Monday, September 10, 2007

BNI news ( sep 7-9 )

စစ်တွေ နည်းပညာကောလိပ်မှကား တိုက်မှုဖြစ်၍ လူပေါင်း၂၀ ဆေးရုံတင်ရ
နိရဉ္စရာသတင်း စက်တင်ဘာလ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။
ရခိုင်ပြည်နယ် စစ်တွေ နည်းပညာ ကောလိပ်မှ ၀န်ထမ်းများကို သယ်ပို့နေသော ကားတစီး မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွား၍ လူပေါင်း ၂၀ ကိုဆေးရုံတင်လိုက်ရကြောင်း သတင်း ရရှိသည်။


ဘူးသီးတောင်တွင် တကိုယ်တော် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသူ ပျောက်ဆုံးနေ
မဇ္ဈိမသတင်းဌာန ငြိမ်းချမ်း/ စက်တင်ဘာလ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။
ရခိုင်ပြည်နယ်၊ ဘူသီးတောင်မြို့တွင် ကုန်းဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြမှုဖြင့် ကိုဘူမောင်ကို ရဲစခန်းမှ ဖမ်းဆီးသွားပြီး နောက်ပိုင်း ပျောက်ဆုံးလျှက် ရှိကြောင်း သူ၏ သူငယ်ချင်းများက ပြောကြသည်။


မြစ်ကြီးနားတွင် ဆန္ဒပြစာကပ်
သတင်းနှင့်မီဒီယာကွန်ယက် အောင်မိုးမြင့်။
စက်တင်ဘာလ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်ကျောင်းသားအဖွဲ့က ဦးဆောင်၍ နအဖ စစ်အစိုးရအား ဆန္ဒပြတောင်း ဆိုသောစာများကို နေရာအနှံကပ်ပြီး ပြည်သူများထံသို့ လိုက်လံဖြန်ဝေခဲ့သည်။


(၆၈)ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများက
ို ထိုင်းနိုင်ငံ နေရာ အနှံ့အပြားတွင် ကျင်းပ
ဌေးဝင်း (အလွတ်သတင်းထောက်) စက်တင်ဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။
၉။၉၂၀၀၇ နေ့တွင်ကျရောက်သော ဆရာတော်ဦး ဥတ္တမနေ့အခမ်းအနားများကို ထိုင်းနိုင် ငံရှိ ဘန်ကောက်၊ ချင်းမိုင်၊ ဖူးကတ်နှင့် မဲဆောက်မြို့များတွင် နေထိုင်ကြသော ရခိုင်အမျိုးသား များက ဦးဆောင်ပြီး ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။


ဘင်္ဂလာဒေခ်ျ့ ကုန်တင်ဘုတ်ကြီး နှစ်စီးကို နစကမှ ပြန်ပေးဆွဲရန်ကြိုးစားစဉ်
ဘင်္ဂလာ ဘီဒီအာရ်မှ ထွက်လိုက်၍ နစကများထွက်ပြေးသွား
နိရဉ္စရာသတင်း မောင်အေးစက်တင်ဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာ နစကတပ်ဖွဲ့တဖွဲ့မှ ဘင်္ဂလားရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်ပြီး ကုန်အပြည့် တင်ဆောင်လာသည့် ၀န်တင်ဘုတ်ကြီးနှစ်စီးကို ပြန်ပေးဆွဲလုယူရန် ယမန်နေ့ ညနေက ကြိုးစားခဲ့ကြောင်း သတင်းရရှိသည်။


ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၏ မွေးနေ့ပွဲ တားဆီးပိတ်ပင်ခံရ
ယူအဲန်အေ မှ ကျောင်းသားများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်
သတင်းနှင့်မီဒီယာကွန်ယက် အောင်မိုးမြင့်။စက်တင်ဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။
ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားဝင်းအတွင်းရှိ သိပံ္ပဘုန်းကြီးကျောင်း၌ ယနေ့ပြုလုပ်မည့် ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ၆၄ နှစ်မြောက် မွေးနေ့ဆွမ်းကျွေးပွဲကို အာဏာပိုင်များက တားဆီးပိတ်ပင်ခဲ့သည်။



ပခုက္ကူကျူးလွန်မှုများ ၀န်ချတောင်းပန်ရန် သံဃာများ တောင်းဆို
တောင်းဆိုချက်များ မပြည့်ဝပါက သပိတ်မှောက် ကံဆောင်မည်
သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာလ ၉ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံအတွင်းရှိ သံဃာ့အဖွဲ့အစည်းများစုပေါင်း၍ အစိုးရအနေဖြင့် သံဃာများကို ၀န်ချတောင်းပန်ရန် ဆုံး ဖြတ်ချက်ချမှတ်လိုက်ပြီး မလိုက်နာပါက ပတ္တနိကုတ္ဖုဏ သပိတ်မှောက်ကံဆောင်သွားမည်ဟု ကျေညာချက် ထုတ်ပြန်လိုက်သည်။


တပ်ရန်ပုံငွေအတွက် ရွာသားများ မဖြစ်မနေ စပါးပေးရ
စက်တင်ဘာ ၉ ရက်၊ ၂၀၀၇ ခုနှစ်။
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု အတွင်းရှိသည့် ထီးဖိုးကလိုးနှင့် ဒေါပလောဒူ ကျေးရွာအုပ်စု များတွင် စစ်အစိုးရတပ်စခန်း၏ တပ်ရင်း ရန်ပုံငွေအတွက် တရွာလျှင် စပါး (၂၆) ပုံး မဖြစ်မနေ ပေးဆောင်ခဲ့ကြသည် ဟု သိရသည်။


မဇ္ဈိမသတင်းဌာန အန်အယ်ဒီကို ပုတ်ခတ်စာများ တောင်ဒဂုံတွင် ဖြန့်ဝေ
စက်တင်ဘာလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။
အန်အယ်ဒီ ဆန့်ကျင်ရေး စာရွက်များကို စက်မှုဇုံများ တည်ရှိရာ ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်ရှိ လူစည်ကားရာ နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ဖြန့်ကြဲခဲ့သည်။

သတင်း - ကန္တာရ၀တီတိုင်း(မ်) (၅၉) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ ကျင်းပ
စက်တင်ဘာလ ၈ ရက်၊ ၂၀၀၇ ခုနှစ်။
အာဇာနည်နေ့ကို သတ်မှတ်ရာတွင် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းသာ ရည်စူး၍ သတ်မှတ်ခြင်း မဟုတ်ဘဲ တိုက်ပွဲတွင် အသက်ပေးလှူ သွားခဲ့ကြသော တော်လှန်ရေးခေါင်းဆောင်များ၊ ရဲဘော်များနှင့် ပြည်သူလူထုအပေါင်း အားလုံးတို့ကို မှတ်တမ်းတင် ဂုဏ်ပြုချီးကျူးခြင်း ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ကရင်နီအမျိုးသားအာဇာနည်နေ့တွင် ထုတ်ပြန်ထားသော ကေအဲန်ပီပီပါတီရုံးချုပ်၏ ထုတ်ပြန်စာမှ ရေးသားထားသည်။

ထိုင်းတရားရေးဥပဒေကို ဒုက္ခသည်စခန်း (၄) ခုတွင် ပြဌာန်းမည်
ဒေလီထက်/ ကန္တာရ၀တီတိုင်း(မ်) စက်တင်ဘာလ ၈ ရက်၊ ၂၀၀၇ ခုနှစ်။
ထိုင်းနိုင်ငံ တရားရေးဝန်ကြီးဌာနက ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၄ ခုတွင် ထိုင်းဥပဒေကို ထုတ်ပြန်ပြဌာန်းရန် ယခုလကုန်ပိုင်းတွင် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအဲန်အိပ်ခ်ျစီအာရ်) နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးမည် ဖြစ်ကြောင်း ထိုင်းတရားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားနေ
နိရဉ္စရာသတင်း မောင်အေး စက်တင်ဘာလလ ၈ ရက်၊ ၂ဝဝ၇ ခုနှစ်။
ရခိုင်ပြည်နယ် တောင်ပိုင်းအဆုံးမြို့ တမြို့ဖြစ်သည့် ဂွမြို့၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များက ဦးဆောင်ပြီး ကုန်ဈေးနုန်း ကျဆင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တခုကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာသြဇာအရှိဆုံး အမျိုးသမီးများထဲတွင် ဒေါ်စုပါဝင်
ကန္တာရ၀တီတိုင်း(မ်) စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။
၂၀၀၇ ခုနှစ် ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးများ အယောက် (၁၀၀) ရွေးချယ်သည့် အနက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ကြောင်း Forbes မဂ္ဂဇင်း၏ ဖော်ပြချက်မှာ ပါရှိသည်။

အကြမ်းဖက်မှု ချက်ချင်းရပ် ဟု နအဖကို အိန္ဒိယရောက် အမျိုးသမီးများ ပြောဆို
- မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၇ ရက်၊ ၂ဝဝ၇ ခုနှစ်။
အကြမ်းဖက် တိုက်ခိုက်မှုများ ချက်ချင်း ရပ်ဆိုင်းရန် အိန္ဒိယ နိုင်ငံရောက် မြန်မာ အမျိုးသမီးများက နအဖ ကို ယနေ့ ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ဘွဲ့ပေးမည့် စာနယ်ဇင်း သင်တန်း မကြာခင် ဖွင့်လှစ်တော့မည်
မဇ္ဈိမသတင်းဌာန/နန်းဒေဝီ စက်တင်ဘာလလ ၇ ရက်၊ ၂ဝဝ၇ ခုနှစ်။
ဆိုးရွားသည့် ဆင်ဆာ ဖြတ်တောက်မှု ရှိနေသော မြန်မာနိုင်ငံက ၃ နှစ် တက်ရောက်ရမည့် ဝိဇ္ဇာဘွဲ့ သတင်း စာနယ်ဇင်း သင်တန်းတခုကို မကြာမီ ဖွင့်လှစ်မည် ဖြစ်သည်။

စစ်တွေတွင်လုံခြုံရေး အထူးတင်းကျပ်
နိရဉ္စရာသတင်း စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး စစ်သား အမြောက်အမြားအားလည်း အရေးကြီးသော နေရာများတွင် ဖြည့်တင်းချထားကြောင်း သတင်းရရှိသည်။


လူထုဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ရန် မန်းအဖွဲ့ချုပ်က ဗဟိုသို့ တိုက်တွန်း
စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ၃၀ မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ယနေ့နံနက် တွင် ကျင်းပခဲ့ပြီး နအဖအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲကို လက်မခံပါက ပြည်သူတို့၏ ဆန္ဒသဘောထားထုတ် ဖော်မှုများကို အဲန်အယ်လ်ဒီမှ ဦးဆောင်ပေးရန် ဗဟိုအဖွဲ့ချုပ်(စီအီးစီ)သို့ ဆန္ဒပြုတိုက်တွန်းလိုက်သည်။


No comments: