သြဂုတ် ၁၅။ ရဲနီထက်/ ဟစ်တိုင်
၂၀၀၅ နှောင်းပိုင်းကလည်း ဓာတ်ဆီနှင့် ဒီဇယ်ဈေးများကို မူလဈေးထက် ကိုးဆခန့် တိုးမြှင့်၍ ၁၅၀၀၊ ၁၆၀၀ ထိ သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ၀န်ထမ်းများအား လစာ တိုးမြှင့်ပေးခဲ့သည်။ ယခုအချိန်တွင်မူ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို မသိရသေးပေ။
မြန်မာနိုင်ငံတွင် စစ်အစိုးရက ဓာတ်ဆီ တဂါလံ ကျပ် ၁၅၀၀ မှ ၂၅၀၀၊ ဒီဇယ်ဆီတဂါလံ ကျပ် ၁၅၀၀ မှ ၃၀၀၀၊ စီအမ်ဂျီ တအိုးဖြည့် ကျပ် ၇၀၀ မှ ၃၅၀၀ ထိ ရုတ်တရက် တိုးမြှင့်လိုက်သည်။
ဓာတ်ဆီမှာ ပြင်ပမှောင်ခိုဈေးတွင် ၄၈၀၀ ထိ ထိုးတက်သွားသည်။ ကြိုတင် ကြေညာခြင်း မရှိဘဲ ၀ုန်းခနဲ ဈေးနှုန်းများ ထိုးတက်လိုက် သဖြင့် လမ်းပန်းသွားလာရေးနှင့် ယာဉ်စီးခ နှုန်းထားများပါ ကမောက်ကမ ဖြစ်သွားသည်။
"လူတွေဟာ အများကြီးပဲ၊ ဘတ်စ်ကားဂိတ်မှာ စောင့်နေရတယ်။ ဘတ်စ်ကားတွေက ကားဂိတ်တိုင်းမှာ မရပ်တော့ဘဲ ခရီးသည် ရပ်မယ့် ဂိတ်တွေမှာပဲ ရပ်တော့တယ်။ ခရီးသည် ဆင်းမယ့် ဂိတ်တွေမှာ ရပ်တော့လဲ ခရီးသည်တွေက စုပြုံပြီး ဘတ်စ်ကားပေါ် အတင်း တက်လာတာယ်။ ဓာတ်ဆီဈေးတွေ တက်နေတော့ ဘတ်စ်ကားတွေရော တက္ကစီလေးတွေ ဆွဲနေတဲ့ သူတွေရော ဘယ်ဈေးနဲ့ ဆွဲရမလဲဆိုတာ မသိတော့လို့ တချို့ဘတ်စ်ကားတွေ တက္ကစီသမားတွေ အိမ်မှာပဲ ရပ်နေတော့တယ်"ဟု အစိုးရ၀န်ထမ်း အမျိုးသမီး တဦးက ပြောကြားသည်။
"ကားတွေကလဲ သူတို့ သတ်မှတ်ထားတဲ့ ကားစီးရေအတိုင်း မထွက်နိုင်ဘူး။ မထွက်နိုင်လို့ ဘတ်စ်ကားဂိတ်တိုင်း ဂိတ်တိုင်းမှာ လူတွေ ပြုံနေတယ်။ ရောက်လာတဲ့ ဘတ်စ်ကားကလဲ လူတွေ အရမ်းများလို့ မတင်နိုင်တော့လို့ မောင်းမောင်းပြေးကြတယ်" ဟု ဆက်ပြောသည်။ ၂၀၀၅ နှောင်းပိုင်းကလည်း ဓာတ်ဆီနှင့် ဒီဇယ်ဈေးများကို မူလဈေးထက် ကိုးဆခန့် တိုးမြှင့်၍ ၁၅၀၀၊ ၁၆၀၀ ထိ သတ်မှတ်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ၀န်ထမ်းများအား လစာ တိုးမြှင့်ပေးခဲ့သည်။ ယခုအချိန်တွင်မူ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်မည်ကို မသိရသေးပေ။
ယခုလို ဓာတ်ဆီဈေး တက်သည့်အတွက်ကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်စကများ ထိုးတက်လာဖွယ် ရှိသည်။
"လူတွေကလဲ ပုံ၊ ကားတွေကလဲ မရှိ၊ ထွက်နိုင်တဲ့ ကားတွေကလဲ လမ်းဘေးမှာ ဒီတိုင်း ရပ်ထား၊ နာရီဝက်လောက်ပဲ သွားရမယ့် ခရီးကို လူတယောက်ကို အနည်းဆုံး တနာရီ တနာရီခွဲလောက် ကားကို စောင့်နေရတယ်။ ကြို့ကုန်းကနေ ရန်ကုန်မြို့ထဲ၊ လှည်းတန်းက မြို့ထဲကို တက္ကစီငှားရင် အရင်က ၂၀၀၀ လောက် ပေးရမယ့် ခရီးက ခုဆို ၆၀၀၀၊ ၈၀၀၀ လောက် တောင်းနေ ပါတယ်။ ဒီနေ့မနက်မှာ လူတွေက အကြီးအကျယ် ဒုက္ခရောက်နေတယ်"ဟု အစိုးရ၀န်ထမ်း အမျိုးသမီးက ပြောကြားသည်။
လတ်တလော ကြားရသည့် သတင်းအရ ရန်ကုန်နှင့် မန္တလေးတွင် ဘတ်စ်ကားခများမှာ အနီးဆုံးခရီးသွားခ ၁၀၀ သာ ယူရာမှ ၂၀၀ သို့ ခုန်တက်သွားကြောင်း သိရှိရသည်။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.hittaing.org/news/ ကနေ ယူတယ်။
No comments:
Post a Comment