Wednesday, August 15, 2007

news stories on BNI web

(ဘလော့ဂါမှတ်ချက် -BNI၀က်ဆိုက်မှာတွေ့ရတဲ့ သတင်းတွေ တင်ပေးလိုက်တယ်ဗျာ။ သတင်းဌာနနာမည်ကို ကလစ်လုပ်ပြီး ဖတ်ပါဦး။ ဖတ်လို့ ရကြရဲ့လား။ မရရင်တော့ တစ်ပုဒ်ချင်း တင်ပေးပါ့မယ်။ အပြည့်အစုံဖတ်ဖို့ Read more ကို နှိပ်ပါ။)


သတင်းနှင့်မီဒီယာကွန်ယက်
လောင်စာဈေး ရုတ်တရက်မြှင့်၍ ခရီးသွားများ အခက်တွေ့
သြဂုတ်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာစစ်အစိုးရက လောင်စာဆီဈေးနှုန်းများကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ ၆၆ ရာနှုန်းမှ ၅၀၀ ရာနှုန်းအ ထိ မြှင့်တင်လိုက်၍ လိုင်းကားစီးခရီးသွား ပြည်သူများ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။
- နိရဉ္စရာသတင်း
တိုင်းမှူးခရီးစဉ်ကြောင့် ခရီးသွားပြည်သူများ ဒုက္ခဖြစ်
သြဂုတ်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။
အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် မောင်ရှိန်၏ များမကြာမှီက ပြုလုပ်ခဲ့သော ရခိုင်ပြည် မြောက်ပိုင်း ခရီးစဉ်အတွင်း ဒေသခံ စစ်တပ် တပ်ရင်များမှ လိုသည်ထက် ပို၍ လုံခြုံရေးကို တင်းကျပ်ခဲ့သဖြင့် ခရီးသွား ပြည်သူများမှာ အထူးဒုက္ခရောက် ခဲ့ကြရကြောင်း သတင်းရရှိသည်။ ။

နိရဉ္စရာသတင်း
မြန်မာမှတင်ပို့သော ငါးများကို ဘင်္ဂလာမှ Formalin နှင့် Calorie ပါသောကြောင့် ရပ်ဆိုင်းလိုက်ပြီ
မောင်သစ်အောင်
သြဂုတ်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာမှ ဘင်္ဂလာသို့တင်ပို့သော ငါးများကို ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက Formalin နှင့် Calorie ပါသည်ဟု သံသယရှိသဖြင့် လွန်ခဲ့ သော သြဂုတ်လ ၉ ရက်နေ့မှ စတင်ပြီး ပြန်လည် ရပ်ဆိုင်း လိုက်ကြောင်း တာခ်နာဆိပ်ကမ်းမှ တာဝန်ရှိသူ တဦးက နိရဉ္စရာသို့ ပြောသည်။

နိရဉ္စရာသတင်း
နှစ်(၄၀)မြောက် စစ်တွေဆန်ပြဿနာနေ့ အခန်းအနား ဒက္ကားတွင် ကျင်းပ
မောင်အေး
သြဂုတ်လ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။

နှစ်လေးဆယ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ (သို့မဟုတ်) သြဂတ်(စ်) ၁၃ အရေးတော်ပုံနေ့အား ပြည်ပရောက် ရခိုင်အင်အားစုများက စုပေါင်းပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်တွင် သြဂတ်(စ်) ၁၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

နိရဉ္စရာသတင်း
ရခိုင်အမျိုးသမီးများအစည်းအရုံး ဥက္ကဌဒေါ်စောမြရာဇာလင်းကို ဂျပန်နိုင်ငံ အခြေစိုက် အာရှဂျပန် အရင်းအမြစ်ဌာနမှ ဆုချီးမြှင့်
မောင်အေး
သြဂုတ်လ ၁၄ ရက်၊ ၂၀၀၇ ခုနှစ်။

ဂျပန်နိုင်ငံရှိ အမျိုးသမီးအဖွဲ့အစည်းတခုမှ ရခိုင်အမျိုသမီးများအစည်းအရုံး ဥက္ကဌ ဒေါ်စောမြ ရာဇာလင်းအား အမျိုးသမီးများအား ချီးမြှင့်သည့် ဆုတခုဖြစ်သည့် ယာယိုရီဆုကို ရွေးချယ်ပေးအပ် လိုက်ကြောင်း သတင်းရရှိသည်။

မဇ္ဈိမသတင်းဌာန
သကဆဖ အနေဖြင့် ကလေးစစ်သား မစုဆောင်း ဟု နီးစပ်သူက ငြင်းဆို
သြဂုတ်လ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။
ကချင်ပြည်နယ် ပူတာအိုဒေသ အခြေစိုက် သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့ (သကဆဖ) က စစ်သားသစ်များ လိုက်လံ စုဆောင်းရာတွင် ကလေးငယ်များပါ ပါဝင်နေသည် ဟူသော သတင်းသည် မှန်ကန်မှု မရှိဟု သကဆဖ နှင့် နီးစပ်သူ တဦးက ယနေ့တွင် ငြင်းဆိုလိုက်သည်။

မဇ္ဈိမသတင်းဌာန
အခွန်လျှော့ရန် မြန်မာကုန်သည်များက ထိုင်းအစိုးရကို တောင်းဆို
သန်းထိုက်ဦး
သြဂုတ်လ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာနယ်စပ်မြို့ မြ၀တီမှ ထိုင်းနယ်စပ်မြို့ မဲဆောက်သို့ တင်ပို့နေသည့် ကုန်ပစ္စည်းများကို အခွန်ပမာဏ လျှော့ချပေးရန် အတွက် မြန်မာကုန်သည်များက ထိုင်းအာဏာပိုင်များထံ ယခုလ ၁၀ ရက်နေ့တွင် ထိုင်းကုန်သည်များမှတဆင့် တောင်းဆို လိုက်သည်။

မဇ္ဈိမသတင်းဌာန
လားရှိုးမြို့ အများသုံး ဖုန်းရုံများရှိ ဖုန်းများ လိုင်းပိတ်လိုက်ပြီ
မျိုးကြီး
သြဂုတ်လ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။

ရှမ်းပြည် (မြောက်ပိုင်း) လားရှိုးမြို့ရှိ အများသုံး ဖုန်းရုံများတွင် အသုံးပြုနေသည့် GSM ဖုန်းများကို အာဏာပိုင်များက ယခု ရက်ပိုင်းအတွင်းက ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

No comments: