Tuesday, August 21, 2007

nine activists arrested in rgn

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့်အဖွဲ့ ဖမ်းပြီ
သြဂုတ် ၂၂၊ ၁း ၃၀ BST။ ဇော်ထွန်း


၈၈ ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင်၊
ကိုကိုကြီး၊
ကိုဂျင်မီ၊
ကိုပြုံးချို၊
ကိုမြအေး၊
ကိုအံ့ဘွယ်ကျော်တို့ကို
ယနေ့ည သန်းခေါင်ယံတွင် ထောက်လှမ်းရေးများက အသီးသီး ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

ကိုမင်းဇေယျာ၏ ကံကြမ္မာကိုမူ မသိရဘဲ ၎င်းတို့၏ လက်ကိုင်ဖုန်းများလည်း ခေါ်မရတော့ပေ။ ကိုကိုကြီး၏ဖုန်းကို ခေါ်ရာတွင်မူ အမည်မသိသူတဦး လက်ခံ နားထောင်ပြီး တုန့်ပြန်ဖြေကြားခြင်း မရှိဘဲ တိတ်ဆိတ်စွာ နားထောင်နေသည်။ မစုစုနွေး၏ဖုန်းကို ဆက်သွယ်ရာတွင်မူ လိုင်းပိတ်ထားကြောင်း စက်မှ တုံ့ပြန်ဖြေကြားသံကိုသာ ရရှိသည်။

ကိုကိုကြီးကို ဆွေးနွေးစရာ ရှိသည်ဟု ပြောပြီး လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။ ကျိုက္ကဆံကွင်းထဲတွင် ရှိနေကြ ကြောင်း အတည်မပြုနိုင်သေးသော သတင်းများက ဆိုသည်။

နောက်ဆက်တွဲ ၀င်လာသော သတင်းများအရ ကိုဂျင်မီနှင့်အတူ ဇနီး ၈၈ ကျောင်းသူ မနီလာသိန်းကိုပါ ခေါ်ဆောင်သွားကြောင်း သိရသည်။ ငါးလအရွယ် သမီးငယ်ကို နေအိမ်တွင် မိသားစုနှင့် ထားရစ်ခဲ့သည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.hittaing.org/news/ ကနေ ယူတယ်။)


No comments: