Saturday, September 29, 2007

strike in Yay-Nann-Chaung tsp

ရေနံချောင်းတွင် သံဃာနှင့်လူထု ဆန္ဒပြ
ရိုးမ ၃။ စက်တင်ဘာ ၂၉၊ ၂၀၀၇
“------သံဃာတော်က ၂၀၀ ကျော်ရှိတယ်။ လူအင်အားကတော့ နောက်ကလိုက်တဲ့လူတွေကော၊ ဘေးကလိုက်တဲ့လူတွေကောဆို ၂ သောင်းလောက်ရှိတယ်၊ လမ်းဆိုအပြည့်ပဲ၊ ဆိုင်းဘုတ် မကိုင်ပဲနဲ့ အော်နေတာ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးလို့ အော်တာ၊-------”


မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် ယနေ့ နေ့လည်ပိုင်း၌ သံဃာတော်များ စတင်ကြွချီလာရာ ပြည်သူလူထုကလည်း လိုက်လံဆန္ဒပြခဲ့သည်။

စစ်အစိုးရက သံဃာတော်များကို နှိမ်နင်းနေစဉ် ရေနံချောင်းသံဃာနှင့်ပြည်သူများက နေ့လည် (၁၂) နာရီမှစတင်ကာ မြို့လုံးကျွတ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“သံဃာတော်က ၂၀၀ ကျော်ရှိတယ်။ လူအင်အားကတော့ နောက်ကလိုက်တဲ့လူတွေကော၊ ဘေးကလိုက်တဲ့လူတွေကောဆို ၂ သောင်းလောက်ရှိတယ်၊ လမ်းဆိုအပြည့်ပဲ၊ ဆိုင်းဘုတ် မကိုင်ပဲနဲ့ အော်နေတာ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးလို့ အော်တာ၊ ဆေးရုံလမ်းပေါ်မှာ သာဓုခေါ် လက်ခုပ်တီးပြီး အားပေးကြတာပဲ၊ (၁၂) နာရီလောက် ကစပြီး ရတနာမဉ္ဖူဘုရားက စပြီးထွက်တာ”ဟု မြို့ခံတဦးက ဆိုသည်။

မြတ်စောညီနောင်ဘုရားအတွင်း စုရုံးကာ ရတနာမဉ္ဖူဘုရားတွင် ပရိတ်တရားတော်များ ရွတ်ဆို ပြီး စတင်ကြွချီခဲ့ရာ လူထုပရိတ်သတ်များက ကြိုဆိုခဲ့ပြီး ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေ ကို သတ်ဖို့မဟုတ်ဘူးဟု ကြွေးကြော်ကာ လိုက်ပါဆန္ဒပြခဲ့ကြသည်။

ရေနံချောင်းတွင် ယနေ့ဆန္ဒပြမှုကို စစ်အစိုးဘက်မှ တစုံတရာ ဟန့်တားနှောင့်ယှက်ခြင်းမရှိပဲ ညနေ (၃) နာရီခွဲတွင် သံဃာတော်များနှင့် လူထုများသည် လူစုခွဲလိုက်ကြပြီး အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်။

မူရင်း

yoma3.org


No comments: