စစ်တွေတွင်လုံခြုံရေး အထူးတင်းကျပ်
နိရဉ္စရာသတင်း စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး စစ်သား အမြောက်အမြားအားလည်း အရေးကြီးသော နေရာများတွင် ဖြည့်တင်းချထားကြောင်း သတင်းရရှိသည်။
လူထုဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ရန် မန်းအဖွဲ့ချုပ်က ဗဟိုသို့ တိုက်တွန်း
သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် ၃၀ မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ယနေ့နံနက် တွင် ကျင်းပခဲ့ပြီး နအဖအနေဖြင့် တွေ့ဆုံဆွေးနွေးပွဲကို လက်မခံပါက ပြည်သူတို့၏ ဆန္ဒသဘောထားထုတ် ဖော်မှုများကို အဲန်အယ်လ်ဒီမှ ဦးဆောင်ပေးရန် ဗဟိုအဖွဲ့ချုပ်(စီအီးစီ)သို့ ဆန္ဒပြုတိုက်တွန်းလိုက်သည်။
တွေ့ဆုံဆွေးနွေး အဖြေရှာရန် ၈၈ ကျောင်းသားခေါင်းဆောင်တောင်းဆို
ခွန်အောင်မြတ်။ သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာလ ၇ ရက်၊ ၂၀၀၇
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များက အကြမ်းဖက်မှုများ မတိုးပွားစေရန်အတွက် ဖြစ်ပေါ်နေသည့် ပြဿ နာများကို “မိသားစုသဖွယ်” ဖြေရှင်းသွားကြရန် တောင်းဆိုလိုက်သည်။
အိမ်ရှေ့ဝါရံတန်က အလွမ်း
အဲန်/ ကန္တာရ၀တီတိုင်း(မ်)
အသားညိုညို အရပ်ခပ်မြင့်မြင့်နဲ့ အသက် ၃၃ နှစ် အရွယ်ရှိတဲ့ အမျိုးသားတဦးဟာ ၀ါးတဲအိမ်ငယ်လေး တခုရဲ့ ၀ါရံတန်လေးမှာ ငုတ်တုတ်ထိုင်ကာ လမ်းပေါ်က ဖြတ်သွားဖြတ်လာသော သူများကို ကြည့်ရင်း မနာလိုစိတ်တွေ ဖြစ်နေပါတယ်။ သူ့ကိုယ်သူ သာမန်လူသားတွေ လှုပ်ရှားသွားလာ နေထိုင်နိုင်သလို ဖြစ်စေချင်လွန်းလို့ပါ။
UWSA ကိုယ်စားလှယ် နအဖနှင့် နေပြည်တော်တွင် သွားရောက်ဆွေးနွေး၊
တောင်ပိုင်း၌လည်း ၀ စစ်အင်အားတိုးချဲ့
သျှမ်းသံတော်ဆင့်သတင်းစဉ် စက်တင်ဘာ ၆ ရက်၊ ၂၀၀၇
သြဂုတ်လကုန်က ပန်ဆန်း UWSA ဌာနချုပ်မှ ဒုတိယ သြဇာအကြီးဆုံး ၀ နိုင်ငံရေးခေါင်းဆောင် တစ်ဦးက ပျဉ်းမနား နေပြည်တော်၌ နအဖအကြီးအကဲများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ တဘက်တလမ်းကလည်း တောင်ပိုင်းရှိ ၀ထိန်းချုပ်နယ်မြေသို့ စစ်အင်အား ပိုမိုတိုးချဲ့ထားကြောင်း ၀စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။
လစာမရသည့်အပြင်
ဥက္ကဌသစ်များ မယကအတွက် အိတ်စိုက်ထုတ်နေရ
သျှမ်းသံတော်ဆင့်သတင်းစဉ် စက်တင်ဘာ ၆ ရက်၊ ၂၀၀၇
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ မအဖသည် ၂၀၀၇ နှစ်ဦးက အသစ် ရွေးကောက် တင်မြှောက်ထားသော ရပ်ကွက်၊ ကျေးရွာအုပ်စု ဥက္ကဌသစ်များအား ကတိအတိုင်း လစာအပြည့် မပေးသည့်အပြင် စားသောက်ဆိုင်၌ အစည်းအဝေးခေါ်ကာ ဈေးကြီးကြီး စားကောင်းသောက်ဖွယ်များ မှာစားပြီး ကျသင့်ငွေအတွက် ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ဥက္ကဌများမှ ပေးချေခိုင်းကြောင်း ကျိုင်းတုံသတင်းရပ်ကွက်က ဆိုပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့အပေါ် အကြမ်းဖက်မှုကို ပခုက္ကူသံဃာတို့ လက်တုန့်ပြန်
မဇ္ဈိမသတင်းဌာန / စက်တင်ဘာလ ၆ ရက်၊ ၂၀၀၇
မြန်မာနိုင်ငံ အနှံ့တွင် ဖြစ်ပွားလျှက်ရှိသော ကုန်ဈေးနှူန်း ကျဆင်းရေး ပြည်သူလူထု၏ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းနှင့် စွမ်းအားရှင် အဖွဲ့တို့က အကြမ်းဖက် ဖြိုခွဲမှုများ ရက်သတ္တ (၂)ပတ်ကျော်ကြာ ဆက်တိုက် ပြုလုပ်ခဲ့အပြီး လက်တုန့် ပြန်သည့် အရေးအခင်း တခုကို ပခုက္ကူ သံဃာတော်များက ယနေ့ ပြုလုပ်ခဲ့သည်။
အမေအရွယ် အမျိုးသမီးအား နအဖတပ်သား အဓမ္မပြုကျင့်
သျှမ်းသံတော်ဆင့်သတင်းစဉ် စက်တင်ဘာ ၆ ရက်၊ ၂၀၀၇
ပြီးခဲ့သည့် သြဂုတ်လက သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံအခြေစိုက် နအဖ တပ်သား ၃ ယောက်သည် မဲကင် အုပ်စုနေ အသက် ၅၀ ကျော်အရွယ် ရွာသူ အမျိုးသမီးတစ်ဦးအား ၀ိုင်းဝန်းအဓမ္မပြုကျင့်ခဲ့ကြောင်း၊ နောက်ဆုံး နို့ဆီတစ်ဘူး၊ သကြားတစ်ထုတ်သာ လျော်ကြေး ပြန်ရကြောင်း သျှမ်းပြည်တောင်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။
ပခုက္ကူမြို့တွင် သံဃာတော်များ မေတ္တာပို့ လမ်းလျှောက်
စစ်တပ်မှ သေနတ်များဖြင့် ပစ်ဖေါက်လူစုခွဲ
သတင်းနှင့်မီဒီယာကွန်ယက် အောင်မိုးမြင့်။စက်တင်ဘာလ ၅ ရက်၊ ၂ဝဝ၇
မကွေးတိုင်း ပခုက္ကူမြို့တွင် သံဃာတော် အပါး ၂၀၀ခန့်သည် ယနေ့ မွန်းလွဲ၂နာရီခန့်က ပြည်သူများ ဆင်းရဲ ဒုက္ခကင်းဝေးစေရန် မြို့တွင်းသို့ လမ်းလျှောက် မေတ္တာပို့ ကြွချီလာစဉ် စစ်တပ်မှ သေနတ်ဖောက်၍ လူစုခွဲပြီး သံဃာအချို့ကို ဖမ်းဆီးရိုက်နှက်ခဲ့သည်။
လူ ၅ ဦးထက်ပို၍ လမ်းမလျှောက်ရဟု ဟားခါး အာဏာပိုင်များ ပြော
မဇ္ဈိမသတင်းဌာန စက်တင်ဘာလ ၅ ရက်၊ ၂ဝဝ၇
ချင်းပြည်နယ် ဟားခါးမြို့ရှိ အန်အယ်ဒီ ခေါင်းဆောင် ၅ ဦးကို လူ ၅ ဦးထက် ပိုမို၍ စီတန်း လမ်းလျှောက်ခြင်း မပြုရန် ယနေ့တွင် မြို့နယ် အာဏာပိုင်များက ခေါ်ယူ သတိပေးလိုက်သည်။
တအုံကွန်ပြူတာ ကျောင်းသား ၈၄ ဦး စာမေးပွဲ ဖြေခွင့် ပိတ်ပင်ခံရ
မဇ္ဈိမသတင်းဌာန မျိုးကြီးစက်တင်ဘာလ ၅
မန္တလေးမြို့တအုံ ကွန်ပြူတာတက� သိုလ် ကျောင်းအာဏာပိုင်များက ကွန်ပြူတာ တက� သိုလ် ကျောင်းသား ၈၄ ဦးကို ယခုလ ၂ ရက်နေ့တွင် စာမေးပွဲ ဖြေဆိုခွင့် ထပ်မံ ပိတ်ပင်လိုက်ကြောင်း သိရသည်။
(ဘလော့ဂါမှတ်ချက် - http://www.bnionline.net/bur/ ကနေ ယူတယ်။)
No comments:
Post a Comment