Thursday, August 30, 2007

strike diary ( irrawaddy aug 30 )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၃၀၊ ၂၀၀၇

ကျောက်ပန်းတောင်း-မန္တလေးတိုင်း

နံနက် ၁၀ နာရီခန့်က အန်အယ်လ်ဒီပါတီဝင် အများစုပါဝင်သည့် လူဦးရေ ၂၀ ခန့်ရှိသော ဆန္ဒပြသမားများ ဆုတောင်းပြည့် ဘုရားသို့ လမ်းလျှောက်ဆန္ဒပြကြကြောင်း လမ်းလျှောက်ပွဲတွင်ပါဝင်သည့် အန်အယ်လ်ဒီပါတီဝင် ကိုအေးခိုင်က ဧရာဝတီကို ပြောသည်။

လမ်းလျှောက်ဆန္ဒပြကြစဉ် ဈေးအနီး၌ မြို့နယ် မယက ဥက္ကဌနှင့် စွမ်းအားရှင်များကလမ်းပိတ်ထားသောကြောင့် အခြား လမ်းမှ ဘုရားသို့သွားရကြောင်း၊ ဘုရားတွင် ရွှေသင်္ကန်းကပ်ကာ ကုန်ဈေးနှုန်း ကျဆင်းရေးအပါအ၀င် အဖမ်းအဆီး ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဆုတောင်းခဲ့သည်ဟုလည်း ကိုအေးခိုင်က ပြောသည်။

အပြန် မယက ရုံးရှေ့အရောက်တွင် လမ်းလျှောက်ပွဲ၌ပါဝင်သည့် ကျောက်ပန်းတောင်းမြို့နယ် အန်အယ်လ်ဒီ အတွင်းရေမှူး ဦးရွှေကိုအား အာဏာပိုင်ကခေါ်၍ လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိသည့် ၂/၈၈ အမိန့်ကို ဖတ်ပြပြီး ဖမ်းလိုက ဖမ်းနိုင်သည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လမ်းလျှောက်ဆန္ဒပြပွဲကို နေလယ် ၁၂ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း ကိုအေးခိုင်က ပြောသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)

No comments: