Sunday, August 26, 2007

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ သြဂုတ် ၂၆၊ ၂၀၀၇

ရေနံချောင်း-မကွေးတိုင်းအာဏာပိုင်များက ၂/၈၈ ကြေညာချက်အရ လူ ၅ ယောက်ထက် ပိုစုလျှင် ဖမ်းမည်ဟု ပြောဆိုသောကြောင့် ယနေ့ ဆန္ဒပြမှုကို နည်းပြောင်း၍ ပြုလုပ်ကြောင်း မကွေးတိုင်း အန်အယ်လ်ဒီ အမျိုးသမီးတာဝန်ခံ ဒေါ်ခင်စောဌေးက ဧရာဝတီသို့ ပြောသည်။

“လူ ၅ ယောက် တတွဲ၊ ၄ ယောက်တတွဲ ထွက်ထွက်ပြီး လျှောက်ကြတယ်၊ အားလုံး လူ ၂၀ လောက်တော့ရှိတယ်၊ မနက် ၈ နာရီ ၉ နာရီလောက်ကတည်းက စတာ၊ ၅ ယောက်ထက်ပိုရင် ဖမ်းမယ်ဆိုတော့ နည်းပြောင်းလိုက်တယ်၊ သူတို့ကလည်း အန်တီတို့နောက်ကို တောက်လျှောက်လိုက်နေတာပဲ၊ မယက ရုံးထဲမှာလည်း အင်အား အပြည့်ပဲ”ဟု ၎င်းက ပြောသည်။

ယမန်နေ့က လမ်းလျှောက်ဆန္ဒပြသူများကို အာဏာပိုင်များက အင်အားသုံး ဖြိုခွဲရန်ပြင်ဆင်ထားမှုကြောင့် ယနေ့တွင် အင်အားသုံးလာပါက မြို့လူထုက ၀င်ရောက်ကူညီရန် အသင့်အနေအထားရှိနေသည်ဟုလည်း ဒေါ်ခင်စောဌေးက ပြောသည်။

No comments: