သျှမ်းသံတော်ဆင့်သတင်းစဉ်
နအဖစစ်ဗိုလ်က ကျောင်းထိုင်ဘုန်းကြီးအား မူးယစ်ဆေးသုံးသည်ဟု စွပ်စွဲပြီး နှင်ထုတ်
သြဂုတ်လ ၁၅ ရက်နေ့၊ ၂၀၀၇ ခုနှစ်
ဇွန်လကုန်က သျှမ်းပြည်မြောက်ပိုင်း တန့်ယန်း အခြေစိုက် ခလရ ၃၃ ၏ နားကော်ရွာ တပ်စခန်းမှ ဗိုလ်ကျော်မြင့်သည် မိုင်းလုံအုပ်စု နားကော်ရွာ ကျောင်းထိုင် ဆရာတော်အား မူးယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်းမဲ့ စွပ်စွဲပြောဆိုပြီးနောက် ဆရာတော်အား အခြားနေရာသို့ ပြောင်းရွှေ့ရန် သို့မဟုတ် လူဝတ်လဲရန် ပြောခဲ့ကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။
No comments:
Post a Comment