Friday, August 17, 2007

bni news on aug 16

ထောင်သားများ စစ်မြေပြင်တွင် အထမ်းသမားအဖြစ် အသုံးပြုခံရ
ကန္တာရ၀တီတိုင်း(မ်)
သြဂုတ်လ ၁၇ ရက်၊ ၂၀၀၇

မြန်မာစစ်တပ်များ နှစ်ရှည်အကျဉ်းသားများကို စစ်မြေပြင်တွင် အထမ်းသမားအဖြစ် အသုံးပြုလျက်ရှိသည်ဟု ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာသူ နှစ်ရှည်ထောင်သား တဦးက ပြောသည်။

မြန်မာ့ဒုက္ခသည်များအတွက် တတိယမြောက် စခန်းကို နီလာတွင် တည်ဆောက်မည်
မောင်သစ်အောင်/
နိရဉ္စရာသတင်း သြဂုတ်လ ၁၇ ရက်၊ ၂၀၀၇


မြန်မာ့စစ်အစိုးရ နှိပ်စက်မှုများကြောင့် ဘင်္ဂလာနယ်စပ်သို့ ရောက်ရှိနေကြသော တာခ်နာလမ်းဘေးရှိ မြန်မာ့ဒုက္ခ သည်များအတွက် တတိယမြောက် စခန်းတခုဆောက်လုပ်ရန် UNICEF မှကိုယ်စားလှယ် မစ္စတာ လီ-ဇော့စ် ဦးဆောင်ပြီး သြဂတ်(စ်)လ ၁၅ ရက်နေ့က နီလာမြို့နယ်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး စခန်းကို ဆောက်လုပ်ရန် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

မိုးနှင့်လေပြင်းကြောင့် ဒုက္ခသည်များ စိုးရိမ်နေရ
အောင်မိုးမြင်/
သတင်းနှင့်မီဒီယာကွန်ယက် သြဂုတ်လ ၁၇ ရက်၊ ၂၀၀၇

မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခိုက်မှုများကြောင့် မြေပြိုခြင်းနှင့် သစ်ပင်ကြီးများ လဲကျမည်ကို ကရင်နီဒုက္ခသည် စခန်းရှိ ဒုက္ခသည်များ စိုးရိမ်နေကြသည်။

အ၀တ်အထည်များ ပေးလှူရာသို့ ဒေသအာဏာပိုင်များ နှောင့်ယှက်
မဇ္ဈိမသတင်းဌာန သြဂုတ်လ ၁၆ ရက်၊ ၂၀၀၇

ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်အတွင်းရှိ ဆင်းရဲသားများကို လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးနှင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များက ယခုလ ၁၄ ရက်နေ့က အ၀တ်အထည်များ သွားရောက် ပေးလှူရာတွင် ဒေသခံ အာဏာပိုင်များက ပစ္စည်းများကို လုယက်ယူငင်ကာ ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့သည်။

နအဖစစ်သား ရွာသားအား ဓါးဖြင့်ဝင်ခုတ် ဒဏ်ရာ အချက် ၃၀ ကျော်ချုပ်ရ
သျှမ်းသံတော်ဆင့်သတင်းစဉ် သြဂုတ်လ ၁၆ ရက်၊ ၂၀၀၇
ဇူလိုင်လနှောင်းပိုင်းက သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်၌ ရွာသားထံ ပြောင်းဖူး တောင်းသည်ကို မရသဖြင့် အရက်မူးသည့် နအဖ စစ်သားတစ်ယောက် ရွာသားမျက်နှာကို ဓါးဖြင့်ခုတ်ရာ ဒဏ်ရာအား အချက် ၃၀ ကျော် ချုပ်လိုက်ရကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

Friendship အထည်စက်ရုံ မီးလောင်၊ လူ ၂ ဦးသေဆုံး
မဇ္ဈိမသတင်းဌာန သြဂုတ်လ ၁၆ ရက်၊ ၂၀၀၇

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ အမှတ် (၂) အတွင်းရှိ ဦးအောင်သူလမ်း အမှတ် ၁၆၃ တွင် တည်ရှိသော Friendship ကလေးအ၀တ် အထည်စက်ရုံတွင် ယခုလ ၁၅ ရက်နေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားသဖြင့် စက်ရုံတခုလုံး မီးထဲပါသွားကာ ကားမောင်းသမား ၂ ဦး သေဆုံးပြီး ၈ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

No comments: