Sunday, September 23, 2007

tun eaiddra bo says something


သံဃာတော်များ ရိုက်နှက်စော်ကားခံရတာမကောင်းပါလို့ ထွန်းအိန္ဒြာဗိုပြောကြား

ဒီဗွီဘီ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များ ရိုက်နှက်ညှဉ်းပန်းခံနေရတာဟာ မကောင်းပါဘူးလို့ နိုင်ငံကျော်ရုပ်ရှင်မင်းသမီး ထွန်းအိန္ဒြာဗိုခေါ် မခိုင်က ပြောကြားပါတယ်။


“မကောင်းဘူးပေါ့၊ မကောင်းဘူးဆိုတာ ကိုယ့်သားသမီးတောင် ကိုယ်မရိုက်ရက်တာပဲလေ၊ ရိုက်ကြပြုကြတဲ့အနေအထားကတော့ မကောင်းဘူးပေါ့၊ ကျမသားလေး ကျမလက်နဲ့တောင် မတို့ရက်ဘူး။ အဲလိုသဘောပါပဲ၊”


မေတ္တာပို့သ ကြွချီဆန္ဒထုတ်ဖော်တော်မူကြတဲ့ သံဃာတော်များရဲ့ဆောင်ရွက်ချက်ဟာ မင်္ဂလာရှိတာကြောင့် ကြိုဆိုပါတယ်လို့ ပြောကြားပါတယ်။


“တကယ်တမ်းသာ လူသားအချင်းချင်း မေတ္တာထားနိုင်မယ်ဆိုရင် တရားဥပဒေတောင် မလိုတော့ ဘူးလေ၊”


အနုပညာရှင်အားလုံးဟာလည်း ကုန်ဈေးနှုန်းတက်တာအပါအ၀င် ဆင်းရဲဒုက္ခ အ၀၀ကို မိမိတို့ရဲ့ ပရိသတ် မြန်မာပြည်သူအားလုံးနဲ့အတူ မျှဝေခံစားနေရတာပါပဲလို့ မခိုင်ကပြောပါတယ်။


“မိုးပြိုအများပါပဲရှင်၊ မြန်မာပြည်သူလူထု အားလုံးကတော့ ကံ ကံရဲ့အကျိုးကို ယုံကြည်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက်လည်း - - ”

No comments: