Wednesday, September 12, 2007

some students leaders still running

(မူရင်းအတိုင်း ကူးပေးလိုက်ပါတယ်။ )

ဝါးရမ်းပြေး ကျောင်းသားခေါင်းဆောင်အားလုံး လွတ်နေဆဲ
hit taing dot org စက်တင်ဘာ ၁၂။ ဘထူးချစ်

“- - - - - - လက်ကိုင်ဖုန်းများ အပိတ်ခံလိုက်ရမှု ကြောင့် ဆက်သွယ်ရေးများ ခက်ခဲကုန်သော်လည်း အကောင်းဘက်မှ ကြည့်လျှင် တိမ်းရှောင်ရ ပိုလွယ်ကူ - - - - - - ”


တိမ်းရှောင်နေသော ၈၈ ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများအား စစ်အစိုးရက တရားခံပြေးများအဖြစ် ၀ါးရမ်းများ ထုတ်ကာ ရှာဖွေနေသော်လည်း မမိသေးကြောင်း သိရသည်။

၈၈ ကျောင်းသားအဖွဲ့မှ ကိုဌေးကြွယ်၊ ကိုအောင်မျိုးတင့်၊ ကိုစိန်လှိုင် (အက်စ်အီး)၊ ကိုလှမျိုးနောင်၊ ကိုတင်ထူးအောင်၊ မနီလာသိန်း၊ မမီးမီး (သင်းသင်းအေး)၊ ကိုထွန်းမြင့်အောင်၊ ကိုသန်းတင်တို့အားလုံး လွတ်မြောက်နေဆဲ ဖြစ်သည်။ အလားတူ ၀ါးရမ်းပြေး ကြေညာခံထားရသည့် မဖြူဖြူသင်း၊ မစုစုနွေး၊ မခင်ထားရီတို့လည်း ပုန်းအောင်းနေကြသည်။ လက်ကိုင်ဖုန်းများ အပိတ်ခံလိုက်ရမှု ကြောင့် ဆက်သွယ်ရေးများ ခက်ခဲကုန်သော်လည်း အကောင်းဘက်မှ ကြည့်လျှင် တိမ်းရှောင်ရ ပိုလွယ်ကူစေကြောင်း ၈၈ ကျောင်းသားတဦးက ပြောပြပါသည်။

`မိုဘိုင်းဖုန်းတွေက လူ ဘယ်မှာလဲဆိုတာ ခြေရာခံလို့ရတယ်။ ဒါပေမယ့် ပုန်းအောင်းနေရတဲ့ အချိန်မှာ အပြင်မှာ ဘာဖြစ်မှာလို့မှ ဖြစ်နေမှန်း မသိဘဲ အဆက်အသွယ် ပြတ်မနေဖို့လဲ မိုဘိုင်းဖုန်းက လိုတော့ လိုတယ်။ အန္တရာယ်ရှိတယ်ဆိုပေမယ့် မိုဘိုင်းဖုန်းက လျှပ်စစ်မီးလိုပဲ။ မရှိတာထက်တော့ ရှိတာက ပိုကောင်းတာပေါ့´ဟု ပုန်းအောင်းနေသည့် ၈၈ ကျောင်းသားများ၏ မိတ်ဆွေ တဦးက ပြောကြားသည်။


( http://www.hittaing.org/news/ ကနေ ယူတယ်။)



No comments: