Thursday, December 6, 2007

photo

0 comments
Sample Imageဒီဗွီဘီရုပ်သံမှာတွေ့လိုက်ရတဲ့ မဖြူဖြူသင်း

Friday, November 30, 2007

poem for PPT by linletkyalsin.blogspot.com

0 comments




အနာဂတ်မဲ့ တိုင်းပြည်ရဲ့ အဖမဲ့ အိမ်ယာမဲ့ ကြယ်စင်တစ်စင်း
ကိုမွှေး



ဖြူဖြူသင်းရေ …

လူချင်းတော့ မတွေ့ဖူးပေမယ့်

ရင်နင့်အောင် စာနာတယ်ဟဲ့ နှမရဲ့။

ဒို့ပြည် ဒို့မြေမှာ

ဒို့တတွေဟာ

နာကျင်မှုတွေ လည်ပတ်နေတဲ့

သွေးကြောတွေနဲ့ ချစ်သူတွေကိုလည်း

ဆုံးရှုံးခဲ့ရပေါ့။



သမီးတယောက်အတွက် အဖေဆိုတာ

ငါးတကောင်အတွက် ရေပါကွယ်

စာနာတယ်ဆိုတဲ့ စကားတွေနဲ့

ရွှေပြည်အေး တရားတွေ ပဲ့တင်ထပ်

နေတတ်ကြတဲ့ လောကကြီးမှာ

အဖေ့ နောက်ဆုံးခရီး

သမီးမျက်ရည်စက်

ရင်ကွဲပက်လက် အမေ

သမီးရေ … မင့်အဖေကို မြင်လှည့်ပါဦးကွဲ့လို့မှ

ငိုတတ်ပါဦးတော့မတဲ့လား။



မှန်ခေါင်းထဲမှာ

အမှန်တရားကို မြတ်နိုးသူ အိပ်စက်တယ်…

သမီးပျောက်ဆုံးသွားသူ အိပ်စက်တယ်…

သမီးကို အားကိုးသူတွေရဲ့ မျှော်လင့်ချက်တွေ အိပ်စက်တယ်…

မနိုးခြင်းတွေနဲ့လေ……

သူ့သေဆုံးခြင်းကို သေဆုံးခြင်းတိတ်တိတ်

သက်ပျောက် သပိတ်သွတ်

မြေချ ဂူသွင်း ဥပေက္ခာပြုခြင်းတွေနဲ့

မျက်ရည်တွေ တခဏကျလို့

ငါတို့ နေမြဲတိုင်း…

စားမြဲတိုင်း…

သွားမြဲတိုင်း …

နေရဲကြတယ်ဆိုရင်…

ဝင်သွားတဲ့နေ ထာဝရ ပျောက်ဆုံးပါစေ…။



ဖြူဖြူသင်းရေ

လူလူချင်း ရက်စက်

ဘ၀ကိုဖျက် အလှကိုဖျက်

အသက်ကိုသတ် ရပ်ရွာကိုမီးတင်

မိခင်ကို ယုတ်မာ ဖခင်ကို ထောင်သွင်း

ငရဲပြင်းတွေ ထွန်းကားတဲ့ မြေသားပေါ်မှာမှ

ပရဟိတ အသိတရားနဲ့ လူဖြစ်ချင်သတဲ့လား။



အဖေ…

မသေခင် မိနစ်ပိုင်းလေးမှာ

မျက်ရည်ဝိုင်း ပက်လက်မော့ငေး

အဖေ့ကလေးတွေ လက်ကလေးတွေကို ဆုပ်ကိုင်လို့

သမီးအလိမ္မာကို ရှာတဲ့အခါ

သူ့ခမျာ သောကတွေနဲ့ …

သမီးရေ … မလာနဲ့ သမီးရဲ့

အဖေ့နောက်ဆုံးခရီးမှာ

ဟောဒီ ငါ့သမီးလေး …

ဘေးကင်းရန်ကွာ ပုန်းနိုင်ပါစေကွယ်

သွားရတော့မယ်သမီး ဖွဖွလေး ငြီးရင်း

နောက်ဆုံးသက်ပြင်းနဲ့ ငြိမ်သက်

နှုတ်တောင်မဆက်သွားရ

အဲဒီထာဝရခွဲခွာခြင်း ကာလမှာ…

နာကျင်လိုက်ပါ ဖြူဖြူသင်းရေ…

အဲဒီမျက်ရည်တွေ စီးဆင်း လူသားဆန်ခြင်းနဲ့

ငါတို့မြေ ငါတို့ရေအတွက် ……။ ။


ကိုမွှေး/ Saturday, November 24, 2007


(စစ်အာဏာရှင်၏ ဖမ်းဆီးနှိပ်စက်မည့် ဘေးမှ ပုန်းရှောင်နေရသူ
မဖြူဖြူသင်းနှင့် မိသားစုအား ထပ်တူထပ်မျှ စာနာမှုဖြင့် …)





Posted by LIN LET KYAL SIN at 12:01 AM

Labels: Poems


1 comments:
ညီလင်းသစ် said...
ကြေကွဲခြင်းတွေ တနင့်တပိုးနဲ့ နာကျင်ရတဲ့ ကဗျာလေးပါ။

5:34 AM
http://linletkyalsin.blogspot.com/2007/11/blog-post_24.html

poem from biggestthu.blogspot.com

0 comments




အဖေသို့ . . .

နွေဦးရာသီမှာ အဖေဟာ
သမီးအတွက် အရိပ်ကောင်းပြီး
အေးချမ်းစွာနားခိုနိုင်တဲ့ သစ်ပင်ကြီးတစ်ပင်ပေါ့။

မိုးဦးရာသီမှာ အဖေဟာ
မိုးဒဏ်၊လေဒဏ် မခံရအောင်
ကြိုးစားအကာအကွယ်ပေးနေသော
ခိုင်ခံတောင့်တင်းတဲ့ အိမ်ကြီးတစ်အိမ်ပေါ့။

ဆောင်းဦးရာသီမှာ အဖေဟာ
အေးခဲမှု၊အေးစက်မှုတွေ ပပျောက်အောင်
အစွမ်းကုန်နွေးထွေးမှုတွေ ပေးနေတဲမီးလင်းဖိုကြီးပေါ့။

သစ်ပင်လိုအေးချမ်းတဲ့ အဖေ
တံတိုင်းလို့ခိုင်ခဲ့တဲ့ အဖေ
မီးလင်းဖိုလို့နွေးထွေးတဲ့ အဖေ။

အဖေ့ရဲ့ နောက်ဆုံးအသက်ရှုသံတောင်ကြားခွင့်မရှိ
အဖေ့ရဲ့ နောက်ဆုံးနွေးထွေးတဲ့အကြည့်တောင်မခံလိုက်ရ
အဖေ့ကို နောက်ဆုံးနှုတ်ဆက်စကား၊နောက်ဆုံးနှုတ်ဆက်အပြုံး
အဖေ့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ကလေးတွေကိုတောင်မမြင်လိုက်နိုင်ခဲ့
အဖေ့ရဲ့ နောက်ဆုံး . . . နောက်ဆုံး . . . သမီးကိုနားလည်နိုင်ပါစေ။

*မဖြူဖြူသင်းနှင့် တမလွန်ကို ရောက်ရှိသွားသော သူ့ဖခင်အတွက် ခံစားနားလည်မှုနှင့် ရေးသားဂုဏ်ပြုလိုက်ရပါသည်။*


Comments
သစ်ပင်လိုအေးချမ်းတဲ့ အဖေ
တံတိုင်းလို့ခိုင်ခဲ့တဲ့ အဖေ
မီးလင်းဖိုလို့နွေးထွေးတဲ့ အဖေ။

အပေါ်မှာ တစ်ပိုဒ်ချင်းရေးခဲ့ပြီး နောက်တစ်ပိုဒ်မှာ အဲလို ပြန်စုစည်းပေးလိုက်တဲ့ ရေးဟန်လေးက သိပ်ကို သေသပ်လှပပါတယ်.

ခံစားချက်တွေပေးစွမ်းနိုင်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ. မဖြူဖြူသင်း ဖတ်ခွင့်ရစေချင်ပါတယ်

ခင်မင်လေးစားလျက်

ရန်အောင်
November 22, 2007 1:57 AM


ကောင်းကင်ကို said...

ကဗျာလေးက ထိတယ်ဗျာ။ ကရုဏာ ရသကိုပေးစွမ်။တယ်။ မဖြူဖြူသင်း ဖတ်ခွင့်ကြုံပါစေဗျာ။ ဒီလို အဖြစ်မျိုးတွေ ပပျောက်ပါစေ။
November 28, 2007 4:52 AM
http://biggestthu.blogspot.com/2007/11/blog-post_8483.html


Ma Thadar's poem for PPT

0 comments





ချစ်သမီးဖြူသို့  ..အဖေ့ ၏စာ


ဇာတိ ဇရာ ဗျာဓိ မရဏ.

လူဆိုတာ သေကြ
ကွေးသောလက်တို့ မဆန့် မီ..
ဆန့်သောလက်တို့ မကွေးမီ
မီးဇာကုန် ဆီ ခမ်း…မပြန်လမ်း ကိုသွားကြ
ဒါဓမ္မတာဘဲ..သမီးရယ်..
အဖေသွားနှင့်လို့ သမီး အားမငယ်။

ငယ်စဉ် ပုလုကွေး.အိပ်ရာဝင်ချိန်လေး
အဖေပုံပြောတဲ့အခါ..ရွှေမင်းသမီး ပုံပြင်များထက်
အများအပေါ် ကြင်နာတတ်သော
လူထုအပေါ်စောင့်ရှောက်တတ်သော
ရဲရင်ြ့မင့်မား သူရဲကောင်းများပုံပြင်သာ
နှစ်သက်စွာနားထောင်လိုတဲ့ သမီး။
အော်..တဖြေးဖြေး ကြီးပြင်း အရွယ်ရောက်
လူလားတောင် မြောက်ခဲ့ပြီ။

မတရားမှန်ရင်..မိဘပင်.
ရဲ့ဝံ့စွာမှန်ရာ ပြောဆိုတတ်တဲ့သမီး
ပြတ်သား ရိုးသား ကြင်နာ
စာနာ ဂရုဏာ..နှလုံးသား
ဒီသမီးကလေး မွေးထားမိတဲ့အတွက်
ဘ၀အတွက် အကောင်းဆုံး ဆုလာဘ်
အဖေ ကျေနပ်ပါတယ်။

လူတော် ထူးချွန်ဖို့ အရေး။
ကြိုးစားရင် ဖြစ်စေနိုင်ညား
လူတော်တိုင်း လူကောင်း မဖြစ်
လူကောင်းဆိုတာ ပင်ကိုယ်ဗီဇ.
အသွေးထဲ အသားထဲ.နှလုံးသားထဲကလာ
ကြင်နာမှုဆိုတာ ဟန်ဆောင်အတုလုပ်မရပါ။

အဖေ့ဥယျာဉ်က မျိုးစေ့ကောင်း၊
ဗီဇ ကောင်းသော သစ်တပင်၊
အဖေ့အားသွန်.ပေါင်းသင်ပျိုးထောင်ခဲ့သမျှ
စိမ်းရွက်ဝေလွင်.အရိပ်ကောင်း
ငှက်အပေါင်းတို့ နားခိုရာမြေ
ပဒေသာ.အေးရိပ်ဆာယာ။

အများချစ်သော အဖေ့သမီး ဖြူ
အဖေလေ.သံသရာအတွက် ဒီသာဓုယူ
ရွှင်လန်း ချမ်းမြေ့
ကောင်းရာဘ၀ ရွက်လွင့်သူ။

အဖေ့ရဲ့ နောက်ဆုံးနေ့ များ.
သမီး မပြုစုလိုက်ရလို့ များ။
နောင်တပွါး..ကြောင့်ကြ မများနဲ့ ။
အဖေ့ကိုယ်စား..ကယ်ရာမဲ့ ငိုကြွေးသူ၊
တွယ်ရာမဲ့ အားငယ်သူ၊
ချိနဲ့ သူ နာကျင်သူ။
ပူဆွေးသူ အဖေါ်မဲ့သူ။
ဂီလာနလူသားများစွာအတွက်
သမီးရဲ့ အကြင်နာလက်
သူတို့ ဘ၀ဆက်နိုင်ပါစေ။

မငိုနဲ့ သမီး..
နှလုံးသားကြီးမြင့်တဲ့ချစ်သမီး၊
တုနှိုင်းမဲ့ အကြင်နာ၊
လူသားအပေါ်စာနာ၊
ဂရုဏာများနဲ့ နတ်သမီး၊
အဖေလက်ပေါ်၌ကြီးခဲ့
ဒီဘ၀..အဖေသေပျော်ခဲ့ပြီ။

မသဒ္ဓါ (၁၁။၁၉။၂၀၀၇)
ညီမလေးဖြူဖြုသင်းသို့ 

http://thadar.blogspot.com/2007/11/blog-post_19.html