
NEJ / ၁၇ သြဂုတ် ၂၀၀၇
နအဖစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သွားရောက်ဆွေးနွေးခဲ့သူ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကြည်လင်းသည် ယမန်နေ့ညနေက ၎င်း၏ဒေသအတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုတွင် ကျဆုံးသွား သည်။
“မနေ့က ညနေပိုင်း (၆) နာရီလောက်မှာ သူ့ဒေသအတွင်းက သုံးဆယ်သုံးဆူကျေးရွာအနီးမှာ အမည်မသိတဲ့အဖွဲ့တခုနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ကျဆုံးသွားတယ်” ဟု တပ်မဟာ (၆) မှ စစ်သည် တဦးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းက ယခုသတင်းနှင့်ပတ်သက်၍ ကြားသိရသော်လည်း ၎င်းတို့ထံ အစီရင်ခံစာ ရောက်မလာသေး သည့်အတွက် အတည်မပြုနိုင်သေးကြောင်း ပြောသည်။
ဒု-ဗိုလ်မှူးကြီးကြည်လင်း ခေါင်းဆောင်သည့်အဖွဲ့သည် အရှေ့တောင်တိုင်းဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးကြီးမင်းချစ်ဦးနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ယခုလ (၁၁) ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒု-ဗိုလ်မှူးကြီးကြည်လင်းသည် ၁၉၉၈ ခု ၀န်းကျင်မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တွင် တပ်ရင်းမှူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။ ။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/august_2007/17-8-07e.php ကနေ ယူတယ်။ ပုံကိုတော့ BBC ၀က်ဆိုက်က ယူပါတယ်။)
No comments:
Post a Comment