Monday, August 20, 2007

- request

ကျနော့်ဆီ ရောက်လာတဲ့ စာတစ်စောင်ဗျာ။ ရန်ကုန်မြို့က မိတ်ဆွေများ သိရှိပြီး ပါဝင်လှုပ်ရှားနိုင်ဖို့ လက်ဆင့်ကမ်းလိုက်ခြင်းပါ။ ခင်ဗျားရဲ့ မိတ်ဆွေတွေကိုလည်း လက်တို့လိုက်ပါဦး ကျေးဇူးပြု၍။
အကျီင်္အဖြူရောင် ၀တ်ခဲ့ကြပါ တဲ့။ ငြိမ်းချမ်းစွာ စုဝေးကြပါမယ် တဲ့။



အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု ကော်မတီ
ကြေညာချက် အမှတ်(၁)
၂၀၀၇ ခုနှစ် သြဂုတ်လ (၁၉)ရက်


၁။ စစ်အာဏာရှင်အုပ်စုနှင့် ဆွေမျိုးအသိုင်းအ၀န်းများ၊ ၄င်းတို့၏ ခါးပိုက်ဆောင် ခေတ်ပျက်သူဌေးစာရင်းဝင် အခွင့်ထူးခံလုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများ၊ ပါမစ်တောင်းစားနေသူများ၊ ဘယ်သူသေသေငတေမာပြီးရော ဆိုသည့် ကိုယ်ကျိုးရှာ စီးပွားရေးသမားများမှ အပ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးသည် ယနေ့ချိန်ခါတွင်
အထွေထွေ ကုန်ဈေးနှုန်း ကြီးမြင့်မှုအပါအ၀င် စားဝတ်နေရေးဆိုင်ရာအထွေထွေ ဆင်းရဲမွဲတေမှုအပေါင်းနှင့် အငတ်ဘေးကိုရင်ဆိုင်နေကြရပါသည်။

၂။ ထို့ကြောင့် အငတ်ဘေးရင်ဆိုင်နေကြရသော အခြေခံလူတန်းစားအလွှာမှ ရဟန်းရှင်လူပြည်သူများ၊



ဝန်ထမ်းများ၊ ကျောင်းသားလူငယ်များသည် မိမိတို့ ကြုံတွေ့ခံစားနေကြရသော လူမှုဆင်းရဲဒုက္ခအပေါင်းကို အကြမ်းမဖက်သော လူထုလှုပ်ရှားမှုအသွင်ဖြင့် ရသင့်ရထိုက်သော၊ ခံစားသင့်ခံစားထိုက်သော အခွင့်အရေးများကို ငြိမ်းချမ်းစွာတောင်းဆိုရန်အတွက် ၂၀၀၇ ခုနှစ် သြဂုတ်လ (၂၃)ရက်နေ့ နေ့လည်(၁)နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက် လူထုလှုပ်ရှားမကြီးကို အောက်ပါ အစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

(က) နေ့လည် (၁)နာရီ တိတိတွင် လူထုလှုပ်ရှားမှုအခမ်းအနား စတင်ကြောင်းကြေညာခြင်း၊

(ခ ) နိုင်ငံတော်အလံအား အလေးပြုခြင်း၊

(ဂ) ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊

(ဃ) ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် အသက်ပေးသွားသူများကို (၁)မိနစ် ငြိမ်သက် ဦးညွှတ်ခြင်း၊

(င) ပြည်သူ့အချစ်တော် သရုပ်ဆောင်ဒါရိုက်တာ တစ်ဦးမှ လွမ်းရေးထက်ဝမ်းရေးခက်၊ ၀မ်းရေးထက် ပြည်ထဲရေးခက် ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)

(စ) ၀ါရင့် သတင်းစာဆရာဟောင်းတစ်ဦး မှ မြန်မာနိုင်ငံ. ဈေးကွက်စီးပွားရေးအရှုပ်တော်ပုံ
ဇာတ်လမ်းစုံ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၅-မိနစ်)
(ဆ) ရဟန်းတော်တစ်ပါး မှ အူမတောင့်ခြင်းနှင့်သီလစောင့်ခြင်း ခေါင်းစဉ်ဖြင့် ဟောကြားခြင်း၊ (၁၀-မိနစ်)

(ဇ ) အိမ်ရှင်မတစ်ဦး၏ ကူးစက်မြန် ကုန်ဈေးနှုန်းတုပ်ကွေး ဗိုင်းရပ်စ်ပိုး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၀-မိနစ်)

(ဈ ) ကျောင်းသားလူငယ်တစ်ဦး မှ မတူညီသောမုန့်ဖိုးများ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ (၁၀-မိနစ်)

(ည) တက်ရောက်လာသော ပြည်သူလူထုထဲမှ ရင်ဖွင့်လိုသူ(၃)ဦး. ဟောပြောချက်များ၊ (၁၀-မိနစ်စီ)

အထူးအစီအစဉ်

အထူးဖိတ်ကြားထားသူ (၃)ဦး. ဟောပြာချက်များ၊( မိနစ်-၂၀ စီ)၊
အခမ်းအနားကို ကမ္ဘာမကြေသီချင်း သံပြိုင်ဆို၍ ရုပ်သိမ်းမည်၊

၃။ အခမ်းအနားသို့ တက်ရောက်ကြမည့် ပြည်သူလူထုကြီးအနေဖြင့် အကျီင်္အဖြူရောင်များ ၀တ်ဆင်လာကြပါရန် မေတ္တာရပ်ခံ နှိုးဆော်အပ်ပါသည်။

အငတ်ဘေးလွတ်မြောက်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှု ကော်မတီ

No comments: