Friday, August 24, 2007

phyu phyu thin's talk on aug 23


ဒီနေ့ အခြေအနေ...
မဖြူဖြူသင်း

ဒီနေ့အခြေအနေက တော်တော်ဆိုးတယ်။ တောင်ဒဂုံက လူငယ်တွေရော လူကြီးတွေရော ထွက်လာတော့ သူတို့က လမ်းကနေ ပိတ်တားတယ်။ ရိုက်တာနှက်တာတွေတောင် ဖြစ်လာတယ်။ တောင်ဒဂုံက သုံးယောက်ကိုဖမ်းခေါ်သွားတယ်။

တာမွေဗလီကနေ လမ်းလျှောက်လာတဲ့ အုပ်စုက ရွှေဂုံတိုင် မီးပွိုင့်မှာ ဖမ်းခေါ်သွားတယ်။ အယောက် ၂၀ လောက် ဖမ်းသွားတယ်။ တော်တော်များများကိုတော့ ရိုက်တာနှက်တာတွေ လုပ်တယ်။ ရိုက်ပြီး ကားပေါ် ပစ်တင်ပြီး ဖမ်းသွားတာ။ လမ်းလျှောက်တာက အယောက် ၈၀ လောက် ရှိမယ်။

ဒီနေ့ သုံးနေရာ။ အဘ ဦးအုန်းသန်းက ဆူးလေမှာ တကိုယ်တော် ဆန္ဒပြတော့ သူ့လဲ ဖမ်းသွားတယ်။
အရမ်းဆိုးတယ်။ ခု ပြန်တဲ့ ကားနောက်မှာတောင် ခုနစ်ယောက်ရှစ်ယောက်လောက် ဆိုင်ကယ်နဲ့ ပါလာတယ်။ အခု အခု...
(နီလာတို့ မီးမီးတို့) သူတို့ အခြေအနေ ကောင်းသေးတယ်။ သူတို့လဲ ရှောင်နေကြတယ်။ ကျမလဲ ဟဲဟဲ...ရှောင်ဖို့ လိုမယ်ထင်တယ်။ အခြေအနေတော့ သိပ်မကောင်းဘူး။

(ဘလော့ဂါ့စကား - http://www.hittaing.org/letter/ ကနေ ယူတယ်။ ပုံကိုတော့ မိုးမခ ၀က်ဆိုက်က ယူပါတယ်။မဖြူဖြူသင်းကိုဂုဏ်ပြုအားပေးတဲ့ ဘလော့ဂ်မှာ သူ့အပြော သူ့အသံ သူ့ဓာတ်ပုံတွေ တင်သင့်တာပေါ့။ ဟုတ်တယ်ဟုတ်။)

No comments: