မဖြူဖြူသင်း တာဝန်ယူထားတဲ့ HIV/AIDS ဂေဟာကို အမေရိကန် ဆီးနိတ်အဖွဲ့ဝင်တွေ လာရောက်ကြည့်ရှု
http://www.naytthit.net/?p=6388
ယနေ့ နံနက် ၈ နာရီခွဲခန့်က တောင်ဒဂုံ ၁၈ ရပ်ကွက်ရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေတဲ့ HIV/AIDS ဝေဒ နာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr. Paul Gorve နှင့် ရန်ကုန်မြို့ အမေရိကန် သံရုံး ယာယီတာဝန်ခံ Mr Dinger သံရုံးအတွင်းဝန် Mrs.Jeniffer တို့ လာရောက်ခဲ့ကြပါတယ်။
အဆိုပါ တွေ့ဆုံပွဲတွင် HIV/AIDS Prevention and Care တာဝန်ခံ မဖြူဖြူသင်းနှင့် ကိုရာဇာတို့မှ ဦးဆောင်တဲ့အဖွဲ့မှ လက်ခံတွေ့ဆုံကာ အဖွဲ့က လုပ်ဆောင်နေတဲ့ လက်ရှိအခြေအနေများနှင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆွေးနွေး ခဲ့ပြီး Senate အဖွဲ့ဝင် Mr Paul Gorve နှင့် အဖွဲ့မှ သိလိုသည်များကို မေးမြန်းခဲပါတယ်။
မနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး လူနာတွေကို လိုက်လံကြည့်ရှု အားပေးစကားတွေ ပြောပြခဲ့ပါ တယ်။ Mr.Paul Grove မှ ယခုဆွေးနွေးပွဲမှရရှိတဲ့ အချက်အလက်တွေကို အမေရိကန်နိုင်ငံကို ပြန် ရောက်ရင် ကော်မတီိသို့ အစီရင်ခံ တင်ပြသွားပေးမှာဖြစ်ပြီး ဘယ်လိုကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာကို ကော်မတီ က ဆုံးဖြတ်ပါမယ်လို့ ပြောဆိုသွားခဲ့ပြီး၊ မနက် ၉ ခွဲခန့်မှာ အဆိုပါဂေဟာမှ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။
ဒီမိုဝေယံမှ ကူးယူဖေါ်ပြပါသည်။
Tags: aids, hiv, NLD, phuy phuy thin, ဖြူဖြူသင်း
2 Responses to “မဖြူဖြူသင်း တာဝန်ယူထားတဲ့ HIV/AIDS ဂေဟာကို အမေရိကန် ဆီးနိတ်အဖွဲ့ဝင်တွေ လာရောက်ကြည့်ရှု”
1.
khin lin January 12, 2011
Congratulation ma Phyu Phyu Thin & team! You are doing amazing job.
Reply
2.
julie January 12, 2011
so admirable lady , May God Bless you
Reply
၂၀၁၁ မှာ သူတို့ ဘာတွေလုပ်ကြမလဲ
ဧရာဝတီ
မဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ)
ကျမတို့ အဓိကလုပ်တာ နှစ်ပိုင်းရှိတယ်၊ နိုင်ငံရေးပိုင်းနဲ့ လူမှုရေး ဆိုပြီးမှရှိတယ်ပေါ့။ လူမှုရေးနဲ့ ပတ်သက်လို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကို တိုးချဲ့ပြီး လုပ်သွားဖို့ ရှိတယ်။ တိုးချဲ့တယ်ဆိုတာက အရင်တုန်းက ကျမတို့ဆီမှာ ဆရာဝန်တွေ ဘာတွေမရှိသေးဘူး၊ အခုဆိုရင် ဆရာဝန်တွေပါ ပါလာပြီ။ အန်တီစု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ လူနာတော်တော်များ များက ကျမတို့ဆီမှာ ဆေးဝါးကုသမှု ခံယူချင်တဲ့သူတွေပိုများလာတယ်။ အဲဒီအတွက် ကျမတို့ဘက်က တတ်နိုင်သမျှ ကြိုးစားသွားမယ်၊ လူနာတွေအတွက် ဆက်လက် ရပ်တည်သွားမယ်။
နိုင်ငံရေးပိုင်းမှာ ဆိုရင်တော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ အန်တီစု၊ အဘ ဦးတင်ဦးတို့ အဘ ဦးဝင်းတင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျမတို့က နောက်လိုက်ကောင်းတွေ အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ်၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ဆက်လက်ကြိုးစားသွားမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထိ၊ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျမတို့ မျှော်လင့်တဲ့၊ ကျမတို့ လွတ်မြောက်စေချင်တဲ့သူ လွတ်မြောက်လာတယ်။ လာမယ့် နှစ်သစ်မှာလည်း နောက်ထပ် လွတ်မြောက်မှုတွေနဲ့ အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည်
ဧရာဝတီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစုစောင့်ရှောက် ထားသော HIV/ AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLD လူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။
ပြည်တွင်းသတင်းထောက်များ HIV ဝေဒနာသည်များအား လှူဒါန်း
ဧရာဝတီ
ပြည်တွင်း ဂျာနယ်များမှ သတင်းထောက်များ စုပေါင်းပြီး HIV/AIDS ကူးစက်ခံ နေရသည့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက် (HHHP) နှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကူညီ စောင့်ရှောက်ထားသောဂေဟာများသို့ ငွေကြေး လှူဒါန်းမှု တရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
သတင်းထောက်နှင့် အယ်ဒီတာ စုစုပေါင်း ၃၀ နီးပါးတို့ သွားရောက်ကြပြီး NLD လူမှုအထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသည့် တောင်ဒဂုံမြို့နယ်ရှိ ဂေဟာသို့ ကျပ် ၂ သိန်းနှင့် စာရေးဆရာမ သန်းမြင့်အောင် ထူထောင်ထားသည့် HIV/AIDS မိဘမဲ့ ကလေးများဂေဟာ တခု ဖြစ်သော မြောက်ဒဂုံမြို့နယ်မှ HHHP သို့ ကျပ် ၂ သိန်းစီ လှူဒါန်းခဲ့ကြောင်း သတင်းထောက်တဦးက ပြောသည်။
By ဦးကျော်ကျော်သိန်း ဗုဒ္ဓဟူး, 01 ဒီဇင်ဘာ 2010 VOA
ကမ္ဘာတ၀န်းမှာ HIV/AIDS ရောဂါတိုက်ဖျက်ဖို့ ကြိုးစား လုပ်ဆောင်နေကြပြီး တိုးတက်မှုတွေ ရနေတယ် ဆိုပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ မြန်မာစစ်အစိုးရ အနေနဲ့ လုပ်စရာတွေ အများကြီး ရှိသေးသလို လုပ်မယ်ဆိုရင်လည်း လုပ်နိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့လည်း ဝေဒနာသည်တွေကို ခွဲခြား နှိမ့်ချ ဆက်ဆံတာမျိုးတွေ ရှောင်ရှားပြီး လူသားချင်း စာနာထောက်ထားတဲ့ အမြင်နဲ့ အကူအညီ ပေးသင့်တယ်လို့ ဝေဖန် အကြံပေးကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။