Thursday, July 12, 2007

NMSP & NC related news story

မွန်ပြည်သစ်ပါတီ အမျိုးသားညီလာခံတက်ရန် မသေချာသေး
ချမ်းလွန် / ၁၂ ဇူလိုင် ၂၀၀၇ (ခေတ်ပြိုင်)

မကြာမီရက်ပိုင်းအတွင်း ပြန်လည်ကျင်းပတော့မည့် နအဖစစ်အစိုးရ၏ အမျိုးသားညီလာခံကို တက်ရောက်ရန် မဆုံးဖြတ်ရသေးကြောင်း မွန်ပြည်သစ်ပါတီက ယနေ့ပြောကြားသည်။

ညီလာခံသို့ တက်ရောက်ရန် နအဖစစ်အစိုးရက ယခုထိ ဖိတ်ကြားထားခြင်း မရှိသေးကြောင်းနှင့် အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်မည်ဆိုသည့် နအဖစစ်အစိုးရ၏ ပြောဆိုချက်ပေါ် မူတည်၍ ညီလာခံသို့ ကိုယ်စားလှယ် လွှတ်၊ မလွှတ်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်းမငေးက ပြောသည်။

၎င်းက “ဗိုလ်ချုပ်ကြီးပြောထားတဲ့စကား ရှိတယ်လေ။ ပြင်ဆင်မယ် ဖြည့်စွက်မယ်ဆိုတဲ့ အပိုင်းမှာ ပေါ့နော်။ အဲဒီမှာ ဘယ်အပိုင်းကို ပြင်ဆင်မလဲ၊ ပြီးတော့ တက်ရောက်သူအပေါ်မှာလည်း ပြင်ဆင်မှု ရှိလား၊ အဲဒီပြင်ဆင်ဖြည့်စွက်မှုအပိုင်းမှာ တယောက်စီအနေနဲ့ရော ဆွေးနွေးတဲ့အခန်းကဏ္ဍပိုင်း မှာရော ပြင်ဆင်ဖြည့်စွက်မယ်ဆိုရင် ကျနော်တို့ ဒါ ညီလာခံတက်ဖို့ အများကြီးစဉ်းစားစရာ ရှိတယ်” ဟု ပြောသည်။

၁၉၉၃ခုမှ စတင်သည့် အမျိုးသားညီလာခံကို ဇူလိုင် (၁၈) ရက်၌ နောက်ဆုံးအကြိမ်ကျင်းပကာ အဆုံးသတ်တော့မည်ဟု နအဖစစ်အစိုးရက ကြေညာထားပြီး ထိုညီလာခံ၌ ကျန်ရှိသော အခန်း
(
) ခန်းကို အသေးစိတ် အခြေခံမူများအဖြစ် ချမှတ်ရုံသာမက ချမှတ်ခဲ့ပြီးဖြစ်သည့် အခြေခံမူ
များကို အခြေခံဥပဒေရေးဆွဲရာ၌ အားနည်းချက်များ မရှိစေရန် စိစစ်၊ ပြင်ဆင်၊ ဖြည့်စွက်ခြင်းတို့ လုပ်သွားမည်ဟု နအဖအတွင်းရေးမှူး
() ဒု-ဗိုလ်ချုပ်ကြီး သိန်းစိန်က ပြောသည်။

နအဖစစ်အစိုးရ၏ ညီလာခံက ချမှတ်ထားသော နိုင်ငံရေးဦးတည်ချက် () ချက်နှင့် အခြေခံမူ
(
၁၀၄) ချက်သည် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသဖြင့် ပြန်လည်ဆွေးနွေး တင်ပြခွင့်ရှိရန် ၂၀၀၄ ခု ညီလာခံတွင် မွန်ပြည်သစ်ပါတီအပါအ၀င် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား (၁၃) ဖွဲ့က တောင်းဆိုသည်ကို စစ်အစိုးရက လျစ်လျူရှုထားသည်။

ထို့ကြောင့် ၂၀၀၅ ခုနှစ်ဒီဇင်ဘာလနှင့် ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင်ကျင်းပသည့် ညီလာခံသို့ မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်မလွှတ်ပဲ လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့သည်။

နအဖစစ်အစိုးရဘက်က ၎င်းတို့တောင်းဆိုချက်အတိုင်း လိုက်လျောပေးခြင်းမရှိပဲ ယခု အဆုံး သတ်မည့် ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားလာပါက ၎င်းတို့အနေဖြင့် လေ့လာသူအဖြစ်သာ ဆက်လက်တက်ရောက်မည်ဖြစ်ကြောင်း နိုင်အောင်းမငေးက ပြောသည်။

မွန်ပြည်သစ်ပါတီသည် (၁၉၉၅) ခုနှစ်တွင် နအဖစစ်အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် အပစ် အခတ် ရပ်စဲထားသည့်အဖွဲ့ဖြစ်သည်။ အခြားအပစ်ရပ် အဖွဲ့တဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေး
အဖွဲ့ (KIO) မှ ဒေါက်တာတူးဂျာ ဦးဆောင်သည့် () ဦးပါ ကိုယ်စားလှယ်အဖွဲ့ကမူ ညီလာခံ တက်ရောက်ရန် ယခုလ () ရက်နေ့ကတည်းက ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီဖြစ်သည်။ ။


No comments: