Saturday, October 6, 2007

SoeWin can swim

(ခေါင်းစဉ်ဖတ်ကြည့်တာ နည်းနည်း ရှုပ်သွားတယ်။ သတင်းအပြည့်အစုံဖတ်မှပဲ ရှင်းသွားတယ်။ နို့ပေမယ့် ရေးထားပုံက သတင်းလိုလို ကြေညာချက်လိုလိုနဲ့ ခေတ်ကာလ သတင်းသမားတွေများ နားလည်ရခက်လိုက်တာလို့ မထင်ပါနဲ့။ သတင်းကြေညာချက်ဆိုတာ ဒါပါပဲလို့ မှတ်ပါလေ။)

အမှားပြင်ဆင်ချက် (နအဖ ဝန်ကြီးချုပ် စိုးဝင်း သေပြီ)

မဇ္ဈိမသတင်းဌာန အောက်တိုဘာ ၅

“သူက အခုထိ မင်္ဂလာဒုံ စစ်ဆေးရုံမှာပါပဲ။ ဒါပေမဲ့ သူ့အခြေအနေက သိပ်မကောင်းတော့ဘူးလို့ ဒေါက်တာတွေက ပြောနေတာပဲ”


သွေးကင်ဆာရောဂါဖြင့် စင်္ကာပူနိုင်ငံသို့ အကြိမ်ကြိမ်သွားကာ ဆေးဝါးကုသမှု ခံယူခဲ့ရသည့် နအဖ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ယခုလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံ၌ သေဆုံးသွားသည်ဟု မဇ္ဈိမက စစ်တပ် အသိုင်းအဝိုင်းမှလာသော သတင်းအရ ရေးသား ဖော်ပြခဲ့ပါသည်။

သို့သော် မိသားစု အသိုင်းအဝိုင်း၏ ထုတ်ဖော် ပြောဆိုချက်အရ ဝန်ကြီးချုပ် စိုးဝင်းသည် ယခုချိန်အထိ မင်္ဂလာဒုံ စစ်ဆေးရုံတွင် အထူး ဆေးဝါးကုသမှု ခံယူနေကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် နအဖ အကြီးအကဲ ၃ ဦးက ဝန်ကြီးချုပ်ကို မကြာသေးခင်က လာရောက် ကြည့်ရှုသွားကြောင်း သိရှိရသည်။

“သူက အခုထိ မင်္ဂလာဒုံ စစ်ဆေးရုံမှာပါပဲ။ ဒါပေမဲ့ သူ့အခြေအနေက သိပ်မကောင်းတော့ဘူးလို့ ဒေါက်တာတွေက ပြောနေတာပဲ” ဟု ဝန်ကြီးချုပ်၏ မိသားစုနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

သူ၏ အခြေအနေနှင့် ပတ်သက်၍ မဇ္ဈိမက မင်္ဂလာဒုံ စစ်ဆေးရုံကို ဆက်သွယ် မေးမြန်းရာတွင် ဆေးရုံမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။
ယခုကဲ့သို့ သတင်းကို မှားယွင်းစွာ ဖော်ပြမိခဲ့သောကြောင့် မဇ္ဈိမအနေဖြင့် စာဖတ်သူများအပေါ် အနူးအညွှတ် တောင်းပန် အပ်ပါသည်။ ရှေ့ကာလများတွင် ခိုင်လုံ တိကျသည့် သတင်းများကို အလေးအနက်ထား တင်ဆက်သွားမည်ဟုလည်း အသိပေး ဖော်ပြအပ်ပါသည်။

မူရင်း

bnionline.net/bur



No comments: