Friday, August 31, 2007

strike impact on patient

အိပ်ခ်ျအိုင်ဗီ လူနာများလည်း အခက်ကြုံနေ
ဧရာဝတီ | သြဂုတ် ၃၁၊ ၂၀၀၇


လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများ အဆမတန် ထိုးတက်သွားသည့်အတွက် အိပ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ်
ဝေဒနာရှင်များ ဆေးဝါးကုသရာတွင် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
အာဏာပိုင်များ၏ ဖမ်းဆီးရန် စောင်ကြည့်နေခြင်းကို ရှောင်တိမ်းနေရသူ ယင်းဝေဒနာရှင်များကို ကူညီ စောင့်ရှောက်နေ သည့် မဖြူဖြူသင်းက “အခုဆို ဝေဒနာရှင်တွေဟာ သူတို့ အသက်ရှင်ဖို့ အတော် ခက်ခက်ခဲခဲ ရပ်တည်နေကြရတယ်”ဟု ဧရာဝတီသို့ တယ်လီဖုန်းမှတဆင့်ပြောသည်။


အဆိုပါ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များ သောက်နေရသည့် တလ အတွက် အေအာဗီ ဆေးမှာ ယခင် ကျပ် ၃၀၀၀၀ ခန့် ရှိရာမှ ယခု ကျပ် ၃၇၀၀၀ ခန့်ဖြစ်နေပြီး ရန်ကုန်မြို့ပြင်တွင် နေထိုင်သည့် ဝေဒနာရှင်များအနေဖြင့်လမ်းစရိတ် မတတ်နိုင်သော ကြောင့် မြို့တွင်းသို့ လာရောက် ထုတ်ယူ ကုသရန် အလွန်အခက်အခဲဖြစ်နေကြသည်ဟုလည်း မဖြူဖြူသင်းက ပြောဆိုသည်။

ယခုကဲ့သို့ အာဏာပိုင်များ၏ စောင့်ကြည့်နေမှု မတိုင်ခင်က မဖြူဖြူသင်း ကူညီစောင့်ရှောက်နေသည့် ဝေဒနာရှင် ၂၀၀ ခန့်ရှိပြီး ယင်းဝေဒနာရှင်များသည် ၎င်းတို့ တည်းခိုနေထိုင်ရန် စီစဉ်ပေးထားသည့် ရန်ကုန် မြို့ပြင်မှ မြို့တွင်းသို့
ဆေးဝါးလာရောက် ထုတ်ယူ ကုသမှုခံနေကြသူများဖြစ်သည်ဟု သိရသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသော အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင် တနေ့လျှင် ၁၀ ဦးခန့်ကို ကူညီစောင်ရှောက်ပေးနေသူ မဖြူဖြူသင်းနှင့် တွေ့ရှိပါက ၎င်းတို့အားအကြောင်းကြားရန် ဒေ၀နာရှင်များကို အာဏာပိုင်များက နှိုးဆော်ထားကြောင်း၊ ယခုအချိန်တွင် ၎င်းနှင့် ဆန္ဒပြရာတွင် ဦးဆောင်သူ အမျိုးသမီး ၃ ဦးအားကို စစ်တပ်က အပူတပြင်း ရှာဖွေလျှက်ရှိကြောင်း လည်း မဖြူဖြူသင်းကပြောပြသည်။


(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/August/aug_31b_07.html ကနေ ယူတယ်။)



No comments: