်းကောင်း၊ သူနှင့် စီးပွားရေး လုပ်ကိုင်နေသူများကသော်လည်းကောင်း၊ သူ၏ တပ်ဖွဲ့ဝင်များက သော်လည်းကောင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဆက်လက်ပြောကြားသည်။

ဒု ဗိုလ်မှူးကြီးကြည်လင်းသည် သစ်မှောင်ခိုစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍ နအဖစစ်အစိုးရ တာဝန်ရှိသူများ အပါအ၀င် ဒီကေဘီအေ တပ်ဖွဲ့နှင့် ယခင် ကေအန်ယူ တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၆ တပ်ရင်းမှူးဟောင်း ဖြစ်သော ဟောင်သရော အထူးဒေသအဖွဲ့မှ စောသမူဟဲတို့နှင့် အဆက်အသွယ်ရှိသူ ဖြစ်ကြောင်း ကော့ကရိတ်အနီးရှိ ရွာသားများကို ကိုးကား၍ ကေအန်ယူ၏ ပြောကြားချက်အရ သိရသည်။

ကော့ကရိတ်အနီးရှိရွာတွင် ဒု ဗိုလ်မှူးကြီးကြည်လင်း ပိုင်ဆိုင်သည့် အိမ် ၂ လုံးရှိပြီး သုံးဆယ်သုံးဆုရွာရှိ အိမ်တွင် အနေများသည်ဟု ဆိုသည်။ ထိုဝန်းကျင်ရှိရွာသားများက ယခုအချိန်တွင် ဒု ဗိုလ်မှူးကြီးကြည်လင်း၏ သတင်းကို ပြောဆိုရန် ကြောက်ရွံ့နေကြကြောင်းလည်း သိရသည်။

ဒု ဗိုလ်မှူးကြီးကြည်လင်း သေဆုံးရပုံနှင့် ပတ်သက်ပြီး မြန်မာစစ်သားများက နေ့စဉ်လိုပင် လာရောက်မေးမြန်းကြောင်း ကော့ကရိတ်တွင် လက်ရှိနေထိုင်သူ ကေအန်ယူ တပ်သားဟောင်း တဦးက ပြောသည်။

မြန်မာစစ်အစိုးရ အရှေ့တောင်တိုင်း စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့မှ ဒု ဗိုလ်မှူးကြီး မင်းချစ်ဦးနှင့် သြဂုတ် ၁၁ ရက်က တွေ့ဆုံမှုသည် ၂ ဘက် ယုံကြည်မှုတည်ဆောက်ခြင်းသာ ဖြစ်ပြီး စစ်အစိုးရထံသို့ လက်နက်ချရန် သူ့အနေနှင့် အစီအစဉ် မရှိကြောင်း မသေဆုံးမီ သြဂုတ် ၁၅ ရက်တွင် ဒု ဗိုလ်မှူးကြီး ကြည်လင်းက ဧရာဝတီသို့ ပြောကြားခဲ့ဖူးသည်။



( မှတ်ချက် - http://www.irrawaddy.org/bur/news2007/August/aug_28_07.html ကနေ ယူတယ်။)

strike diary ( irrawaddy aug 28 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၂၈၊ ၂၀၀၇

စစ်တွေ-ရခိုင်ပြည်နယ်

ယနေ့နေ့လယ်ပိုင်းက
သံဃာတော်များ လမ်းလျှောက်ဆန္ဒပြသည်ဟု စစ်တွေမြို့ခံတဦးက ပြောသည်။
လမ်းလျှောက်ဆန္ဒပြရာ၌ သံဃာတော် အပါး ၂၀၀ ကျော်ပါဝင်ပြီး နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ဆန္ဒပြခဲ့ကြပြီး ငြိမ်းချမ်းစွာအဆုံးသတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လှည်းတန်းဈေးရှေ့-ရန်ကုန်
နေ့လယ် တနာရီခန့်တွင် ဆန္ဒပြသမား ၂၀ ခန့် လှည်းတန်းဈေးရှေ့မှစ၍ ချီတက်ဆန္ဒပြကြသည်ဟု ဆန္ဒပြပွဲ၌ ပါဝင်သူ တဦးက ပြောသည်။
ဆန္ဒပြသမားများသည် လှည်းတန်းလမ်းဆုံအရောက်တွင် အင်းစိန်လမ်းမကြီးဘက်သို့ ဆက်လက်ချီတက်ကြရာ အသင့် စောင့်နေသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အကြမ်းဖက်ဖြိုခွဲဖမ်းဆီးသော်ကြောင့် ဆန္ဒပြသမား ၈ ဦးအဖမ်းခံရသည် ဟုလည်း ၎င်းပြောသည်။

၎င်းဆန္ဒပြပွဲတွင် မစုစုနွေးလည်းပါဝင်ပြီး ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အကြမ်းဖက်ဖမ်းဆီးနေစဉ် ပြည်တွင်း သတင်းထောက်တဦး၏အကူအညီကြောင့် အဖမ်းမခံရပုံကို မစုစုနွေးကိုယ်တိုင် ဧရာဝတီကိုရှင်းပြသည်။

အဖမ်းခံသူရများတွင် အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် လှိုင်သာယာမှ ကိုကျော်စိုးဝင်းနှင့် ကိုသန့်ဇင်ဦး
ဒေါပုံမှ ကိုဘိုဘိုဝင်းလှိုင်နှင့် အင်းစိန်မှ ကိုအေးနိုင်တို့ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။

“လှည်းတန်းကားဂိတ်အလွန်မှာ ဆန္ဒပြသူတွေတရားဟောတယ်။ ကြံ့ဖွံ့က ဒိုင်နာကားတွေနဲ့ ၀ိုင်းထားတယ်။ ပြီးတော့ ကားပေါ်ကို ခြေနှစ်ဘက်၊ လက်နှစ်ဘက်ကနေကိုင်ပြီးတော့ ကားယားကြီး ဆွဲတင်သွားတယ်။ ကားပေါ်မှာ ဆောင့်ကန် တယ်၊ ထိုးတယ်။” ဟု မျက်မြင်သက်တဦးက ပြောသည်။

၎င်းအဖြစ်အပျက်ကို ၀ိုင်းကြည့်နေသည့်ပြည်သူလူထု ရာနှင့်ချီရှိပြီး ဆန္ဒပြချိန် ၁၅ မိနစ်ခန့်ရှိသည်ဟုလည်း စုံစမ်းသိရှိ ရသည်။

လှည်းတန်း ဇေယျာသီရိလမ်းထိပ်-ရန်ကုန်
ပထမအသုတ်ဆန္ဒပြသမားများအားဖမ်းဆီးသွားအပြီး နာရီဝက်ခန့်အကြာတွင် ၎င်းနေရာ၌ပင် လူငယ်နှစ်ဦးက ဖမ်းဆီး သွားသူများကိုပြန်လွှတ်ပေးရန်နှင့် ၎င်းတို့ငြိမ်းချမ်းစွာဆန္ဒပြခြင်းဖြစ်ကြောင်းကို ကြွေးကြော်သည်။

“နှစ်ယောက်လုံးကို ကားပေါ်ဖမ်းတင်သွားတယ်။ ဒိုင်နာကားဘေးကတာလပတ်အပြာကိုဖြုတ်ချလိုက်ပြီးတော့ ၀ိုင်းထိုးတယ်” ဟု လှည်းတန်းမှ မျက်မြင်သက်သေက ပြောသည်။

ရေနံချောင်း-မကွေးတိုင်း
နံနက် ၉ နာရီမှ ၁၁ နာရီအထိ အန်အယ်လ်ဒီပါတီဝင် ၂၀ ခန့်က ၄ ၊ ၅ ယောက် တတွဲတွဲလျက် ၀ါးတရိုက်ခန့်စီခွာ၍ လမ်းလျှောက်ဆန္ဒပြကြကြောင်း သိရသည်။
ဥပုသ်နေ့ဖြစ်သောကြောင့် ဆန္ဒပြသမားများသည် စာသင်သားများရှိရာ ဘုန်းကြီးကျောင်း ၃ ကျောင်းသို့ လမ်းလျှေက်ခြင်း ဖြစ်သည်ဟု ရေနံချောင်းမြို့မှ မကွေးတိုင်း အန်အယ်လ်ဒီ အမျိုးသမီးအဖွဲ့တာဝန်ခံ ဒေါ်ခင်စောဌေးက ဧရာဝတီကို ပြောသည်။

“ကိုယ်နေတဲ့ရပ်ရွာမှာ လူထုရှေ့က မားမားမတ်မတ်ရပ်ရမယ်။ ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်နိုင်ရမယ်။ လုံခြုံမှုမရှိတဲ့ လွတ်လပ်မှုဆိုတာ အလကားပဲ” ဟု ဒေါ်ခင်စောဌေးကပြောသည်။

အရပ်ဝတ်ရဲများနှင့် အာဏာပိုင်တို့က ငွေပေးပြီးငှားရမ်းထားသည့် စွမ်းအားရှင်တို့က ဆန္ဒပြသမားများနောက်သို့ ထက်ကြပ်မကွာ လိုက်လံကြည့်ရှုနေသော်လည်း ဟန့်တားနှောင့်ယှက်မှုမရှိကြောင်းလည်း သိရသည်။

ယခုလ ၂၃၊ ၂၄၊ ၂၅ နှင့် ၂၆ ရက်နေ့များကလည်း ရေနံချောင်းတွင် လမ်းလျှောက်ဆန္ဒပြပွဲများကို အန်အယ်လ်ဒီ
ပါတီဝင်များက ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)


Movie star Carrey pleads for burma (irrawaddy news )

0 comments
ဟောလိဝုဒ် နာမည်ကျော် သရုပ်ဆောင်က ဒေါ်စုလွတ်မြောက်ရေး ပါဝင်ရန် တိုက်တွန်း
အေးလဲ့ | သြဂုတ် ၂၉၊ ၂၀၀၇


အမေရိကန် ဟောလိဝုဒ် ဟာသသရုပ်ဆောင် ဂျင်မ်ကယ်ရေသည် မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချူပ် ချထားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမေရိကန် လူထုကပါဝင် ဆောင်ရွက် ကြရန် အင်္ဂါနေ့က ဗီဒီယို ကြေညာချက်တခုတွင် တိုက်တွန်းပြောကြား လိုက်သည်။
အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB) နှင့် လူ့အခွင့်အရေး လှုပ်ရှားမှုဌာန (Human Rights Action Center) တို့ကိုယ်စား ဂျင်မ်ကယ်ရေက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

“ကျနော့် စိတ်ထဲမှာရှိတဲ့ သူရဲကောင်း တယောက်အကြောင်းကို ပြောချင်ပါတယ်၊ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ၊ သူမဟာ အာရှတိုက်ရဲ့ လူအများကို ကိုယ်စားပြုတဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ ဖြစ်ပါတယ်”ဟု ဗီဒီယိုထဲတွင် ဂျင်မ်ကယ်ရေက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်သူအများစုက မသိကြသော်လည်း သူမသည် ယနေ့ခေတ်တွင် နယ်လ်ဆင်မင်ဒဲလား၊ မဟတ္တမဂန္ဒီတို့နှင့် နှိုင်းယှဉ် ပြောရမည့်သူ ဖြစ်သည်ဟုလည်း ဂျင်မ်ကယ်ရေကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်ရေးမူကို ကျင့်သုံးသူဖြစ်သည့်အတွက် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ခံခဲ့ရသူဖြစ်ပြီး၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်မှု အပြီးမှစ၍ သူမ၏ နေအိမ်တွင် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည်မှာ ၄ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များတွင်လည်း နေအိမ်အကျယ်ချုပ် ၂ ကြိမ် ကျခံခဲ့ရသောကြောင့် နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၁ နှစ်ကျော်ပြီ ဖြစ်သည်။

“သူမရဲ့အမည်က မှတ်မိဖို့ နည်းနည်းခက်ပါတယ်၊ ဒါကြောင့် အောင်ဆန်းဆိုတဲ့ အသံထွက်နဲ့ဆင်တူတဲ့ unsung ကိုယူပြီး တိမ်မြုပ်နေတဲ့ သူရဲကောင်းလို့အမည်ရတဲ့ unsung hero လို့ ကျနော်က ခေါ်ချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့် တိမ်မြုပ်နေတဲ့သူရဲကောင်း တဦးပါပဲ”ဟု ဂျင်မ်ကယ်ရေက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရက မြန်မာနိုင်ငံ အရှေ့ခြမ်းရှိ ရွာပေါင်း ၃၀၀၀ ကျော်ကိုဖျက်ဆီးခဲ့ပြီး လူပေါင်း ၁.၅ သန်းကိုလည်း အိုးမဲ့ အိမ်မဲ့ဖြစ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးစစ်သား အသုံးပြုမှုအများဆုံး ဖြစ်ကြောင်းကိုလည်း ဂျင်မ်ကယ်ရေက ပြောသည်။

အဆိုပါ ဂျင်မ်ကယ်ရေ၏ ပြောကြားချက် ဗီဒီယိုကို You Tube အင်တာနက် စာမျက်နှာနှင့် အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB) http://www.uscampaignforburma.org/ ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဂျင်မ်ကယ်ရေ၏ မြန်မာပြည်သူများနှင့် ရင်းနှီးပြီးသား နာမည်ကြီးရုပ်ရှင် ဇာတ်ကားတကားမှာ The Mask (မျက်နှာဖုံး) ဆိုသည့် ဇာတ်ကားဖြစ်သည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_29_07.html ကနေ ယူတယ်။)


Tuesday, August 28, 2007

Movie star Carrey pleads for burma ( voa news )

0 comments

(နာမည်ကျော် အမေရိကန်ဟာသမင်းသား မြန်မာ့အရေးလှုပ်ရှားမှုမှာ ပါဝင်လာပါပြီ တဲ့။ ဗွီအိုအေကသတင်းဗျာ။ ကူးပေးလိုက်ပါတယ်။)








(မူရင်း ဗွီအိုအေ စာမျက်နှာကိုသွားဖို့ ဟောဒီမှာနှိပ်လိုက်ပါ)




strike in rgn ( aug 28 )

0 comments


လှည်းတန်းတွင် ဆန္ဒပြမှုဖြစ်ပွား
လူ (၂၀)ဦးထက်မနည်း အဖမ်းခံရ

Yoma 3 ဗထူး။ သြဂုတ် ၂၈၊ ၂၀၀၇

လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာသည့်အတွက် အကြပ်အတည်းဖြစ်နေသည့် ပြည်သူ များကိုယ်စား ဆန္ဒပြလှုပ်ရှားမှုတခု ယနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ လှည်းတန်းတွင် ဖြစ်ပွား ခဲ့သည်။

ပြည်သူ့အကြပ်အတည်းကို ဖော်ထုတ်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးနေသည့်ကြားမှ ယနေ့ ရန်ကုန်မြို့တွင် ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

(လှည်းတန်းဈေးရှေ့မှ စတင်၍ လမ်းလျှောက်ဆန္ဒပြခဲ့ပုံ)

( မြန်မာ့နိုင်ငံရေးလောကမှ နာမည်ကျော် လူငယ်ခေါင်းဆောင် မဖြူဖြူသင်း နဲ့ လုပ်ဖော်ကိုင်ဖက်အချို့က ဦးဆောင်ခဲ့ကြတယ်။)



မစုစုနွေးအပါအ၀င် အင်န်အယ်ဒီပါတီဝင်နှင့် ကျောင်းသားအင်အား (၃၀)ခန့်က ယနေ့ နေ့လည်(၁) နာရီခွဲတွင် လှည်းတန်းဈေးရှေ့မှ စတင်၍ လမ်းလျှောက်ဆန္ဒပြခဲ့ရာ နာရီဝက်ခန့်အကြာတွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များ၏ တားဆီးမှုကို ခံခဲ့ရသည်။

“လူ (၇၀) လောက်တော့ရှိတယ်။ လှည်းတန်းဈေးရှေ့က စလျှောက်တာ၊ မစ္စဘရောင်းဆိုင်ရှေ့ မှာ စပိတ်တာ။ ကော်ဖီဆိုင်ရောက်တော့ ဖမ်းတာ။ စွမ်းအားရှင်တို့၊ ကြံ့ဖွံ့တို့က ဖမ်းလိုက်တာ။ ကားပေါ်တင်တယ်။ ဆောင့်ပြီးကို တွန်းတင်တာ။ အော်ဟစ်နေကြတာတွေလည်း တွေ့ရတယ်။ ရိုက်လည်းရိုက်တယ်” ဟု လှည်းတန်းနေ မျက်မြင်သက်သေတဦးက ပြောသည်။

(မဖြူဖြူသင်းကို ၀န်းရံထားသူတွေ အခုလို စတင် ဆွဲထုတ်ဖမ်းဆီးခံရပါတယ်။)

(ခြေ၂ဖက် လက်၂ဖက်ကို အခုလိုဆွဲပြီး အကြမ်းဖက်ခေါ်ဆောင်ပါတယ်။)

(လုံချည်ကျွတ်တာ ပိုက်ဆံအိတ်ကျတာ အရေးမကြီး၊ စီစဉ်လေ့ကျင့်ထားတဲ့အတိုင်း ဖြိုခွင်းဖို့က ပိုအရေးကြီးပုံရပါတယ်။ ပုဆိုးအညိုရောင်ဝတ်ထားသူရဲ့ခါးမှာ စကားပြောစက်ချိတ်ထားတာ တွေ့ရမှာပါ။)

မစ္စတာဘရောင်း ကော်ဖီဆိုင်ရှေ့တွင် (မယက)နှင့် ကြံ့ဖွံ့အဖွဲ့များက ဒိုင်နာကားသုံးစီးဖြင့် အသင့်စောင့်ဆိုင်း၍ တာဆီးခဲ့ရာ နှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကာ အင်န်အယ်ဒီလူငယ် အဖွဲ့ဝင်များဖြစ်ကြသည့် ရဲသိန်းနိုင်(ချောက်)၊
ကျော်စိုးဝင်း(လှိုင်သာယာ)၊
သန်းဝင်း(လှိုင် သာယာ)၊
သန့်ဇင်ဦး(လှိုင်သာယာ)၊
ဘိုဘိုဝင်းနိုင်(ဒေါပုံ)တို့ ဖမ်းဆီးခံခဲ့ရသည်။

“ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန် စုစုနွေးကို ဆွဲတယ်ပေါ့။ စုစုနွေးက လမ်းပေါ်ပစ်လဲသွားတော့
လူငယ်တွေက စုစုနွေးကို ၀ိုင်းထူတယ်။ တားထားတယ်။ ဒီကောင်တွေက စုစုနွေးကို အရဆွဲ တယ်။ လူငယ်အဖွဲ့က ခေါ်ထုတ်ပြီးတော့ မစ္စတာဘရောင်းဘေးက လမ်းကြားထဲကို ခေါ် ထုတ်သွားတယ်။ ကြုံတဲ့ တက္ကစီနဲ့ ဘာလမ်းဆေးရုံကို ခေါ်သွားတယ်။ ဒဏ်ရာရတဲ့သဘောပါ” ဟု ဆန္ဒပြရာတွင်ပါဝင်သည့် အမည်မဖော်လိုသူတဦးက ဆိုသည်။

ယနေ့ စစ်တွေမြို့တွင်လည်း သံဃာတော်များ ပါဝင်သည့် လူအင်အား (၄၀၀)ခန့်ကလည်း နေ့လည် (၂) နာရီခန့်တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုအတွက် လမ်းလျှောက် ဆန္ဒပြခဲ့သည်ဟု စစ်တွေမြို့မှ ထမင်းဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

(ဒီသတင်းကို yoma3.org က ယူတယ်။ ပုံတွေကိုတော့ ဒီဗွီဘီ ၀က်ဆိုက်က ယူပါတယ်)