Monday, December 1, 2008

World Aids Day in NLD HQ

0 comments
ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား NLD အဖွဲ့ချုပ် ရုံးမှာ ကျင်းပ
RFA 2008-12-01

ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနား တရပ်ကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီဇင်ဘာ ၁ရက် ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ NLD ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက အမှာစကားပြောကြားခဲ့ရာမှာ ရောဂါဝေဒနာနဲ့ပတ်သက်လို့ အခက်အခဲတွေရှိရင် NLD ပါတီကို ဆက်သွယ်ဖို့နဲ့ ဆေးဝါးကိစ္စတွေကို အတတ်နိုင်ဆုံး ကြိုးစားပေးသွားမဲ့အကြောင်း၊ ဒီရောဂါနဲ့ပတ်သက်ပြီး မရှက်မကြောက်ကြဖို့၊ ရောဂါ ကူးစက်ခံထားရပေမဲ့လည်း အသက်ရှည်ရှည်နေနိုင်မှ လူလောကကို ကောင်းကျိုးပြု နိုင်မှာ ဖြစ်တဲ့ အကြောင်း စသဖြင့် ပြောကြားခဲ့ပါတယ်။

NLD ပါတီက ဖွဲ့စည်းထားတဲ့ HIV/ AIDS ရောဂါ ကာကွယ်ရေးနဲ့ စောင့်ရှောက်ရေး ပညာပေးအစီအစဉ်က တာဝန်ခံ တဦးဖြစ်တဲ့ ကိုရာဇာကလည်း ဝေဒနာရှင်တွေကို ကူညီလို့ အဖမ်းခံခဲ့ရတဲ့ ကိစ္စအပါအဝင် သူတို့ ကြုံရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး တက်ရောက်လာတဲ့ ဝေဒနာသည်တွေနဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေကို အခုလို ရှင်းပြခဲ့ပါတယ်။

ကိုရာဇာ။ ။ ' Pamphlet (လက်ကမ်းစာရွက်) ဝေလို့ အဖမ်းခံရတဲ့ ကိစ္စတွေပေါ့နော်၊ နောက် အေ့ဒ်စ် ဒီ အိမ်ငှားတာကို ရပ်ကွက်နဲ့ လှည့်တိုက်ပေးပြီး ခဲတွေနဲ့ ဝိုင်းထု၊ ကျွန်တော်တို့ဆီက လူနာတယောက် သေတယ်ဆိုတဲ့ ကိစ္စတွေ ပြောပြတယ်။ နောက်ပြီးတော့ အစကနေပြီးတော့ ခုချိန်ထိ အခက်အခဲဆုံးအရာကတော့ ARV ဆေးဝါးပေါ့နော်၊ အဲဒီကိစ္စတွေကို ကျွန်တော် ရှင်းပြောပြီးတော့ လူကောင်းဘဝမှာ၊ လူကောင်းဘဝဆိုတာ HIV ရောဂါတော့ စွဲကပ်နေတယ်၊ လူကောင်းဘဝမှာ ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားပေါ့နော်၊ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစား၊ ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် ကြိုးစားဖို့၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကောင်းအောင် ကြိုးစားဖို့၊ ကျွန်တော် ဒီလောက်ပဲ ပြောတာပါ။ '

ဒီကနေ့အစီအစဉ်မှာ ပညာပေးအစီအစဉ်က တာဝန်ခံတွေဖြစ်တဲ့ ဦးလှမင်းနဲ့ မဖြူဖြူသင်းတို့ကလည်း အမှာစကား အသီးသီး ပြောကြားခဲ့ပါတယ်။ အခမ်းအနားကို HIV/ AIDS ဝေဒနာသည် ၅ဝဝ ဝန်းကျင် တက်ရောက်ခဲ့ရာမှာ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ အောင်လံ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းအတွင်းက သာကေတ၊ မြောက်ဥက္ကလာ၊ ခရမ်း၊ တောင်ဒဂုံ၊ စတဲ့ အရပ်ဒေသက ဝေဒနာသည်တွေလည်း ပါဝင် တက်ရောက်ခဲ့ပါတယ်။

အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေရှိပေမဲ့ အနှောင့်အယှက်ပေးတာတွေတော့ မရှိဘူးလို့ သိရပါတယ်။
အခမ်းအနားတက်ရောက်လာတဲ့ နယ်က ဝေဒနာသည် နှစ်ဦး၊ ဝေဒနာသည်တွေကို စေတနာ့ ဝန်ထမ်းကူညီနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဖြူဖြူသင်းကို ဆက်သွယ်မေးမြန်းပြီး RFA မှ ဒေါ်မေပြုံးအောင်က တင်ပြထားပါတယ်။

(အသံနားဆင်ရန်ွှနေရာကို နှိပ်ပါ။)

Mizzima news

0 comments
မြန်မာပြည်ရှိ HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါး အရေးပေါ် လိုအပ်နေ
နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 23:27 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ HIV/ AIDS ဝေဒနာကို ခုခံကာကွယ်ပေးမည့် ART ခေါ် antiretroviral therapy (ART) ဆေးဝါးများ မြန်မာနိုင်ငံတွင် ပြတ်လပ်နေပြီး ဝေဒနာရှင်များအကြား လတ်တလော အရေးတကြီး လိုအပ်လျက် ရှိသည်။

ဝေဒနာရှင်များ တနေ့တခြား တိုးပွားလာသည့်အပြင် ဆေးဝါးကလည်း ရှာဖွေလို့ မရနိုင်အောင် ဖြစ်နေသည့်အတွက် စိုးရိမ်ဖွယ် အခြေအနေ ရောက်နေသည်ဟု ဝေဒနာရှင် ၂၀၀၀ ကျော်ကို လက်ရှိ ပြုစုစောင့်ရှောက်မှု ပေးနေသည့် စေတနာရှင်တဦးက ပြောဆိုခြင်း ဖြစ်သည်။

"အခုလောလောဆယ် မြန်မာပြည်မှာ ဖြစ်နေတာက NGO ဆေးခန်းတွေကလည်း ဆေးမပေးဘူး။ တခြားနေရာ တွေမှာလည်း ဆေးရနိုင်မဲ့ နေရာတွေ မရှိတဲ့ အခါကြတော့ သေဆုံးနှုန်းက ပိုမြင့်လာနိုင်ပါတယ်" ဟု စေတနာရှင် မဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။

ပြင်သစ်အခြေစိုက် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု အကူညီများ ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များ အသင်း (MSF) ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ဆေးကုသ ခံယူနိုင်ခြင်း မရှိပါက မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင် ၂ သောင်းခွဲနီးပါး ယခုနှစ်အတွင်း သေဆုံးနိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သော်လည်း သေဆုံးမည့် ဦးရေမှာ ပိုမို များပြားနိုင်သည်ဟု ဆိုသည်။

"MSF က ကောက်တဲ့ စာရင်းကတော့ တရားဝင်ပဲလေ။ ဒါပေမဲ့ အဲဒါတွေက ခန့်မှန်းချေနဲ့ ကောက်ထားတဲ့ စာရင်း။ သေဆုံးနှုန်းက MSF က ထုတ်တဲ့ အစီရင်ခံစာထက်တောင် များလာနိုင်တယ်" ဟု မဖြူဖြူသင်းက ပြောသည်။

ဝေဒနာရှင်များ တိုးပွားလာခြင်းနှင့် သေဆုံးမှု များပြားရခြင်း၏ အဓိက အကြောင်းရင်းသည် ထိုင်းနိုင်ငံကဲ့သို့ HIV/ AIDS ပညာပေးလုပ်ငန်းများ တွင်တွင်ကျယ်ကျယ် မပြုလုပ်နိုင်ခြင်းနှင့် ဝေဒနာရှင်များ ရှက်ကြောက်နေသဖြင့် တိုးတိုးတိတ်တိတ် ဆေးကုသမှုခံယူခြင်းတို့ကြောင့် ဖြစ်နိုင်ချေများကြောင်း သိရသည်။

ယခင် ART ဆေးဝါး ပေးနေသည့် ရန်ကုန်အခြေစိုက် NGOs အဖွဲ့စည်းများအနေဖြင့် ဆေးဝါးလုံလောက်မှု မရှိသည့်အတွက် လူနာသစ်များအား လက်မခံတော့ကြောင်း မဖြူဖြူသင်းက ပြောသည်။

"လူနာအဟောင်းတွေကိုတော့ ART ဆေးဝါးတွေ ပေးတယ်။ လူနာအသစ်တွေကိုတော့ သွေးစစ်ပေးတာ လောက်ပဲ လုပ်ပေးနိုင်တော့တယ်။ သာမန် ဆေးတွေဖြစ်တဲ့ အားဆေးတွေလောက်ကိုတောင် ပေးနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ထောက်ပံ့တာတွေ မရှိတော့ဘူးလို့ ပြောတယ်" ဟု သူက ပြောသည်။

MSF အဖွဲ့က မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင် စုစုပေါင်း ၂ သိန်းကျော် ရှိမည်ဟု ခန့်မှန်းထားပြီး၊ ၇ သောင်းခွဲကျော်မှာ အရေးပေါ် ဆေးကုသမှု လိုအပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ART ဆေးရနိုင်သော နေရာအနည်းသာရှိရာ ပြင်သစ် အခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့က ဖွင့်လှစ်ထားသော AZG ဆေးပေးခန်းနှင့် မြောက်ဥက္ကလာရှိ ဝေဘာဂီ ဆေးရုံတို့မှာ လူသိများသည်။

ကုလသမဂ္ဂ (UNAIDS) က ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ မြန်မာပြည်တွင် HIV ရောဂါပိုး ကူးစက်ခံထားရသူ ၃ သိန်း ၆ သောင်း ကျော်ပြီး AIDS ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်မှာ အမေရိကန် ဒေါ်လာတသိန်း ဝန်းကျင်သာ ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ လူတဦးချင်းစီ ပျမ်းမျှရရှိမည့် ကျန်းမာရေး စောင့်ရှောက်မှုနှုန်းမှာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အစိုးရက နိုင်ငံသားတဦးအတွက် ကုန်ကျခံသည့် ပမာဏထက် အဆပေါင်း ၂၅ဝ ခန့် လျော့နည်းသည်ဟု (UNAIDS) က ဆိုသည်။

Tuesday, November 25, 2008

BBC news on Aids in Burma

0 comments


အပြည့်အစုံဖတ်ရန် Read more ကို နှိပ်ပါ။



Thursday, October 9, 2008

DVB talk

0 comments
ဒီဗွီဘီ ၀က်ဆိုက်မှာ တွေ့ရတဲ့ မဖြူဖြူသင်းတို့ရဲ့ ဆွေးနွေးချက်တွေ တင်လိုက်ပါပြီ။ စုစုနွေးရဲ့ ဘလော့စာမျက်နှာအတွက် အချက်အလက်တွေ စုစည်းရင်းနဲ့ တွေ့တာ ဖြစ်ပါတယ်။

အကြောင်းတရားမှ ကင်းဝေးရေး စကားဝိုင်း

ဒီဗွီဘီ ၊ ၈ ၊ ဇူလိုင် ၊၂ဝဝ၇

အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြသလို မြန်မာနိုင်ငံအတွင်းမှာလဲ ဒီနှစ်အတွင်းမှာ တောင်းဆိုသံတွေ ပိုမို ကျယ်လောင်လာနေတာ တွေ့ရပါတယ်။ ဒီဖြစ်ထွန်းမှုအပေါ်မှာ အခြေပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာရေးအတွက် ဘယ်လို ချဉ်းကပ်မှုအသစ်တွေ ရှိလာမလဲဆိုတာ သိရအောင် မစုစုနွေးနဲ့ မဖြူဖြူသင်းကို ဒီစကားဝိုင်းကို ဖိတ်ခေါ်ထားပါတယ်။

မစုစုနွေးဟာဆိုရင် အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ အာဏာပိုင်တွေကို ရဲရဲဝံ့ဝံ့ တရားစွဲခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာသာမကဘဲ နိုင်ငံပြင်ပမှာပဲ ထင်ပေါ် ကျော်ကြားနေသူ တဦးဖြစ်ပါတယ်။ သူဟာ ထန်းမနိုင်ရွာက သတ္တိရှင်မလေးလို့တောင် တင်စားခေါ်ဝေါ်ခံရသူလဲ ဖြစ်ပါတယ်။

မဖြူဖြူသင်းဆိုရင်လဲ အေ့စ်ဝေဒနာသည်တွေကို စေတနာအပြည့်နဲ့ ကူညီနေသူ၊ သူကူညီပေးနေတဲ့ လူနာတွေက လေးစားကြည်ညိုလွန်းပြီး မိခင်ကြီးရယ်လို့တောင် တင်စား ခေါ်ဝေါ်ခံနေရသူပါ။ ထိန်းသိမ်းရေးစခန်းတွေဆီကနေ ပြန်လည် လွတ်မြောက်လာကြတဲ့ သူတို့ဟာ ဒီပဲယင်း အကြမ်းဖက်ခံရကတည်းက နေအိမ် အကျယ်ချုပ် ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဝတ်ပြုဆုတောင်းရင်းနဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူတွေလဲ ဖြစ်ပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျဉ်းကျနေတဲ့ ကာလတွေမှာ လူသိများ ထင်ရှားလာတဲ့ အမျိုးသမီး သူရဲကောင်းတွေလို့ ပြောရင်လဲ ရနိုင်ပါတယ်။ တနည်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားဆောင်ရွက်ခွင့်မရတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ အကြောက်တရားက ကင်းဝေးရေးဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့ ကျင့်သုံးနေသူလို့ ပြောရမှာပါ။

သူတို့နှစ်ဦးအပြင် ဒီစကားဝိုင်းမှာ ပါဝင်နိုင်ဖို့အတွက် ဖိတ်ကြားထားတဲ့ နောက်တဦးကတော့ (၈) လေးလုံး အရေးတော်ပုံကြီးအပြီး မြန်မာနိုင်ငံ ပြင်ပကို ထွက်ခွာလာသူ ဒီမိုကရေစီအရေးနဲ့ အမျိုးသမီးအရေး ကိစ္စတွေကို ဆောင်ရွက်နေသူ မဆူးပွင့်ပဲ ဖြစ်ပါတယ်။

ဒီဗွီဘီ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆိုပြီးတော့ ထောင်မကြောက်၊ တန်းမကြောက်ဘဲ ဘာဖြစ်လို့ အမျိုးသမီးတွေလဲ ဖြစ်တယ်၊ ကျန်မာရေး အခြေအနေကလဲ ကိုယ်စီ ရောဂါ ရှိနေပါလျက်နဲ့ ဒီလှုပ်ရှားမှုမှာ ဘာဖြစ်လို့ ဦးဆောင် လှုပ်ရှားနေရတာလဲ၊ ဒီမေးခွန်းကို မစုစုနွေးက အရင် ဖြေကြားပေးပါ။

မစုစုနွေး။ ။ “ကျမတို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေက အများကြီးပဲ အဲဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မဲ့သူဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ရှိတယ်လေ။ အန်တီကို ဖမ်းဆီးထိန်းသိမ်းထားသမျှ ဒီပြဿနာတွေဟာ မပြေလည်နိုင်ဘူးဆိုတာကို ကျမတို့ ယုံကြည်လေ။ အန်တီကို အမြန်ဆုံးလွှတ်၊ တွေ့ဆုံဆွေးနွေးပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖော်ဆောင်မှ ကျမတို့ မြန်မာနိုင်ငံ အတွက်ဟာ ကောင်းစားမှာ ဖြစ်တဲ့အတွက် ကျမတို့ အန်တီကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။”

ဒီဗွီဘီ ။ ။ မစုစုနွေး ဆွေးနွေးသွားသလိုမျိုး မဖြူဖြူသင်း အနေနဲ့ကရော မစုစုနွေး ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကတော အရေးကြီးပါတယ်။ ကျန်တဲ့ဟာတွေကရော ဘာတွေ အရေးကြီးတယ်လို့ ထင်ပါသလဲ။

မဖြူဖြူသင်း။ ။ “ဒေါ်အောင်ဆန်းစုကြည်ကတော့ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ဒီတိုင်းပြည်အတွက်မှာ သူမပါလို့ရင်ကို တိုင်းပြည်ရဲ့ အပြောင်းအလဲရော၊ တိုင်းရင်းသားတွေ အခွင့်အရေးရော ရရှိအောင် သူပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အန်တီ အပါအဝင် တခြား လွှတ်တော်ကိုယ်စားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ထောင်ထဲမှာ မတရား အကျဉ်းချခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အားလုံးဟာလဲ သူ့ဟာနဲ့သူ အရေးကြီးပါတယ်။ တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ အားလုံး စုပေါင်းပြီးတော့ ပြုလုပ်မှပဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။”

ဒီဗွီဘီ ။ ။ အခု ဆွေးနွေးသွားတဲ့ မဖြူဖြူသင်းနဲ့ မစုစုနွေးတို့ ဆွေးနွေးချက်တွေ အပြင် မဆူးပွင့်ကရော မြန်မာပြည်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ တချို့ဆိုရင်လဲ အသက် (၇ဝ) ကျော် အဖွားအိုတွေတောင် ပါတယ်ပေါ့နော်။ ဝတ်ပြုဆုတောင်းပွဲတွေ လုပ်နေတဲ့အပေါ် ဘယ်လိုမျိုး ပြည်ပရောက်တဲ့ အမျိုးသမီး တယောက် အနေနဲ့ အမြင်ရှိလဲ

မဆူးပွင့်။ ။ “ကျမ အနေနဲ့ မစုစုနွေးတို့ မဖြူဖြူသင်းတို့ ဦးဆောင်ပြီးတော့ ပြည်တွင်းမှာ အခက်အခဲတွေ၊ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးမှုတွေ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို လှုပ်ရှားနေတဲ့ အပေါ်မှာ အင်မတန် အားရမိတယ်၊ ဝမ်းသာဂုဏ်ယူမိတယ်ဆိုတာကို ပထမဦးဆုံး ပြောချင်ပါတယ်။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပထမဆုံး နအဖ အနေနဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ဆက်လုပ်ဖို့ဆိုတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ ဆိုတာက ပထမဦးဆုံး လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။

ဒီအပေါ်မှာ ပြည်သူထု တရပ်လုံးက ပါဝင်ပြီးတော့ လူထုခေါင်းဆောင်တွေ လွတ်မြောက်ဖို့အတွက် ဆုတောင်းကြတယ်ဆိုတာက ဒီကနေ့ ဒီအချိန်မှာ အင်မတန် သင့်တော်တဲ့ ကိစ္စပါ။ ပြီးတော့ နိုင်ငံတဝှမ်းလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဒီလို ဖြစ်ထွန်းလာအောင် ဆက်လက် ကြိုးစားသွားဖို့ လိုအပ်နေတယ်။ အတွင်းရော၊ အပြင်ရော ညီညီညွတ်ညွတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ဖို့အတွက် တက်တက်ကြွကြွ ကြိုးစားသွားဖို့ လိုနေတယ်။ တပြိုင်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာ လှုပ်ရှားနေတဲ့ တက်ကြွမှုမျိုး၊ တိုင်းရင်းသား ပြည်နယ်တွေမှာလဲ ဒီလို အစပျိုးမှုမျိုးတွေ အစပျိုးနိုင်သလောက် စပြီး အစပျိုးနိုင်ရင် ကောင်းမယ်လို့ ကျမအနေနဲ့ ထင်မြင်ပါတယ်။ အဲဒီအပေါ်မှာလဲ မစုစုနွေးတို့၊ မဖြူဖြူသင်းတို့ အမြင်လေးတွေ သိချင်ပါတယ်။”

“တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလဲ တကယ့်တကယ်ဆိုရင် အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ ဒီမှာ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား တိုင်းရင်းသား ကိုယ်စားလှယ်တွေရော၊ အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက်လဲ ပါပါတယ်။ အားလုံး လွတ်မြောက်မှ အားလုံး စုပေါင်းပြီးတော့ တိုင်းပြည်အတွက်ကို ကောင်းမွန်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ အခြေအနေအရဆိုရင်လဲ တိုင်းနဲ့ပြည်နယ် အသီးသီးမှာလဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရော တိုင်းရင်းသားတွေ အနေနဲ့ရော တက်တက်ကြွကြွတွေ လုပ်ဆောင်လာတာ အခုနောက်ပိုင်းဆို တွေ့နေရပါတယ်။ ဥပမာဆို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှာဆို လူအင်အား တော်တော်များများနဲ့ ခမ်းခမ်းနားနားလဲ ကျင်းပနိုင်ခဲ့တယ်၊ အခု အာဇာနည်နေ့လို့ အခမ်းအနားတွေမှာလဲ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ခမ်းခမ်းနားနား စည်စည်ကားကားနဲ့ အားလုံး စဉ်းစားနိုင်ဖို့အတွက်ကို အားလုံး ပြင်ဆင်နေကြပါတယ်။”

“ကျမတို့ ပြည်တွင်းမှာက အခက်အခဲတွေက တအားပဲလေ။ ကျမတို့ ရင်ဆိုင်နေရတာ အားလုံးလဲ အသိပဲလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့အခါမှာ တချို့ မြို့နယ်၊ တိုင်းနဲ့ ပြည်နယ် အသီးသီးတွေမှာ အားရဝမ်းသာနဲ့ ညီမတို့ကို လှမ်းပြီးတော့ ဖုန်းဆက်တာတွေ၊ ဘာတွေ ရှိတယ်လေ။”

ဒီဗွီဘီ ။ ။ နောက်တခု ဆက်မေးချင်တာက အခု သတိပြုမိတာက မြန်မာနိုင်ငံထဲက ဝတ်ပြုဆုတောင်းပွဲတွေ လုပ်နေတဲ့အခါမှာ မေလကဆိုရင် ရက်စက်ပေါ့။ အခုဆိုရင် အပတ်စဉ် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသ အသီးသီးမှာ လုပ်နေဆဲ ဖြစ်တယ်ပေါ့။ ဒီလို လှုပ်ရှားမှုတွေမှာ ဥပမာအားဖြင့် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာဆိုရင် ဝတ်ပြုပွဲ သွားပြီးအပြန်မှာ အမျိုးသမီး (၄) ယောက် ဂွနဲ့ ပစ်ခံရပါတယ်၊ မန္တလေး မတ္တရာမြို့နယ်မှာဆိုရင်လဲ မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်ဟာ သံလက်သီးနဲ့ အထိုးခံရတယ်၊ ပြီးတော့ မကွေးတိုင်းမှာဆိုရင်လဲ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းမြင့်ကို ဂွနဲ့ပစ်ခံရတယ်ဆိုတော့ တရားခံတွေကိုတော့ မမိသေးဘူးပေါ့။ ဒါ ပြည်တွင်းက အဖြစ်အပျက်ပါ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာရောက်နေတဲ့ လူတွေကရော ဝတ်ပြုဆုတောင်းပွဲတွေကို ကိုယ်နည်းကိုယ့်ဟန်နဲ့ ခေါင်းစဉ်တခုထဲအောက်မှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်လို့ မရနိုင်ဘူးလား။ အဲဒါနဲ့ ပတ်သက်ပြီး ပြည်ပရောက်နေတဲ့ မဆူးပွင့်က နည်းနည်း ရှင်းပြပေးပါလား။

“ကဲ ကျမအနေနဲ့ကတော့ တခုဆွေးနွေးချင်တာက ကျမတို့က ဒီနေ့ ပြောတယ်ပေါ့နော်။ ဒီ ပြည်သူတရပ်လုံးရဲ့ သဘောထားဆန္ဒတွေကို ကျမတို့ ဖော်ထုတ်ဖို့လိုနေတယ်။ ပြည်သူတရပ်လုံးက ဘာပဲပြောပြော နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို သွားဖို့အတွက် မျှော်လင့် တောင့်တနေကြတယ်ပေါ့နော်။ ဒီလို အခြေအနေမျိုးတွေမှာ ကျမ အခု အစ်မ မစုစုနွေးတို့၊ မဖြူဖြူသင်းတို့ ဦးဆောင်လှုပ်ရှားနေတဲ့၊ လူထုသဘောထားဆန္ဒဖော်ထုတ်တဲ့ အစီအစဉ်လေးတွေကို ဆန့်ကျင်တဲ့အနေနဲ့ လက်ရှိစစ်အစိုးရဟာ ဆိုလို့ရှိရင် နောက်ထပ် ဒီလုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ပြည်သူတွေ ဆိုပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တွေ ဒီလို တန်ပြန်လှုပ်ရှားမှုတွေနဲ့ လူထုအချင်းချင်းကို အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီးတော့ တိုက်ခိုင်းအခွပ်ခိုင်းတဲ့ ကိစ္စမျိုးတွေ၊ ဖြစ်နေတဲ့အပေါ်မှာ ကျမတို့ ဒီလိုလူတွေကို ဘယ်လို နည်းလမ်းမျိုးနဲ့ စည်းရုံးနိုင်မလဲပေါ့နော်။ ဆိုတော့ သူတို့တွေကို ကျမတို့အနေနဲ့ ဒီလိုမျိုးတကယ့် လူထုသဘောမျိုးအတိုင်း ရပ်တည်ဖို့အတွက် ဒီ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းပို့နိုင်တဲ့ နေရာတွေမှာ ဖိအားတရပ်အနေနဲ့ ပါဝင်လာနိုင်ဖို့ ဘယ်လိုစည်းရုံးနိုင်မယ်လို့ ကျမတို့ မျှော်လင့်ထားနိုင်ပါသလဲရှင်။”

“ဟုတ်။ အဓိက ကတော့ အခု လက်ရှိအခြေအနေအရ ဆိုလို့ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွေရော၊ နောက် စစ်တပ်တွေရော၊ အားလုံးပေါ့နော်။ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ တချို့တတွေတော့ ရှိတာပေါ့နော်။ တချို့တတွေကတော့လဲ ခိုင်းတာလုပ်၊ ပေးတာယူ ကျွေးတာစားပေါ့နော်။ အဲလိုလူမျိုးတွေလဲ ရှိနေသေးတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အနေနဲ့ စိတ်ရှည်ရှည်ထားပြီးတော့ ကျမတို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်တယ်။ ကျမတို့ဟာ အားလုံးအတွက်လုပ်ဆောင်နေတဲ့ဟာ ဖြစ်တယ်ဆိုတာကို သူတို့တတွေအားလုံးသိအောင် ကျမတို့တတွေ ပိုပြီးလုပ်ပြနိုင်ဖို့လိုပါတယ်။ နောက်အခါကျရင် သူတို့လုပ်ဆောင်ချက်တွေက မှားနေမှန်း သူတို့သိလာတဲ့ အခါကျရင် သူတို့ဟာသူတို့ ပြင်လာမှာဖြစ်ပါတယ်။ အဲဒီလို အခြေအနေအထိရောက်အောင် ကျမတို့က ကြိုးစားဖို့လိုပါတယ်။”

ဟုတ်ကဲ့ အခုဟာက အခုမေးမဲ့ မေးခွန်းလေးကတော့ ဒီအစိုးရထုတ်သတင်းစာတွေမှာပေါ့နော်၊ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးသမားတွေ လွတ်မြောက်ဖို့အတွက် ဝတ်ပြုဆုတောင်းပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေ ပြန်လွှတ်တဲ့ သတင်းမှာ ဒီလူတွေဟာ အလုပ်မရှိအကိုင်မရှိ၊ ပေါ့ပေါ့နေပေါ့ပေါ့စားတွေဆိုပြီးတော့ ရေးသားတဲ့အပေါ်မှာရော ကိုယ်တိုင်အတူတူ အဖမ်းဆီးခံရပြီးတော့ အဲဒီလိုမျိုးအပြောခံရတဲ့ အပေါ်မှာရော။ ဘယ်လိုမျိုးတုံ့ပြန်ချင်ပါသလဲခင်ဗျ။

“ကျမတို့ သူတို့စွပ်စွဲသလို အလုပ်မရှိအကိုင်မရှိ မဟုတ်ပါဘူး။ ကျမဆိုရင်လဲ ကျမတို့ရုံးချုပ်မှာ အလုပ်တွေ အများကြီးရှိတယ်။ အဲလိုပဲ ကျမ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ပတ်သက်ပြီးတော့လဲ နေ့စဉ်နှင့်အမျှ ကျမတို့ လုပ်ပေးနေရတာတွေရှိပါတယ်။ မိုးလင်းက မိုးချုပ်လုံးဝမနားရပါဘူး။ ကျမတို့ အခု ဖမ်းဆီးလိုက်တာနဲ့ တလအတွင်းမှာပဲ တော်တော်များများ ပြဿနာတွေ ဖြစ်လာတယ်။ လူနာတွေရဲ့ အခက်အခဲတွေ အများကြီးဖြစ်လာတယ်။ ကျမတို့ အားပြီးထလုပ်တာမဟုတ်ဘူး။ ကျမတို့ လုံးဝမအားတဲ့ ကြားထဲက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှသာလျှင် ကျမတို့ တိုင်းပြည်ရဲ့အခြေအနေ ကောင်းမွန်မယ်ဆိုတာ သိတဲ့အတွက်ကို မအားတဲ့ ကြားထဲက ထလုပ်ရတာဖြစ်ပါတယ်။ ကျမတို့ အားနေလို့မဟုတ်ပါဘူး။ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်မို့လို့ ကျမတို့ ထလုပ်တာဖြစ်ပါတယ်။” “ကျမတို့ ရုံးမှာဆိုလဲ ကျမတို့ရဲ့ အဖွဲ့ချုပ်မှာဆိုလဲလေ ရုံးတာဝန်တွေနဲ့သူ့ဟာနဲ့သူ အလုပ်လုပ်နေရတယ်။ သူ့အလုပ်နဲ့သူ ကြပ်နေတယ်။ ကျမဆိုလဲ အဓမ္မလုပ်အားပေးတွေ လယ်သမားကိစ္စတွေ၊ ကျမတို့ကိစ္စအားလုံးအတွက် ကျမတို့ မြန်မာနိုင်ငံမှာ ဆင်းရဲဒုက္ခရောက်နေတဲ့ အထွေထွေ ကြပ်တည်းနေတဲ့ ဘဝတွေက လွတ်မြောက်အောင် အားလုံးအတွက်ကို ကျမတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်ကို မအားတဲ့ ကြားထဲကနေပြီးတော့ တောင်းဆိုပေးနေရတာဖြစ်တယ်။ အားလုံးအတွက်ကို လုပ်ပေးနေတာ ကျမတို့က အားလို့လုပ်နေတာမဟုတ်ဘူးဆိုတာမျိုးကိုတော့ ကျမပြောချင်ပါတယ်။”

ဟုတ်ကဲ့ မစုစုနွေးတို့အနေနဲ့က ပြည်သူတွေကို စည်းရုံးနေတယ်ပေါ့နော်။ အခုဟာက အစိုးရကလဲ ဝတ်ပြုဆုတောင်းပွဲတွေကို တားတာဆီးတာ၊ ဖမ်းတာဆီးတာတွေကလဲ ပြည်သူတွေ ငါတို့ ပြည်သူတွေကွဆိုပြီးတော့ ပြောတဲ့အသံတွေလဲ ကျနော်တို့ ကြားနေရတယ်ဆိုတော့ ပြည်သူတွေ ဆိုပြီးတော့ ပြောတယ်ပေါ့နော်။ အဲဒီတော့ ဝတ်ပြုဆုတောင်းပွဲ မတိုင်ခင်ကတည်းက ပြည်သူဆိုတဲ့ အသုံးကို ဒီ ဟင်္သာတ ရိုက်နှက်မှုမှာတုန်းကလဲ ဒီ ပြည်သူတွေကပါဆိုပြီးတော့ အာဏာပိုင်တွေက သတင်းစာကနေပြီးတော့ နောက်လုပ်လို့ရှိရင် ဒီလိုမျိုး အလားတူပုံစံမျိုးတွေ ဖြစ်မယ်ဆိုတော့ ခြိမ်းခြောက်တာမျိုးတွေ ကျနော်တို့ တွေ့ရတယ်ဆိုတော့ အဲဒီလိုမျိုး ပြည်သူဆိုတဲ့ အစ်မတို့ကလဲ ပြည်သူ အစိုးရကလဲ ပြည်သူဆိုတဲ့ အခါမှာ မစုစုနွေးတို့အနေနဲ့ ဘယ်လိုမျိုးရှင်းပြပြီးတော့ ခွဲပြပြီးတော့ စည်းရုံးပါသလဲ ခင်ဗျ။

“ဟုတ်ကဲ့ ကျနော်တို့ ပြည်သူတွေပါဆိုပြီးတော့ ကျမတို့ကို တားတဲ့ အခါမှာပေါ့နော်။ ဒါ ကျမတို့ကို ပထမဦးဆုံး ပြည်သူတွေပါလို့တားတယ်။ တားပြီးတော့ ကျမတို့ကို အတင်း အဓမ္မ ဆွဲအတင်ခံရတယ်။ အဲဒီအချိန်မှာ ပြည်သူတွေပါဆိုပြီးတော့ တားတဲ့လူတွေက ကျမတို့ ကျိုက္ကဆံ စစ်ကြောရေးကို ရောက်သွားတဲ့အခါမှာ ကျမကနေပြီးတော့ သက်ဆိုင်ရာ ကျမတို့ကို လာစစ်ဆေးတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျမက ပြောတယ်။ ကျမတို့ ပြည်သူတွေပါဆိုပြီးတော့ တားလိုက်တဲ့လူတွေနဲ့ ကျမတို့နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပေးပါ။ အဲလို မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပေးမှသာ တဦးက မှားတယ်၊ တဦးက မှန်တယ်ဆိုတာ နားထောင်ပြီးတော့ အပြစ်ရှိတဲ့လူကို အပြစ်ပေးပါပေါ့။ အဲလိုမျိုးပြောပါတယ်။ အဲလို ပြောတဲ့အခါမှာ ကျမတို့ကို တာဝန်ယူစစ်ဆေးနေတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ဒီလူတွေဟာ ဘယ်သူတွေပါ။ သူတို့က ဘယ်ကပါလို့ ကျမတို့ကို ဖြေရှင်းပြတာမျိုးမပြောပြနိုင်ပါဘူး။ ပြည်သူ့အရေခြုံပြီးတော့ပေါ့နော်။ စစ်မှန်တဲ့ ပြည်သူတွေ၊ ရိုးသားတဲ့ ပြည်သူတွေကို အမည်းရောင်ဆိုးပြီးတော့ ပြည်သူကို ခုတုံးလုပ်ပြီးတော့ ကျမတို့ကို ပြည်သူချင်းတိုက်ခိုက်နေတာကို ကျမတို့က ပြည်သူတွေဆီကို ရောက်တဲ့အခါကျတော့ ကျမတို့ ပြည်သူတွေက ရိုးသားတယ်။ ဖြူစင်တယ်။ အခုလိုမျိုးအလုပ်မျိုးကို ကျမတို့ ပြည်သူတွေက မလုပ်ဘူး။ ဒါကိုလဲ ကျမတို့ ပြည်သူတွေက နားလည်ကြမှာပါလို့ ကျမတို့ ဖြေရှင်းပြပါတယ်ရှင်။ ဖြေရှင်းပြပြီးတော့ ပြည်သူအစစ်နဲ့ အတုကိုပေါ့နော်။ ကျမတို့ ပြည်သူလူထုတွေသိအောင် ဖြေရှင်းပြတယ်။ ဆွေးနွေးတယ်။ သူတို့ကျမတို့အပေါ်မှာထားတဲ့ သဘောထားတွေအပေါ်မှာ ကျမတို့သူတို့ကို ပြန်ပြောပြတယ်။ ပြည်သူအစစ်တွေကို ကျမတို့ပြန်ပြောပြတယ်။”

ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ အခု မဆူးပွင့်က မဖြူဖြူသင်းကို အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီးတော့ ပြည်ပရောက်အမျိုးသမီးတယောက်အနေနဲ့ သူချင်တဲ့ဟာကို မေးပါလိမ့်မယ်ခင်ဗျ။

“ဟုတ်ကဲ့ ကျမတို့ ဒီနေ့ ပြည်ထဲမှာဆိုလို့ရှိရင် အဓမ္မလုပ်အားပေးစေခိုင်းတဲ့ကိစ္စတွေ အခုနကလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတဲ့ ကိစ္စတွေ အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာသည်တွေအပေါ်မှာ လစ်လျူရှု၊ ဥပေက္ခာပြုထားတဲ့ကိစ္စတွေပေါ့နော်၊ ဒါတွေကို အခြေခံပြီးတော့ ဒီလိုပြဿနာတွေအားလုံးဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတယ်ဆိုတဲ့ အဆင့်ကို ရောက်လာအောင် ဒီ မဖြူဖြူသင်းတို့ အနေနဲ့ လူထုထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ခဲ့သလဲ ဆိုတာ ကျမသိချင်ပါတယ်။”

“အဓိက ကတော့ ကျမအနေနဲ့ ကျန်းမာရေးပြန်လည်စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူနာတွေ တော်တော်များများဟာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲဆိုတော့ ဒီရောဂါအကြောင်းကို ဘာမှမသိရဘူး။ သေဆုံးတဲ့အခါမှာလဲ ဘာကြောင့်သေဆုံးမှန်းကို မသိတဲ့ အခြေအနေတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးကျမတို့ဆီရောက်လာတဲ့ အခါမှာ ကျမ လူနာတွေကို သေသေချာချာ ပြောပြတယ်။ အဓိက တာဝန်ရှိတာက လက်ရှိတာဝန်ယူထားတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ အဲလိုပဲ သူတို့မဖြေရှင်းပေးဘူး။ မဖြေရှင်းပေးလို့ရှိရင် ကျမတို့ ဒီလူနာတွေ ကိုယ်တိုင်ကလဲ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရနိုင်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။

နောက်တခုကကျတော့ ကျမတို့ဆေးသောက်တဲ့လူနာတွေ ရှိနေတယ်။ တခြားဆေး မရတဲ့သူတွေ အများကြီးပဲ။ အဲဒီဆေးမရပဲနဲ့ နေ့စဉ်သေဆုံးနေတဲ့ လူတွေအတွက်ကိုလဲ ဆေးရနေတဲ့ လူနာတွေအနေနဲ့က ပြန်ပြီး ကိုယ်ချင်းစာနာနိုင်ဖို့ သူတို့အတွက်ကို ပြန်ပြီးအကူအညီပေးနိုင်ဖို့ သူတို့အတွက် ဆေးဝါးရရှိဖို့အတွက်ကို ကိုယ့်အခွင့်အရေး ကိုယ်ရရှိဖို့အတွက်ကို ကျမ အမြဲတမ်း သူတို့ကို ပြောပြပါတယ်။ အခြားနိုင်ငံတွေမှာ ထိန်းချုပ်ထားလို့ရနေပြီ။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်။ အေအာဗွီဆေးဝါး သုံးလို့ရှိရင် ကျန်းမာရေး ပြန်လည် ကောင်းမွန်မယ်။ အလုပ်ပြန်လည်လုပ်နိုင်မယ်။ အဲလိုဟာမျိုးတွေကို တယောက်မှ အခွင့်အရေးမရဘူး။

ဒီလိုလုပ်ပေးရမှာ ကျမတို့မှာလဲ တာဝန်ရှိသလို လူနာတွေအားလုံးမှာလဲ တာဝန်ရှိတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အခွင့်အရေးရရှိဖို့အတွက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။ အဲလို ကျမက သေသေချာချာ ပြောပြတဲ့အခါကျတော့ လူနာတွေ တော်တော်များများလဲ သိလာတယ်။ အခုနောက်ပိုင်းဆိုလို့ရှိရင် သူတို့ကိုယ်တိုင် သူတို့သိလာတယ်။ ဆေးရဖို့အတွက် သူတို့ ကြိုးစားကြမယ်။ သူတို့နဲ့ ဘဝတူလူတွေကိုလဲ သူတို့ပြန်ပြီးတော့ သူတို့ရပ်ရွာတွေရောက်တဲ့အခါမှာ သူတို့ ပြန်ပြီးတော့ ကြိုးစားပေးတယ်။ ကျမနဲ့ အမြဲတမ်းအဆက်အသွယ် မပြတ်လုပ်ပေးနိုင်တယ်ဆိုတာ ကျမ အဲလိုနည်းနဲ့ သူတို့ကို ဒါကတော့ လူမှုရေးနဲ့ ဆက်သွယ်ပြီး၊ နိုင်ငံရေးအကြောင်းပေါ့နော်။ သူတို့ကို အမြဲတမ်းကျမ ရှင်းပြပေးပါတယ်။”

ဟုတ်ကဲ့ အခုလိုမျိုး မအားမလပ်တဲ့ ကြားကနေပြီးတော့ အချိန်ပေးပြီတော့ ဒီမိုကရက်တစ် မြန်မာ့အသံ အစီအစဉ်တခုမှာ တက်တက်ကြွကြွနဲ့ ပါဝင် ဆွေးနွေးပေးခဲ့ကြတဲ့ မစုစုနွေးနဲ့ မဖြူဖူသင်း ဒီမိုကရက်တစ် မြန်မာ့ အသံရဲ့ စတူဒီယိုကို လာရောက်ဆွေးနွေးပေးတဲ့ မဆူးပွင့်တို့ သုံးဦးစလုံးကို ကျနော်တို့ ဝိုင်းတော်သား အားလုံးကနေပြီးတော့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီ့ထက်ပိုပြီးတော့ လောကဓံကို ပိုပိုပြီးတော့ ကြံ့ကြံ့ခံနိုင်ပါစေဆိုပြီးတော့လဲ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

Friday, October 3, 2008

phyu phyu thin in RFA journal

0 comments
ပြီးခဲ့တဲ့လတုန်းက ထောင်ကပြန်လွတ်လာတဲ့ ဒေါ်မေ၀င်းမြင့်နဲ့ပတ်သက်ပြီး RFA က အစီအစဉ်တခုကို ထုတ်လွှင့်ခဲ့ပါတယ်။ မြန်မာပြည်က အမျိုးသမီးနိုင်ငံရေးသမားတွေအကြောင်း ဖြစ်ပါတယ်။ မဖြူဖြူသင်းနဲ့ ဆက်သွယ်မေးမြန်းချက်တွေလည်း တော်တော်များများ ပါဝင်ပါတယ်။ အောက်တိုဘာ ၃၊ ၂၀၀၈ စနေ မနက်မှာ ထုတ်လွှင့်သွားပါတယ်။

အသံနားထောင်ဖို့ Read more ကို နှိပ်ပါ။






Tuesday, September 23, 2008

Phyu Phyu Thin From Wikipedia, the free encyclopedia

0 comments
Phyu Phyu Thin (born 1972) is a Burmese HIV/AIDS activist and supporter of the National League for Democracy. On May 21, 2007, Phyu Phyu Thin was arrested by police in Yangon for organizing a prayer rally to call for the release of detained National League for Democracy leader Aung San Suu Kyi. Never told what crime she had committed, she was held for more than a month, and was released on July 2, 2007.[1]
As an activist, Phyu Phyu Thin has been an outspoken critic of the State Peace and Development Council, which she says is understating the number of HIV and AIDS cases in Myanmar. She operates a clinic in Yangon that provides treatment, medicine and counseling to HIV and AIDS patients.[2][3]
On June 5, 11 AIDS patients, who were participating in prayer rallies, calling for the release of Phyu Phyu Thin, were detained at Waybargi Infectious Diseases Hospital. They were later released on June 8.[2][4] The United States Department of State also called for Phyu Phyu Thin's release.[1]
While in detention, Phyu Phyu Thin staged a hunger strike, taking only liquids for about one week.[1] Her family, which had not been told where she was being held, said it would file a missing person's case with police.[5][6]
Phyu Phyu Thin has previously been detained in 2000, after she and other Suu Kyi supporters were bundled away by police from a rally for Suu Kyi. She was held for a time in Insein prison.[3]

[edit] References

Wikinews has news related to:
Eleven HIV/AIDS patient-protestors detained in Myanmar
International Red Cross condemns Myanmar regime
Detained AIDS activist Phyu Phyu Thin released in Myanmar
^ a b c Associated Press (2009-07-03). "Prominent Myanmar AIDS activist freed from detention". The Star (Malaysia). Retrieved on 2007-07-03.
^ a b "Burma Released HIV-Positive Activists From Hospital Confinement". Voice of America (2007-06-08). Retrieved on 2007-06-29.
^ a b Mann, Naomi (2009-07-03). "A Brave, Caring Woman Now Also Needs Help". The Irrawaddy. Retrieved on 2007-07-03.
^ Lae, Aye (2009-06-07). "HIV/AIDS Patients Detained in Rangoon". The Irrawaddy. Retrieved on 2007-06-29.
^ Aung, Htet (2009-06-28). "“Free Suu Kyi” Campaigners Released". The Irrawaddy. Retrieved on 2007-06-29.
^ Paung, Shah (2009-06-21). "Relatives of Missing HIV Activist Threaten to Sue Authorities". The Irrawaddy. Retrieved on 2007-06-29. အစ

Sunday, June 15, 2008

PPT returns

0 comments
(photo: AFP/2006)

ဖြူဖြူသင်း ပြန်လာပြီ
မိုးမခအထောက်တော် ၀၀၃
ဇွန် ၁၅၊ ၂၀၀၈

အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ကူညီစောင့်ရှောက်သူအဖြစ် ထင်ရှားသည့် မဖြူဖြူသင်းသည် တစ်နှစ်နီးပါးတိမ်းရှောင်နေရာမှ ယခုအခါ ရန်ကုန်မြို့တွင် ပြန်လည်ထွက်ပေါ်လာပြီး ပုံမှန်လုပ်ငန်းများ ပြန်လည် လုပ်ကိုင်လျက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ မဖြူဖြူသင်းသည် သူ့အား စောင့်ကြည့်ရန် တာဝန်ကျသည့် ဒေသခံ အာဏာပိုင်များထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့က သူ့အား တိမ်းရှောင်ပုန်းအောင်းနေရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သော ထင်ရှားသည့် လူငယ်များ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရချိန်မှစပြီး မဖြူဖြူသင်းသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းဖြစ်သည်။

မဖြူဖြူသင်းသည် လုပ်ဖော်ကိုင်ဘက်များနှင့်အတူ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ ပညာပေးရေးလုပ်ငန်းများကို ၂၀၀၂ ခုနှစ်မှစပြီး တစိုက်မတ်မတ် လုပ်ကိုင်နေသူ ဖြစ်သည်။ ၈ နှစ်အတွင်း လူနာပေါင်း ၁၈၀၀ ကျော်ကို ကူညီခဲ့သည်ဟု သိရသည်။

တိမ်းရှောင်နေချိန်အတွင်း သူ၏လူနာအချို့တည်းခိုနေထိုင်သည့် ရန်ကုန်မှ မဂ္ဂင်ကျောင်းတိုက် ချိတ်ပိတ်ခံခဲ့ရပြီး၊ ဖခင်ဖြစ်သူလည်း ရုတ်တရက် ကွယ်လွန်ခဲ့သည်။

လွန်ခဲ့သည့်မတ်လက မဖြူဖြူသင်းသည် Czech သမ္မတနိုင်ငံ၊ People in Need ဖောင်ဒေးရှင်းက ပေးအပ်သော Homo Homini ဆုကို ချီးမြှင့်ခံရသည်။ မြန်မာပြည်နိုင်ငံရေး လှုပ်ရှားမှုထဲမှ ထင်ရှားသည့် အမျိုးသမီးများဖြစ်ကြသည့် မစုစုနွေး၊ မနီလာသိန်းတို့နှင့်အတူ ပူးတွဲချီးမြှင့်ခံရခြင်းဖြစ်သည်။ ထိုဆုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်သူများ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် လှုပ်ရှားသူများကို ပေးအပ်သည့်ဆုဖြစ်သည်။

Wednesday, May 21, 2008

phyu phyu thin is in irrawaddy

0 comments
မဖြူဖြူသင်းနှင့်အဖွဲ့ မုန်တိုင်းဒုက္ခသည်များကို သွားရောက်ကူညီ
ခင်နှင်းထက် ဒီမိုကရက်တစ်မြန်မာ့အသံ
၂၀-၀၅-၀၈
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က လူသူအရောက်နည်းတဲ့ ကျေးလက်ဒေသတွေက မုန်တိုင်းဘေး ဒုက္ခသည်တွေဟာ နှစ်ပတ်ကျော်ကြာတဲ့အထိ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အဆက်အသွယ်မရဘဲ ခက်ခက်ခဲခဲ နေထိုင်စားသောက်နေကြရတယ်လို့ အဲဒီဒေသကနေပြန်လာတဲ့ မဖြူဖြူသင်းက ပြောပါတယ်။
အိတ်ခ်ျအိုင်ဗွီအေ့ဒ်စ် ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ခဲ့ပြီး မကြာသေးမီကမှ အာဏာပိုင်တွေ ထိန်းသိမ်းထားရာက ပြန်လွတ်လာတဲ့ မဖြူဖြူသင်းနဲ့ ရှေ့နေဦးအောင်သိန်းတို့အဖွဲ့ ဟာ ဒေးဒရဲမြို့နယ် ပင်လယ်ဝမှာရှိ ရေဖြန်းကုန်းရွာကို တနင်္ဂနွေနေ့က သွားရောက်ကူညီကြပါတယ်။ သူတို့က အ၀တ်အထည်၊ ဆေးဝါးနဲ့ အိုးခွက် ပန်းကန်တွေကို ပေးအပ်ကူညီခဲ့ပါတယ်၊ ဒုက္ခသည်တွေအတွက် နေထိုင်စားသောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အမြန်ဆုံး ဦးစားပေးဆောင်ရွက်ဖို့ အရေးတကြီးလိုအပ်နေတယ်လို့ ရှေ့နေဦးအောင်သိန်းက ပြောပါတယ်။
ဒုက္ခသည်တွေရဲ့အခြေနေနဲ့ပတ်သက်ပြီး မဖြူဖြူသင်းရဲ့ ရှင်းပြချက်၊
“အဲဒီရွာမှာက လမ်းပန်းဆက်သွယ်ရေးကလည်းနဲနဲခက်တယ်၊ မြို့နဲ့လှမ်းတော့ သွားပြီးကူ ညီပေးတဲ့သူလည်း သိပ်မရှိဘူး၊ ကျမတို့သွားတဲ့နေကျမှပဲ ၁၅ ရက်ရှိပြီပေါ့နော်၊ သူတို့ရွာကို အကူ အညီ ပေးမယ့် သူတွေ မရောက်သေးဘူး၊ အဲနေ့ကမှ စရောက်တာပါ၊ ရွာမှာတော့ အသေအပျောက်လည်း ရှိတယ်၊ အိမ်ခြေတော်တော်များများကလည်း ပျက်စီးသွားတယ်၊ ရွာက တံငါရွာဖြစ် တဲ့အတွက် အရင်ကတော့ တော်တော်လေးတော့ စီးပွားရေးပြေလည်တာပေါ့၊ အခုတော့ ဘာမှမရှိတော့ဘူး၊ အိမ်တွေအကုန်ပြိုသွားတယ်။
ရွာမှာ စာသင်ကျောင်း နှစ် ကျောင်းရှိတယ်၊ နှစ်ကျောင်းလုံးပြိုသွားတယ်၊ အဲမှာရှိတဲအိမ်က တရွာလုံးမှ သုံးလေးအိမ်ပဲကျန် တော့ အကုန်လုံးက လမ်းဘေးမှာပဲ နေနေရတဲ့အခြေအနေပေါ့၊ အဲဒီရက်နေ့ကမှ သူတို့အကူအညီ ရတဲ့အတွက် တော်တော်လေးတော့ အခက်အခဲဖြစ်နေတာပေါ့၊ ရွာမှာ လူပေါင်း ၅၀၀ ကျော်လောက်ရှိတာ ၁၂၆ ယောက်သေတယ်၊ ဘာအကူအညီမှ မရသေးဘူး။
အိမ်တွေကလည်း ပြိုပျက်သွားတယ်ဆိုတော့ ဘယ်လိုနေပြီး ဘယ်လို စားသောက်နေကြပါသလဲ၊
အဲဒီမှာတော့ ကျန်ခဲ့တဲ့အိမ်က ပြန်ကြည့်ကြတယ်။ ရွာထဲမှာ ဘုန်းကြီးကျောင်းက လုံးဝ ပျက်ပြီး တော့ နည်းနည်းပါးပါးတော့ နေလို့ရတာပေါ့နော်၊ အဲဒီဘုန်းကြီးကျောင်းမှာ အကုန်လုံးကပ်ပြီးနေ နေကြတယ်။ ကလေးတွေက တော်တော်များတယ်၊ လူကြီးတွေက အဲဒီရွာကထွက်သွား ပြီး တခြားနေရာမှာ ရှာဖွေပြီး သူတို့ ရွာကိုပြန်လာပြီး စားသောက်ကြတယ်။ နောက် အရင်က သူ တို့မှာကျန်တဲ့ ရေစိုတဲ့ဆန်တွေကို နေလှန်းပြီးတော့ ဒီတိုင်းပဲ ချက်ပြုတ်စားသောက်နေကြတယ်။
သူတို့ရွာက သေသွားတဲ့လူတွေရဲ့ အလောင်းတွေကိုရော မြင်တွေ့ခဲ့ရပါသလား။
ကျမတို့သွားတဲ့ရက်က ၁၀ ရက်ကျော်ပြီ၊ အဲဒီအချိန်ထိတောင်မှပဲ ကမ်းစပ်တွေမှာ ကျန်နေသေးတဲ့ အလောင်းတွေရှိတယ်၊ နောက်ပြီး ကျွဲနွားတွေ ဒီတိုင်းပဲ ရေထဲမှာမျှောနေတာတွေ တွေ့ခဲ့သေးတယ်။ ပင်လယ်ဝအထိကတော့ အနံ့တွေရှိနေသေးတယ်ရှင့်။
ဒုက္ခသည်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေနေနဲ့ ပတ်သက်လို့ ဘယ်လိုတွေ့ခဲ့ရပါသလဲ။
အခုလက်ရှိတွေ့ခဲ့ရတာဆိုရင် တချို့နေရာမှာဆိုရင် လမ်းပေါ်မှာ စိတ်ဖောက်ပြန်သွားတဲ့ အမျိုးသမီးတွေ တွေ့ခဲ့ရတယ်၊ တချို့ကလေးတွေဆိုလည်း ကြောင်တောင်တောင်လေးတွေနဲ့ မိဘတွေ မရှိတော့ဘူး၊ လမ်းမှာဆိုရင် အမျိုးသမီးတယောက်ဆိုရင် ရူးပြီးတော့ အဲလို လျှောက်ပြေးနေတာတွေရှိတယ်၊ “ဆရာမရေ မြန်မြန်လာပါ။ မြန်မြန်လာပါ”နဲ့ အဲလိုမျိုး လိုက်အော်နေတာတွေ တွေ့ခဲ့ရတယ်။
စိတ်ပေါ်မှာကော အကုန်လုံးထိတာပေါ့နော်၊ ကလေးတွေဆိုရင်လည်း မျက်လုံးလေးတွေက ကြောင်နေတယ်၊ ကြည့်သာကြည့်နေတာ ဘာမှမသိတဲ့ပုံစံမျိုးလေး တွေပေါ့နော်၊ သူတို့အတွက် အဓိကလိုအပ်တာတော့ လောလောဆယ် သူတို့ရဲ့စိတ်အခြေအနေတွေကိုလည်း ပြန်ကုသပေးဖို့လည်း လိုအပ်တယ်။ အခုလက်ရှိ နေထိုင်စားသောက်ရေးလည်း ပြင်ဆင်ပေးဖို့ လိုသလို ပြန်လည်ထူထောင်ရေး တွေလည်း အများကြီး လုပ်ပေးဖို့ လိုနေတာလည်း တွေ့ရပါတယ်။

Wednesday, April 23, 2008

some quality photos from AFP web

0 comments




ပုံအရည်အသွေးကောင်းတာတွေ တွေ့လို့ တင်ပေးလိုက်ပါတယ်။ ယူသုံးလိုသူများအတွက် လိုလိုမယ်မယ်။

Sunday, March 30, 2008

PPT on Wikipedia

0 comments
Phyu Phyu Thin
From Wikipedia, the free encyclopedia
Phyu Phyu Thin (b. 1972) is a Burmese HIV/AIDS activist and supporter of the National League for Democracy. On May 21, 2007, Phyu Phyu Thin was arrested by police in Yangon for organizing a prayer rally to call for the release of detained National League for Democracy leader Aung San Suu Kyi. Never told what crime she had committed, she was held for more than a month, and was released on July 2, 2007.[1]


As an activist, Phyu Phyu Thin has been an outspoken critic of the State Peace and Development Council, which she says is understating the number of HIV and AIDS cases in Myanmar. She operates a clinic in Yangon that provides treatment, medicine and counseling to HIV and AIDS patients.[2][3]

On June 5, 11 AIDS patients, who were participating in prayer rallies, calling for the release of Phyu Phyu Thin, were detained at Waybargi Infectious Diseases Hospital. They were later released on June 8.[2][4] The United States Department of State also called for Phyu Phyu Thin's release.[1]

While in detention, Phyu Phyu Thin staged a hunger strike, taking only liquids for about one week.[1] Her family, which had not been told where she was being held, said it would file a missing person's case with police.[5][6]

Phyu Phyu Thin has previously been detained in 2000, after she and other Suu Kyi supporters were bundled away by police from a rally for Suu Kyi. She was held for a time in Insein prison.[3]

References
Wikinews has news related to: Eleven HIV/AIDS patient-protestors detained in Myanmar International Red Cross condemns Myanmar regime Detained AIDS activist Phyu Phyu Thin released in Myanmar ^ a b c Associated Press (2009-07-03). Prominent Myanmar AIDS activist freed from detention. The Star (Malaysia). Retrieved on 2007-07-03. ^ a b Burma Released HIV-Positive Activists From Hospital Confinement. Voice of America (2007-06-08). Retrieved on 2007-06-29. ^ a b Mann, Naomi (2009-07-03). A Brave, Caring Woman Now Also Needs Help. The Irrawaddy. Retrieved on 2007-07-03. ^ Lae, Aye (2009-06-07). HIV/AIDS Patients Detained in Rangoon. The Irrawaddy. Retrieved on 2007-06-29. ^ Aung, Htet (2009-06-28). “Free Suu Kyi” Campaigners Released. The Irrawaddy. Retrieved on 2007-06-29. ^ Paung, Shah (2009-06-21). Relatives of Missing HIV Activist Threaten to Sue Authorities. The Irrawaddy. Retrieved on 2007-06-29.

Wednesday, March 5, 2008

2008 Homo Homini award goes to 3 Burmese women

0 comments


ဒီမိုကရေစီရေးကြိုးပမ်းသူ မြန်မာအမျိုးသမီးများ လူ့အခွင့်အရေးဆုရ
ကိုသက် irrawaddy မတ် ၅၊ ၂၀၀၈


မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများဖြစ်ကြသည့် မစုစုနွေး၊ မဖြူဖြူသင်းနှင့် မနီလာသိန်းတို့ ၃ ဦးကို Czech နိုင်ငံ အခြေစိုက် People in Need အဖွဲ့က ၂၀၀၇ ခုနှစ်အတွက် Homo Homini ဆုကို ယနေ့ချီးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါဆုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်သူများ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းကြသူများကို ချီးမြှင့်သည့်ဆုဖြစ်ပြီး People in need အဖွဲ့က Czech နိုင်ငံPrague မြို့တွင်နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲတွင် ချီးမြှင့်သည်။

ရုပ်ရှင်ပွဲတော်ဖွင့်ပွဲကို Czech နိုင်ငံစံတော်ချိန် ယနေ့နံနက် ၉ နာရီခွဲတွင်ပြုလုပ်ပြီး ဆုကို မစုစုနွေး၊ မဖြူဖြူသင်းနှင့် မနီလာသိန်းတို့ကိုယ်စား ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အဖွဲ့ဝင် မလဲ့လဲ့နွယ်က လက်ခံရယူမည် ဖြစ်သည်။

မစုစုနွေး၊ မဖြူဖြူသင်းနှင့် မနီလာသိန်းတို့သည် ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန်တွင် ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်သူများဖြစ်ပြီး စစ်အစိုးရ၏လိုက်လံဖမ်းဆီး မှုကြောင့် ရှောင်တိမ်းနေကြရင်း နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့ရှောင်တိမ်းနေစဉ် မစုစုနွေးသည် လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းက ရန်ကုန်မြို့လယ်တွင် စစ်အစိုးရစိုက်ထူထားသည့် အမေရိကန်ဆန့်ကျင်ရေး ဆိုင်းဘုတ်တွင် စစ်အစိုးရ ဆန့်ကျင်ရေးစာတန်းကို ကပ်သောကြောင့် အဖမ်းခံခဲ့ရသည်။

မဖြူဖြူသင်းနှင့် မနီလာသိန်းတို့မှာ ယနေ့အချိန်အထိ တိန်းရှောင်နေကြဆဲ ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် မနီလာသိန်းက “အခုလိုဆုရတဲ့အချိန်မှာ ကျမပထမဆုံး ပြေးမြင်မိတာကတော့ ထောင်ထဲ မှာရှိတဲ့ရဲဘော်တွေ၊ ထောင်ထဲနဲ့ လမ်းမတွေပေါ်မှာ ကျဆုံးသွားတဲ့ရဟန်း ပြည်သူ ကျောင်းသားလူငယ်အားလုံးကို ပြန်လည် သတိရပြီးတော့ စိတ်မကောင်း ဖြစ်မိတယ်။ နောက်တခုက ကျမတို့နိုင်ငံ့အရေးစွမ်းဆောင်နေကြတဲ့ ပြည်သူပြည်သားတွေကို တခြားနိုင်ငံက ထပ်တူခံစားပြီး ဂုဏ်ပြုတဲ့အတွက် ကျမ အရမ်းဝမ်းသာမိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မနီလာသိန်းသည့် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်သည်။

မစုစုနွေးနှင့် မဖြူဖြူသင်းတို့သည် အန်အယ်လ်ဒီပါတီဝင်များ ဖြစ်ကြပြီး မဖြူဖြူသင်းသည် အန်အယ်လ်ဒီပါတီ၏ ကိုယ်ခံ အားကျဆင်းမှုရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူလည်း ဖြစ်သည်။

အေအေပီပီ အဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “ဒီအမျိုးသမီး ၃ ဦးဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တို့အတွက် ကိုယ်ကျိုးစွန့်ပြီး အစဉ်တစိုက်လုပ်ဆောင်နေသူတွေ ဖြစ်တယ်။ သြဂုတ်လနဲ့ စက်တင်ဘာလ အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ လောင်စာဆီဈေးကျဆင်းရေးဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ခဲ့ပြီး သံဃာတော်တွေ ကံဆောင်ရာမှာလည်း တက်ကြွစွာ ထောက်ခံကူညီခဲ့ကြတယ်။ ဒါကြောင့် သူတို့ဟာဒီဆုကို တကယ့်ကို ထိုက်ထိုက်တန်တန် ရတဲ့သူတွေဖြစ်ပါတယ်” ဟု ပြောသည်။

“အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာတက်ကြွစွာ ပါဝင်နေတာကို ပြသလိုက်တာပါ။ ဒီအတွက် ဆုချီးမြှင့်တဲ့ အဖွဲ့ကိုလည်း အထူး ကျေးဇူးတင်ထိုက်ပါတယ်။ မြန်မာအမျိုးသမီးတွေအပါအ၀င် နိုင်ငံတကာက အမျိုးသမီးတွေအတွက်လည်း အတုယူစရာ ပြယုဂ်တခု ဖြစ်ပါတယ်” ဟုလည်း ဦးတိတ်နိုင်က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် စစ်အစိုးရ၏ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံနေရသည့် အမျိုးသမီး ၁၅၀ ကျော် ရှိပြီး ဗုဒ္ဓဘာသာဝင် သီလရှင် ၁၀ ပါးခန့် ပါဝင်သည်။

People in Need အဖွဲ့က ၂၀၀၀ ခုနှစ်တွင် Homo Homini ဆုကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တို့ကို ရွေးချယ်ချီးမြှင့်ခဲ့ဖူးသည်။

Sunday, February 24, 2008

sketches by Min Kyaw Khaing

0 comments


မင်းကျော်ခိုင်ရဲ့လက်ရာ။ စာရေးဆရာ၊ နိုင်ငံရေးသမား၊ ကျောင်းသားခေါင်းဆောင်တွေရဲ့ပုံတွေကိုလည်း ဟောဒီမှာ တစုတဝေးတည်း တွေ့နိုင်ပါတယ်။











Wednesday, February 6, 2008

ppt in wikipedia

0 comments
http://en.wikipedia.org/wiki/Phyu_Phyu_Thin မှာ ဖြူဖြူသင်းအကြောင်း အင်္ဂလိပ်ဘာသာနဲ့ တွေ့ရတယ်။

Thursday, January 24, 2008

women participation in politic

0 comments
မဖြူဖြူသင်းအပါအ၀င် တခြား အမျိုးသမီးတွေရဲ့ အတွေ့အကြုံ အတွေးအမြင်တွေ ပါဝင်တဲ့ ရေဒီယိုအစီအစဉ်ကို စာစီထားပါတယ်။ ပီဒီအက်ဖ် ဖိုင်နဲ့ တင်ထားတယ်။

ဒေါင်းလုတ်လုပ်ပြီး သိမ်းဖို့ ဖတ်ဖို့ ဒီနေရာကို နှိပ်ကြပါ။

ဟောဒီမှာလည်း တင်ထားပါတယ်

မရရင် ဟောဒီနေရာမှာ စမ်းကြည့်ပါ။ (download ကို နှိပ်၊ ပေါ်လာတဲ့ စာလုံး ၅လုံးလောက်ကို ရိုက်ထည့်၊ ပြီးရင် get ကို ကလစ်နှိပ်လိုက်ရုံပါပဲ။)




ဇာတ်လမ်းအကျဉ်း
ဘီဘီစီမြန်မာဌာနက အဲဒါကို ၃ကြိမ်လွှင့်သွားတယ်။ ( ပထမအကြိမ် အပြည့်အစုံ၊ နောက် ၂ကြိမ် အကျဉ်းချုပ်။ )နိဒါန်းမှာ ဖြူဖြူသင်း၊ စုစုနွေး၊ နီလာသိန်းတို့အသံ ပါတယ်။ နောက်ပိုင်းမှာ မသင်းသင်းအောင်၊ မမေငြိမ်း၊ မောင်သာမညတို့က ဆွေးနွေးသွားတယ်။ တခြားသုံးလေးယောက်ရဲ့ အသံတွေလည်း ပါပါသေးတယ်။ ဖတ်ကြည့်ပါဦး။ မတူတဲ့အမြင်တွေ တွေ့ရမယ်။



ဘီဘီစီက ကိုနေမျိုးသူရိန် ရန်တိုက်ပေးတာလည်း တွေ့ရမယ်။ ရန်တိုက်တာလည်း လွယ်တာမဟုတ်။ ဘယ်သူတွေက ဘယ်လိုသဘောထားရှိတယ်ဆိုတာ ကြိုသိထားဖို့လိုတယ်။ ဘယ်သူ့ကို ဘယ်မေးခွန်းမေးရမလဲ ကြိုပြင်ဆင်ထားလို့ရမယ်။ ရန်တိုက်ပေးမှ ငြင်းကြခုန်ကြမယ်။ ပရိသတ် မပျင်းတော့ဘူးဗျာ။ အားလုံးကောင်းပါသည် ဆိုတဲ့အသံ တညီတည်းထွက်ရင် ပရိသတ်က ပျင်းသွားလိမ့်မယ်လို့ ထင်တာပဲ။ ပရိသတ်က အရေးကြီးတယ် မဟုတ်လား။

ရေဒီယိုအစီအစဉ်တစ်ခုကို တာဝန်ယူတဲ့အခါ ချို့ယွင်းတတ်တဲ့ တယ်လီဖုန်းလိုင်း၊ အဆက်မပြတ်ပြောတတ်တဲ့ လူတွေရဲ့သဘာဝ၊ ကန့်သတ်ထားတဲ့အချိန် စတာစတာတွေက ဒုက္ခပေးတတ်တာ တွေ့ရပါတယ်။ ကိုနေမျိုးတို့က နည်းနည်းဝါရင့်နေပြီမို့ သူကိုင်တွယ်သွားပုံတွေက အတုယူချင်စရာဆိုပါစို့။ အသံလွှင့် ဋ္ဌာနတွေမှာလည်း အလုပ်နေရာတွေ လစ်လပ်နေတယ်နော် စကားမစပ်ပြောရရင်။

ဆရာမမေငြိမ်းက ဘီဘီစီ ၁၅မိနစ် မိနစ် ၂၀ အစီအစဉ်မှာ ပြောရတာ အားမရလို့ သူ့ဘလော့ဂ်မှာလည်း ထပ်ပြီး ဆွေးနွေးထားတာ ဖတ်လိုက်ရပါသေးတယ်။ ဒီအကြောင်းအရာကလည်း ကျနော်တို့နိုင်ငံမှာ အသစ်အဆန်းတစ်ခုလည်းဖြစ်၊ စိတ်ဝင်စားစရာလည်း ကောင်း၊ နိုင်ငံတကာမှာလည်း အငြင်းပွားနေဆဲ အကြောင်းအရာဖြစ်ပါတယ်။ အမျိုးသမီးအရေး ဆောင်ရွက်သူများကလည်း ရုန်းကန်လှုပ်ရှားနေဆဲပါ။ ကဲ- ဖတ်လိုက်ကြပါစို့။

PPT talks about her project

0 comments
(စိတ်ဝင်စားစရာကောင်းတဲ့ အင်တာဗျူးတစ်ခုကို ပြန်နားထောင်၊ စာစီပေးလိုက်ပါတယ်။ ရန်ကုန်မြို့က အခြေအနေတစ်ခုကို သိရတာပေါ့ဗျာ။)

မဖြူဖြူသင်းနဲ့ ဆက်သွယ်မေးမြန်းခန်း
ကိုသိန်းမြတ် BBC Burmese 1-12-2007 8:15 pm

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို စောင့်ရှောက် ကူညီပေးနေသူတစ်ဦးကိုလည်း ကျနော် ဆက်သွယ်ထားပါတယ်။ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် လူနာတွေကို စောင့်ရှောက် ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းနဲ့ တခြားအဖွဲ့ဝင်တွေဟာ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါ ဝေဒနာသည်တွေကို ကူညီ စောင့်ရှောက်ပေးနေ ပေမယ့် သူတို့ရဲ့လူနာတွေထားရှိရာ နေရာတွေထဲက နေရာတစ်ခုဖြစ်တဲ့ မဂ္ဂင်ကျောင်းကိုလည်း အစိုးရက ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ပိတ်ပင်လိုက်တယ် ဆိုတော့ လူနာတွေရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ လို့ မဖြူဖြူသင်းကို ကျနော် မေးမြန်းခဲ့ပါတယ်။

“လူနာတွေရဲ့အခြေအနေကတော့ စက်တင်ဘာ အကုန်လုံးက အများကြီးဒုက္ခတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တည်းခိုနေတဲ့ ဘုန်းကြီးကျောင်းတွေ ပိတ်ပစ်တယ်၊ ချိတ်ပိတ်တာတွေ ခံနေရတော့ လူနာတွေရဲ့ လက်ရှိအခြေအနေကတော့ တော်တော်လေး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။”

မဂ္ဂင်ကျောင်းကိုပိတ်လိုက်တော့ အဲဒီကျောင်းကလူနာတွေ ဘယ်ကို ရောက်သွားလဲခင်ဗျ။

“အဲဒီကျောင်းကလူနာတွေကတော့ အရင်က လူနာတွေ စုထားတဲ့ နေရာမှာပဲ သူတို့ ကြပ်ကြပ်တည်းတည်းနဲ့ စုပေါင်းပြီး နေထိုင်ကြပါတယ်။”

ဆေးဝါးရရှိမှု အခြေအနေရော ဘယ်လိုရှိပါသလဲ။

“လက်ရှိအခြေအနေက ဒီ အေအာဗွီနဲ့ပတ်သက်လို့ သိပ်ပြီးတော့ မရှိဘူး၊ တချို့ အင်န်ဂျီအိုတွေဆိုလည်း လူနာအသစ်တွေ လက်မခံတော့ဘူးပေါ့နော်၊ ဒီမှာ ဆေးခန်းလာပြဖို့လည်း လူနာအသစ်တွေ ကိုယ်တိုင်ကိုယ်က ရုံးကို နေ့တိုင်းလိုလိုရောက်လာတာပေါ့။”

နယ်က ဝေဒနာသည်တချို့ဆို ရန်ကုန်မှာပဲ ဆေးရနိုင်တဲ့အတွက် အိမ်တွေဘာတွေဘာ ရွှေ့ပြောင်းပြီးတော့ ရန်ကုန်ကို လာနေရတာ အဲသလိုမျိုး ကြားရပါတယ်၊ ဟုတ်သလားခင်ဗျ။

“ဟုတ်ကဲ့ပါ။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက အင်န်ဂျီအိုတွေမှာ အေအာဗွီဆေးဝါးတွေ၊ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ ပေးတယ်၊ ရန်ကုန်တိုင်းမှာ ရှိရင်တောင်မှပဲ သူတို့ သတ်မှတ်တဲ့ ဧရိယာအတွင်းမှာ ပေးတဲ့အခါကျတော့ နယ်ကလူနာတွေဆိုရင် ဆေးရဖို့ အခွင့်အလမ်း မရှိဘူးလေ။ အဲဒါကြောင့် လူနာတွေအားလုံးကို စုပေါင်းပြီးတော့ အိမ်ငှားထားတာမျိုးတွေ၊ မတတ်နိုင်တဲ့လူနာတွေကို ကျမတို့က စီစဉ်ထားတဲ့အိမ်တွေမှာ လူနာတွေအကုန်လုံး စုပေါင်းထားပြီး ဆေးရဖို့အတွက်ကို ကြိုးစားပေးနေပါတယ်။”

ဟုတ်ကဲ့၊မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့လူနာ ဘယ်လောက်အထိ ရှိနေပါသလဲခင်ဗျ။

“ကျမတို့ စပြီးတော့ ၂၀၀၂က စလုပ်တယ်ပေါ့နော်၊ အခုအချိန်ထိဆို လူနာအားလုံး ၁၈၀၀ ကျော်သွားပါပြီ။”

မဖြူဖြူသင်းတို့ လူနာတွေကို စောင့်ရှောက်တဲ့ကိစ္စတွေ၊ ဆေးဝါးရရှိရေးတွေ လုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲခင်ဗျ။

“အခက်အခဲကတော့ အများကြီးပါပဲ၊ အများကြီး ဆိုတာက ကျမတို့ဘက်မှာလည်း အခက်အခဲ ရှိသလို လူနာတွေမှာလည်း အများကြီး အခက်အခဲ ရှိတယ်ပေါ့။ နယ်ကလူတွေ အတွက်က ရန်ကုန်ရောက်လာပြီဆိုရင် နေဖို့ထိုင်ဖို့ စားရေးသောက်ရေးကအစ အရမ်း ခက်ခဲတယ်၊ အဲဒီအတွက် ဒီမှာရှိတဲ့ လူငယ်တွေက အားလုံး ဖြေရှင်းပေးနေရတယ်၊ တော်တော်များများ မတတ်နိုင်တဲ့သူတွေပေါ့နော်။ ဒါပေမယ့် မြန်မာပြည်ရဲ့ အခြေအနေက မတတ်နိုင်တဲ့သူက တော်တော်များတယ်၊ များတော့ အားလုံးကို ဘုန်းကြီးကျောင်းတွေမှာ စီစဉ်ပေးတယ်၊ တချို့ အိမ်တွေငှားပြီး စီစဉ်ပေးတယ်၊ တတ်နိုင်တဲ့သူတွေကျတော့ သူတို့ စုပေါင်းပြီးအိမ်ငှားတယ်ပေါ့နော်။ နောက်တစ်ချက်ကတော့ ဆေးဝါးရရှိဖို့အတွက်ပေါ့နော်၊ ကျမတို့အနေနဲ့ လူနာတွေနဲ့ပတ်သက်ပြီး တတ်နိုင်သလောက် အကုန်လုပ်ပေးတယ်၊ နောက်ပိုင်းကျတော့ ဆေးတွေရပ်လိုက်တဲ့အခါကျတော့ ဆေးမရဘူး၊ ဆေးကလည်း သောက်ဖို့လိုနေပြီ၊ အသက်အန္တရာယ်ကလည်း နီးနေပြီ ဆိုတဲ့ လူနာတွေကိုတော့ ကျမတို့ ဆေးတိုက်ထားတာ ရှိပါတယ်။ အရမ်းကို ခက်ခက်ခဲခဲကြားထဲက လုပ်ရတာပါ။”

မဖြူဖြူသင်းတို့ အခုလို ရှောင်တိမ်းနေရတယ်ဆိုတော့ မဖြူဖြူသင်းတို့ရဲ့ လူနာတွေကို ဘယ်သူတွေက ဆက်ပြီးစောင့်ရှောက်ထားပါသလဲခင်ဗျ။

“အင်န်အယ်လ်ဒီက တာဝန်ယူပြီး လုပ်ဆောင်တဲ့အခါကျတော့ ကျနော်က ရှောင်တိမ်းနေပေမယ့်လည်း ကျန်ခဲ့တဲ့လူငယ်တွေ အများကြီး ရှိပါသေးတယ်။ သူတို့ကနေ ဆက်ပြီးတော့ တာဝန်တွေ ယူပြီးတော့ အားလုံး အရင်အတိုင်းပါပဲ ပြန်ပြီး ဆက်လက်လုပ်ဆောင်နိုင်နေပါတယ်။”

အေအိုင်ဒီအက်စ် လူနာတွေကို စောင့်ရှောက် ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်မဖြူဖြူသင်း ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ ။

Saturday, January 12, 2008

portrait by Min Kyaw Khaing

0 comments

မင်းကျော်ခိုင်ရဲ့ လက်ရာ

Sunday, January 6, 2008

2 photos

1 comments



------------------------------------------------------------------------------


some old photos
US embassy staff and PPT
with 88 gen students in Maggin Monastery