Monday, August 27, 2007

new protest ( irrawaddy.org/bur )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၂၇၊ ၂၀၀၇

ပဲခူး-ပဲခူးတိုင်းယနေ့နံနက် ၉ နာရီခန့်တွင် ပဲခူးမြို့၌ ပဲခူး၊ က၀၊ သနပ်ပင်နှင့် ဝေါ စသည့် မြို့နယ်လေးခုမှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ ပူးပေါင်းကာ လမ်းလျှေက်ဆန္ဒပြပွဲကို ပြုလုပ်ကြောင်း၊ ၎င်းဆန္ဒပြပွဲကို ဝေါမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရွှေက ဦးဆောင်ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်သည့် ကိုသိန်းတန်က ဧရာဝတီကိုပြောသည်။

“မနက် ၉ နာရီမှာ ပဲခူးဈေးကြီးကနေစပြီး ၂ ယောက်တတွဲလမ်းလျှောက်ထွက်ပါတယ်။ ကျနော်တို့ အင်အား ၅၀ လောက် ရှိတယ်။ ပြည်သူလူထုကတော့ ဘေးကနေရပ်ကြည့်အားပေးတယ်၊ ဆိုင်ကယ်တွေနဲ့လိုက်ပြီး အားပေးတယ်”ဟု ကိုသိန်းတန်က ပြောသည်။

၁၀ နာရီခန့်တွင် ပဲခူးမြို့ လိပ်ပြာကန်၊ လမ်း ၃၀ အရောက် မယက ဥက္ကဌက ဆန္ဒပြသမား ၃၁ ဦးအား မယကရုံးသို့ ခေါ်ယူဆွေးနွေးကြောင်း၊ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လှုပ်ရှားမှုများ ထပ်မလုပ်ရန် လက်မှတ် ထိုးပေးခဲ့ရကြောင်းလည်း ကိုသိန်းတန်က ပြောသည်။နေ့လယ် ၁၂ နာရီတွင် ဆန္ဒပြသမားများ မယကရုံးမှ ပြန်ခွင့်ပြုခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Ref: http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html

No comments: