Wednesday, September 5, 2007

news stories in BNI

(ဘီအင်န်အိုင်မှာ တင်ထားတဲ့ သတင်းတွေဗျာ။ ခေါင်းစဉ်တွေ လိုက်ဖတ်ရင် အဖြစ်အပျက်တွေ အကြမ်း သိမယ်။ ကလစ်နှိပ်ဖတ်ရင်တော့ အချက်အလက်တွေ ပိုပြီး အသေးစိတ် ရမယ်။ )

မြန်မာစစ်အစိုးရအား အရေးယူရန် ကုလသို့ တောင်းဆို
အောင်မိုးမြင့်။ သတင်းနှင့်မီဒီယာကွန်ယက်
စက်တင်ဘာလ ၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားများက ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြတောင်းဆိုသူများကို အကြမ်းဖက်နှိမ်နင်းခြင်းသည် လူ့အခွင့်အရေးချိုးဖေါက် နေမှုများဖြစ်၍ ယင်းကို အရေးယူဆောင်ရွက်ပေးရန် ကုလသမဂ္ဂရုံးသို့ စုပေါင်းလက်မှတ် ရေးထိုးပြီး ပေးပို့ခဲ့သည်။

နအဖ ကို လူ့အခွင့်အရေး လေးစားပါလို့ HRDP က ပြော
မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၅

နအဖ စစ်အစိုးရ အနေဖြင့် မြန်မာ ပြည်သူလူထု၏ အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်များ အတွက် ဆန္ဒ ဖော်ထုတ်နေခြင်းကို အကြမ်းဖက် နှိမ်နှင်းကာ ဖမ်းဆီးခြင်းမှ အမြန်ဆုံး ရပ်တန့်ရန်နှင့် လူထု၏ အခြေခံ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို အသိအမှတ်ပြု လေးစားရန် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ယက် (HRDP) က ပြောဆိုလိုက်သည်။

မိသားစုတစုလုံး ထမင်းငတ်၍ မိမိကိုယ်ကို သတ်သေ
နိရဉ္စရာသတင်း စက်တင်ဘာလ ၅

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ပန်းမြောင်းကျေးရွာ ကျွန်းတောရပ်ကွက်မှ မိသားစု တစုမှာ ထမင်း ခုနှစ်ရက်ခန့် ငတ်ပြီးနောက် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းရရှိသည်။


အကြမ်းဖက်လုပ်ရပ် ရပ်တန်းက ရပ်ဟု အိန္ဒိယရောက် မြန်မာများ ပြောဆို
မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၎

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအပေါ် အကြမ်းဖက် တိုက်ခိုက်နေသည့် နအဖ စစ်အစိုးရကို ဆန့်ကျင် ရှုတ်ချသည့် ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ယနေ့ နေ့လည်ပိုင်းတွင် နယူးဒေလီ မြို့၌ ကျင်းပခဲ့ကြသည်။


ရမခ တပ်ရင်းမှူး လာဘ်စားမှုဖြင့် စစ်ဆေးခံနေရ
မျိုးကြီး မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၎

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တပ်ရင်းမှူးတဦးကို လာဘ်စားသည်ဆိုသော စွပ်စွဲချက်များဖြင့် ဖမ်းဆီး ထိန်းသိမ်းပြီး တပ်တွင်း စစ်ဆေးနေကြောင်း စစ်ဘက်သတင်း ရပ်ကွက် အရ သိရသည်။


ဟားခါးမြို့တွင် အချက်သုံးချက်တောင်းဆိုဆန္ဒပြ
အောင်မိုးမြင့်။ သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာလ ၎

ချင်းပြည်နယ် ဟာခါးမြို့တွင် ယနေ့ နံနက် ၁၁ နာရီက အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အဖွဲ့ဝင် ၂၂ ဦးနှင့် ပြည် သူ ၂ဦးတို့ အပါအ၀င် မ၀တရုံးသို့ ချီတက်ဆန္ဒပြခဲ့သည်။


ဒုက္ခသည်ကြက်သေဆုံးမှုများ ငှက်တုတ်ကွေးမဟုတ်
အောင်မိုးမြင့်။ သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာလ ၎

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည် စခန်းအမှတ် (၂) အတွင်း ကြက်နှင့်ဘဲများ သေဆုံးခြင်းသည် ကြက်ငှက်တုတ်ကွေးရောဂါမဟုတ်ဟု ထိုင်းကျန်းမာရေးဌာနမှ ထုတ်ပြန်သည်။


စင်္ကာပူရောက် မြန်မာများ အဲယားပုဂံ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်တို့ကို သပိတ်မှောက်ရန်ပြင်
မဇ္ဈိမသတင်းဌာန နန်းဒေဝီ စက်တင်ဘာလ ၎

မြန်မာပြည်တွင်း အထွေထွေ အကြပ်အတည်း ဆန္ဒပြသူများကို စစ်အစိုးရက လူမိုက်များသုံးကာ နှိပ်ကွပ်နေခြင်းကို ကန့်ကွက်သော အားဖြင့် စင်္ကာပူရောက် မြန်မာနိုင်ငံသားများက စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ပိုင် လေကြောင်းလိုင်းကို သပိတ်မှောက်ရေးနှင့် အာဏာရ အသိုင်းအဝိုင်းနှင့် လက်ပါးစေများကို ဖယ်ကျဉ်ထားရေး စည်းရုံး လှုံ့ဆော်နေကြသည်။


ကိုမင်းကိုနိုင်အား စစ်တွေထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင် တဦးက ပြောကြား
နိရဉ္စရာသတင်း စက်တင်ဘာလ ၎

ကိုမင်းကိုနိုင်အား စစ်တွေထောင်သို့ ပို့လိုက်ပြီ ဖြစ်ကြောင်း ကောလဟလ သတင်းများ ပျံ့နှံ့နေပြီးနောက် နအဖ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းမှ တိမ်းရှောင်နေသူ ကျောင်းသား ခေါင်းဆောင် တဦးက ကိုမင်းကိုနိုင်ကို စစ်တွေ ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ပြောကြားသည်။


မြစ်ကြီးနား တက� သိုလ်တွင် နအဖ ဆန့်ကျင်ရေး စာရွက်များ လိုက်ကပ်
မျိုးကြီး/ မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၃

ကချင်ပြည်နယ် မြစ်ကြီးနား တက� သိုလ်တွင် ကုန်ဈေးနှုန်း ကျဆင်းရေး၊ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေးနှင့် နအဖ အမျိုးသား ညီလာခံ ဆန့်ကျင်ရေး အစရှိသည့် တောင်းဆိုချက်များ ပါဝင်သည့် စာရွက်စာတမ်းများ ယနေ့ ညနေပိုင်းတွင် လိုက်လံ ကပ်ခဲ့သည်ဟု သိရသည်။


တိုင်းရင်းသား အရေးတောင်းဆိုမှုများ လျစ်လျူရှုခံရ
သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာလ ၃

တိုင်းရင်းသားများအရေး တောင်းဆိုမှုများကို ထည့်သွင်းဆွေးနွေးခြင်းမပြုပဲ ဆယ့်လေးနှစ်တာ ကျင်းပခဲ့သော အမျိုးသားညီလာခံကို မြန်မာစစ်အစိုးရက ယနေ့ အဆုံးသတ်လိုက်သည်။


ပြည်တွင်းလေယာဉ်ခများ တိုးမြှင့်
အောင်မိုးမြင့်။ သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာလ ၃

လွန်ခဲ့သည့်လအတွင်းက လောင်စာဆီဈေးနှုန်းများ ဆတိုးမြင့်တက်လာပြီးနောက် နိုင်ငံအနှံ့ ဆန့်ကျင်ဆန္ဒပြမှု များ ဖြစ်ပေါ်နေချိန်အတွင်းမှာပင် ယခုလ ၁ ရက်နေ့မှစ၍ ပြည်တွင်းလေယာဉ်ခ ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း ထပ်မံမြင့်တက်သွားသည်။


ရန်ကုန်ရှိ ယာဉ်စီးခများ ကျဆင်းမှု မရှိသေး
ဖနီဒါ/ မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၃

ရန်ကုန်မြို့တွင်း လေအေးစက်တပ် ဘတ်စ်ကားစီးခ ဈေးနှုန်းကို ယနေ့မှ စတင်ကာ လျော့ချ လိုက်ပြီဟု မထသ ခေါ် မော်တော်ယဉ် ထိန်းသိမ်းရေး ဌာနက ပြောဆိုသော်လည်း လက်တွေ့တွင်မူ ဈေးနှုန်းများ အပြောင်းအလဲ မရှိ ဖြစ်နေသည်။


ရခိုင်ကုန်သည်ကြီးများအား နေပြည်တော်သို့ ၆ ရက်နေ့ အရောက်လာရန် ညွှန်ကြား
နိရဉ္စရာသတင်း စက်တင်ဘာလ ၃

ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေး၏ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ခရီးစဉ်အတွင်း လိုက်ပါမည့် ရခိုင်ပြည်နယ်မှ ကုန်သည်ကြီးများကို စက်တင်္ဘာလ ၆ ရက်နေ့ နောက်ဆုံးထားပြီး နေပြည်တော်သို့ အရောက်လာရောက်ရန် ညွှန်ကြားထားသည်ဟု စစ်တွေ ကုန်သည်ကြီး အသင်း တာဝန်ရှိသူ တဦးက ပြောသည်။


ရခိုင်မှာ ကုန်ဈေးနှုန်း ကျဆင်းရေး တကိုယ်တော် ဆန္ဒပြသူ
ငြိမ်းချမ်း မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ကုန်ဈေးနှုန်းကျရေး ဆန္ဒပြသည့် ပြည်သူ တဦးကို ရဲက ဖမ်းဆီး ထိမ်းသိမ်း လိုက်ကြောင်း ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။


မောင်တောက အမာခံ ပြည်သူ့စစ်များကို အဓိကရုဏ်း နှိမ်နင်းရေး သင်တန်းပေး
ငြိမ်းချမ်း မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၂

မကြာသေးခင်က ပြန်လည် ဖွဲ့စည်းလိုက်သော မောင်တောမြို့မှ ပြည်သူ့စစ်များကို သက်ဆိုင်ရာ ဒေသခံ စစ်တပ်မှ အဓိကရုဏ်း နှိမ်နင်းရေး သင်တန်း ပေးနေပြီ ဖြစ်သည်။ ။

No comments: