Wednesday, December 9, 2009

news from New Era Journal

0 comments
အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအတွက် ARV လိုအပ်ဆဲ
အောင်ထက်/ ၉ ဒီဇင်ဘာ ၂၀၀၉ ခေတ်ပြိုင်
http://www.khitpyaingnews.org/news/Dec09/091209f.php

အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူများအရေး ဆောင်ရွက်နေကြသည့် ရန်ကုန်မြို့အခြေစိုက် အန်ဂျီအိုများသည် တဖွဲ့နှင့်တဖွဲ့ ပွင့်လင်းရိုးသားစွာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြပြီး ARV ဆေးများ ပိုမိုဖြန့်ဖြူးနိုင်စေရန် ဆောင်ရွက်သင့်ကြောင်း အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသူ မဖြူဖြူသင်းက ပြောသည်။

“3D Fund အနေနဲ့ အန်ဂျီအိုတွေကို ပံ့ပိုးနေတာ ဘယ်လောက်ကြာပြီလဲ မသိပါဘူး။ ဒါပေမယ့် AZG သဇင်ဆေးခန်းတွေကို ARV ချပေးတာ (၂) လလောက်ပဲ ရှိပါသေးတယ်။ ဒါကလည်း အကန့်အသတ်နဲ့မို့ လူနာတွေအတွက် ထိရောက်မှု အားနည်းနေပါသေးတယ်” ဟု ၎င်းက ပြောသည်။

ဗြိတိန်၊ သြစတြေးလျ ဦးဆောင် အန်ဂျီအိုတခုဖြစ်သည့် 3D Fund သည် မြန်မာပြည်အခြေစိုက် အန်ဂျီအိုများ၊ AZG ကဲ့သို့ သာကေတ (သဇင်)၊ လှိုင်သာယာ (သဇင်)၊ အင်းစိန် (သဇင်) ဆေးခန်းများသို့ ယခုလပိုင်းများအတွင်း ARV ဆေးဝါးများ ထောက်ပံ့လျက်ရှိသည်။

လက်ရှိအခြေအနေတွင် သာကေတ (သဇင်) ဆေးခန်းရှေ့၌ ARV ဆေးဝါးရရှိရေးအတွက် ကြိုတင်စာရင်းပေးသွင်းရန် စောင့်ဆိုင်းနေသော ဝေဒနာရှင်တို့မှာ နံနက် (၅) နာရီခန့်ကတည်းက ရောက်ရှိနေကြကာ နံနက် (၈) နာရီ ဆေးခန်းဖွင့်သည်နှင့် စုပြုံတိုးဝှေ့ပြီး ARV စာရင်းဝင်ရန် နေ့စဉ် ကြိုးစားနေရသည်ဟု အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များက ပြောသည်။

လာရောက်တန်းစီနေကြသော ဝေဒနာရှင်အများစုမှာ ရန်ကုန်မြို့ရှိ ရတနာ့မေတ္တာ၊ ပဲခူးမြို့ရှိ မာရီစတုတ် အင်တာနေရှင်နယ်၊ ဖျာပုံမြို့ရှိ SEG ကဲ့သို့ အန်ဂျီအိုများနှင့် ဆေးဝါးရယူရာတွင် အဆင်မပြေ၍ ယခုကဲ့သို့ ရောက်ရှိလာကြသူများဖြစ်သည်။

“အေအိုင်ဒီအက်စ်လူနာ ဘယ်လောက်များများ တနေ့မှ (၁၀) ယောက်ပဲ စာရင်းသွင်းနိုင်တယ်။ တခါတရံ ဆရာဝန်နည်းတဲ့ ရက်ဆို (၅) ယောက် (၆) ယောက်ပဲ စာရင်းဝင်တယ်” ဟု တာဝန်ကျ သူနာပြုတဦးက ပြောသည်။

ARV စာရင်းဝင်ပါက ဆေးစမ်းပြီး တလအတွင်း ARV ဆေး ရာသက်ပန်ရရှိမည်ဖြစ်သည်။

အင်းစိန် (သဇင်) ဆေးခန်း၌ ဒီဇင်ဘာလကုန်အထိ လူနာစာရင်းပြည့်နေပြီး လှိုင်သာယာ (သဇင်) နှင့် သာကေတ (သဇင်) ဆေးခန်းတို့၌ ဆေးဝါးကိုယ်တာ အနည်းငယ် ကျန်ရှိနေသေးသည်ဟု သိရသည်။

အဆိုပါ အခြေအနေကြောင့် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်တို့သည် အစိုးရအသိအမှတ်ပြု သဇင်ဆေးခန်းများ၌ ARV ရရှိနိုး၊ အန်ဂျီအိုများထံမှ ARV ရရှိနိုး စမ်းတ၀ါးဝါးဖြင့် အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရသည်။

“အန်ဂျီအို အတော်များများဟာ လူနာတွေကို အတင်းကာရော Collect သာ လုပ်နေကြတယ်။ ARV ဆေးကို အလျဉ်မီအောင် ပေးနိုင်တာ မဟုတ်ဘူး။ သူတို့ကိုယ်တိုင် အလုံးစုံ အထောက်အပံ့ မပေးနိုင်ဘဲ လူနာတွေကို ဘယ်ကို မသွားရ၊ ဘယ်သူနဲ့ မဆက်သွယ်ရနဲ့ ချုပ်ကိုင်ထားကြတယ်။ ဒီတော့ ARV နဲ့ သက်တမ်းထိန်းနေရတဲ့ လူနာတွေဟာ စိတ်ဓာတ် တစစပျက်ယွင်းလာပြီး တဖြုတ်ဖြုတ်သေနေတယ်” ဟု မဖြူဖြူသင်းက ပြောသည်။

ရန်ကုန်မြို့၌ အိပ်ခ်ျအိုင်ဗွီ ဝေဘာဂီ ကူးစက်ဆေးရုံ၊ မင်္ဂလာဒုံ ကူးစက်ဆေးရုံတို့ရှိပြီး တနေ့လျှင် ပျမ်းမျှ လူနာ (၅၀) ခန့် သေဆုံးလျက်ရှိကြောင်း၊ ဆေးရုံဆေးခန်းမရောက်ဘဲ လူမသိ သူမသိ အသေခံနေသူတို့နှင့်ဆိုလျှင် တနိုင်ငံလုံး အတိုင်းအတာအရ နေ့စဉ် လူနာ ထောင်ချီ သေဆုံးဖွယ်ရှိသည်ဟု ပြည်တွင်းမှ အထူးကုဆရာဝန်ကြီးတဦးက သုံးသပ်သည်။

Friday, December 4, 2009

The faces of two HIV positive patients

0 comments
by Phyu Phyu Thin
http://www.mizzima.com/edop/commentary/3089-the-faces-of-two-hiv-positive-patients.html

Friday, 27 November 2009 07:58

I would like to tell you the stories of two hapless and vulnerable HIV patients in Burma.

The first is a female farmer hailing from Magwe Division. She contracted the deadly virus from a blood transfusion after being admitted to a hospital for a miscarriage. Not knowing how she contracted HIV, she accused her husband of having unprotected extra-marital sex. She did not accept her husband's protestations and continued with her accusations against him.

The truth only set in once two visitors appeared at their home with frail bodies covered with sores. They had come to apologize and disclose that they had donated blood to the hospital before learning of their own HIV positive status. Both husband and wife were shocked and stunned. Our network member, Ko Parlay, then visited them and provided counseling services. After that, they were sent to me.

In this way, this lady reached me in Rangoon. She had no place to stay. Staying at a monastery was not convenient, so she was sent to a home owned by my father and to the AZG clinic run by Medicines Sans Frontier (MSF) – where she was provided with ARV, an HIV medication.

Initially, the medicine drove her insane. She would run through the streets naked.

At the time of the blood transfusion she received six bottles of blood. The hospital charged 20,000 kyats (US$ 20) for a screening test per bottle. So, she had to pay a total of 120,000 kyats to the hospital for this service.

"I can't understand. I can't understand the virus infected me through the blood transfusion. You said the virus infected me through a blood transfusion. It means I bought this disease with my 120,000 kyats," she told me.

Unfortunately, as I came to learn, the tainted blood was in a 'window period' with no detectable anti-bodies at the time of the screening test.

The second story I wish to relate involves a little child. He was only five when I met him, and had also contracted the virus through a blood transfusion. He was so lovely. His father is a Lance Corporal and his mother a school teacher. He had been admitted to Mingaladon Military Hospital with dengue fever.

His blood donor was a friend of his father’s and an individual donor on some 60 previous occasions. But no one knew he had unprotected sex with a sex worker before he gave his blood to this little child. The blood donor did not reveal the incidence to the doctors on duty, and the blood of such a well-known and regular donor was assumed to be safe.

A blame game ensued between the child's father and doctors. The hospital claimed the parents had infected the child.

I rushed with the parents to the National Blood Test Centre in order to protect them from an incorrect blood test report by the hospital. The subsequent blood tests came back negative.

I assisted them in suing the doctors and lodging a complaint with a child rights organization.

Eventually, his nun grandmother took him from us, saying everything that had happened to him was due to his pre-determined destiny. I was taken aback by the passivism of our people.

These stories are but two of the multitude of cases that have been brought to by attention.

(The writer is a member of the National League for Democracy (NLD) and a leading member of an HIV/AIDS awareness program)

Tuesday, December 1, 2009

RFA news on Dec 01, 2009

0 comments

NLD အေအိုင်ဒီအက်စ်နေ့ အခမ်းအနား
2009-12-01 RFA

ဒီဇင်ဘာလ ၁ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့မှာ မြန်မာနိုင်ငံအတွင်း အိပ်ခ်ျအိုင်ဗီ ဝေဒနာသည်တွေကို အကူအညီပေးနေတဲ့ အန်အယ်လ်ဒီအဖွဲ့ဝင် လူငယ်တွေဖြစ်တဲ့ ကိုရာဇာနဲ့ မဖြူသင်းတို့က ခုခံအားကျဆင်းမှုရောဂါ ကူးစက်ခံရတဲ့ ဝေဒနာသည်တွေအတွက် အခမ်းအနားတရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်မှာ ကျင်းပပေးခဲ့ပါတယ်။

ဒီအခမ်းအနားမှာ ရောက်နေတဲ့ ကိုရာဇာက သူတို့ ကြိုးပမ်းလုပ်ဆောင်နေရပုံနဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲကို အာအက်ဖ်အေကို အခုလိုပြောပြပါတယ်။

ကိုရာဇာ။ ။'အခုလက်ရှိ ကျနော်တို့မြန်မာနိုင်ငံမှာ တခြားအဖွဲ့အစည်းတွေတော့ မပြောတတ်ဘူးဗျ။ လူသားချင်း စာနာမှုဆိုင်ရာ ဖြစ်စဉ်ကြီးထဲကနေ ကျနော်တို့ကို ဖယ်ထုတ်တယ်။ အစိုးရကလည်း ဖယ်ထုတ်တယ်၊ အန်ဂျီအိုတွေကလည်း ဖယ်ထုတ်တယ်။ ထုနဲ့ထည်နဲ့ ကျနော်တို့ ဒီထဲမှာ ပါဝင်ပတ်သက်နေတယ်။ ကျနော်တို့ကို အတင်းဖယ်ထုတ်လို့ မရဘူး။ ကျနော်တို့ကို ဖယ်ထုတ်လိုက်ရင် ဆိုးကျိုးတွေ အများကြီး ဖြစ်လာလိမ့်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအခမ်းအနားလေးကိုလုပ်တာပါ။ လူတွေစိတ်ထဲမှာ ရှိနေတဲ့ ဒီရောဂါဝေဒနာသည်တွေအပေါ် မြင်တဲ့ ဆိုးရွားနေတဲ့အမြင် တွေကိုလည်း ဖယ်ထုတ်ဖို့လိုတယ်။ အများကြီးပဲ လိုအပ်တာတွေက။ ကျနော်တို့ အကုန်လုပ်ရမယ်ဗျ။ ကျနော်တို့ကို အန်အယ်လ်ဒီက နိုင်ငံရေးသမားတွေ ဘာညာ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ကို ဘယ်အဖွဲ့အစည်းကမှ မချဉ်းကပ်ဘူး၊ ဘယ်သူကမှလည်း ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိဟန်မတူဘူး။ အဲလို ဖြစ်နေတယ်။ ကျနော်တို့ကတော့ မည်သူနဲ့မဆို ပေါင်းမယ်။ အစိုးရနဲ့လည်း ပေါင်းမယ်။ အန်ဂျီအိုနဲ့လည်း ပေါင်းမယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာမိတ်ဆွေတွေနဲ့လည်း ပေါင်းမယ်။ သို့သော် ကျနော်တို့ဆီကို မချဉ်းကပ်ကြဘူး၊ အဲလို ဖြစ်နေတယ်'

AIDS ဝေဒနာသည်တွေကိုအကူအညီပေးနေတဲ့ အန်အယ်လ်ဒီလူငယ် ကိုရာဇာပြောသွားတာပါ။

မဖြူဖြူသင်းကလည်း လူနာတွေအတွက် သူတို့အကူညီပေးနေတဲ့ နေရာမှာ အင်အား မလုံလောက်တာကြောင့် အစိုးရအနေနဲ့ရော နိုင်ငံတကာ အနေနဲ့ပါ အကူအညီတွေ ပေးစေချင်ကြောင်း ပြောပြပါတယ်။

မဖြူဖြူသင်း။ ။'ဝေဒနာ ခံစားနေရတဲ့ လူတွေအတွက်ကို အကူအညီ အများကြီး လိုအပ်နေတာ ရှိပါသေးတယ်။ အဓိကကတော့ အေအာရ်ဗွီ ဆေးဝါးတွေ အများကြီး လိုအပ်နေသေးတယ်။ နောက် အခုလက်ရှိ အခြေအနေကတော့ 3 D Fund ဝင်နေတယ် ဆိုပေမယ့်လည်း ကျမတို့ လူနာတွေအတွက်ကို ထင်ထင်ရှားရှားပေါ့နော်။ ထူးထူးခြားခြား ဖြေရှင်းပေးနိုင်တာ သိပ်မရှိသေးဘူးပေါ့။ ဒီတော့ ဝေဒနာ ခံစားနေတဲ့ သူတွေအတွက်ကို ဆက်လက်ပြီးတော့ ဒီ ARV ဆေးဝါးတွေ ရရှိအောင်၊ တခြားနိုင်ငံတွေကလည်း ကူညီဆောင်ရွက် ပေးစေချင်ပါတယ်။ လုပ်ရမယ့် တာဝန်တွေရှိတာကတော့ အာဏာပိုင်အစိုးရတွေက ထိပ်ဆုံးပဲ။ ဒါပေမယ့် သူတို့က မလုပ်တဲ့အခါကျတော့ ကျမတို့မှာက ဘယ်လိုမျိုး လုပ်ကိုင် ဆောင်ရွက်နေရလဲဆိုတော့ ကိုယ့်အသိစိတ်နဲ့ ကိုယ်ပေါ့နော်။ ကိုယ်လုပ်နိုင်သလောက်ကို ကြိုးစားပြီးတော့ လုပ်နေရတာ။ ထိရောက်မှု အတိုင်းအတာကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့က အများကြီး လိုအပ်ပါသေးတယ်။ အစိုးရအနေနဲ့က သူတို့ လုပ်မယ်ဆိုရင်တော့ သူတို့တနိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ဖို့ အများကြီး လိုအပ်နေသေးတယ်'

ဒီကနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အောင်လံမြို့နယ်က အိပ်ခ်ျအိုင်ဗီရောဂါ ကူးစက်ခံထားရတဲ့ ဝေဒနာရှင်တဦးက သူ ကူးစက်ခံခဲ့ရပုံနဲ့ တခြား ရောဂါခံစားနေရသူတွေရဲ့ ကိုယ်စား တွေ့ကြုံရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ခုလို ပြောပြပါတယ်။

ဝေဒနာရှင်တဦး။ ။'ကျနော် မိန်းမကိစ္စ ရှုပ်တာတို့၊ အရုပ်ထိုးတာတို့နဲ့ ပတ်သက်ပြီးတော့ အဲ့ဒါနဲ့ ရခဲ့တာပါ အကို။ ကျနော်တို့ လိုအပ်တာတော့ အများကြီးပဲ အကိုရ။ လောလောဆယ်တော့ မဖြူဖြူသင်းဆီကနေ ကျနော်တို့ကို ပေးနေတာ။ အခု လောလောဆယ်တော့ အမတို့ကနေ ပေးနေတာကတော့ နေရာထိုင်ခင်းကတော့ ကြပ်တာပေါ့။ အခုက လူက များလာတော့ နေရာထိုင်ခင်းက မရှိဘူး။ နေရာထိုင်ခင်း ခက်တယ်။ သူတို့ကတော့ ကျနော်တို့ စားဖို့ဘာဖို့ ဆန်တို့ ဆီ၊ ဆား၊ အချိုမှုန့် အကုန်လုံး ချက်ပြုတ်စရာတွေ ဘာတွေကအစ ဝယ်ခြမ်း ပေးပါတယ်။ မဖြူဖြူသင်းက ပေးတာပါ။ ဘာမှ ပံ့ပိုးမှု မရှိပါဘူး အကို။ လောလောဆယ် ကျနော်တို့က မဖြူဖြူသင်းဆီက သောက်နေရပါတယ်။ ဟုတ်ကဲ့ မဖြူဖြူသင်းဆီက လောလောဆယ် ပုံမှန် သောက်နေရပါတယ်။ တနေ့ကို နှစ်ကြိမ်သောက်ရတယ်၊ မနက် ၈ နာရီနဲ့ ည ၈ နာရီ သောက်ရပါတယ်။ ဒီဆေး ပြတ်သွားလို့ရှိရင်တော့ ကျနော်တို့အကုန် ဒုက္ခရောက်သွားမှာပေါ့ အကိုရာ'

ဒီကနေ့ကျင်းပတဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို အန်အယ်လ်ဒီ ပါတီဝင်တွေ၊ ဝေဒနာရှင်တွေ စုစုပေါင်း လူ ၂ဝဝ ကျော် တက်ရောက်ခဲ့ပြီး လူကြီးပိုင်း ခေါင်းဆောင်တွေက ဝေဒနာသည်တွေကို အားပေးစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Irrawaddy interview with PPT

0 comments
“အိမ်မှာနေရင်းကို ဒီရောဂါ ကူးစက်နေတာ”
Tuesday, 01 December 2009 19:04 ဧရာဝတီ အင်တာဗျူး

ယနေ့သည် ကမ္ဘာ့ HIV/AIDS ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်သောကြောင့် မြန်မာပြည်အတွင်း အဆိုပါဝေဒနာ ခံစားနေရသူများ၏ ဒုက္ခ၊ မဖြူဖြူသင်း ကိုယ်တိုင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်းထားပါသည်။

မဖြူဖြူသင်းသည် ပြီးခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှစတင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် လုပ်ကိုင်နေသူတဦး ဖြစ်သည်။

မေး။ ။ ဒီနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံအနေနဲ့ HIV ရောဂါ ဖြစ်ပွားနှုန်း ကျဆင်းတယ်ဆိုပြီး ကြေညာထားတာနဲ့ ပတ်သက်ပြီး မဖြူဖြူသင်း ဘယ်လို ထင်ပါသလဲ။

ဖြေ။ ။ ဖြစ်နှုန်းကျတယ်ဆိုပြီး ကြေညာပေမယ့် ဒီမှာက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ သေဆုံးတဲ့ သူတွေကော၊ ဒီရောဂါကို သိပ်ပြီးမသိသေးတဲ့သူတွေကော၊ ရောဂါကိုသိပြီး ဆေးဝါးကုသ ခံချင်တဲ့ သူတွေကော ရပ်တံ့သွားတယ် လို့မရှိဘူး။ ကျမတို့ စ လုပ်တဲ့ ၂၀၀၂ ခုနှစ် လောက်ကထက်စာရင် ပိုပိုပြီးတောင် များလာတယ်လို့ ထင်ရတယ်။ ကျမ ဒီကိစ္စကို ကျွမ်းကျင်တဲ့ ဆရာဝန် တဦးနဲ့ ပြောဖြစ်တယ်။ သူက ဘာပြောလဲဆိုတော့ ရောဂါဖြစ်နှုန်းတွေ ကျသွားတယ်ဆိုတာ၊ ရောဂါဖြစ်နေတဲ့သူတွေ သေသွားလို့ သာ ကျသွားတယ်လို့ ပြောလို့ရမယ်လို့ ပြောတယ်။

နောက်တခါ ပညာပေးမှု အပိုင်းကလည်း တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့ခံတွေနဲ့ ပညာပေးနေလို့သာလေ၊ သီးသန့်သွားပေးဖို့ဆိုရင် မလွယ် ဘူး။ NGO တွေအနေနဲ့လည်း အဲဒီလို သွားမယ်ဆိုရင် အဆင့်ဆင့်စာတင်ရတာနဲ့ ခရီးမရောက်ဘူး။ တရားဝင်လုပ်နေတဲ့ NGO တွေ၊ PSI လိုဟာမျိုး တွေလည်း အစိုးရက ခွင့်ပြုမှ သွားလို့ရတယ်။

အရင်က ARV ဆေးမရှိတော့ လူနာတွေကို ဆွေးနွေးနှစ်သိမ့်ရုံပဲ လုပ်ရင်း သေဆုံးသွားကြတာ များတယ်။ အခုတော့ ARV ဆေးရှိလာတော့ သေဆုံးနှုန်းကတော့ နည်းသွားတယ်။ ဒါပေမယ့် မြန်မာပြည် အခြေအနေနဲ့ လုံလောက်မှုကတော့ မရှိသေးတာ အမှန်ပဲ။ အခုလက်ရှိကို ရောဂါအကြောင်း မသိသေးတာတွေ၊ ဆေးကုသလို့ ရတယ်ဆိုတာကို မသိသေးတာတွေ မြန်မာပြည် အနှံ့အပြား ရှိနေတုန်းပဲ။ ကျမတို့တောင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ့်အဖွဲ့တွေ အကုန်လုံးကို ပညာပေးတဲ့ အစီအစဉ်တွေ လုပ်ထားလို့ ဒီကို လူနာတွေ ရောက်လာကြတာပါ။

မေး။ ။ တိုင်းနဲ့ ပြည်နယ်အသီးသီးကို ပညာပေးဖို့ လိုတယ်ဆိုတော့၊ အခုလက်ရှိအစိုးရက ရုပ်မြင်သံကြားတို့ … လမ်းထောင့်တွေမှာ ဘေလ်ဘုတ်တွေ၊ ပိုစတာတွေ ထောင်တာတို့နဲ့ ပညာပေးတာကကော ထိရောက်တယ် ထင်လား။

ဖြေ။ ။ ထိရောက်လား မထိရောက်လားဆိုတာထက် အစပိုင်း ၂၀၀၂ တုန်းကဆိုရင် သူတို့ လမ်းဆုံ၊ လမ်းခွမှာ ကုရာနတ္ထိ ဆေးမရှိ ဆိုတာမျိုးတင်တာ တွေ့ရတယ်။ အဲဒီတုန်းကဆို လူနာ တော်တော် များများက ဒီဆိုင်းဘုတ်တွေ တွေ့တာနဲ့တင် စိတ်ဓာတ်ကျပြီး သေသွားတာမျိုးရှိတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကဆိုတော့ ဒီရောဂါအကြောင်းလည်း သိပ်မသိသေးတော့ တော်တော်ကြီး ကြောက်လန့်နေ တုန်းပဲလေ။ တချို့ဆို ဒီဆိုင်းဘုတ်တွေဖတ်ပြီး အိမ်ထဲမှာပဲ အသေခံလိုက်တဲ့သူတွေတောင် ရှိတယ်။ ကျမတို့ လုပ်စ ကပေါ့။

အခုနောက်ပိုင်းမှာတော့ ဝိုင်းဝန်းကူညီတိုက်ဖျက်ရေး ဘာညာဆိုပြီး ဆိုင်းဘုတ်တွေတင်တာရှိတယ်။ ပြည်သူလူထုက ဒီဆိုင်းဘုတ်တွေ ဖတ်ရတာတော့ ရှိတယ်။ ဒါပေမယ့် ဘယ်လိုဆေးဝါး ကုသမှု ခံယူရမယ်၊ ဘယ်သွားကုရမလဲ၊ ဘယ်ဆေးရုံ ဘယ်ဆေးခန်း သွားကုရမလဲ ဆိုတာကအစ အခုအချိန်ထိ မသိသေးတဲ့ သူတွေ အများကြီးပဲ။ ဒါကို ကျမတို့က ကြားထဲကနေ ပြီးတော့ ထိထိရောက်ရောက်၊ လမ်းကြောင်း မှန်မှန်နဲ့ ကုသနိုင်ဖို့ ကူညီရတယ်။

မေး။ ။ ARV ဆေးကို မဖြူဖြူသင်းတို့ ဘယ်လိုပုံစံနဲ့ ရှာဖွေနေရပါသလဲ။

ဖြေ။ ။ ကျမတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်နေတော့ ဘယ်သူကမှလည်း မကူညီဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ NGO တွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘယ် NGO ကမှ ကျမတို့ကို မကူညီရဲဘူး။

ကျမတို့က ကြားကနေပြီး NGO တွေမှာ ဆေးပေးတာတွေ့ရင် ကြိုးစားပေးတယ်။ အဲဒီ NGO တွေက ရပ်သွားတယ်၊ ဆေးဆက် မပေးတော့ဘူး ဆိုရင် ဒီဆေး သောက်မှကို ဖြစ်မယ့်သူတွေ အတွက် ကျမတို့က သူတို့အသက်ဆက်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကို ရှာဖွေပြီး တိုက်ထားရတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်သူငယ်ချင်းအချင်းချင်း ခက်ခက်ခဲခဲ ရန်ပုံငွေရှာရတယ်။ ဆေးသောက် ဖို့တင် မကဘူး သူတို့ရဲ့ နေရေး ထိုင်ရေး၊ စားရေးသောက်ရေး အတွက်ပါပေါ့။

အဲဒီဆေးကလည်း တလစာကို ကျပ် ၂ သောင်းကျော်နဲ့ သုံးသောင်းကနေ ၁ သိန်းနီးပါးတန်အထိ ရှိတယ်။ သူက တသက်လုံး သောက်ရမှာလေ။ လူတယောက်က ၂ သောင်းကျော် ၃ သုံးသောင်းနီးပါးတန် ဆေးနဲ့ တည့်သွားပြီဆိုရင်တော့ ပြဿနာမရှိဘူး။ အဲဒီလိုမဟုတ်ဘဲ အဲဒီဆေးနဲ့ မတည့်ဘူး ဆိုရင်တော့ ဆေးပြောင်းရတယ်။ အဲဒီဆေးက ၇ သောင်းနဲ့ ၁ သိန်းကြားမှာရှိတယ်။ အဲဒီလို လူက ၁၀၀ မှာ ၅ ယောက် လောက်တော့ ရှိတယ်။

လူနာထဲမှာ ကိုယ့်ဘာသာ ငွေကုန်ကြေးကျခံနိုင်တဲ့သူက ၁၀၀ မှာ ၂ ယောက်လောက်ပဲ ရှိတယ်။ ဒီ HIV ရောဂါဆိုတာက ပညာပေးမှုမရရှိတဲ့ သူတွေရယ်။ အသိပညာ ချို့တဲ့တဲ့ သူတွေသာဖြစ်တာကိုး။ အဲဒီလို လူမျိုး ဆိုတာကလည်း စီးပွားရေးကအစ တော်တော်လေးကို ချွတ်ခြုံကျခဲ့တဲ့သူတွေ ဖြစ်တော့ မြန်မာပြည် မှာက ဝယ်သောက်နိုင်တယ် ဆိုတဲ့သူက တော်တော်လေးကို ရှားပါတယ်။ ဘေးက တယောက်ယောက်က ထောက်ပံ့မှ သောက်နိုင်တာလေ။ လူတွေက စားသောက်ဖို့တောင် မနည်း ရုန်းကန် နေရတာ ဆိုတော့ ဒီဆေးဝယ်သောက်ဖို့ ဆိုတာက တော်တော်လေးကို မလွယ်ကူတဲ့ကိစ္စပဲ။

မေး။ ။ အခု မဖြူဖြူသင်း စောင့်ရှောက်နေတဲ့ လူနာတွေနဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေရှိလဲ။ လူနာတွေ ထပ်ထပ် တိုးလာလားဆိုတာ ပြောပြပါဦး။

ဖြေ။ ။ တိုးလာတာပေါ့ ..။ လူနာတွေ ထားစရာတောင် နေရာမရှိအောင်ဘဲ။ ကျမတို့က တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ပညာ ပေးနေတာတွေ ဆက်လုပ်တယ်၊ နောက်ပြီး မီဒီယာတွေ ကနေ ပြောတာတွေရှိတယ်။ အဲဒီတော့ ဒါတွေကို နားထောင်မိတဲ့ သူတွေ၊ ကိုယ့်အဖွဲ့အချင်းချင်း ပြောဖြစ်တာတွေကနေ တဆင့် သိကြပြီး အခုနောက်ပိုင်း တော်တော်များများ ရောက်လာကြတယ်။
ကျမတို့ အိမ် ၃ လုံး ရှိတယ်။ လူကအယောက် ၁၀၀ လောက်ရှိတယ်။

တကယ်က အိမ်တလုံးမှာ ၅ ယောက်၊ ၁၀ ယောက် အများဆုံးနေရမှာ။ ဒါပေမယ့် နေရာမရှိတော့ အယောက် ၄၀ လောက်ကို အိမ်တလုံးတည်းမှာ ဖြစ်သလိုပေါ့၊ တချို့ဆို ခြံထဲ နေရာလွတ်ရင် တဲလေးတွေ ထိုးပေါ့ … အဲဒီလိုပဲ နေရတယ်။

မေး။ ။ မြို့ပေါ်မှာဆိုရင် HIV ရောဂါကို လိင်ဆက်ဆံရာကတဆင့်တို့၊ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းလို့ဆိုတာမျိုး တို့နဲ့ ကူးစက်တာ အများဆုံးကြားရတယ်။ နယ်ဘက်တွေမှာ ကုလေ့ရှိတဲ့ အပ်ပုန်းထိုးပြီး ဆေးကုပေးသူတွေကြောင့် ကူးစက် တာမျိုးကော ကြားရလား။ ကြုံရလား။

ဖြေ။ ။ ကြုံရတာပေါ့။ ၂၀၀၀ ပြည့်နှစ်ကျော်ကျော် .. အစပိုင်းတုန်းကဆိုရင် လာတဲ့လူနာ ၁၀ ယောက်မှာ ၇ ယောက်၊ ၈ ယောက်လောက်က အပ်ပုန်းကြောင့် ကူးစက်ခံရတာ တွေ့ရတယ်။ မူးယစ်ဆေးကြောင့် မဟုတ်ဘူးနော်။ ရွာတွေမှာ အပ်ပုန်း ဆိုတာက ဆရာဝန်လည်းမဟုတ်ဘူး၊ ဆေးမှူးလည်းမဟုတ်ဘူး ဒီတိုင်း ကုနေကြတာ။ တချို့ရွာတွေမှာ ကြုံနေရတယ်။

ကျမတို့က လူနာတွေကို ပညာပေးရတာပေါ့။ ဒီအပ်က ဘယ်လောက်မှတန်ဖိုးမရှိဘူး၊ တခါသုံးအပ် မသုံးဘဲ ရောဂါ ကူးစက်ရင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုး ပြောရတယ်။

ရန်ကုန်ပတ်ဝန်းကျင်၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက် ပတ်ဝန်းကျင်က မြို့ပေါ်မဟုတ်တဲ့ ရွာတွေ၊ နောက်တော့ ခရမ်း၊ သုံးခွ … မြို့နဲ့ တော်တော်လေးဝေးတဲ့ ဒေသတွေ အကုန်လုံး ပါပဲ။ အစောပိုင်းကပေါ့။ မိသားစုလိုက်တွေတောင် ဒီအပ်ကြောင့် ကူးတာတောင် တွေ့ရတယ်။

၂၀၀၂ ကနေစပြီး တခါသုံးအပ်တွေသုံးဖို့ တခြား NGO တွေကော၊ ကျမတို့ပါ ပညာပေးကြတယ်။ ဆရာဝန်တွေကော၊ ကျန်းမာရေးမှူးတွေကော၊ တချို့ အပ်ပုန်းသမားတွေပါ တခါသုံးအပ်တွေ သုံးလာတာ တွေ့ရတယ်။ ဒါပေမယ့် အဲဒီလို သုံးလာတယ် ဆိုတာတောင် နယ်တွေကလူတွေ တက်လာလို့ မေးကြည့်ရင် တချို့နယ်တွေမှာ ဆရာဝန်တွေကိုယ်တိုင် အပ်ကို ပြန်ပြုတ်ပြီး သုံးနေတုန်းပဲ။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အပ်ကကူးတာထက် လိင်ဆက်ဆံရာက ကူးစက်နှုန်းက ပိုများလာတာ တွေ့ရတယ်။

မေး။ ။ အခုနောက်ပိုင်းမှာ လိင်နဲ့ ပတ်သက်တဲ့ အလုပ်လုပ်ကိုင် သူတွေက HIV ဖြစ်နှုန်း ပို အဖြစ်များတယ်လို့ ဆိုချင်တာလား။

ဖြေ။ ။ လိင်အလုပ်သမတွေတင် မကတော့ဘူး သာမန်လက်လုပ်လက်စားတွေ၊ သူ့ရဲ့ မိသားစု၊ သူ့ရဲ့ ကလေးတွေပါ ဖြစ်လာ နိုင်တယ်။ အခုနောက်ပိုင်းမှာက ဒီ လိင်အလုပ်လုပ်စားသူတွေက နေရာဒေသ အတည်တကျ မဟုတ်တော့ဘဲ သွားလာ အလုပ် လုပ်ကိုင် စားသောက်နေကြတာလေ။ ဥပမာ ဘုရားပွဲရှိတဲ့ နေရာမျိုးတွေပေါ့။ အဲဒီလိုမျိုး အခြေအနေကနေ ဒီရွာမှာရှိနေတဲ့ ကာလသားလူငယ်တွေ၊ အသိပညာ မပြည့်ဝသူတွေကို ကူးစက်မယ်၊ အိမ်ထောင်သည်လည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ရဲ့ မိသားစုတွေကို ကူးမယ်။ အဲဒါမျိုးတွေ အများကြီးတွေ့ရတယ်။

အခုဆိုရင် တကယ့်ကိုရိုးသားတဲ့ ဧရာဝတီတိုင်းက လယ်ကွင်းထဲမှာ နေနေတဲ့ သူတွေမှာပါဖြစ်နေတယ်။ သူတို့တွေဆိုရင် တကယ့်ကို ဘာအပျော်အပါးမှ မရှိဘူး။ တနှစ်ပတ်လုံး လယ်ထဲဆင်းနေတဲ့ သူတွေမှာပါ ဖြစ်လာတာ။ သူတို့ကတော့ အဓိက စီးပွားရေးပေါ့။ မြန်မာပြည်မှာ စီးပွားရေး အရမ်းကျလာတော့ အမျိုးသမီးတော်တော်များများဟာ ဒီ လိင်အလုပ်သမ အဖြစ် လုပ်ကိုင် လာရတယ်။ နောက်ပြီး သူတို့တွေဆီ အထိ သွားစရာမလိုဘူး၊ သူတို့က ကိုယ့်ဆီကို ရောက်လာတာမျိုးဆိုတော့ ဒီရောဂါ ကူးစက်ဖို့က တော်တော်လေး လွယ်ကူတာ တွေ့ရတယ်။ အိမ်မှာနေရင်းကို ဒီရောဂါ ကူးစက်နေတာပေါ့။

အခုနောက်ပိုင်းမှာတော့… ၁၀ ယောက်လောက်လာရင်၊ ၉ ယောက်လောက်က လိင်ကနေ တဆင့် ကူးတာ ဖြစ်နေတယ်။ ၉၀ ရာခိုင်နှုန်းပေါ့။ တချို့ကတော့ သွေးသွင်းရာကနေ ကူးတယ်။ အပ်ကြောင့် ကူးစက်တာလည်း ခုထိတော့ ရှိနေတုန်းပဲ။

မေး။ ။ ဒီနှစ် ကမ္ဘာ့ AIDS နေ့ရဲ့ ဆောင်ပုဒ်က လူနာတွေကို ခွဲခြားဆက်ဆံတာနဲ့ ပတ်သက်လို့ လူထုကို ပညာပေးထားတာ တွေ့ရတယ်။ အခုလက်ရှိ မြန်မာပြည်မှာ ဒီလို ရောဂါဖြစ်သူတွေကို ခွဲခြားဆက်ဆံ တာမျိုး ရှိနေတုန်းပဲလား။

ဖြေ။ ။ အများကြီးရှိနေပါတယ်။ ကျမတို့အတွေ့အကြုံအရဆို မိသားစုတွေက လက်မခံချင်လို့ ကျမတို့ဆီ ပို့လိုက်တာ အများကြီးပဲ။ တချို့ဆို ကျမတို့ဆီမှာ လူနာတွေ စုနေကြတယ်။ အဲဒီလို စုနေပြီးရင် မိသားစုဆီကို မပြန်ချင်ကြတော့ဘူး။ ဘာလို့လဲ ဆိုတော့ မိသားစုတွေရဲ့ အကြည့်တွေ၊ နားလည်မှု မပေးနိုင် တာတွေကို ခံနိုင်ရည် မရှိကြဘူး။ အခုအချိန်ထိ ပတ်ဝန်းကျင်နဲ့ မိသားစုက ခွဲခြားဆက်ဆံတာတွေ ရှိနေ တုန်းပဲ။ အဲဒါတွေကိုလည်း ကောင်းကောင်း ပညာမပေးနိုင်သေးဘူး။

ကျမတို့ အိမ်တွေငှားတော့မယ် ဆိုရင် … ဒီဝေဒနာသည်တွေ ထားဖို့လို့ ပွင့်ပွင့်လင်းလင်း ပြောလို့ကို မရနိုင် သေးဘူး။ အဲဒီလို ပြောရင် ငှားလို့ကို မရတာ။ အဲဒီလောက်ထိ ဖြစ်နေသေးတာ။ ပြည်သူလူထုရဲ့ အသိက တော်တော်လေး နည်းနေသေးတယ်လို့ ပြောရမှာပဲ။

မေး။ ။ မဖြူဖြူသင်းအနေနဲ့ အခုလို ကမ္ဘာ့ AIDS တိုက်ဖျက်ရေး နေ့မှာ ထူးထူးခြားခြား ပြောချင်တာများရှိပါသလား။

ဖြေ။ ။ ဒီနေ့လို ကမ္ဘာ့ HIV AIDS တိုက်ဖျက်ရေးနေ့မှာ ပြောချင်တာက၊ ကျမတို့ မြန်မာနိုင်ငံက ဝေဒနာသည်တွေက အကုန်လုံး ဘက်စုံခံစားရတာပါ။ ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာလည်း နေနေရတယ်။ စားဝတ်နေရေးမှာလည်း ချို့တဲ့ကြတယ်။ ဒီတော့ နိုင်ငံတကာက လျစ်လျှူရှုမထားဘဲ ဝိုင်းဝန်းပြီး ကူညီဖြေရှင်းပေးပါ၊ ကျမတို့လို ပြည်တွင်းကလုပ်နေတဲ့ သူတွေ အနေနဲ့လည်း တတ်နိုင် သလောက် ကြိုးစားပြီး လုပ်ကိုင်သွားမယ်လို့ ပြောချင်ပါတယ်။ ။

news on VOA

0 comments
မြန်မာပြည် အေအိုင်ဒီအက်စ် ရောဂါသည်နဲ့ ဆေး မမျှသေး
01 December 2009 VOA

မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်းနဲ့ ကြည့်ရှုစောင့်ရှောက်နိုင်မှုနှုန်း မမျှမတ ဖြစ်နေတဲ့အကြောင်း ရောဂါ ဝေဒနာရှင်တွေကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်နေ့မှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

HIV/AIDS ရောဂါ ပပျောက်ရေးအတွက် စစ်အစိုးရ အနေနဲ့ ပြည်တွင်း ပြည်ပက လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်နေတဲ့အကြောင်း သတင်းစာ ခေါင်းကြီးပိုင်းတွေမှာ အကျယ်တ၀င့် ရေးသားဖော်ပြနေပေမဲ့ တကယ် ရောဂါကူးစက် နေသူတွေကို လုံလောက်တဲ့ ဆေးဝါးကုသမှု ပေးနိုင်ခြင်း မရှိဘူးလို့ ဝေဒနာရှင်တွေကို နှစ်ရှည်လများ ကြည့်ရှုစောင့်ရှောက်ပေးနေသူ စေတနာ့ဝန်ထမ်း မဖြူဖြူသင်းက ပြောပါတယ်။

“တကယ့် တကယ် ပြောရမယ်ဆိုရင်တော့ ရောဂါဖြစ်ပွားမှုနဲ့ ဆေးဝါးကုသမှု ခံရတဲ့နှုန်းက အများကြီးကို ကွာဟချက် ရှိနေသေးတယ်။ တကယ်တမ်း တိုင်းနဲ့ပြည်နယ် အသီးသီးက လက်လှမ်းမမီတဲ့ ဒေသတွေမှာ ရောဂါဝေဒနာ ခံစားနေရတဲ့သူတွေ တော်တော်များများ နေ့စဉ်နဲ့အမျှ သေဆုံးနေကြရတာတွေလည်း ရှိနေတယ်။ အဲလိုပဲ နေ့စဉ်နဲ့အမျှ မသိဘဲနဲ့ကို၊ ကွန်ဒုံးဆိုတာလည်း မသိဘူး၊ ဘယ်လို ကာကွယ်ရမလဲ ဆိုတာလည်း မသိဘဲနဲ့ ဒီရောဂါ ကူးစက်နေတာတွေလည်း အများကြီးရှိနေတာ တွေ့နေရတုန်းပဲ။

“အခု လက်ရှိအခြေအနေမှာ ဆိုရင် လွန်ခဲ့တဲ့ လေးငါးခြောက်နှစ် ခုနှစ်နှစ်လောက်က ၀င်ထားတဲ့ ရောဂါတွေက အခုဆိုရင် ARV ဆေးဝါးတွေ လိုအပ်နေတာ တွေ့နေရတယ်။ အဲဒီလိုလူတွေကလည်း ဒီမှာ ARV ဆေးဝါး ရရှိဖို့အတွက် ကြိုးစားတဲ့နေရာမှာ ARV ဆေးဝါး လုံလောက်မှု မရှိဘူး။ ပြီးတော့ ဆေးပေးနိုင်တဲ့ အင်အားက အရမ်းနည်းပြီးတော့ လိုနေတဲ့ အင်အားက များနေတာကို တွေ့ရတယ်။”

မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာ ဝေဘာဂီတို့မှာ HIV ဆေးရုံတွေ သီးသန့်ဖွင့်ထားပေမဲ့လည်း လူနာတွေကို ARV ဆေးပြားတွေ အလုံအလောက် မပေးနိုင်တဲ့အတွက် ကိုယ့်အိတ်ကိုယ်စိုက်ပြီး ၀ယ်ယူသုံးစွဲကြရတာက များတယ်လို့ ဆိုပါတယ်။

“အဲဒီမှာ ဘာလုပ်ရလဲဆိုတော့ ဒီရောဂါရှင်တွေက မဖြစ်မနေ ဆေးရုံတက်ရမယ်ဆိုလို့ ဆေးရုံရောက်ပြီဆိုရင် အားလုံးက လူနာရှင်တွေက ကုန်ကျရတာပဲ။ အကုန်လုံး ဆေးရုံက ပေးတာမျိုးတွေ မရှိဘူး။ ပထမပိုင်းတော့ သွေးစစ်တာတွေ ဘာတွေက အလကား ရသေးတယ်။ အခုနောက်ပိုင်းတော့ သွေးစစ်တာတွေကအစ စရိတ်မျှပေးဆိုပြီး တ၀က်ခံရတာ ပေးရတာတွေတောင် ရှိတယ်။

“နောက်တခုက ARV ဆေးဝါးတွေကို ဒီဆေးရုံ ၂ ရုံက ပေးနေတာတွေ ရှိပါတယ်။ ဒါပေမဲ့ တော်တော်များများ ကျမတို့ တွေ့ရသလောက်တော့ အနည်းအကျဉ်းပဲ ပေးနိုင်တယ်။ တော်တော်များများ ပေးနိုင်တာကို မတွေ့ရသေးဘူး။ အနည်းအကျဉ်း ဆိုတဲ့နေရာမှာ ရာဂဏန်းလောက်ပေါ့၊ အဲဒါမျိုးတွေ ပေးနေတာတော့ တွေ့ရတယ်။

“တကယ့်တကယ် ပြောရမယ်ဆိုရင်တော့ တခြား NGO ဆေးခန်းတွေပေါ့၊ အခု နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ရှိတယ်၊ AZC တို့လို အဲလိုဆေးခန်းတွေကတော့ တော်တော်များများ လူနာတွေကို ပေးထားနိုင်တယ်။ အစိုးရဆေးရုံတွေ အနေနဲ့ကတော့ ပေးတာ သိပ်နည်းပါးနေတာကို တွေ့ရတယ်။”

နယ်ဆေးရုံတွေမှာဆိုလည်း HIV ရောဂါ ရှိတယ်လို့ တွေ့တာနဲ့ ကြည့်ရှုစောင့်ရှောက်ခြင်း မလုပ်တဲ့အပြင် ပြန်လွှတ်လိုက်တာတွေအထိ ရှိတယ်လို့ မဖြူဖြူသင်းက ဆက်ပြောပြပါတယ်။

“ကျမတို့ ဒီမှာ လုပ်ကိုင်ဆောင်ရွက်နေတာတော့ ဒီဒေသတွေပေါ့၊ မန္တလေးတို့ မကွေးတို့ အဲဒီရွာတွေမှာ အစိုးရ ဆေးရုံတွေတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီဆေးရုံတွေက HIV Positive ဆိုရင် ပြန်လွှတ်လိုက်တာပဲ၊ ဘာမှ လုပ်ပေးတာ မရှိဘူးဆိုတော့၊ အဓိက ပြောရမယ်ဆိုရင်တော့ ဒီဆေးရုံ ၂ ရုံပဲရှိတယ်၊ HIV နဲ့ ပတ်သက်ပြီးတော့။”

မဖြူဖြူသင်း ဦးဆောင်တဲ့ စေတနာ့ဝန်ထမ်းတွေဟာ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့နေရာတွေမှာ လူနာတွေကို ရာနဲ့ချီပြီး ညအိပ်ညနေထားပြီး အမြဲတမ်း ကြည့်ရှု စောင့်ရှောက် ပေးနေတာ ဖြစ်ပါတယ်။ အစိုးရက ဖွင့်ထားတဲ့ ဆေးရုံတွေကို သွားပေမဲ့လည်း ကိုယ့်စရိတ်ကိုယ် အကုန်အကျ ခံရတာကြောင့် မတတ်နိုင်တဲ့သူတွေကို ပြန်လွှတ်တယ်လို့ HIV ဝေဒနာရှင်တဦးက ပြောပါတယ်။

“အခု မကြီးဖြူဖြူသင်းဆိုရင် တောင်ဒဂုံအိမ်မှာ လူနာတွေကို ထားတယ်။ ထမင်းကအစ၊ မုန့်ဖိုးကအစ ပေးရတယ်။ တချို့လူနာတွေဆိုရင် ဒီရောဂါရှိလို့ မိဘတွေက စွန့်ပစ်ထားတယ်။ သမီးတို့ဆိုရင်လည်း မိဘ ဆွေမျိုးတွေက စွန့်ပစ်ထားတာ။ မကြီးဖြူဖြူသင်းကပဲ ကျွေးမွေး စောင့်ရှောက်ထားရတယ်။ နေမကောင်းတာက အစ၊ ဆေးထိုးပေးတာ၊ ဆေးသွင်းပေးတာလည်း တောင်ဒဂုံအိမ်မှာ လုပ်ပေးပါတယ်။

“အစိုးရဆေးရုံတွေမှာလည်း သွားပြီးတော့ ကုပါတယ်။ ဒါပေမဲ့ အစိုးရဆေးရုံတွေက ဒီလိုမျိုး မကြီးဖြူဖြူသင်းလို ကုသမှု မပေးဘူး။ သူတို့က ပိုက်ဆံရှိမှပဲ။ ဟိုနေ့က ဝေဘာဂီဆေးရုံက တယောက်ဆိုရင် ဆေးရုံမှာ ပိုက်ဆံမရှိတော့လို့ဆိုပြီး မထားတော့ဘဲနဲ့ ဆင်းလာခဲ့ရတယ်။ အဲဒီလူက ဖားကန့်ကနေ လာတာ။ သူ့မိန်းမဆို တော်တော် အခြေအနေ ဆိုးတယ်။”

အာဏာပိုင်တွေဘက်က ရောဂါပပျောက်ရေးကို အထောက်အကူ ပြုစေတဲ့ ဆေးဝါးတွေကို လုံလုံလောက်လောက် မဖြန့်ပေးနိုင်တာ၊ ပညာပေး လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ခြင်း မရှိတာတွေကြောင့် ရောဂါ ဝေဒနာရှင် အရေအတွက် တိုးပွားမှုနှုန်း မြန်ဆန်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပရဟိတ ဆေးခန်းတွေမှာ နယ်ကနေ ဆေးလာကုကြတဲ့ သူတွေကို အဆောင်တွေမှာ စစ်ဆေးမေးမြန်းမှုတွေ လုပ်လာတဲ့ အတွက်လည်း လူနာတွေအနေနဲ့ ရန်ကုန်မှာ ဆေးလာကုရမှာ စိုးရိမ်ကြောက်လန့် နေကြတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။

Sunday, November 29, 2009

Two persons living with HIV

0 comments
HIV နဲ့ လူနာ နှစ်ယောက်
ဖြူဖြူသင်း
from - http://www.mizzimaburmese.com/edop/songpa/4266-hiv---.html

သနားစရာ ကောင်းတဲ့၊ အကာအကွယ်မဲ့ခဲ့တဲ့ လူနာလေးတွေထဲက နှစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ သူတို့က မတူညီတဲ့နေရာကနေ လာကြတာပါ။

တဦးက မကွေးတိုင်းက တောင်သူလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးဖြစ်ပါတယ်။ သူ ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက် သွေးသွင်း ကုသခံရာကနေ HIV ပိုး ကူးစက်ခဲ့ပါတယ်။ သူ ဘယ်လိုကြောင့် ဒီရောဂါပိုး ရခဲ့သလဲဆိုတာ သူ မသိဘူး။ သူ့ယောက်ျားကို အထင်လွဲတယ်။ သူ့ယောက်ျား အပျော်အပါး လိုက်စားလို့ သူ့ယောက်ျားဆီက ကူးတာလို့ တောက်လျှောက် စွပ်စွဲပြီး ရန်တွေ့နေတော့တာပါပဲ။ ယောက်ျားဖြစ်သူက ရှင်းပြတာကို လက်မခံ၊ ရန်လုပ်နဲ့ သံသရာ လည်နေတာပါ။

အဖြစ်မှန်ကို သိသွားကြတာကတော့ သူတို့ အိမ်ကို မိတ်ဆွေနှစ်ယောက် ရောက်လာတဲ့နေ့မှာ ဖြစ်ပါတယ်။ ဒီလူတွေရောက်လာတော့ ပြဿနာတက်နေတဲ့ သူတို့ လင်မယား အတော်လေး ထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။ မိတ်ဆွေနှစ်ယောက်လုံး ယားနာတွေ တကိုယ်လုံး ပေါက်နေကြပြီး အတော်လေး ပိန်လှီနေတယ်တဲ့။ AIDS အဆင့် ရောက်သွားတယ် ပြောရမှာပါ။ ဒီမိတ်ဆွေနှစ်ယောက်က လာတောင်းပန်တာပါ။ သူတို့ မသိလို့ သွေးလှူမိတယ် သူတို့မှာ AIDS ဖြစ်နေပါတယ်ဆိုပြီး လာတောင်းပန်တော့ လင်မယား ဘာလုပ်လို့ လုပ်ရမယ်ကို မသိ ဖြစ်သွားတယ်။ သူတို့ သတင်းကို ကြားရတဲ့ ကျမတို့ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုပါလေးက သူတို့ဆီကို သွားပြီး ပညာပေး ဆွေးနွေးတယ်၊ ပြီးတော့ ကျမဆီ ပို့လိုက်ပါတယ်။

ဒီလိုနဲ့ ဒီအမျိုးသမီးလေး ရန်ကုန်ရောက်လာတယ်။ ကျမဆီ လာတယ်။ သူ့မှာ နေစရာမရှိ။ ဘုန်းကြီးကျောင်းတွေမှာ ထားရတာလည်း အဆင်မပြေ။ ဒါနဲ့ ကျမ အဖေပိုင်တဲ့ အိမ်ကလေးမှာ သူ့ကို ထားတယ်။ နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့က ဖွင့်ထားတဲ့ AZG ဆေးခန်းကို သွားပြတယ်။ နောက်တော့ သူ ARV ဆေး ရပါတယ်၊ ဒီဆေးက HIV ပိုးကို တိုက်ဖျက်တဲ့ဆေးပါ။

ဒါပေမဲ့ အစောပိုင်းကာလမှာ သူဟာ ဆေးအရှိန်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတယ်။ တကိုယ်လုံး ချွတ်ပြီး အရပ်ထဲ ပတ်ပြေးတဲ့ အဆင့်ထိ ဖြစ်သွားတာပါ။ မျိုးရိုးကြောင့် စိတ်ရောဂါဖြစ်တာတော့ မဟုတ်ပါဘူး။ အခုတော့ သူက ပြန်ကောင်းလာပြီးတော့ ပုံမှန် လုပ်ငန်းခွင် ဝင်နေပါပြီ။

သူ ကိုယ်ဝန်ပျက်ကျတော့ သွေး ၆ ပုလင်း သွင်းရတယ်လို့ ဆိုပါတယ်။ လိုတဲ့သွေးအတွက် အထက်မှာ ပြောခဲ့တဲ့ သူ့မိတ်ဆွေ နှစ်ဦး အပါအဝင် သွေးလှူရှင် ၆ ဦးက လှူကြတယ်။ ဒါပေမဲ့ ဆေးရုံမှာ သွေးစစ်ခဆိုပြီး နှစ်သောင်း တောင်းတယ်လို့ ဆိုပါတယ်။ ဒီတော့ သူက တသိန်းနှစ်သောင်း ပေးခဲ့ရပါတယ်တဲ့။ မှတ်မှတ်ရရ သူပြောသွားတဲ့အတိုင်း ပြန်ပြောပြချင်ပါတယ်။ သူက စကားပြောရင် ‘သ’ တွေကို ‘တ’ လို့ အသံထွက်ပါတယ်။

“ဆရာမရယ် ကျမလည်း နားလည်ပါဘူး။ တိလည်း မတိဘူးလေ။ ခုတော့ တွေးတွင်းလို့ ဖြစ်တယ်ဆိုတာ ကျမ နားမလည်ဘူး။ ခု ဆရာမ ပြောပြတော့ သွေးသွင်းလို့ ဖြစ်တွားတာဆို။ ကျမက ဒီရောဂါကို တတိန်းကျော် ပေးပြီး ဝယ်လိုက်ရတာပေါ့” တဲ့။ သူ့ စကားကို ကျမ ခုချိန်ထိ ကြားယောင်နေပြီး စိတ်မကောင်း ဖြစ်ရတုန်းပါပဲ။

ကျမလည်း ပြန်လည် သုံးသပ်ပါတယ်။ သူ့မိတ်ဆွေ နှစ်ယောက်ကလည်း သူတို့မှာ ပိုးရှိမှန်း မသိလိုက်လို့ သွေးလှူမိတယ်။ ဆေးရုံကလည်း ဒီသွေးကို စစ်ဆေးပါတယ်။ စစ်ဆေးခ တသိန်းကျော် ယူလိုက်တာပဲ။ ဝင်းဒိုးကာလလို့ ခေါ်ကြတဲ့ စစ်ဆေးချိန်မှာ လူ့ကိုယ်ခန္ဓာက HIV ပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်း မထွက်သေးတဲ့ အချိန်ကာလကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတော့ သူပြောသလို ရောဂါဆိုးတခုကို ငွေပေးပြီး ဝယ်လိုက်ရသလို ဖြစ်သွားတော့တာပေါ့။ လူတဦးချင်း ပေါ့ဆမှုကနေ အများ ဒုက္ခမရောက်အောင်ကတော့ တတိုင်းပြည်လုံးကို သွေးစစ်ထားရမလို ဖြစ်နေတာပေါ့။

သူကတော့ ပြောပါတယ်၊ သူတို့အကြောင်း စာတွေရေးပါ၊ နာမည်ရင်းတွေ သုံးပါ။ ဒါမှ သူတို့ကို လာမေးတဲ့အခါ ပြောပြနိုင်မယ်၊ သင်ခန်းစာ ယူနိုင်ကြမယ်လို့ ဆိုပါတယ်။

နောက်တယောက်ကတော့ ကလေးလေးပါ။ ကျမနဲ့ တွေ့ချိန်မှာ ၅ နှစ်ကျော် အရွယ်ပဲ ရှိပါသေးတယ်။ သူလည်း သွေးသွင်းရာကနေ ကူးစက်ခံရသူပါ။ ကလေးက အလွန်ပဲ ချစ်ဖို့ကောင်းပါတယ်။ အဖေက ဒုတပ်ကြပ်၊ အမေက ကျောင်းဆရာမ ဖြစ်ပါတယ်။ ကလေး သွေးလွန်တုပ်ကွေးဖြစ်တော့ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ကြတယ်တဲ့။

အဲ့ဒီမှာ ကလေးအတွက် သွေး အကူအညီ ပေးတာကလည်း ကလေးအဖေရဲ့ မိတ်ဆွေ ရဲဘော် ပုံမှန် သွေးလှူရှင်ပါပဲ။ အကြိမ် ၆ဝ ကျော်နေပြီ ပြောပါတယ်။ ဒါပေမဲ့ လူတွေ မသိလိုက်တာက ဒီလူက နောက်ဆုံးအကြိမ် သွေးလှူပြီး သိပ်မကြာခင်မှာ အကာကွယ်မပါဘဲ အပျော်အပါး လိုက်စားခဲ့တယ် ဆိုတာပါပဲ။ ဒါကို ကာယကံရှင်ကလည်း ထုတ်မပြောဘူး။ ဆေးစစ်ချက်ယူသူ ဆရာဝန်တွေကလည်း မမေးလိုက်မိဘူး။ အကြိမ် ၆ဝ ကျော် သွေးလှူထားတဲ့သူဆိုတဲ့ အချက်ကြောင့် မမေးဖြစ်တာလို့ ယူဆရပါတယ်။

ကောင်းမွန် ခေတ်မီတဲ့ စက်ကြီးတွေနဲ့လည်း သေချာစစ်ဆေးတယ် ဆိုပါတယ်။ ဒါကတော့ သေချာပါတယ်၊ ဝင်းဒိုးကာလ သွားမိနေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကလေးအဖေနဲ့ ဆေးရုံက ဆရာဝန်ကြီးတွေ အပြန်အလှန် အပြစ်တင်တာပေါ့၊ ဆေးရုံက သွေးစစ်တာ မသေချာလို့ ကလေးကို ကူးတယ်လို့ ကလေးအဖေက ပြောတယ်။ ဆေးရုံကလည်း ကလေးဟာ မိဘဆီက ကူးတာဖြစ်လိမ့်မယ်ဆိုပြီး အပြန်အလှန် စွပ်စွဲကြပါတယ်။ သူတို့ကို သွေးဖောက်စစ်မယ်ဆိုပြီး သွေးဖောက်ယူထားချိန် ကျမဆီ ရောက်လာပါတယ်။

ကျမလည်း ကမန်းကတန်းပဲ သူတို့ကို အမျိုးသား သွေးစစ်ဌာနဆီ ခေါ်သွားပြီး သွေးစစ်တာတွေ လုပ်ပေးထားရပါတယ်။ ပြဿနာတက်လာရင် ဆေးရုံက မမှန်ကန်တဲ့ သွေးစစ်ချက်တွေ ထုတ်ပေးပြီး ရှင်းမှာ စိုးလို့ပါ။ အဲ့ဒီလို စစ်လိုက်ရာမှာလည်း ပိုးမတွေ့ပါဘူး။ ဆေးရုံက မှားနေတာ သေချာသွားပါတယ်။

ဒါပေမဲ့ သူကလည်း တာဝန်ထမ်းဆောင်ဆဲ တပ်ကြပ်လေး တယောက်။ ဆေးရုံက ဆရာဝန်ကြီးတွေကလည်း ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးတွေဆိုတော့ ဘယ်လိုမှ မတုံ့ပြန်ရဲဘူး။ အစောပိုင်းကတော့ တရားစွဲမယ်၊ ကလေးသူငယ် အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့တွေဆီ တိုင်မယ်တောမယ်ဆိုတော့ ကျမ ဘက်ကလည်း လိုအပ်တာတွေ လိုက်လုပ်ပေးနိုင်အောင် ပြင်ထားရတာပေါ့။

ဒီအချိန်မှာပဲ ဒီကလေးရဲ့ အဖွားဖြစ်သူ မယ်သီလရှင်က ဒါတွေဟာ ကံ ကံရဲ့ အကျိုးတွေ၊ ဘာမှ ပူလောင်မနေနဲ့၊ ကလေး အတိတ်ကံ မကောင်းလို့ ဖြစ်တာဆိုပြီး လာခေါ်သွားပါတယ်။ ကျမလည်း အတော်လေး အံ့သြမိတယ်။ ကျမတို့ လူမျိုးရဲ့ စိတ်နေစိတ်ထားဟာ ကြောက်စရာ ကောင်းလှအောင်ကို အေးချမ်းတယ် ပြောရမလား၊ ကြောက်တာလို့ ပြောရမလား၊ ဘယ်လို ပြောရမယ်မှန်းကို မသိ၊ ဝေခွဲမရတော့ပါဘူး။
ကျမကတော့ ကျမဆီ ရောက်လာကြတဲ့ သူတွေထဲက သူတို့ နှစ်ယောက်ကို အမှတ်ရနေမိပါတော့တယ်။ ။

(စာရေးသူ မဖြူဖြူသင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်ဖြစ်ပြီး၊ ပါတီ၏ HIV/AIDS ကာကွယ်ရေးနှင့် ကုသရေးအဖွဲ့တွင် လက်ရှိ ဦးဆောင်နေသူတဦး ဖြစ်သည်။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြသဖြင့် ၂ဝဝ၇ ခုနှစ် မေလတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ရာ HIV ဝေဒနာသည်များက သူမကို ပြန်လွှတ်ပေးရန် ဆန္ဒပြခဲ့ကြသည်။)

Saturday, November 21, 2009

opinion piece from the Irrawaddy

0 comments
အကူအညီတွေ ထိရောက်ပါရဲ့လား…
ဖြူဖြူသင်း ဧရာဝတီ

ဒီနှစ်ထဲမှာ ဆူဒန်နိုင်ငံသမ္မတ မစ္စတာ အိုမာက ခုခံအားကျရောဂါ တိုက်ဖျက်ရေး ကူညီနေတဲ့ NGO များ အပါ အ၀င် NGO ၁၃ ခုကို နိုင်ငံကနေ နှင်ထုတ်လိုက်တဲ့ သတင်းကြောင့် ကျမ အများကြီး အံ့သြ တုန်လှုပ်သွားပါ တယ်။

NGO တွေ ဆူဒန်နိုင်ငံရေးမှာ ၀င်ရှုပ်တယ် ဆိုတဲ့ သူ့စွပ်စွဲချက်တွေ ဘယ်လောက် ခိုင်လုံတယ် ဆိုတာတော့ ကျမ မသိနိုင်ပါဘူး။ ဆေးသောက်လက်စ လူနာတွေ ဘယ်လောက်များ ဒုက္ခ ရောက်သွားသလဲ ဆိုတာကို စဉ်းစား နေမိတာပါ။

NGO တွေက ကျမတို့ နိုင်ငံမှာလည်း ရှိပါတယ်။ စစ်အစိုးရကလည်း NGO တွေကို အကန့်အသတ်နဲ့ လုပ်ကိုင်ခွင့် ပြုထားပါတယ်။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှာတော့ ပြည်တွင်း NGO၊ တနည်း ပြောရရင် ခါတော်မီ NGO တွေ မှိုလို ပေါက်လာပါတယ်။ မှိုလိုပေါက်တယ် ဆိုတဲ့ အသုံးနှုန်းကို တချို့ကတော့ ကြိုက်မယ် မထင်ဘူး။ ဒီတိုင်းပြည် လူဦးရေ ၅၆ သန်းကျော်အတွက် ဒီ NGO လေးတွေပဲ ရှိတာ မှိုလိုပေါက်တယ်လို့ ပြောရမလား ဆိုပြီး အပြစ် မြင်နိုင်ပါတယ်။

မှိုလိုပေါက်နေတယ် ဆိုတဲ့ စကား မမှားဘူးလို့ဘဲ ပြောရပါမယ်။ သူတို့တွေဟာ တကယ့် လိုအပ်ချက်ကို မဖြည့်နိုင်လို့ ဒီစကား ပြောရတာပါ။ သူတို့ဟာ ဝေးလံ သီခေါင်တဲ့ နေရာတွေကို မသွားနိုင်ပါဘူး။ သွားလို့ မရတာလည်း အကြောင်းအချက် တခု ဖြစ်မယ်လို့ ကျမ စဉ်းစားမိပါတယ်။ ရန်ကုန်မြို့မှာတော့ NGO တွေ များတယ် ဆိုရမှာပါ။

စဉ်းစားမိတဲ့ နောက်တချက်က အလှူရှင်နဲ့ လုပ်ကိုင် ဆောင်ရွက်သူတွေကြား နားလည်မှုပါပဲ။
အလှူငွေတွေဟာ 3D Fund လို့ ခေါ်တဲ့ တီဘီ၊ ငှက်ဖျား၊ ခုခံအားကျ ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီတဲ့ နိုင်ငံတကာ အဖွဲ့ဆီက လာပါတယ်။

3D Fund အဖွဲ့ကြီးဟာ ရောဂါ သုံးမျိုးအတွက် မြန်မာနိုင်ငံကို ၅ နှစ်ထောက်ပံ့မယ့် အဖွဲ့ဖြစ်ပါတယ်။ အဲဒီလို ထောက်ပံ့ဖို့အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ သုံးစွဲဖို့ရာထားပါတယ်။ ဒီနှစ်အတွက် ဒေါ်လာ ၆ သိန်း ၃သောင်း သုံးစွဲမယ်လို့လည်း အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီ 3D Fund က မြန်မာနိုင်ငံကို မူဝါဒ အမှားကြီးနဲ့ ၀င်လာတာကြောင့် ဒေသခံ NGO တွေ ပွားများ လာစေတာပါ။ သူတို့ မူဝါဒ အမှားကြီးက ကျမတို့ နိုင်ငံက ဒေသခံ NGO တွေကို ပျက်စီးစေတဲ့ လမ်းကြောင်း ဘက်ဆီ တွန်းပို့သလို ဖြစ်နေတာပါ။ 3D Fund ကို ကျမ မြင်တာကတော့ ဒီအတိုင်းပါပဲ။

သူတို့ရဲ့ ယေဘုယျမူကတော့ သူတို့ ကိုယ်တိုင်ကိုယ်ကျ အကူအညီ မပေးနိုင်ဘူး။ ဒါပေမယ့် ကြားခံ တခု ထားပြီးတော့ ပေးမယ်။ ပေးမယ့် နေရာမှာလည်း အားလုံးကို ပေးမယ်၊ ကျမတို့လိုမျိုး နိုင်ငံရေးအဖွဲ့အစည်းက လွဲလို့ပေါ့။ ဒါ ကျမတို့ကို မပေးလို့ ဝေဖန်နေတာလည်း မဟုတ်ဘူး။ ကျမတို့ အနေထားက သူတို့ ပေးမယ် ဆိုရင်တောင် လက်မခံနိုင်တဲ့ အခြေအနေပါ။

အာဏာပိုင်တွေနဲ့ NGO တွေရဲ့ သဘောတူညီချက်တွေ အရ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့တွေ၊ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့တွေကို သူတို့ ကူညီလို့ မရဘူး။ ဒါပေမယ့် အငြင်းပွားစရာ ဖြစ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ကလေး စောင့်ရှောက်ရေး အသင်းလိုမျိုးတွေကို ကူညီနေတာ တွေ့ရတယ်။

ဒီလို အကူအညီတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်မယ့်သူ ဘယ်သူဖြစ်မလဲ၊ စောင့်ကြည့်တာကိုရော ခံနိုင်သလား ဆိုတာ လေ့လာပြီးတော့မှ အကူအညီပေးသင့်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တခါတုန်းက ပြောခဲ့တဲ့ စကားဟာ အလွန်ကိုပဲ တန်ဖိုးရှိပါတယ်။

3D Fund က NGO တွေကို ထောက်ပံ့တယ်။ ငွေသာ ၀င်သွားတယ် NGO တွေက ဘာတွေလုပ်နေတယ်ဆိုတာ ပြည်သူလူထု မသိလိုက်ကြဘူး။ ထိရောက်မှု ဘယ်လောက် ရှိတယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

3D Fund က တကယ် ထိထိရောက်ရောက် လုပ်နေသူတွေနဲ့ လက်တွဲမှ အောင်မြင်မှာ ဖြစ်ပါတယ်။ တကယ်လုပ်နေတဲ့ အဖွဲ့တွေက အကူအညီ မရတာတွေ ရှိပါတယ်။

တဘက်မှာလည်း အာဏာပိုင်တွေက ထိန်းချုပ်မှု သိပ်များရင် ဒီငွေတွေက ထိရောက်မှာ မဟုတ်ဘူး။ HIV နဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိထိရောက်ရောက် လုပ်မှ အောင်မြင်မှာပါ။ အာဏာပိုင်တွေက NGO တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးဖို့လည်း လိုအပ်ပါတယ်။

3D Fund လိုပဲ အဲဒီ ရောဂါသုံးမျိုးအတွက် လှူဒါန်းနေတဲ့ နောက်ထပ် နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့အစည်းကြီး တခုဖြစ်တဲ့ Global Fund ဆိုတဲ့အဖွဲ့ကြီးဆိုရင် စစ်အစိုးရက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်ကို ချုပ်ချယ် ကန့်သတ်ထားလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၀၅ ခုနှစ်က မြန်မာနိုင်ငံကနေ ထွက်ခွာသွားခဲ့ပါတယ်။

မနေ့တနေ့ကတော့ အဲဒီ Global Fund အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို လာမယ့် တနှစ်အတွင်း အမေရိကန် ဒေါ်လာ သန်း ၁၁၀ ကူညီသွားမယ်ဆိုတဲ့သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုလို လိုအပ်နေတဲ့ အကူအညီကို ပြန်ပေးတဲ့ အတွက် ကြိုဆိုရမှာပါ။ ဒါပေမယ့် ဒီအလှူတွေက တကယ် လိုအပ်နေတဲ့ သူတွေရဲ့ လက်ထဲကို ရောက်နိုင်တဲ့ အစီအစဉ်တွေလည်း သေသေချာချာ ရှိသင့်ပါတယ်။

လက်တွေ့ လိုအပ်ချက်ကို မပေးနိုင်ဘဲနဲ့ သူ မလိုအပ်တာ ပေးမိပြန်ရင်လည်း ပေးကားပေး၏ မရ ဆိုတာလိုမျိုး ဖြစ်မှာပါပဲ။

ဥပမာနဲ့ မြင်သာအောင် ပြောရရင် ကျမ လူနာတချို့ကို NGO တခုက လာခေါ်ပါတယ်။ စက်ချုပ် သင်တန်း ပေးမယ်လို့ ပြောပါတယ်။ အသက်မွေးမှု ပညာ တတ်မြောက်ထားရင် မဆိုးဘူး ဆိုပြီး သင်တန်း လွှတ်လိုက် ပါတယ်။ သင်တန်းလည်း ပြီးလာရော သူတို့ ပညာအနည်းငယ်တော့ တတ်လာပါပေရဲ့။ ဒါပေမယ့် လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ဖို့ စက်က ဘယ်မှာလဲ လို့ သင်တန်းပေးသူတွေကို မေးကြည့်တော့ “အဲဒါတော့ မတတ်နိုင် ဘူး၊ ဒီ စက်ချုပ် သင်တန်း ပေးတဲ့ စက်တွေတောင် ငှားထားရတာ” ဆိုတော့ ကျမလည်း သက်ပြင်းချရုံ မှတပါး မတတ်နိုင်တော့ဘူးပေါ့။

ဒီသင်တန်းကို လူ ၃၅ ယောက် အတွက် ပေးတာပါ။ ကျမ စဉ်းစားမိတာက သင်တန်းကို ၅ ယောက်လောက် အတွက်ပဲ ပေး၊ ပြီးတာနဲ့ စက် ၅ လုံး ၀ယ်ပြီး ဆင်ပေးလိုက်ရင် မဖြစ်ဘူးလား ဆိုတာမျိုးပါ။ တကယ်ဆို လူ ဒီလောက်များများ ဘာလို့ သင်တန်းပေးသလဲ မေးရင် အလှူရှင် ဘက်ကနေ ကြည့်ကောင်းအောင် ပေးတယ် ဆိုတဲ့ အဖြေပဲ ထွက်ပါတယ်။ လူနည်းနေရင် ထောက်ပြ ပြောဆိုခံရမှာ စိုးရိမ်ပုံ ရပါတယ်။ ဒီတော့ သင်တန်းတခု ပေးလိုက်၊ ဒေသခံ NGO လေးတွေက ငွေသုံးလိုက်၊ လူနာတွေ တကယ် ထိရောက်မှု ရှိမရှိ ဆိုတာလိုမျိုး ဘယ်သူမှ မသိနိုင်တော့တဲ့ အနေအထားတွေ မြင်နေရပါတယ်။

တလောက HIV/AIDS ဆိုင်ရာ အကူညီပေးရေး ဆွေးနွေးပွဲကြီး တခုအတွက် ကျပ် သိန်း ၂၄၀ လောက် သုံးလိုက်တယ်တဲ့။ လုပ်ငန်း မစနိုင်သေးခင် ကုန်သွားတဲ့ ပိုက်ဆံပါ။ အရမ်းပဲ နှမြောမိပါတယ်။

ဆွေးနွေးပွဲကို ဟိုတယ်ကြီးမှာ လုပ်မယ့်အစား ဈေးသက်သာတဲ့ ခန်းမ တခုမှာ လုပ်လိုက်ပေါ့။ ဈေးကြီးတဲ့ အစားအစာတွေနဲ့ ဧည့်ခံမယ့်အစား ငွေကုန်ကြေးကျ သက်သာမယ့် လက်ဖက်ရည် တခွက်စီလောက် တိုက် လိုက်ပေါ့။ ဒါဆို ကုန်ကျစရိတ်က နည်းသွားပြီး လုပ်ငန်းစချိန်မှာ ဒါတွေထည့်သုံးရင် လူနာတွေအတွက် ပိုမို အကျိုးရှိမယ်လို့ တွေးမိနေတာမျိုးပါ။ နိုင်ငံတကာစံ ဆိုတာလည်း ဒီလောက်ကြီး အကုန်ကျခံပြီး လုပ်ပြမှ မဟုတ်လောက်ပါဘူး။

ဒါက ထင်သာမြင်သာရှိတဲ့ ကိစ္စရပ်ပါ။ မမြင်သာတာတွေလည်း ရှိပါတယ်။ လူနာတွေကတော့ ဘာမှ မသိသလို အလှူရှင်တွေလည်း ဘာမှ သိမယ် မထင်ပါဘူး။

ဒီလုပ်ငန်း လုပ်ကိုင်နေတိုင်း ချီးမွမ်း ထောမနာပြု၊ သူရဲကောင်း တယောက်လို ဆက်ဆံနေတာဟာ မြန်မာပြည် မှာတော့ အတော့်ကို လွဲမှားနေတယ်လို့ ပြောချင်ပါတယ်။ အလှူရှင်တွေလည်း သတိရှိရှိ ကူညီ ဆောင်ရွက်ပါလို့ ကျမ အလေးအနက်ထား သတိပေး ပြောဆိုလိုက်ရပါတယ်။ ။

comments and hits counting on Nov 23, 2009

Hits: 1696
Comments (6)Add Comment

Oneof the sutibable Point Of View
written by koyelay, November 23, 2009
In these days, we should ask this is question!!!!!!
Should learn more
written by Phoe Auu, November 23, 2009
Seems like author doesn't know well about the donors organizations and how they do it.
One thing for sure is that money doesn't come that easy from these international donors. They have well-crafted check and balance system and monitoring and evaluation systems for the recipient organizations to be accountable as much as possible. I agree with author about the fact that intended amount of these aids should reach the beneficiaries. But some points opinions in the article are not well-thought and professional.
မှန်တယ်
written by MHM, November 22, 2009
မြန်မာတွေက ငါးပွက်ရာ ငါးစာချဖို့ လုပ်ကြတာ များတယ်။ အန်ဂျီအိုကို စစ်အစိုးရက သူ့အတွက် အသုံးချဖို့လောက်ပဲ ကြည့်နေတာပါ။ ပြည်တွင်း အန်ဂျီအို အတော်များများကလည်း အစိုးရနဲ့ ပလူးပလဲ လုပ်ပြီး၊ စီးပွားရေးလုပ်ငန်း တခုလို ၀င်လုပ်နေကြတာလို့ပဲ မြင်ပါတယ်။ NGO Business ပေါ့။
ဒီလိုမျိုးလည်း ရှိတယ်လား?
written by Phoenix, November 21, 2009
ဒီလိုအဖြစ်မျိုးလည်း ရှိတယ်ပေါ့? ကျနော် အရင်က သေချာမသိဘူးဗျာ။ NGO တိုင်းက သူ့ Donor နဲ့သူ တကယ်ထိထိရောက်ရောက် လုပ်နေတယ်ပဲ ထင်ခဲ့မိတာ။ Fund တွေ အလဟသတ် ကုန်သွားတာ နှမြောဖို့ကောင်းတယ်ဗျာ။ ပြုပြင်သင့်ပါတယ်။
HIV & Burma
written by Mi Mi Linn, November 21, 2009
You are right. I am currently working in one of the LNGOs in Burma. Yes. we are spending too much money but we don not know what the results are. We need to produce more efforts. Of course, this military regime should be changed. With this regime, no efforts can be made. This is politics. Everything in Burma is related to politics. Love live Burma.
welcome to all INGOs
written by myo, November 21, 2009
We should welcome to all of INGOs because they are helping our people as much as they can.There may have some error in their management because they are led by foreigners and they don't know well about the country.Inernational donors trust to them only.They know the regulations how to get the funs from donors. "Welcome to all INGOs who helping our people".

Monday, October 19, 2009

Defeating HIV/AIDS, Preserving the Future

2 comments
Opinion and comments in http://www.irrawaddy.org/opinion_story.php?art_id=17021

Defeating HIV/AIDS, Preserving the Future
By PHYU PHYU THIN

Monday, October 19, 2009

When the immune deficiency syndrome disease (HIV/AIDS) first appeared in Burma in 1988, it was said that the first case was that of a sailor who was infected with the disease.

Possibly for that reason, after 1990 the syndrome was commonly known as "sailors' disease." Then the disease spread among the homosexual community in 1994-95, and it was called the "gays' disease."

I learned a little about the disease in school, but personally, I wasn’t very interested in the issue.

When I joined the National League for Democracy (NLD) in 1996, I became involved in various social issues, but HIV / AIDs still wasn’t high on my list.

By that time, it was well-known as the "4-alphabet disease" among Burmese youth, or "Lay lone disease” in Burmese. Many people were afraid when the government launched its first awareness campaign with billboards saying, "AIDS has no cure and there is no medicine for it."

Apart from awareness campaigns, the government had no program to give blood tests to people in vulnerable communities such as drug users or sex workers, and it neglected the spread of the disease.

As the situation worsened, many people died from HIV/AIDS. In my small community, adults and youths died from the disease, their bodies shrinking into the form of a skeleton. If someone asked, their relatives might say that they died from tuberculosis (TB) or cerebral malaria.

When she was free for a brief period, Aung San Suu Kyi, a leader of vision, said during a speech in 1998 at the 13th International AIDS conference in Durban that openness will help control the spread of HIV, since people can discuss how it is contracted, how to control its spread and how to help those who already have the virus.

She said "containing the spread of HIV/AIDS is preserving our future," and, "If we could develop more compassion in this world then we would all have achieved a happier, more peaceful world."

Suu Kyi selected 19 NLD youth members to be trained in HIV prevention and care at the United Nations Development Program office in Rangoon. After the training, all 19 members started working in a NLD prevention and care program for HIV/AIDS patients. Since then, without financial assistance or salaries, we have worked to deliver care and raise HIV/AIDS awareness.

Meanwhile, the authorities are always looking at what we do, and they sometimes harass us because we are NLD members. It’s hard to keep the work going. The program continues with a small group of workers, including me and Khin Htar Yee, who is liked my elder sister. With meager resources, we keep the program going amid many uncertainties and great anxiety.

I recall that our first HIV/AIDS patient was a police officer. Since then, we have cared for almost 2,000 infected patients. Many of our patients died while receiving our care. Many stories are tragic, but others are heart warming.

In our early days, we treated patients unsystematically, and we learned as we did our work. We went to patients' homes and offered help such as washing clothes, cleaning a room or cooking. We were not familiar with HIV/AIDS medicines, and we had no source for knowledge or supplies. The patients were thankful for our support, but we couldn’t provide medical care, and they died.

At first, we faced tremendous hardships because of the stigma attached to HIV/AIDS. Most patients didn’t want others to know of their illness. In some cases, families welcomed us. But many families rejected us, not wanting to be associated with the disease.

At that time, most people believed HIV/ AIDS was a disease of bad moral character or shameful behavior. The problem was compounded by the military government’s fear-driven campaign. Many patients would not go to hospitals or health services, and they wanted to keep their infection secret, which could sometimes lead to reckless lifestyles and more infections.

Many patients arrived too late to be treated at the Wai Bar Gi Infectious Disease Hospital. Those who could be treated often couldn't afford to buy drugs in the government’s ill-equipped hospitals.

Now many of our patients are given ARV (anti-retroviral drugs) medicine and support, and most can continue their lives.

However, while cheaper and affordable drugs are now available, some patients still go to faith healers or take herbal medicines or dangerous concoctions, seeking a cure. Some even eat dog meat once a day, believing it can cure them. We have a long way to go to remove misguided beliefs and deep-seated fears.

If Suu Kyi were free and able guide us, we could work to support our patients and treat the disease even more effectively.

I have committed my life to help people with the disease and to eliminate the spread of HIV/AIDS in Burma.
I urge people to join in the fight to prevent this catastrophic disease.

Phyu Phyu Thin, a member of the National League for Democracy, is a key organizer of the NLD’s HIV / AIDS outreach program

COMMENTS (3)

Kyaw Win Wrote:

21/10/2009
Our Burmese leaders have no distinction between politics and social issues. What a pity! People in Burma have been suffering from all kinds of physical and mental abuses and maltreatment under these leaders.

pLan B Wrote:

21/10/2009
Jeffrey Helllman,

"Why no help?"

People like Turnell and BEW with these articles as proof have long shut down the help for health matters so tightly supported by groups of expats:

http://www.burmaeconomicwatch.blogspot.com/

Just read the first few articles and you will know how the flippant attitude of these people convinced the world that it is useless and not worth the $ to deal with SPDC in health care matters or otherwise.

Consider that none of these "authors" has ever even been to the country.

Burma is the country that received the least help even without considering the lack of aid for Nargis after the initial SPDC blunder.

MSF is the only know organization that is indirectly involved inside Myanmar.

Until people stop politicizing health matters, the most vulnerable ones, the children and the poor, will bear the brunt.

It has come to a point where the prevalence of children with TB, which used to be rare, is now the norm due to the degradation of education, nutrition, etc.

Jeffrey Hellman Wrote:

19/10/2009
Why hasn't there been more financial support provided to Burma to help ameliorate the AIDS epidemic?

According to Doctors Without Borders, "An estimated 240,000 people are currently infected with HIV in Myanmar. 76,000 of these people are in urgent need of ART, yet less than 20% of them receive it through the combined efforts of MSF, other international non-governmental organizations (NGOs) and the Government of Myanmar.

For the remaining people, the private market offers little assistance as the most commonly used first-line treatment costs the equivalent of a month’s average wage.

The lack of accessible treatment resulted in 25,000 AIDS related deaths in 2007 and a similar number of people are expected to suffer the same fate this year, unless HIV/AIDS services - most importantly the provision of ART - are urgently scaled-up."

http://doctorswithoutborders.org/publications/topten/story.cfm?id=323

Friday, October 16, 2009

working for the future

0 comments
ယနေ့ ဧရာဝတီတွင် ဖော်ပြထားသော ဆောင်းပါး

အနာဂတ်ကို ထိန်းသိမ်းခြင်း
ဖြူဖြူသင်း

ကျမတို့ တိုင်းပြည်ကို HIV/Aids ရောဂါဆိုး တိတ်တဆိတ် ဝင်ရောက်လာတာဟာ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပါတယ်။ စတင် ဖြစ်ပွားစဉ်ကတော့ နိုင်ငံခြား သဘောင်္သား တယောက်က စဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉ဝ နောက်ပိုင်းမှာ သဘောင်္သားရောဂါ ဆိုပြီး ခေါ်ကြပါတယ်။ အဲ့ဒီက တဆင့် ၁၉၉၄-၉၅ လောက် ရောက်တော့ ဒီရောဂါဟာ လိင်တူ ဆက်ဆံသူတွေ အဖြစ်များလာပါတယ်။ အဲ့ဒီအချိန်ကျတော့ ဒီရောဂါကို အခြောက်ရောဂါ ဆိုပြီး ထပ်မံ ကင်ပွန်းတပ်ပါတယ်။

ကျောင်းမှာ ဒီရောဂါအကြောင်းသင်နေရပေမယ့် သင်တဲ့ဆရာကလည်း အလေးနက်မရှိ၊ အပွင့်လင်းဆုံး ပြောရ မယ်ဆိုရင် ကျမတို့ကိုယ်တိုင်လည်း စိတ်မဝင်စားခဲ့ပါဘူး။ ၁၉၉၆ ကျမကျောင်းပြီးလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကိုရောက်တော့လည်း တခြားသော လူမှုရေး လုပ်ငန်းတွေကိုသာ လုပ်ဖြစ်ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်လို့ သိပ်မသိခဲ့ပါဘူး။

မဖြူဖြူသင်း (ဓာတ်ပုံ - အေအက်ဖ်ပီ)

လူငယ်ထုကြားထဲမှာတော့ လေးလုံးရောဂါ၊ လေးလုံးရောဂါ ဆိုပြီးတော့ အတော်လေးတော့ အပြောများလာပါ တယ်။ အစိုးရကလည်း ကုရာနတ္ထိဆေးမရှိဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေကို လမ်းဆုံလမ်းခွတွေမှာ လိုက်တင်ပါတယ်။ ပြည်သူလူထုကလည်း အတော်လေး အထိတ်တလန့် ဖြစ်ကုန်ပါတယ်။

အခြေအနေတွေကတော့ အတော်ဆိုးဝါးလာပြီ ဖြစ်ပါတယ်။ မူးယစ်ဆေးသုံး လူငယ်များ၊ ပြည့်တန်ဆာများ အားလုံးကို သွေးစစ်ပေးမယ့် အစီအစဉ်မျိုးလည်း အစိုးရမှာ ရှိပုံမပေါ်ပါဘူး။ သူ့အုပ်ချုပ်ရေးယန္တရား ခိုင်မြဲရေး တခုသာ ကြည့်ပြီးတော့ ကျန်းမာရေးကိစ္စကို လှည့်တောင်မကြည့်သလို ဖြစ်နေပါတယ်။

ဒီလို ဖြစ်သလိုသွားနေရင်းနဲ့ လူအတော်များများကလည်း သေကုန်ပါတယ်။ ကျမတို့ ပတ်ဝန်းကျင် အနီးနားက လူငယ်တွေ၊ လူလတ်တွေ ပိန်လှီပြီး သေကုန်တာမျိုးပါ။ မေးကြည့်လိုက်ရင် တီဘီကျွမ်းတယ်၊ ငှက်ဖျားပိုး ခေါင်း ထဲရောက်တယ် ပြောပါတယ်၊ ဒါကတော့ ကျမ ပတ်ဝန်းကျင် ကွက်ကွက်ကလေးက အခြေအနေပါ။ တတိုင်း ပြည်လုံးအခြေနေက ဘယ်လောက်ဆိုးဝါးနေပြီလဲ ဆိုတာတော့ သိပ်ပြောစရာ မလိုတော့ဘူး ထင်ပါတယ်။

ဒီလိုအခြေနေဆိုး ကြားထဲမှာပဲ ၂ဝဝ၂ ခု မေလခြောက်ရက်နေ့မှာ နေအိမ်အကျယ်ချုပ် ခံထားရတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပါတယ်။

စစ်အစိုးရကလည်း သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်လိုက်ပြီဆိုတဲ့ စကားလုံးလှလှလေး သုံးပြီးကမ္ဘာကို ရုတ် တရက် ဖမ်းစားလိုက်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုရဲ့ အခြေခံပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိ တာတွေကတော့ ဘယ်ခေတ်ကနဲ့မှ နှိုင်းမရအောင် ဆိုးဝါး ဆုတ်ယုတ်နေတာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ပါ။ “HIV ပိုးကို ထိန်းချုပ်ခြင်းသည် ကျမ တို့အနာဂတ်ကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်” လို့ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၈ တောင်အာဖရိကနိုင်ငံ ဘန်ဒေါင်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ခုခံအား ကျဆင်းမှုဆိုင်ရာ ညီလာခံကြီးအတွက် ပေးပို့တဲ့မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။

အာဏာပိုင်တွေက ကျန်းမာရေးလုပ်ငန်းတွေကို ဦးစားမပေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည် အတွက် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို စတင် လုပ်ဆောင်ပါတယ်။ အဲ့ဒီထဲမှာမှ ကျမတို့ လူငယ် ၁၉ ဦး စိစစ် ရွေးချယ်ပြီး UNDP ရုံးမှာ HIV ကာကွယ်တားဆီးရေးနဲ့ ပြုစုစောင့်ရှောက်ရေး သင်တန်း တက်ရောက်ဖို့ ပို့လွှတ် တာလည်း တခုပါဝင်ပါတယ်။

သင်တန်းကာလပြီးချိန်မှာတော့ ကျမတို့ လူငယ် ၁၉ ဦးစလုံး တက်ကြွစွာ ပါဝင် ဆောင်ရွက်ကြပါတယ်။ အဖွဲ့ချုပ် ရုံးမှာလုပ်တဲ့ ပညာပေး ဟောပြောပွဲတခု အမေရိကန်ပြည်ထောင်စုက ရောဂါဝေဒနာ ခံစားနေရသူ တယောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျမ အတူတူ ဟောပြောကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဒီရောဂါဆိုးကြီး စွဲကပ်ခံနေရ သူတွေနဲ့ ကျမတို့ အဖွဲ့ချုပ်ဝင်တွေကြားမှာ လုံးထွေးပြီး လုပ်ကိုင်နေတာ ဒီနေ့ထက်တိုင်ပဲ ဖြစ်ပါတယ်။

ဒီအလုပ်ကိုလုပ်လို့ တခြား NGO တွေလို ငွေကြေး မရပါဘူး။ ဒီလောက်ကြီးကျယ်တဲ့ အလုပ်ကို လုပ်ကိုင်နေရ ပေမယ့် ရန်ပုံငွေလည်း ခုထက်ထိ မရှိပါဘူး။ အလျဉ်းသင့်သလို လုပ်ကိုင်ဆောင်ရွက်နေတာပါ။ ဒီတော့ ကျမတို့ အဖွဲ့လုပ်ကိုင်နေတာကိုကြည့်ရင် စည်းစနစ်တကျမရှိ ဆိုသလိုဖြစ်နေမှာပါ။

တဘက်မှာ အာဏာပိုင်တွေကလည်း အစဉ်တစိုက် ဒုက္ခပေးဖို့ စောင့်ကြည့်နေပါတယ်။ ဒီအကြောင်းချက်တွေကို တော်ရုံ လွတ်လပ်တဲ့နိုင်ငံက လူတွေ နားလည်မယ် မထင်ပါဘူး။ လူငယ်တွေဟာ ငွေကြေး တပြားတချပ်မှ မရ တာ ကြာလာတော့ သိပ်မလုပ်နိုင်တော့ပါဘူး။ ၂ဝဝ၃ ခုနှစ် နောက်ပိုင်းကျတော့ ကျမရယ်၊ အစ်မလို ခင်မင်ရတဲ့ မခင်ထားရီရယ် မိန်းမသား နှစ်ဦးတည်း လုပ်ကိုင် ဆောင်ရွက်ရပါတော့တယ်။

ကျမတို့မှာ စတင် လုပ်ကိုင်စဉ်ကတည်းက ငွေကြေး ရန်ပုံငွေကလည်း မရှိ။ မိန်းမသားနှစ်ဦးတည်းလည်း ဖြစ်ပြန် ဆိုတော့ အစစ အရာရာဟာ စိတ်မချစရာနဲ့ စိုးရိမ် ပူပန်စရာ ဖြစ်နေတာပါ။ မှတ်မှတ်ရရ ကျမတို့ကို စတင် လာ ရောက် ဆက်သွယ်တဲ့ လူနာဟာ အာဏာပိုင်တွေဘက်က ရဲဝန်ထမ်းတဦး ဖြစ်နေတာပါ။ သူ့ကို စတင်ပြီး ကူညီ ဆောင်ရွက်ပေးခဲ့တာ ခုဆို လူနာ ၂ဝဝဝ ကျော်သွားပါပြီ။

ကံမကောင်း အကြောင်းမလှလို့ အသက်ဆုံးရှုံးခဲ့ရတဲ့ လူနာတွေကလည်း အများကြီးပါပဲ။ နောက်ပိုင်းမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ လူနာတွေအကြောင်း ရေးသားပါဦးမယ်။

နည်းမှန်လမ်းမှန်နဲ့ ကျမတို့ဆီရောက်ရှိလာတဲ့ လူအတော်များများကိုတော့ အေအာဗွီဆေး အကူအညီ၊ ကျမတို့ရဲ့ အားပေးမှုတို့နဲ့ အသက်ဆက်ပေးနိုင်ခဲ့ပါတယ်။ ဒီရောဂါ တိုက်ဖျက်ရေးအတွက် ခုချိန်မှာ ကျမကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ တိုက်ဖျက်နေပါတယ်။ အကယ်၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတော့ လမ်းညွန်၊ ဦးဆောင်မှုပေးမယ်ဆိုရင် ဒီရောဂါဆိုးတိုက်ဖျက်ရေး ပိုမိုအားကောင်းလာမှာ မုချပါ။

ဒီရောဂါ အမြစ်ပြတ်ဆေး မပေါ်သေးသရွေ့ ကျမကတော့ HIV/Aids ကာကွယ်တားဆီးရေး၊ လူနာတွေကို ပြုစု စောင့်ရှောက်ရေးတွေ ဆောင်ရွက်ပေးနေမှာ ဖြစ်ပြီးတော့ ပြည်သူအားလုံးလည်း ကျန်းမာရေး သတိရှိရှိနဲ့ ဒီရောဂါ ဆိုးကြီး တိုက်ဖျက်ရေးမှာ အဖွဲ့တဖွဲ့နဲ့ ပူးပေါင်းလို့ဖြစ်စေ၊ တဦးချင်းဖြစ်စေ ပါဝင်ဆောင်ရွက်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

အစောပိုင်းမှာ အထက်က တင်ပြခဲ့သလို ကျမတို့မှာ နည်းလမ်းလည်းမသိ ဆေးဝါးလည်းမသိ ယောင်ဝါးဝါး လျှောက်လှမ်းရတာပါ။ ဒီတော့ လူနာတွေအိမ်တွေကို လိုက်ပြီး ပြုစုကုသပေးတာ အဝတ်လျှော်၊ ကြမ်းတိုက်၊ ထမင်းဟင်းချက်ပြုတ် ကျွေးမွေးတာတွေကို လိုက်လုပ်ပေးရုံက လွဲပြီး တခြားသော ဆေးဝါးကိစ္စတွေ မလုပ်ကိုင် နိုင်ဘူး ဖြစ်နေလေတော့ အစောပိုင်းလူနာတွေဟာ စိတ်ပိုင်းဆိုင်ရာ မြင့်တက်လာပေမယ့် ကိုယ်ခန္ဓာက မလိုက် နိုင်ဖြစ်ပြီး သေဆုံးကုန်ပါတယ်။

စလုပ်ကိုင်စဉ် အခက်အခဲ တခုကတော့ ကာယကံရှင်ကလက်ခံပါရဲ့ မိသားစုက လက်မခံဘဲ ကျမတို့ကို ဆဲဆို မောင်းထုတ်တာမျိုး လုပ်ပါတယ်။ တချို့ကျတော့လည်း မိသားစုကသိပြီး စိုးရိမ်၊ ကာယကံရှင်က လက်မခံတာ မျိုးတွေ အများကြီး ကြုံတွေ့ရပါတယ်။

ဒီရောဂါဟာ အကျင့်ပျက်လို့ဖြစ်တာ၊ စာရိတ္တချွတ်ယွင်းလို့ဖြစ်တာ ဆိုပြီး တလွဲအယူတွေ ရှိနေတာပါ။ အစိုးရက လည်း ကုရာနတ္ထိဆေးမရှိလို့ ပြောလိုပြော၊ ဘေးပတ်ဝန်းကျင်ကလည်း ဒီရောဂါဖြစ်ရင် ခြောက်လပဲ ခံတော့မယ်၊ သေမယ်၊ ဆေးရုံတင်လို့လည်း မဖြစ်ဘူး၊ ဆေးရုံက ဆေးထိုးသတ်တယ် ဆိုတာလိုမျိုး သတင်းမှားတွေကလည်း အများကြီး ထွက်နေတာပါ။

ဒီလိုကောလာဟလတွေကြောင့် လူတွေ အတော်များများက သူတို့မှာ ဒီရောဂါလက္ခဏာရှိကြောင်း ပြနေစေဦး တော့ ဒီရောဂါဖြစ်နေတာ မဟုတ်ပါဘူး ဆိုပြီး ခါးခါးသီးသီး ငြင်းဆန်တော့ပါပဲ။ ဒီတော့ ဆင့်ပွားကူးစက်တာတွေ၊ အရက်သေစာ သောက်စားပြီး နေချင်သလို နေလိုက်တာမျိုးတွေ အများကြီး ဖြစ်ကုန်တာပါ။

ကနဦး အစတုန်းက ကုရာနတ္ထိဆေးမရှိလို့ အစိုးရက ပြောမယ်ဆိုလည်း ပြောစရာပါ၊ ကျမတို့နိုင်ငံမှာ အေအာဗီ ဆိုတာ ကြားတောင် မကြားဘူးသေးလို့ပါ။ ရောဂါသည် အများစုက ရောဂါအဆင့်လွန်ပြီးတော့မှ ဝေဘာဂီ ကူးစက် ဆေးရုံရောက်၊ ရောက်ပြန်တော့လည်း ပိုးသတ်ဆေးကအစ ဆေး နဲ့ ဆေးပစ္စည်းမျိုးစုံ ဝယ်ယူရလေ တော့ လူနာ အများစုက အသက် ဆုံးရှုံးရပါတယ်။

အခုကျတော့ အေအာဗီဆေးက အရင်ကထက်စာရင် အများကြီးသက်သာတဲ့ ဈေးတွေနဲ့ ဝယ်သောက်လို့ ရလာ ပါပြီ။ ဒါပေမယ့် ပျောက်စေဆရာတွေ၊ တိုင်းရင်းဆေးယောင်ယောင် ဘီးဇပ်ရွက်လို အရွက်တွေနဲ့ ဒီရောဂါပျောက် တယ်၊ ဒီရောဂါဟာ တနေ့ ခွေးတကောင်စားရင် ပျောက်တယ် ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေကိုတော့ တိုက် ဖျက်ရဦးမှာပါ။

မဖြူဖြူသင်းသည် ပြီးခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှစတင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၏ HIV/Aids ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေး နှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် လုပ်ကိုင်နေသူ တဦး ဖြစ်သည်။

Tuesday, July 14, 2009

ki ki's writing

0 comments
ကိကိရဲ့ ဘလော့မှာ မဖြူဖြူသင်း အကြောင်း ရေးထားပါတယ်။

လိပ်စာက http://www.kiki-idiotlove.com/2009/07/blog-post_07.html ဖြစ်ပါတယ်။

အဲဒီကို သွားလို့မရရင် http://moemaka.com/index.php?option=com_content&task=view&id=4456&Itemid=1 မှာလည်း တင်ထားပါတယ်။

အပြည့်အစုံ ဖတ်ဖို့ read more ကို နှိပ်ပါ။ read more ပျက်နေရင် ခေါင်းစဉ်ကို နှိပ်ပါ။

အမှတ်တရများထဲမှ အမှတ်တရတခု ...
Posted by kiki Jul 7, 2009


ရောက်ခဲ့ ရပြန်ပြီပေါ့ ဇူလိုင်လ ၇ ရက်နေ့ ။

ဇူလိုင် လ မှာ မြန်မာနိုင်ငံတော် အတွက် သမိုင်းတွင် ရတဲ့  ဝမ်းနည်းကြေကွဲ စရာ အဖြစ်အပျက် ဖြစ်ခဲ့ ရတဲ့ရက် နှစ်ရက် ရှိတာ အတိတ် မမေ့တတ်ကြသူများ မှတ်မိကြမယ်လို့ မျှော်လင့် ပါတယ် ။

နိုင်ငံ တခုရဲ့  စစ်မှန်သော အစိုးရ ဆိုတာ မိမိတို့ တိုင်းသူပြည်သားတွေရဲ့ အသက် အိုးအိမ် ကို ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံသားတွေရဲ့  စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး အစရှိသည်တို့ ကို အဆင်ပြေ ချောမွေ့ စေအောင်
လုပ်ဆောင်ပေးကြရ မှာ ဖြစ်တယ် ။ အကယ်၍ ဒီ အစိုးရ အနေဖြင့် ထို ကိစ္စ အဝဝ တို့ ကို ရာနှုန်းပြည့် မလုပ်ဆောင် ပေးနိုင်ပါက ကူညီလုပ်ဆောင်ပေးမည့် အဖွဲ့ အစည်း တို့ ၏ ကမ်းလှမ်းချက်များကို လက်ခံ ပြီး ပြည်သူ့ အကျိုးကို ရှေးရှု ဆောင်ရွက်ပေးသင့်ပါတယ် ။
ပြည်သူ့ အကျိုးကို လုံးဝ ဥပက္ခာ ပြုကာ မိမိတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှု နေကြသော အစိုးရတို့မှာ မိမိတို့ အာဏာ တည်မြဲရေးအတွက် ကိုယ့်လူမျိုး ကိုယ့်ပြည်သားများကို မတရားတဲ့ အမိန့်  အာဏာများဖြင့် ဖိနှိပ်ချုပ်ချယ်ကြတာတွေကြောင့် ဒီလို အခြေအနေမျိုးမှာ အုပ်ချုပ်သူ နှင့်  အုပ်ချုပ်ခံသူ လူတန်းစား ၂ ရပ်အကြား မှာ ပဋိပက္ခတ်များ ဖြစ်ပေါ်ခဲ့ ရတာ မထူးဆန်း လှပါဘူး ။

ဒါပေမဲ့ ထူးဆန်းတာ တချက်ကတော့ ဒီလို ဖိနှိပ်အုပ်ချုပ်ရုံမျှမကသေး ၊ နင်းပြားဘဝဖြင့် အတိဒုက္ခရောက်နေကြသူများအား လူသားချင်းစာနာစိတ် ကင်းမဲ့ စွာ လျှစ်လျှုပြုထားခြင်းအပြင် ၊ မေတ္တာစိတ် ၊ လူစိတ် အပြည့်ဖြင့် အိတ်စိုက် ကူညီ ပေးကြသူများ ကိုပါ ဖမ်းဆီး ချုပ်ချယ် နှိပ်ကွပ်ခြင်း ပြု ကြတာ ၊ ဘယ်လို ခံယူချက်မျိုးဖြင့် ပါလဲ ဟု အဖြေမရှိတဲ့ မေးခွန်း တခု ကို ထုတ်မိပါတယ် ။

ဒီနေ့ မှာ လွန်ခဲ့တဲ့  ၄၇ နှစ်က အဖြစ်အပျက်ကြောင့် မြန်မာပြည်ရဲ့  သမိုင်းမှာ ဖျောက်ဖျက်လို့ မရတဲ့ အမည်းစက် စွန်းထင်းစေခဲ့တဲ့  အာဏာရှင် စစ် အစိုးရ ရဲ့  လူမဆန်တဲ့ လုပ်ရပ်တွေ များလှစွာ ထဲ မှ ခု ဒီဖက်ခေတ် က လတ်တလော အကြောင်း အရာလေး တခု ကို ဖေါ်ပြ ပေးလိုပါတယ်။
၇.၇.၁၉၆၂ မှာ ဖြစ်ပေါ်ခဲ့ ရတဲ့ ဥဒါန်းမကြေ အဖြစ်မှန်တွေကို ကြည့်လို ဖတ်လိုပါက ကိုလူထွေး နှင့် မသဒ္ဒါ တို့ ရဲ့ ဘလောဂ် များမှာ သွားရောက် ဖတ်ရှု နိုင်ပါတယ် နော် ။

AIDS ခေါ် ကိုယ်ခံနိုင်စွမ်းအားကျဆင်းမှုရောဂါ ကြီး ဟာ လွန်ခဲ့ သော ဆယ်စုနှစ် နှစ်ခုကျော်အချိန်မှ ၍ လူသားများကို ခြိမ်းခြောက်လျှက်ရှိတဲ့ ရောဂါဆိုးကြီး ဖြစ်ပြီး ကမ္ဘာ နိုင်ငံ အသီးသီး၌ တာဝန် ရှိ ပြီး တာဝန်သိတတ်ကြသော အစိုးရ အဖွဲ့ အစည်း များမှ အင်တိုက်အားတိုက် ကာကွယ် တိုက်ဖျက်ရင်း ဝေဒနာ သည်များကို စောင့်ရှောက် ကုသပေးနေကြပါတယ် ။

မြန်မာတပြည်လုံးအတိုင်းအတာဖြင့် ပြောရလျှင် AIDS ရောဂါ ခံစားနေရသူပေါင်း ၂၅၀၀၀၀ အနက် ဆေးကုသမှုခံယူနိုင်သော လူနာပေါင်းမှာ ၁၅၀၀၀ ခန့် သာ ရှိပါတယ် ။အစိုးရ မဟုတ်သော အဖွဲ့ အစည်း NGO အကူအညီ ရရှိသူမှာ ၄၀၀၀ ခန့် သာ ရှိပါတယ် ။
ရောဂါကြောင့်သေဆုံးရသူ အရေအတွက် မှာ တနှစ်ထက်တနှစ် မြင့် မားလာရာ ယခုနှစ်တွင် ၂၅၀၀၀ ရှိမည်ဟု ခန့် မှန်းထားကြပါတယ် ။
အဆိုပါ ARV ဆေးတွဲတန်ဖိုး မှာ တလစာ ရောဂါပထမအဆင့် (၂၅,၀၀၀၊ ၃၀,၀၀၀) ကျပ်၊ ဒုတိယအဆင့် (၅၀,၀၀၀) ကျပ်ခန့်ရှိပြီး ပြည်တွင်းကုမ္ပဏီ လေးငါးခုအပြင် ဆေးဆိုင် တိုင်း၌ လိုသမျှ ၀ယ်ယူရရှိနိုင် ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းရှိ ရောဂါဝေဒနာ ခံစားနေရသူ အများစုမှာ ဒီလို ဈေးကြီးသော ဆေးများကို ဝယ်ယူသုံးစွဲ ဖို့ မတတ်နိုင်ကြ တဲ့အတွက် ရောဂါ ဆိုးကို အရှုံးပေးကာ အသက်ဆုံးရှုံး ရသူပေါင်း မနဲလှပါ ။
အဲဒါတွေက တော့ ခု လောလောဆယ် မြန်မာပြည်မှာ ရင်ဆိုင် နေရတဲ့ ရောဂါ အခြေအနေ ၊ ကုသရေး အခက်အခဲ တွေနဲ့ ရောဂါသည်တို့ ရဲ့  လျှစ်လျှု ရှု ခံစား နေရတဲ့  အကြောင်းများ ထဲ က တစိတ်တဒေသပါ။

ဒီအကြောင်းတွေ ကို ပြောမယ်ဆိုရင် သူ မ အကြောင်းကို ချန်လှပ်ထားလို့ မရ နိုင်ပါဘူး ။

အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ကူညီစောင့်ရှောက်သူအဖြစ် ထင်ရှားတဲ့ မဖြူဖြူသင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဘက်များနှင့်အတူ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ ပညာပေးရေးလုပ်ငန်းများကို ၂၀၀၂ ခုနှစ်မှစပြီး တစိုက်မတ်မတ် လုပ်ကိုင်နေသူ ဖြစ်ပါတယ် ။ ရ နှစ်အတွင်း လူနာပေါင်း ၁၈၀၀ ကျော်ကို ကူညီခဲ့ တဲ့ မဖြူဖြူသင်း ဟာ ၂၀၀၀ ခုနှစ်က ဒေါ် အောင်ဆန်းစုကြည်ရဲ့  ရွေးကောက်ပွဲ ခရီးစဉ်ကို လိုက်သွားတာရင်းနဲ့  ဦးဆုံး အကြိမ် အဖမ်း ခံရပြီး ထောင်ထဲရောက်သွားတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ သူသွားမြင်လိုက်ရာမှ စိတ်ထဲမှာ တော်တော်ခံပြင်းသွားပြီး အဲ့ဒီထောင်ထဲမှာ တင် သူမ နိုင်ငံရေးဆက်လုပ်မယ် ဆိုတဲ့ အဲ့ဒီလိုမျိုးစိတ်ဓါတ်ကို ချခဲ့တယ်။ လေးလကျော်ထောင်ကျပြီးပြန်ထွက်လာပြီး ကတည်းက အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ကူညီစောင့်ရှောက် တဲ့လုပ်ငန်းကို စပြီးလုပ်လာခဲ့ ပါတယ်။

အန်အယ်ဒီပါတီက ဖွင့်လှစ်ပို့ချတဲ့ HIV/AIDS ကာကွယ်စောင့်ရှောက်ရေးသင်တန်းတွေ UNDB ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေက ဖွင့်လှစ်တဲ့သင်တန်းတွေကို တက်ရောက် ခဲ့ပြီးတော့ တစိုက်မတ်မတ် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရောဂါ ကြွမ်း နေတဲ့ လူနာတွေ ကို မရွံမရှာ ကိုယ်ဖိရင်ဖိ ပြုစု စောင့်ရှောက်ပေး တဲ့ အတွက် လူနာတွေရဲ့ အားကိုးခြင်း ကို ခံခဲ့ ရတယ် ၊ တချို့ လူနာတွေ ဆို သူမ ကိုတွေ့ တာနဲ့  တင် ရောဂါ တဝက်လောက် သက်သာ တယ်လို့ ပြောဆို ကြပါတယ်။

သူမ ဟာ ၂၀၀၇ ခုနှစ် မတ်လက Czech သမ္မတနိုင်ငံ၊ People in Need ဖောင်ဒေးရှင်းက ပေးအပ်သော Homo Homini ဆုကို ချီးမြှင့်ခံရခဲ့ရပါတယ်။ မြန်မာပြည်နိုင်ငံရေး လှုပ်ရှားမှုထဲမှ ထင်ရှားသည့် အမျိုးသမီးများဖြစ်ကြတဲ့ မစုစုနွေး၊ မနီလာသိန်းတို့နှင့်အတူ ပူးတွဲချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။ ထိုဆုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလုပ်ငန်းများမှာ စွမ်းစွမ်းတမံဆောင်ရွက်သူတွေ ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် လှုပ်ရှားသူတွေ ကို ပေးအပ်သည့်ဆုဖြစ်ပါတယ်။

ဒီဆု ကို ချီးမြှင့်ခံရကြောင်း သိရတော့ သူ ပြောခဲ့တဲ့ စကားလေးများက ဒီလိုပါ ။ ..

“ ဒီဆုကို ပေးလိုက်တယ် ဆိုကတည်းကလေ ကျမတို့ မြန်မာပြည်မှာ လူ့အခွင့်အရေးရော၊ ဒီမိုကရေစီအရေးရော ဆုံးရှုံး နေတာ ဆိုတာပေါ့နော်၊ ဟိုး ရှေး တော်တော်ကြာကြာကတည်းက ကျမတို့ ကြိုးစား လာခဲ့ကြတာပေါ့နော်၊ လွတ်လပ်ရေးအတွက်ရော၊ ဒီမိုကရေစီအတွက်ပေါ့နော်၊ အဲဒီအတွက်ကို၊ ကြိုးပမ်းလာတဲ့ လူတွေအတွက်ကို ရည်စူးပြီးတော့ ပေးတယ်လို့ ကျမ ခံယူတယ် လေ၊ အခု(၃)ယောက်ကို ပေးတယ်ပေါ့လေ၊ ဒီ(၃)ယောက်ကို ပေးတယ်လို့လည်း ကျမ မခံယူဘူး၊ အဓိကကတော့ ဒီစက်တင်ဘာမှာ ဖြစ်သွားတဲ့ ကိစ္စပေါ့နော်၊ ဒီမိုကရေစီရေးရယ်၊ လူ့အခွင့်အရေး ရယ်၊ လွတ်လပ်ရေးအတွက်ကို ရဟန်း သံဃာတွေရော ၊ ကျောင်းသား ပြည်သူလူထုတွေရော သူတို့ အသက်စွန့်ပြီး ကြိုးပမ်းခဲ့ကြတယ်၊ အဲလို လူတွေ အားလုံးအတွက်၊ ရဟန်းသံဃာတွေ၊ အဖမ်းဆီး နှိပ်စက်ခံပြီး လုပ်ထားသူတွေ အတွက် ရည်ရွယ် ပြီးပေးတာလို့လည်း ကျမအနေနဲ့ ခံယူတယ်လေ၊”

ဒီအမျိုးသမီး(၃)ဦးစလုံးရဲ့ ကိုယ်စား ရရှိခဲ့ဆုကိုတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက နိုင်ငံရေး အကျဉ်းသူဟောင်း မလဲ့လဲ့နွယ်ကနေ သွားရောက် ရယူ ခဲ့ ပါတယ်၊ ဒီဆုဟာ (၂၀၀၀)ခုနှစ်က ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ပေးအပ်ခဲ့တဲ့ ဆုလည်း ဖြစ်ပါတယ်၊ ဒီဆုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေ။ နိုင်ငံရေး ပဋိပက္ခတွေမှာ တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းနေသူတွေကို ချီးမြှင့်တဲ့ ဆုလည်းဖြစ်ပါတယ်။

သူမ ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲ များကို ဦးဆောင်ပြုလုပ်သောကြောင့် ၂၀၀၇ ခု မေလ ၂၁ ရက်က အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ထပ်မံ ခံခဲ့ရပါတယ် ။
သူမ မှာ ပန်းနာရင်ကျပ်ရောဂါ ရှိနေပေမဲ့ သူ့ ကျန်းမာရေး ကိုတောင် အလေးမထားဘဲ ထောင်ထဲမှာ အစာ ငတ်ခံ ဆန္ဒပြ ခဲ့ ပါသေးတယ် ။

အဲဒီနောက် ပြန်လွတ်လာပြီး စေတနာ့ဝန်ထမ်း အလုပ်တွေကို အားကြိုးမန်တက် ဆက်လက် လုပ်ကိုင် နေခဲ့ပါတယ် ။
ဒီလိုနဲ့ ၂၀၀၇ သြဂုတ်လအတွင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သော ထင်ရှားသည့် လူငယ်များ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရချိန်မှစပြီး အခြေအနေ အရ လူမြင်ကွင်းမှ ပျောက်ကွယ်အောင် တိမ်းရှောင် နေထိုင် ခဲ့ ရပါတယ် ။
ဤအချိန်အတွင်း သူ၏လူနာအချို့တည်းခိုနေထိုင်သည့် ရန်ကုန်မှ မဂ္ဂင်ကျောင်းတိုက် ချိတ်ပိတ်ခံခဲ့ရပြီး၊ ဖခင်ဖြစ်သူလည်း ရုတ်တရက် ကွယ်လွန်ခဲ့ ရ ပါတယ် ။


ဤသို့  အများအကျိုး ၊ အေအိုင်ဒီအက်စ် ရောဂါ သည်များ အား ကိုယ်ထိလက်ရောက် ပြုစု စောင့်ရှောက်ပေးခဲ့သူ
မဖြူဖြူသင်းကိုယ်တိုင် ရေးသားခဲ့သော အောက်ပါ ကဗျာလေးကို ( ဖြူဖြူသင်းဘလော့ဂ် မှ ကူးယူဖော်ပြပါသည်)

ဝေးမျက်ရည်

နိုင်ငံခြားသွား သားက
ပြန်ရောက်လာတယ်၊
ဗမာပြည်တွင်းရှိရင်း သမီးက
အဖေ့ရဲ့ နောက်ဆုံးခရီးအတွက်
ထွက်မလာနိုင်ခဲ့ဘူး။

ဒီတိုင်းပြည် စနစ်ဆိုးမှာ
ဒီအဖြစ်မျိုးတွေ ဘယ်လောက်ကြုံနေရပြီလဲ။

အဖေမျှော်တဲ့ သမီး
သမီးတွေ့ချင်တဲ့ ဒီအဖေ
ဘယ်ကြမ္မာဆိုးတွေက ခြားထားသလဲ။

သမီးမရောက်နိုင်တဲ့ အဖေ့ဈာပန
သမီးအမျှဝေသမျှ အဖေရပါစေ
သေခြင်းတရားကြောင့် ဘ၀ခြားလည်း
အဝေးကရှိုက်တဲ့ သမီးမျက်ရည်
ကြားမယ်ထင်တယ် အဖေ …။ ။

(့ ဖြူဖြူသင်း )


သူမလို လူများ အမြောက်အများ ပေါ်ထွက် ပြီး မြန်မာ ပြည်သားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကို ပံ့ ပိုး ပေးနိုင်ကြပ်ါစေ ။
အာဏာရှင် စစ်အစိုးရ အမြန်ဆုံး ကျဆုံး ပါစေ ။
သွေးမြေကျ ရသော အဖြစ်ဆိုးများ နောင် ခေတ် အဆက်ဆက်မှာ မရှိ ပါရစေနဲ့  ။

အောက်ပါ နေရာများမှ အချက်အလက်များ ကိုးကား ပြီး ရေးသားဖေါ်ပြ အပ်ပါတယ် ။
http://burmese.bnionline.net,
http://www.khitpyaing.org
http://www.drlunswe.blogspot.com/

မှတ်မှတ်ရရ | edit post
11 comments:

1.
ဂျူနို Says:
July 7, 2009 2:23 AM
2.

ဟုတ်တယ် ကိုယ့်ဖခင်နေမကောင်းလို့တောင် ဆေးရုံမှာလာကြည့်ခွင့်မရအောင် ဂူဝမှာ မြေခွေးတွေ ဝိုင်းစောင့်နေကြတယ်

ကဗျာဖတ်ရတာ မျက်ရည်တောင်ဝဲရတယ်
3.
ကိုလူထွေး Says:
July 7, 2009 2:40 AM
4.

ဖြူ...စင်မြင့်မြတ်တဲ့ စိတ်ထား
ဖြူ...လွင်တောက်ပတဲ့ စိတ်ဓာတ်အားနဲ့
သင်း...ရနံ့တို့ မွှေးပျံ့ကြိုင်
5.
မြူးသျှရီ Says:
July 7, 2009 4:06 AM
6.

ဖြူ...စင်မြင့်မြတ်တဲ့ စိတ်ထား
ဖြူ...လွင်တောက်ပတဲ့ စိတ်ဓာတ်အားနဲ့
သင်း...ရနံ့တို့ မွှေးပျံ့ကြိုင်

ဖွားကိးးးးးး
မြူးလေးကလေရေးချင်တာကလေ
အမျိုးမျိုးလေ ဒါပေမဲ့ရေးတတ်ဖူးရယ်လေ
ဒါကြောင့်ဦးလူထွေးကော်ပီနော်ချိတ်ချိုးနဲ့နော်
ခင်တဲ့
မြူးလေး
7.
အောင်သာငယ် Says:
July 7, 2009 4:59 AM
8.

လွတ်မြောက်ရေးသူရဲကောင်းများ ကိုယ်ရောစိတ်ပါကျန်းမာပါစေ...
9.
ခြေလှမ်းသစ် Says:
July 7, 2009 12:23 PM
10.

ဒီမှာကြည့်လေဗျာ ပြည်သူကို ချစ်တယ်ဆိုတာ ငွေမလို အာဏာ မ မက် ပေးချင်တာက အသက် ... ဒါတွေကို ခေါင်းဆောင်လို့ ခေါ်တယ်ဗျ ... ဤနေ၇ာကနေ မဖြူဖြူ သင်းကို ဂါရ၀ ပြုလိုက်ပါတယ်..
ကိုဇော်
11.
Moe Cho Thinn Says:
July 7, 2009 1:39 PM
12.

သူကတော့ အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ မေတ္တာရှင်မလေးပဲ။

“ထောင်ထဲရောက်သွားတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ သူသွားမြင်လိုက်ရာမှ စိတ်ထဲမှာ တော်တော်ခံပြင်းသွားပြီး အဲ့ဒီထောင်ထဲမှာ တင် သူမ နိုင်ငံရေးဆက်လုပ်မယ် ဆိုတဲ့ အဲ့ဒီလိုမျိုးစိတ်ဓါတ်ကို ချခဲ့တယ်” တဲ့။

ထောင်ထဲရောက်သွားတဲ့အချိန်မှာ တချို့က ကြောက်သွားတယ်၊ တချို့က ငြိမ်သွားတယ်၊ တချို့က ပိုရဲလာတယ်။ မဖြူဖြူသင်းကတော့ လေးစား အားထားရတဲ့ ပြည့်သူ့ သမီးကောင်းပါပဲ။
13.
မေဇင် Says:
July 7, 2009 1:51 PM
14.

မမ ရေ...မဖြူဖြူသင်း ကိုသတင်းကြားထဲက လေးစား ချစ်ခင်နေခဲ့တာပါ..သူဘလော့လေး ရှိမှန်းမသိဘူး..ကျေးဇူး အထူးတင်ပါတယ်ရှင်..။ သူတို့လို လူဖြစ်ချင်ပါတယ်..။
15.
ခင်မင်းဇော် Says:
July 7, 2009 11:05 PM
16.

သူရဲကောင်းတွေဆိုတာ ... အာဏာရှင်ကို ဘယ်တော့မှ ဒူးမထောက် .. ထောင်ဆိုတာ ရဲဝံ့သူတို့အတွက်တော့ သံမဏိဖြစ်စေတဲ့ ပန်းပဲဖိုပေါ့....
17.
Aung San Says:
July 8, 2009 12:50 AM
18.

လေးစားပါတယ် မဖြူဖြူသင်း။
ကျေးဇူးတင်ပါတယ် မကိကိ။
ဦးညွှတ်ပါတယ် အမှန်တရားချစ်သူ သတ္တိရှင်အပေါင်း။
19.
ငှက်ကလေး Says:
July 8, 2009 1:06 AM
20.

ဖတ်ရတာ စိတ်မကောင်းဘူး ဖွားကိရယ် ဂနေ့ တနေ့လုံး လူလဲ သိပ်စိတ်မကြည်ဘူးရယ် သက်ပြင်းပဲ ခဏ ခဏ ချနေရတယ် လူလဲ ကြာရင် မြန်မြန် အသက်တိုတော့မယ် ထင်ပါရဲ့ကွယ် ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
21.
မိုးခါး Says:
July 13, 2009 12:39 PM
22.

ဖတ်ရတာစိတ်မကောင်းလိုက်တာ ..း(

Wednesday, January 14, 2009

phyu phyu thin in nld office ( moemaka news )

0 comments


အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ဖြူဖြူသင်းက အိပ်ခ်ျအိုင်ဗီ ပညာပေး ဆွေးနွေး

ယမန်နေ့က အင်န်အယ်ဒီပါတီ ဌာနချုပ်မှာ ပညာပေး ဆွေးနွေးပွဲတခု ပြုလုပ်ရမှာ စဉ်ဆက်တစိုက် HIV/AIDS ကာကွယ်စောင့်ရှောက်ရေးနဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့သူ ဖြူဖြူသင်းက ဆွေးနွေးစကား ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ယခုလက်ရှိ အဖိနှိပ်ခံရဆုံး အတိုက်အခံပါတီကြီး တခုဖြစ်တဲ့ အင်န်အယ်ဒီမှာ လူကြီးတွေနဲ့ လူငယ်တွေရဲ့ စုစည်း လှုပ်ရှားမှုတွေ၊ ဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ် ပြုလုပ်လာတာကို တွေ့ရပါတယ်။ အစိုးရ သတင်းပေးများကလည်း သတင်းထောက်များ၊ ပါတီဝင်များ၊ အတိုက်အခံ အင်အားစုများထဲ တိုးဝှေ့ဝင်ရောက်ပြီး သတင်းထောက်ကြီးများသဖွယ် ရင်ဘောင်တန်း သတင်းယူ၊ မှတ်တမ်းတင် လုပ်နေကြတာကိုလည်း တွေ့နေရပါတယ်။

Tuesday, January 13, 2009

phyu phyu thin's TALK SHOW in nld hq

0 comments
HIV/ AIDS ဆိုင်ရာ ပညာပေး ဆွေးနွေးပွဲ NLD ရုံးချုပ်မှာ ပြုလုပ်
အာအက်ဖ်အေ 2009-01-13

မြန်မာနိုင်ငံက HIV/ AIDS ရောဂါ ကူးစက်ဖြစ်ပွားမှုနဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်တဲ့ လူငယ်ပညာပေး ဆွေးနွေးပွဲတရပ်ကို ဇန်နဝါရီ ၁၃ရက် ဒီကနေ့ နေ့ခင်း ၁ နာရီက ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို NLD က HIV/ AIDS ရောဂါနဲ့ ပတ်သက်ပြီး လူမှုရေးကိစ္စတွေ ကူညီ လုပ်ဆောင်ပေးနေတဲ့ မဖြူဖြူသင်းက ဦးဆောင်ဆွေးနွေးခဲ့တာ ဖြစ်ပြီး ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ လူငယ် စုစုပေါင်း ၁ဝဝ ကျော် တက်ရောက်တယ်လို့ ပါတီပြောခွင့်ရသူ ဦးဥာဏ်ဝင်းက ပြောပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ ' ကျွန်တော်တို့ နေ့ခင်း ၁နာရီမှာ HIV နဲ့ မြန်မာနိုင်ငံဆိုတဲ့ ခေါင်းစဉ်နဲ့ မဖြူဖြူသင်းက ဆွေးနွေးပွဲ ဦးဆောင်ပါတယ်။ ကျွန်တော်တို့ CEC အဖွဲ့ဝင်များနဲ့ ရန်ကုန်တိုင်း လူငယ် အတော်များများ တက်ပါတယ်။ ပရိသတ်အားလုံး ၁ဝဝလောက် ရှိပါလိမ့်မယ်။ အဲဒီတော့ အဓိကအားဖြင့်တော့ မဖြူဖြူသင်းက NLDရဲ့ ကျွန်တော်တို့ HIV ဌာနခွဲကို ဘယ်တုန်းက အစပျိုးပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာကို ပြောပြတယ်။ နောက် လုပ်ငန်းအတွေ့အကြုံတွေ ပြောတယ်။ လုပ်ငန်းအတွေ့အကြုံမှာ အခက်အခဲ မျိုးစုံ ကြုံတွေ့ရတဲ့ အကြောင်းနဲ့ အတားအဆီးတွေ၊ ကျွန်တော်တို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အပေါင်းနဲ့ အဟန့်အတား ပြုတာတွေကို ဆွေးနွေးပါတယ်။ '

ဒီလိုဆွေးနွေးရာမှာ NLD ပါတီက ကူညီရေးလူငယ်တွေအနေနဲ့ အဓိကရင်ဆိုင်ရတဲ့ ပြဿနာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပထမတခုက HIV ရောဂါသည် အများစုဟာ နယ်ဒေသတွေက ဖြစ်လို့ ရန်ကုန်မှာ နေပြီး ဆေးဝါးကုသရာမှာ အိမ်ခန်းငှားတာကအစ အခက်အခဲ ဖြစ်ရတဲ့အကြောင်း၊ နောက်တချက်က လူနာတွေ အတွက် ARV ဆေးရရှိရေးမှာ လုံလုံလောက်လောက်ရဖို့ အခက်အခဲဖြစ်ရကြောင်း သိရပါတယ်။

NLD ပါတီရဲ့ HIV/ AIDS ရောဂါကူညီရေး လုပ်ငန်းတွေကို ၂ဝဝ၁ ခုနှစ်မှာ စပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ပါတီခေါင်းဆောင်ပိုင်းက စုံစုံညီညီတက်ရောက်တဲ့အတွက် ဒီလူသားချင်းစာနာမှု လုပ်ငန်းမှာ ပါတီအနေနဲ့ ဆက်ပြီး ဘယ်လိုပဲ အခက်အခဲရှိရှိ ထောက်ခံ လုပ်ဆောင်သွားမယ်ဆိုတာ ထင်ရှားတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ ' ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီဥစ္စာက လူသားချင်း စာနာမှု လုပ်ငန်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်တဲ့အတွက် အရေးကြီးတယ်။ ဒီလုပ်ငန်းကိုတော့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ် ဆိုတာကို အဓိကထား ဆွေးနွေးသွားပါတယ်။ ဒီနေ့ မဖြူဖြူသင်းရဲ့ ဆွေးနွေးဟောပြောပွဲကို ကျွန်တော်တို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုယ်တိုင် တက်ရောက် အားပေးတာကို ကြည့်ခြင်းအားဖြင့် ဘယ်လိုပဲ အခက်အခဲရှိရှိ ဒီဟာကို ဆက်လက် ဆောင်ရွက်တာကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထောက်ခံနေတယ်ဆိုတဲ့ လက္ခဏာတော့ တခါတည်း ပေါ်ပါတယ်။ '

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ လကစပြီး လူငယ်နဲ့ ပတ်သက်တဲ့ ၂ ပတ် တကြိမ် ဆွေးနွေးပွဲတွေ အင်္ဂါနေ့မှာ ပြုလုပ်နေပါတယ်။ ဒီကနေ့မှာ HIV/ AIDS ကို အခြေခံတာဖြစ်ပြီး ပြီးတဲ့ အပတ်တွေကလည်း လွတ်လပ်ရေးနဲ့ လွတ်လပ်မှုဆိုင်ရာ ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။