Thursday, August 30, 2007

gossip on first lady in nay pyi daw


မန္တလေးမှနေ ဗျတ်ဝိ၊ ဗျတ္တလို နေပြည်တော်ကို ပန်းဆက် နေရ
သြဂုတ် ၃၀။ သားချစ် (ဟစ်တိုင်)


နေပြည်တော်သို့ ပန်းများဆက်ကပ်နေရသည့်အတွက် မန္တလေးဈေးချိုစည်ပင်သာယာအဖွဲ့မှ စိတ်ပျက်ညည်းညူနေကြကြောင်း သိရှိရသည်၊
တပါတ်လျှင်တခါ ပန်းမျိုးစုံကို ပို့နေရသည့်အတွက် ငွေကုန်လူပန်းဖြစ်နေကြောင်း ထိုဌာနတွင် တာဝန်ယူနေသူ တဦးက ဟစ်တိုင်သို့ ယခုကဲ့သို့ ပြောဆိုသည်၊

“အဓိပ္ပာယ်မရှိတဲ့အလုပ်တွေ လုပ်နေရတယ်။ အားလုံးအိတ်စိုက်တွေချည်းပဲ။ တခါပို့ရင် ဟိုင်းလတ်ကားတစီးစာ ပို့ပို့ပေးနေရတယ်၊ ပန်းတွေက တမျိုးထဲ မရဘူး။။ ပန်းမျိုးစုံရှာပြီး ပို့ပေးနေရတယ်။ အဲဒီပန်းခဖိုးတွေ။ နောက် ဓါတ်ဆီဖိုးတွေအတွက် ကျနော်တို့ကို ဘတ်ဂျက် ချပေးထားတာ မရှိဘူး။။ ကိုယ့်ဟာကိုယ် အောက်ဆိုဒ်ရှာပြီး အပင်ပန်းခံပြီး ပို့ပေးနေနေရတယ်”

ထိုပန်းများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တည်ထားသော ဘုရားအပါအ၀င် ကျန်သည့်ဌာနများအတွက်ပါ ပန်းဆပ်ကပ်နေရသည့် အတွက် အပတ်စဉ် အလုပ်ရူပ်နေရကြောင်းကိုလည်း အောက်ပါအတိုင်း ပြောပြသည်၊

“ပန်းပို့တဲ့အလုပ်အပြင် ဘုရားဆောင်တွေပါ ပန်းလဲတဲ့ အလုပ်တွေပါလုပ်ရတယ်၊ နောက် နေပြည်တော်ရုံးအတွက်ပါ လုပ်ပေးနေ ရတယ်။ တခါတလေ ညပိုင်းအရောက် ပို့ပေးရမယ်ဆိုလို့ ညကြီးမင်းကြီး ကားမောင်းပြီး ပို့ပေးရတယ်။ ညမောင်း မနက်ရောက်။ အရမ်းပင်ပန်းတယ်ဗျာ။ အဖိုးကြီးက အသက်ကြီးလာတော့ ဘုရားတရားကို ပိုလုပ်လာတယ်လေ။ သေခါနီးပြီဆိုတော့ဗျာ။။ ဘ၀ကူးကောင်းအောင် လုပ်နေပုံရပါတယ်၊ နေပြည်တော်မှာ သူတည်ထားတဲ့ ရေ$တိဂုံဘုရားပုံစံစေတီရှိတယ်”

နေပြည်တော် (ပျဉ်းမနား)မြောက်ဘက်ရှိ ရွှေတံဂုံဘုရားပုံစံတည်ထားသော စေတီဘုရားကို ပျဉ်းမနားစွမ်းအားရှင်အဖွဲ့၊ ကြက်ခြေနီ အဖွဲ့၊ ဂေါပကအဖွဲ့၊ ၀တ်ရွတ်သင်းအဖွဲ့တို့မှ လက်ရွေးစင်ရွေးထားသော လူထုများနှင့် ၂၀၀၆ခုနှစ်တွင် ဘုရားထီးတော်တင်ခဲ့ကြောင်း သိရှိရသည်၊

မနျွှလေး ဈေးချိုစည်ပင်သာယာအဖွဲ့မှ အငြိမ်းစားတပ်ထွက်ဗိုလ်မှူးတယောက်အပါအ၀င် လူနှစ်ယောက်ဖြင့် အပတ်စဉ် ပန်းဆပ်ကပ် နေကြောင်း ဟစ်တိုင်မှ သိရှိရသည်၊


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.hittaing.org/news/ ကနေ ယူတယ်။)


No comments: