Thursday, August 23, 2007

celebrities' talk

လက်ရှိလူထုလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ထင်ရှားသူတချို့ရဲ့ ပြောကြားချက်

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ
ဘီဘီစီသတင်းဌာန သြဂုတ် ၁၈

“အဲဒီသတင်း ကြားတဲ့အတွက် ကျနော်ကတော့ ဒါ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ ထောက်ခံပါတယ်။ အားလုံးက

စားဝတ်နေရေးက ကြပ်တည်းနေပြီ။ ကြပ်တည်းနေချိန်မှာ ဆီဈေးတက်လာပြီဆိုရင် စရိတ်စကတွေအကုန်လုံး တက်လာပြီ။ အဲဒီတော့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စလို့ ကျနော် ခံယူပါတယ်။”


လူထုဆန္ဒပြပွဲတွေအပေါ် ငြိမ်းချမ်းရေး ကဗျာစာဆိုကြီး ဒဂုန်တာရာရဲ့ ပြောဆိုချက်
ဒီဗွီဘီသတင်းဌာန သြဂုတ် ၂၃


“အခုဖြစ်နေတာကတော့ ကျနော် အကဲခတ်မိသလောက်ကတော့ ၊ သဘာဝပဲဗျ၊ လူတွေကြပ်တည်းလာလို့ စားဝတ်နေရေး မပြေလည်လို့ မခံနိုင်တဲ့ အဆုံးပေါ့ဗျာ၊ ဆန္ဒပြတယ်လို့ ကျနော်ကတော့ နားလည်လိုက်တာပဲ။ ၈၈ ပုံစံ ထပ်တူထပ်မျှတော့ ဖြစ်ချင်မှ ဖြစ်မယ်ဗျ၊ ကျနော်တိုဏ္ဍ ကျောင်းသားဘ၀ပေါ့ဗျာ၊ ၃၈၊ ၃၉၊ ၁၃၀၀ပြည့် အရေးတော်ပုံ သဘောမျိုးပဲဗျ။ ဒီသဘောမျိုးပဲ ဖြစ်မှာပဲ။ ဒီသဘောမျိုးပဲ။


အခုဖြစ်တာလည်း ဒီသဘောမျိုးဖြစ်မှာပဲ၊ ဖြစ်တဲ့ ပုံစံကတော့ တဟုန်ထဲတော့ ဖြစ်ချင်လဲ ဖြစ်မယ်၊ တဟုန်ထဲ မဖြစ်သည့်တိုင်အောင် တဖြည်းဖြည်း တငွေ့ငွေ့နဲ့တော့ လှုပ်ရှားမှုဟာ ကျယ်ပြန့်လာလိမ့်မယ်လို့ ကျနော်တော့ ထင်တာပဲ၊ အခုတောင် တော်တော်ကျယ်ပြန့်လာလို့ ကြားရတာလေ။”

“ကျနော်တော့ အဲဒီလိုပဲထင်တယ်၊ ဖြစ်သွားမယ်၊ အပြောင်းအလဲကတော့ ဖြစ်မှာပဲ၊ ဖြစ်ချင်နေတာက ကြာပြီလေ၊ စတဲ့လူမရှိလို့သာ၊ အပေါ်ယံ ဘာခေါ်လဲ မီးခဲ ပြာဖုံးဆိုတဲ့ ဆိုရိုးရှိတယ်လေ၊ မီးတော့ မီးခဲပဲ၊ ပြာတွေဖုံးထားတော့ မမြင်ရဘူး၊ ပြာတွေ လွင့်လာပြီ တဖြည်းဖြည်းနဲ့ မြင်ရတော့မှာပဲဗျ၊ မှန်းဆတာ ခက်တယ်ဗျ၊ နယ်တွေပါ ပါလာပြီပဲဗျ၊ အဲဒါဆိုရင် ဒါ ကြီးကျယ်လာမှာပဲ၊ ကျနော်ထင်တာလေ၊ တဖြည်းတဖြည်းနဲ့ ဖိနှိပ်တဲ့ အရှိန်ပေါ်မှာ ပြန်ခုခံတဲ့ အရှိန်ကလဲ တက်တာပဲဗျ၊ ဒါကတော့ ကျနော်တို့ သဘာဝပဲ။”


No comments: