
ချမ်းလွန် / NEJ/ ၁၄ သြဂုတ် ၂၀၀၇
ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးအတွက် နအဖအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) မှ တပ်ရင်းမှူးက ပြောသည်။
(ဒု-ဗိုလ်မှူးကြီး ကြည်လင်း in photo)
များကို ၎င်းတို့ကိုယ်တိုင် ဆက်သွယ်ခြင်းဖြစ်ကြောင်း၊ ယခုတွေ့ဆုံခြင်းသည် ယုံကြည်မှုတည်ဆောက်သည့် အဆင့်သာဖြစ်ပြီး ၎င်းတို့၏ နယ်မြေဒေသနှင့် လူထုအခြေအနေပေါ် မူတည်၍ ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်ကြောင်း တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကြည်လင်းက ပြောသည်။
၎င်းက “ကျနော်တို့က တယောက်နဲ့တယောက် ငြိမ်းချမ်းရေးတည်ဆောက်တာပဲ။ ဒါ တယောက်နဲ့ တယောက် အပစ်အခတ်ရပ်စဲရေးကိစ္စ၊ နောက်ပြီးတော့ နယ်မြေအေးချမ်းရေးကိစ္စတွေပေါ့” ဟု ပြောသည်။
ဒု-ဗိုလ်မှူးကြီးကြည်လင်း ခေါင်းဆောင်သည့်အဖွဲ့သည် အရှေ့တောင်တိုင်းဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးကြီးမင်းချစ်ဦးနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ယခုလ (၁၁) ရက်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းကမူ “ ကျနော်တို့အနေနဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတယ်ဆိုတာကို အယုံအကြည်မရှိဘူး။ ကျနော်တို့ ယုံကြည်တာက တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာကိုပဲ ယုံကြည်တော့ ဒါက ကေအန်ယူရဲ့ လမ်းစဉ်မဟုတ်ဘူးဆိုတာကို ကျနော်တို့ပြောချင်တယ်” ဟု ပြောသည်။
ဒု-ဗိုလ်မှူးကြီးကြည်လင်းသည် (၁၉၉၈) ခု ၀န်းကျင်မှစ၍ တပ်ရင်းမှူးတာဝန်ကို စတင်ထမ်းဆောင် ခဲ့ပြီး ၎င်းတာဝန်ထမ်းဆောင်နေသည့် တပ်ရင်းအတွင်း ပဋိပက္ခ တစုံတရာရှိသည်ဟု မကြားသိရ ကြောင်း၊ ထို့ကြောင့် ယခုဖြစ်ပွားသည့်ကိစ္စအား ကေအန်ယူအနေဖြင့် အသေးစိတ်ပြန်လည် စုံစမ်း မည်ဖြစ်ကြောင်း ပဒိုမန်းရှာလားဖန်းက ပြောသည်။
၎င်းက “'ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အခုလောလောဆယ်တော့ ဘာမှဆုံးဖြတ်ချက်မရှိသေးဘူး။ သို့သော်လည်းပဲ ကျနော်တို့အဖွဲ့အစည်းမှာတော့ အလုပ်လုပ်တဲ့အခါမှာ စည်းနဲ့ကမ်းနဲ့ လုပ်ရတယ် ဆိုတော့ စည်းကမ်းအတိုင်းဖြစ်ရမှာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလတွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဌေးမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် KNU ၏ ခွင့်ပြုချက်မပါဘဲ ရန်ကုန်သို့ သွားရောက်၍ နအဖစစ်အစိုးရနှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဒေသများ တည်ဆောက်ရန် သဘောတူညီခဲ့သဖြင့် ၎င်းအား တာဝန်မှရပ်စဲကာ KNU နှင့် KNLA တို့မှ ထုတ် ပယ်လိုက်ကြောင်း KNU က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့သို့ထုတ်ပယ်ခံရပြီး နောက်တနေ့တွင် ဗိုလ်မှူးချုပ်ဌေးမောင်က ၎င်းဥက္ကဋ္ဌအဖြစ်ဦးဆောင်သော KNU/KNLA ငြိမ်းချမ်းရေး ကောင်စီကို ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် မိသားစုဝင်များ
အပါအ၀င် လူအင်အား သုံးရာကျော်တို့နှင့်အတူ နအဖစစ်အစိုးရက သတ်မှတ်ပေးထားသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ ထို့ကော်ကိုးဒေသသို့ သွားရောက်နေထိုင်ခဲ့သည်။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/14-8-07d.php ကနေ ယူတယ်။)
No comments:
Post a Comment