Thursday, August 23, 2007

video & photos news of 23 Aug

လမ်းလျှောက် ဆန္ဒပြတာကိုရိုက်ထားတဲ့ ဗီဒီယိုကြည့်ဖို့ ဟောဒီနေရာကို နှိပ်ပါ။
-
ရန်ကုန်မြို့တစ်နေရာမှာ စကားအခြေအတင်ဖြစ်နေကြတဲ့ ပြည်ခိုင်ဖြိုးအသင်းဝင်များနဲ့ ဆန္ဒပြသူများ။ အဲသလို တင်းမာပြီး မကြာခင်မှာပဲ ဆန္ဒပြသူတွေဟာ ကားပေါ် အတင်းအကြပ်ဆွဲတင်ခံရပြီး အဝေးကို ခေါ်ဆောင်သွားခံရပါတယ်။
(ဓာတ်ပုံ အေအက်ဖ်ပီသတင်းဌာန)






သြဂုတ်လ ၂၃နေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ တကိုယ်တော်
ဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးအုန်းသန်း။ လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြတာဖြစ်တယ်၊ သိပ်မကြာခင်မှာပဲ ရဲတွေက သွားဖမ်းလိုက်တယ်။
(သတင်းဓာတ်ပုံ Mizzima သတင်းဌာန)




သြဂုတ်လ ၂၃နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ပြည်ခိုင်ဖြိုး) အဖွဲ့ဝင်တွေ၊
အရပ်ဝတ်ရဲတွေက ရွှေဂုံတိုင်လမ်းတလျှောက် ချီတက်လာတဲ့သူတွေကို ဟန့်တားနေတဲ့ပုံဖြစ်ပါတယ်။ အဲဒီနေ့(ကြာသပတေးနေ့)မှာပဲ မြန်မာစစ်အစိုးရလက်အောက်ခံ အသင်းအဖွဲ့တွေက လမ်းလျှောက် ဆန္ဒပြမှုတစ်ခုကို နှိမ်နင်းလိုက်ပါသေးတယ်။ (သတင်း၊ ဓာတ်ပုံ အောင်လှထွန်း၊ ရိုက်တာသတင်းဌာန)

No comments: