Wednesday, August 22, 2007

strikes in rgn ( hittaing news )

ရန်ကုန် ဆန္ဒပြပွဲ
သြဂုတ် ၂၂။ ဒဂုံသား၊ HT

ယနေ့ နေ့လယ် ၂ နာရီကျော်တွင် လမ်းလျှောက်ဆန္ဒပြသူ နော်အုန်းလှနှင့် ခုနစ်ယောက်ကို ပါရမီလမ်းနှင့် အင်းစိန်လမ်းထောင့် ဘုရားလမ်းအကျော်တွင် ဖမ်းဆီးသွားကြောင်း ဖမ်းဆီးစဉ်က အနီးတွင် မျက်မြင် တွေ့လိုက်သူ ၈၈ ကျောင်းသားအဖွဲ့မှ ကိုလှမျိုးနောင်က အတည်ပြု ပြောကြားသည်။ ဆန္ဒပြပွဲ ဦးဆောင်သူများ ဖြစ်သည့် မဖြူဖြူသင်း၊ မမီးမီးနှင့် မနီလာသိန်းတို့မှာ လွတ်မြောက်နေဆဲ ဖြစ်သည်။

မနီလာသိန်းမှာ ခင်ပွန်းသည် ကိုဂျင်မီကို ဖမ်းဆီးပြီးနောက် အိမ်ကို နှစ်ခါပြန် ရှာဖွေခံရပြီးနောက် နံနက် ၅ နာရီတွင် နေအိမ်မှ ရှောင်တိမ်းသွားသော်လည်း နံနက်ခင်းတွင် ပြန်ပေါ်လာကာ ဆန္ဒပြပွဲကို ပါဝင် ဦးဆောင်ခဲ့သည်။ မြေနီကုန်းမှ သမိုင်းလမ်းဆုံထိ ချီတက် ဆန္ဒပြပွဲတွင် လူအင်အား ရာဂဏန်းမှ တဖြည်းဖြည်း များပြားလာပြီး သမိုင်းလမ်းဆုံတွင် မမီးမီး တရားဟောကြားချိန်တွင် အင်အား ထောင်ကျော် ရှိနေသည်ဟု သိရသည်။


သမိုင်းလမ်းဆုံအရောက် ချီတက်စဉ် လမ်းဘေးဝဲယာမှ လူထုက လက်ခုပ်တီး၍ အားပေးကြပြီး ထောက်လှမ်း ရေးများကလည်း ဆိုင်ကယ်နှင့် လိုက်လံ စောင့်ကြည့် လျက် ရှိသည်။

၈၈ ကျောင်းသားများအဖွဲ့မှ ကိုဌေးကြွယ်နှင့် ကိုလှမျိုး နောင်တို့လည်း ယနေ့ ဆန္ဒပြပွဲ လှုံ့ဆော်ရာတွင် ပါဝင် ခဲ့ကြသည်။

၁၉၉၆ ကျောင်းသားအရေးအခင်းတွင် သတ္တဗေဒ ဂုဏ်ထူးတန်း ကျောင်းသူဘ၀ဖြင့် ထောင်ခုနစ်နှစ် ကျခဲ့သော မမီးမီး (သင်းသင်း အေး)က ပါရမီလမ်းဆုံတွင် လူထုကို တရားဟောသည်။ ဆန္ဒပြပွဲ ဦးဆောင်သူများအနက် မမီးမီးနှင့် မနီလာသိန်းတို့မှာ သာယာဝတီ ထောင်ထွက် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်ပြီး မဖြူဖြူသင်းမှာ မေလ ဆုတောင်းပွဲများကြောင့် အဖမ်းခံရရာမှ လွတ်မြောက် လာစ အိပ်ခ်ျအိုင်ဗီ ဝေဒနာသည်များကို ကူညီစောင့်ရှောက်နေသူ ဖြစ်သည်။



(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.hittaing.org/news/ ကနေ ယူတယ်။)

No comments: