Monday, August 27, 2007


နော်ဝေတွင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု လှုံ့ ဆော်ပွဲ ပြုလုပ်
ဟစ်တိုင် အောင်မျိုးရှိန် သြဂုတ် ၂၅။


မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်သည့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု လှုံ့ဆော်ပွဲကို နော်ဝေနိုင်ငံ ယော်ဗစ်မြို့ တွင် ၂၅-၈-၀၇ နေ့တွင် ပြုလုပ်သည်၊

လက်ရှိ မြန်မာနိုင်ငံအတွင်းတွင် လောင်စာဆီဈေးကြီးမြင့်မှုကြောင့် ဖြစ်ပေါ်နေသည့် ကုန်ဈေး နှုန်းကြီးမြှင့်မှုကြောင့် ဖြစ်ပေါ်လာရ သည့် ဆန္ဒပြပွဲများနှင့် နအဖ စစ်အစိုးရ၏ ၈၈ မျိုးဆက်သစ် ခေါင်းဆောင်များနှင့် ရိုးသားစွာ ဆန္ဒဖော်ထုတ်ပြသသူများကို မတရား ဖမ်းဆီးနှိပ်ကွပ်မှုများ နော်ဝေနိုင်ငံသားများသိရှိစေရန်နှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ကိုပိုမိုသိရှိကူညီနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်။

မြန်မာ့အရေးကို ကူညီဆောင်ရွက်နေသည့် ( Bjorn Sivesind )ဗြွန်းစီဗဲစင်းနှင့် နော်ဝေမြန်မာ ကော်မတီမှ ကိုယ်စားလှယ် (Svein Elvsbarg) စဗင်းအဲလ်ဘတ်တို့မှ ဦးဆောင်ကူညီဆောင်ရွက် ပေးခြင်းဖြစ်သည်၊

မြန်မာ့အရေးလှုံ့ဆော်ပွဲတွင် ၈၈ နိုင်ငံရေးလှုပ်ရှားမှု ဓါတ်ပုံများ၊ ဒေါ်အောင်ဆန်းစုကြည်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ဓါတ်ပုံများ၊ ထိုင်းမြန်မာနယ်စပ်မှ တော်လှန်ရေး အင်အားစုများ၏ လှုပ်ရှားမှု ဓါတ်ပုံများပြသခြင်း၊ မြန်မာ့နိုင်ငံရေးလက်ရှိ အခြေအနေအကြောင်း နော်ဝေဘာသာဖြင့် ရေးသားပုံနှိပ်ထားသည့် လက်ကမ်း စာအုပ်ငယ်များ ဝေငှခြင်း၊ မြန်မာ့နိုင်ငံ၏ လက်ရှိအခြေအနေကို နော်ဝေဘာသာဖြင့် ဟောပြောခြင်းများ၊ မြန်မာ တိုင်းရင်း သားများ တိုင်းရင်းသားတေးသီချင်းများဖြင့် ဖျော်ဖြေခြင်း နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီအထိ ပြုလုပ်ကျင်းပ သည်။

ယင်းပွဲသို့ ယော်ဗစ်မြို့နေ မြန်မာနိုင်ငံသား တိုင်းရင်းသားများ၊ လီလီဟမ်းမားမြို့နှင့် ဟမ်းမားမြို့မှ မြန်မာနိုင်ငံသားများ၊ မြန်မာ့ အရေးကို စိတ်ဝင်စားသည့် နော်ဝေကျောင်းဆရာများ၊မြို့နယ် အုပ်ချုပ် ရေးရုံးမှဝန်ထမ်းများနှင့် နော်ဝေပြည်သူ ၂၀၀ ခန့် တက်ရောက်သည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်း၊ ပုံတို့ကို http://www.hittaing.org/news/ ကနေ ယူတယ်။)



No comments: