စင်ကာပူသံရုံးရှေ့ လမ်းလျှောက်ဆန္ဒပြသည့် မြန်မာများ ခေါ်စစ်ခံရ
စက်တင်ဘာ ၈။ HT (ဟစ်တိုင်)
`ကျနော်တို့ကို အရပ်ဝတ် ရဲအရာရှိတွေက မေးတယ်။ ခြိမ်းခြောက်တာတို့၊ မတော်တဲ့ နည်းတွေ သုံးပြီး စစ်တာတို့တော့ မရှိပါဘူး´ ဟု ခေါ်ယူ မေးမြန်းခံရသူများထဲမှ တဦးဖြစ်သူ စင်ကာပူရောက် မြန်မာလူငယ် ကဒေါင်းညင်သာက ပြောကြားသည်။ ခေါ်ယူ မေးမြန်းခံရသူများ တစုံတရာ အရေးယူခံရမည်၊ သို့မဟုတ် မြန်မာပြည်သို့ ပြန်ပို့ခံရမည်ကို ဘေးမှ စိုးရိမ်ပူပန်ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာ ဖြစ်မလာခဲ့ပေ။
စက်တင်ဘာ ၈။ HT (ဟစ်တိုင်)
“----- စင်ကာပူ အစိုးရက ဥပဒေဘောင်ကို ကျော်ပြီး လုပ်ရဲမှာ မဟုတ်ဘူး----”
သြဂုတ် ၂၅ ရက်က စင်ကာပူ မြန်မာသံရုံးရှေ့ ဆန္ဒပြ လမ်းလျှောက်ပွဲတွင် လှုံ့ဆော်ပါဝင်ခဲ့သူများကို စင်ကာပူ အာဏာပိုင်များက စက်တင်ဘာ ၆ ရက်နေ့က ကြာသပတေးနေ့က ခေါ်ယူ မေးမြန်းသည့် ကိစ္စမှာ ပြဿနာ ကြီးကြီးမားမား မဖြစ်လိုက်ဘဲ ပြီးဆုံးသွား သည်။`ကျနော်တို့ကို အရပ်ဝတ် ရဲအရာရှိတွေက မေးတယ်။ ခြိမ်းခြောက်တာတို့၊ မတော်တဲ့ နည်းတွေ သုံးပြီး စစ်တာတို့တော့ မရှိပါဘူး´ ဟု ခေါ်ယူ မေးမြန်းခံရသူများထဲမှ တဦးဖြစ်သူ စင်ကာပူရောက် မြန်မာလူငယ် ကဒေါင်းညင်သာက ပြောကြားသည်။ ခေါ်ယူ မေးမြန်းခံရသူများ တစုံတရာ အရေးယူခံရမည်၊ သို့မဟုတ် မြန်မာပြည်သို့ ပြန်ပို့ခံရမည်ကို ဘေးမှ စိုးရိမ်ပူပန်ခဲ့ကြသော်လည်း ကံကောင်းထောက်မစွာ ဖြစ်မလာခဲ့ပေ။
ငါးယောက်ထက် ပိုမစုရသည့် စင်ကာပူ ဥပဒေအရ သုံးလေးယောက်တတွဲ
ခွဲလမ်းလျှောက်နေကြသည့် ဥာဏ်ကြီးရှင် `ရွှေ´များ
ခွဲလမ်းလျှောက်နေကြသည့် ဥာဏ်ကြီးရှင် `ရွှေ´များ
`သတင်းက အေအက်ဖ်ပီမှာ ပါသွားပြီဆိုတော့ စင်ကာပူ အစိုးရက ဥပဒေဘောင်ကို ကျော်ပြီး လုပ်ရဲမှာ မဟုတ်ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ လမ်းလျှောက်ပွဲမှာ အများပြည်သူ အနှောင့်အယှက် ဖြစ်တဲ့လုပ်ရပ်မှ မပါပဲ။ ကျနော်တို့ စင်ကာပူ ဥပဒေကို ချိုးဖောက်တာ မဟုတ်ပါဘူး´ဟု ကဒေါင်းညင်သာက ရှင်းလင်း ပြောကြားသည်။
စင်ကာပူ ဥပဒေအရ ရဲခွင့်ပြုချက် မရဘဲ ရည်ရွယ်ချက် တခုခုဖြင့် လူ ငါးယောက်ထက် ပို၍ စုဝေးခွင့် မရှိပေ။
စင်ကာပူ မြန်မာသံရုံးရှေ့ လမ်းလျှောက်ဆန္ဒပြပွဲကို ခေါင်းဆောင်မရှိ၊ ငယ်သားမရှိ၊ မည်သူမဆို ပါဝင် ပူးပေါင်းနိုင်ကြောင်း လက်ကိုင် ဖုန်း မက်ဆေ့ခ်ျများ ပေးပို့ လှုံ့ဆော်ခဲ့ကြသည်။ စင်ကာပူ အစိုးရ၏ အော်တိုကရေစီ အုပ်ချုပ်ရေးယန္တရားနှင့် မြန်မာသံရုံး အငြိုငြင်ခံ ရမည့် ဘေးကို ထိတ်လန့်သူများကမူ လာရောက်ခြင်း မရှိကြောင်း သိရသည်။
( http://www.hittaing.org/news/ ကနေ ယူတယ်။ ဓာတ်ပုံရိုက်သူက ကဒေါင်းညင်သာ လို့ ဆိုတယ်)
No comments:
Post a Comment