Monday, December 6, 2010

Daw Suu and postcards

ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည်
ဧရာဝတီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစုစောင့်ရှောက် ထားသော HIV/ AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLD လူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။

“အန်တီ (ဒေါ်အောင်ဆန်းစုကြည်) အကျယ်ချုပ် ကျခံနေရတဲ့အချိန်မှာ ကွန်ပျူတာထဲမှာ ရေးထားတဲ့ ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ် ရောင်းမှာပါ။ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဖို့ရှိတယ်” ဟု မဖြူဖြူသင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲထားသော ပန်းချီကားများထဲတွင် ရာသီဥတုနှင့် သက်ဆိုင်သော ပန်းချီကားတချို့ ပါဝင်ပြီး နွေဦးရာသီ၊ နွေရာသီ၊ ဆောင်းရာသီ ဟူ၍ အမည်များ ပေးထားကာ အဆိုပါ ပို့စ်ကတ်များတွင် ၎င်းကိုယ်တိုင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ဒဂုံမြို့သစ် တောင်ပိုင်း နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ NLD လူမှု အထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ ထားရှိသည့်ဂေဟာတွင် လူနာရှင် ၁၀၀ ကျော်ပုံမှန်ရှိနေပြီး ဆေးဝါးစရိတ်၊ စားစရိတ်အပါအ၀င် လစဉ် သိန်း ဆယ်ဂဏန်းချီ ကုန်ကျကြောင်း၊ မဖြူဖြူသင်း ဦးဆောင်သော NLD လူငယ်များအနေဖြင့် လူနာများအတွက် လစဉ် အခက်အခဲများ ရှိနေကြောင်း ကြားသိရသည်။

“လူနာ ၁၀၀ ဆိုတာက ဆေးရတဲ့သူက ပြန်၊ နောက်ထပ် အသစ်ထပ်ရောက်လာ၊ သက်သာသွားတဲ့ သူက နေရပ်ပြန်၊ ဝေဒနာရှင် အသစ်တွေက ထပ်ပြီး ရောက်လာဆိုတဲ့ ပုံစံမျိုးနဲ့ ပုံမှန် အမြဲတန်းရှိနေတဲ့ အရေအတွက်ပါ။ အထူးသဖြင့် နယ်တွေက လာကြတယ်” ဟု တောင်ဒဂုံမြို့နယ်ရှိ ဂေဟာမှ NLD လူငယ် တဦးက ပြောသည်။

NLD အနေနှင့် ၂၀၀၂ ခုနှစ်ကတည်းက HIV/AIDS ဝေဒနာရှင်များအား ကူညီစောင့်ရှောက်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန်အထိ လူနာပေါင်း ၃၀၀၀ ကျော်ကို ကူညီစောင့်ရှောက်မှုများ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

NLD သည် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သည့်အတွက် INGO၊ NGO များထံမှ ငွေကြေးအကူအညီ မရယူနိုင်ဘဲ ကိုယ်ထူကိုယ်ထ စနစ်ဖြင့်သာ ငွေကြေးရှာဖွေပြီး ဝေဒနာရှင်များကို ကူညီစောင့်ရှောက် နေရကြောင်း၊ ဝေဒနာရှင် များအတွက် လိုအပ်သည့် ARV ဆေးကိုမူ INGO နှင့် NGO များက အခမဲ့ပေးကြောင်း NLD လူမှု အထောက်အကူပြု အဖွဲ့ဝင်များက ပြောသည်။

“ကျမတို့ဆီ ရောက်လာတဲ့ လူနာတွေကို AZG နယ်စည်းမခြား ဆရာဝန်များအဖွဲ့လို နိုင်ငံတကာ INGO တွေ၊ နားခိုရာတို့ ရတနာ့မေတ္တာတို့လို ပြည်တွင်း NGO တွေဆီက ARV ဆေးရအောင် သက်ဆိုင်ရာ ဆေးခန်းကို လိုက်ပို့ပေးတာကနေ Counseling ၀င်တဲ့အဆုံး လိုက်ပြီး အကူအညီ ပေးပါတယ်။ ကျမတို့က နိုင်ငံရေး အဖွဲ့ဖြစ်နေ တော့ 3D Fund လို အဖွဲ့အစည်းတွေဆီက ရန်ပုံငွေရဖို့ မဖြစ်နိုင်ဘူး” ဟု မဖြူဖြူသင်းက ပြောသည်။

INGO နှင့် NGO များထံမှ ARV ဆေးဝါးရရှိရန် စောင့်ဆိုင်းနေသည့် ဝေဒနာရှင်များအနေနှင့် အမှန်တကယ် ဆေး သောက်သုံးရန် လိုအပ်နေပါက NLD က အကုန်အကျခံကာ ဆေးတိုက်ကျွေးကြောင်း သိရှိရသည်။

“တချို့လူနာတွေက ဆေးသောက်ဖို့ တအား လိုအပ်နေပြီ၊ တခြားတဘက်မှာလည်း NGO တွေဆီက ဆေးရဖို့ စောင့်နေတယ် ဆိုရင်တော့ ကျမတို့ကပဲ လောလောဆယ် ဆေးသောက်ဖို့ အဆင်ပြေအောင် မရှိ၊ ရှိတဲ့ကြားက ရှာဖွေပြီး ဆေးတိုက်ပါတယ်” ဟု မဖြူဖြူသင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် တောင်ဒဂုံမြို့သစ်ရှိ NLD က စောင့်ရှောက်ထားသော HIV/AIDS ဝေဒနာရှင်များ ဂေဟာသို့ သွားရောက်လည်ပတ်ခဲ့ရာ စစ်အစိုးရက လူနာများကို ဧည့်စာရင်း မပေးကြောင်း ပြောဆို၍ ရွှေ့ဆိုင်းခိုင်းခြင်း၊ ဂေဟာသို့ လာရောက် လည်ပတ်သော အနုပညာရှင်များကိုလည်း အနုပညာ ဆိုင်ရာ တားဆီး ပိတ်ပင်မှုများ ပြုလုပ်ခြင်း အပါအ၀င် ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။
0
Set as favorite
Bookmark
Email this
Hits: 8219
Comments (7)Add Comment
0
to support to AIDS Patients
written by ayeraung, December 08, 2010
I want to buy very very strongly for DAW AUNG SAN SU KYI's paintings(Post cards) to support to AIDS patients,Very good plan.

* report abuse
* +0
* vote down
* vote up

0
အမြန်ဝ ယ်ပြီး လှူချင်ပါသည်
written by en, December 07, 2010
အမေ ဆွဲထားတဲ့ ပန်းချီကား ပို့စကဒ် တွေကို ၀ယ်ယူအားပေးဘို့ စောင့်ေ နပါတယ်။

* report abuse
* +0
* vote down
* vote up

0
...
written by kobala, December 07, 2010
ကမ္ဘာ့ AIDS နေ့က NLD ရုံးချုပ် ဝေဒနာရှင်က လေး များကြားတွင် ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ ၇တာ
လေးစားဂု ဏ်ယူမိတယ် ။
နိုင် ငံ့ခေါင်းေ ဆာင် လူထုခေါင်း ဆောင် ကျောင်းသား ခေါင်းဆောင် အနုပညာရှင်အစသဖြင့်  စသောသူေ တွဟာ သာမာန်ပြည် သူတွေအ တွက် သူ၇ဲကောင်း(Hero)တစ်ယောက် ပါ။ သူတို တွေအေ ပ်ါလေးစားယြုံ ကည်မှု နဲ အထင်သေးအယုံကြ ည်ကင်းမဲ့ ဆိုတာကလည်း;သူတို့ ၇ဲ့  ပြောဆိုေ နထိုင် ပြုမူလုပ်၇ပ်ေ တွအပေါ် အသိစိတ် မသိစိတ် နဲ့  နှလုံးသားက အလိုလို ဖြစ်ပေါ်လာတာပါ။
အားလုံးချစ်ခင် လေးစားမြတ် နိုးအားပေးနေတဲ့ နိုင်ငံ့ခေါ င်းဆောင် လူထုခေါင်း ဆောင် ကျောင်းသားခေါ င်းဆောင် အနုပညာရှင် တွေအနေနဲ့  အမေစု ကိုမင်းကိုနိုင် ကိုကျော်သူ တို့ လို အနစ်နာ မခံနိုင်၇င်တောင် ပြည်သူတွေ၇ဲ့ 
သူတို့ တွေအပေါ် ထားတဲ့ မေတ္တာကို တန်ဘိုးထားပေးပါ။

* report abuse
* +0
* vote down
* vote up

0
ခိုးကူး တွေ မထွက်အောင်လဲ----
written by မောင်သန်.။, December 06, 2010
အင်မတန် ကောင်းတဲ့ အစီအစဉ် ပါဘဲ။
ခိုးကူးခွေ နဲ့ တင် ဂီတလောက၊ ဗီဒီယို လောက အတော် ခံစားသွားကြရပါတယ်။
ဒေါ်စု ကိုယ်တိုင် ဖန်တီးထားတဲ့ အနုပညာ များ မို့ လို့ လည်း ဒေါ်စု ရည်ရွယ် သလို လူမှုရေး ရံပုံငွေ coffer ထဲဘဲ ၀င်ေ စချင်ပါတယ်။
ဒါကို စီးပွားရေး လောဘနဲ့  တုပ မှု များမှ ကာကွယ် ဖို့  လဲ သတိချပ်စေ ချင်ပါကြောင်း ဗျာ။
ဖြန့် ဝေမှု ကို အထူးသတိပြု စေချင်တာပါ။


* report abuse
* -1
* vote down
* vote up

0
အန်တီရဲ့ ရန်ပုံငွေအတွက် ပါဝင်ဖို့ အဆင်သင့်ပါ
written byုစပါယ်, December 06, 2010
We are ready to buy Aunty's postcards. Please press/print more postcards I will ask my friends to buy as well.

* report abuse
* +0
* vote down
* vote up

0
How to do?
written by kogyi, December 06, 2010
ှကျေးဇူးတင်ပါတယ်.. ကောင်းသော လုပ်ရပ်များ အတွက်..

သိချင်တာက.. NLD အနေနဲ့ ဘယ်လို ၀င်ငွေတွေနဲ့ ရပ်တည်ေ နနိုင်ပါသလဲ. .အခြား အထောက် အပံ့မရဘူး ဆိုတော့. .
အဲဒါလေး ရှင်းပြပေးပါ

* report abuse
* -1
* vote down
* vote up

0
ဝယ်မယ် အမေစု ရေ
written by War, December 06, 2010
ဝယ်မယ် အမေစု ရေ... ဘယ်လောက်နဲ့ ဘဲရောင်းရောင်း အင တ်ခံပြီးကိုး ၀ယ်ရမ ယ်။ ဘယ်တော့လောက်ေ၇ာင်းမှာလဲ မသိဘူး နော်...

No comments: