Friday, September 14, 2007

BNI news ( sep 12-14 )

သုံးကြိမ်မြောက် ကြိုးပမ်းမှုတွင် မြန်မာစစ်သားတဦး ထွက်ပြေးလွတ်မြောက်
အောင်မိုးမြင့်။ သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာ ၁၄
မြန်မာစစ်တပ်တွင် စစ်သားအဖြစ် တာဝန်မထမ်းဆောင်လို၍ ထွက်ပြေးလွတ်မြောက်ရန်အတွက် သုံးကြိမ်တိုင် တိုင် ကြိုးပမ်းခဲ့ပြီး နောက်ဆုံးအကြိမ်တွင် ယမန်နေ့က ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေးလွတ်မြောက် ရောက်ရှိ လာခဲ့သည် ဟု တပ်သားမင်းအောင်က ပြောသည်။


အမျိုးသားဒီမိုကရေစီ လွတ်တော်အမတ် ဦးညီပု ဂွမြို့ကို စွန့်ခွာ
နိရဉ္စရာသတင်း စက်တင်ဘာ ၁၄
ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်တော် အမတ် တဦးဖြစ်သူ ဦးညီပုသည် စက်တင်္ဘာလ ၁၀ ရက်နေ့က မြို့ကို စွန့်ခွာပြီး အမည်မသိသော နေရာတခုသို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။ မည်သည့်အတွက်ကြောင့် ချက်ချင်းဆိုသလို မြို့ကထွက်ခွာသွားကြောင်းကို မသိရှိရပါကြောင်း မြို့ခံ တဦးက ပြောသည်။

ထိုင်းအထူးတပ်နှင့် ကလလတ ဟု ယူဆရသည့် အဖွဲ့တိုက်ပွဲဖြစ်၊ တဦးသေဆုံး
ကန္တာရ၀တီတိုင်း(မ်) စက်တင်ဘာ ၁၄
ထိုင်း-မြန်မာ နယ်စပ်အမှတ် (BP –14) ဒေသတွင် နယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်နေသော ထိုင်းအထူး တပ်ဖွဲ့တဖွဲ့နှင့် ကလလတ အဖွဲ့ (ကြယ်နီ- ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး) ဟု ယူဆရသည့် လက်နက်ကိုင် လူတစုတို့သည် ထိုင်းနယ်သို့ ကျူးကျော် ၀င်ရောက်လာ၍ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ တဦးသေဆုံး သွားခဲ့ကြောင်း သိရှိရသည်။


ဆူနာမီ သတိပေးမှုများ ထွက်ပေါ်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလာဒေခ်ျ့ နေရာ အတော်တော်များများတွင် လူထုများအတွင်း မတည်ငြိမ်မှူများ ဖြစ်ပေါ်ခဲ့
နိရဉ္စရာသတင်း စက်တင်ဘာ ၁၃
ယမန်နေ့ ညနေပိုင်းက အင်ဒိုနီးရှား နိုင်ငံ ဆူမတြားကျွန်းအနီးတွင် ရက်ချစ်စတာ စကေး ၈ ဒဿမ ၂ ရှိ ပြင်းထန်သော ငလျင် တခု လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ဆူနာမီ ရေလှိုင်းကြီးများ ဖြစ်ပေါ်နိုင်သည်ဟု သတိ ပေးချက်များ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ပင်လယ် ကမ်းရိုးတန်း ဒေသများတွင် နေထိုင်သူများအတွင်း လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့သည်။

ဆူနာမိ စိုးရိမ်မှုကြောင့် ထိုင်းတောင်ပိုင်းရှိ မြန်မာအလုပ်သမားများ အထိတ်တလန့်ဖြစ် ထွက်ပြေးတိမ်းရှောင်ရင်း ထိခိုက်ဒဏ်ရာရမှုအချို့ရှိ
သတင်းနှင့်မီဒီယာကွန်ယက် ခွန်အောင်မြတ်။ စက်တင်ဘာ ၁၃
ဆူနာမိစိုးရိမ်မှုကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာအလုပ်သမားများ ဘေးလွတ်ရာသို့ ထွက်ပြေးကြရာ ထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့သည်ဟု မြန်မာအလုပ်သမားများက ပြောသည်။


ဟွေ့ပူကဲကျေးရွာသို့ ကယန်းကြေးကွင်းပတ် မိသားစုအချို့ စတင်ပြောင်းရွှေ့ပြီ
မော်အဲမာကန္တာရ၀တီတိုင်း(မ်) စက်တင်ဘာ ၁၂
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကယန်းကြေးကွင်းပတ် ကျေးရွာ (၃) ရွာတွင် နေထိုင်သော မြန်မာနိုင်ငံမှ ကယန်းမိသားစု အချို့သည် ဟွေ့ပူကဲ့ကျေးရွာသို့ ယနေ့တွင် စတင်ပြောင်းရွှေ့နေပြီ ဖြစ်သည်။

သေနတ်သူခိုး တပ်ကြပ်ကြီး၏လုပ်ရပ် အပြစ်မဲ့ရွာသား လင်မယား ထောင်ချခံရ
သျှမ်းသံတော်ဆင့်သတင်းစဉ် စက်တင်ဘာ ၁၂
ပြီးခဲ့သည့် သြဂုတ်လလယ်က မိုင်းတုံမြို့နယ် နားကောင်းမူး အခြေစိုက် ခလရ ၆၅ တပ်မှ တပ်ကြပ်ကြီး တစ်ယောက်သည် ၄င်းအရာရှိ၏ ပစ္စတိုသေနတ် တစ်လက်ကို ခိုးယူထွက်ပြေးကြောင်း၊ မဆီမဆိုင် အပြစ်မဲ့ရွာသား လင်မယား တစ်စုံအား သေနတ်ပြန်ဝယ် လျော်ခိုင်းကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ကပ်စာများ၊ ပိုစတာများကြောင့် စစ်အာဏာပိုင်များ ညမထွက်ရ အမိန့်ထုတ်
သျှမ်းသံတော်ဆင့်သတင်းစဉ် စက်တင်ဘာ ၁၂
လောင်စာဆီနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုကြောင့် ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းက ဗမာပြည်အနှံ့ ရဟန်းရှင်လူ ပြည်သူလူထု ဆန့်ကျင်ဆန္ဒပြ အုံကြွမှုသည် သျှမ်းပြည်သို့လည်း ကူးစက်ပျံ့နှံ့လာသဖြင့် သိန္နီမြို့တွင် ဒေသခံ စစ်အာဏာပိုင်များ၏ လုံခြုံရေး တင်းကြပ်မှုနှင့်အတူ စစ်ဥပဒေ မာရှယ်လော ထုတ်ပြန်သည့် အခြေအနေသို့ ရောက်နေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။

တပ်ရင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ရွာသားများထံက အုန်းပင်ပျိုးနှင့် ကြက်၊ ၀က်ပေါက်စ များကောက်
နိရဉ္စရာသတင်း စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဘောင်းဒွတ် အရှေ့ဘက်ခြမ်းတွင် တပ်စွဲထားသော ခမရ ၃၇၈ တပ်ရင်းတွင် မိုးအကုန်စိုက်ပျိုးမည့် အုန်းပင်များနှင့် မွေးမြုရေးခြံ အတွက် ကြက်ပေါက်စ၊ ၀က်ပေါက်စများအား အနီးအနားရှိ ကျေးရွာများမှ အတင်း အဓမ္မ ကောက်ခံနေကြောင်း သတင်းရရှိသည်။

နေပြည်တော်မှာ ညီလာခံ ထောက်ခံပွဲ အတွက် လူတွေကို ဆင့်ခေါ်
မဇ္ဈိမသတင်းဌာန စက်တင်ဘာ ၁၂
နအဖ ညောင်နှစ်ပင် အမျိုးသား ညီလာခံ ထောက်ခံပွဲသို့ တက်ရောက်ရန် အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ခံ လူငယ်အချို့ကို ယခုရက်ပိုင်းအတွင်း လိုက်လံ စုဆောင်းနေသည်။

No comments: