(နာရေးကူညီမှုအသင်းရဲ့ခေါင်းဆောင် ရုပ်ရှင်မင်းသားကျော်သူက ဘာများပြောထားပါလိမ့်)
သံဃာတော်ထု အကြမ်းဖက်ခံရခြင်းအပေါ် ရုပ်ရှင်မင်းသား ကျော်သူကန့်ကွက်ရှုတ်ချ
နော်စေးဖော၊ ဒီဗွီဘီ။ စက်တင်ဘာ ၇၊ ၂၀၀၇
“ကိုယ်အားကိုးတဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးတွေ သံဃာတော်တွေကို လည်ပင်းကြိုးနဲ့ဆွဲ ဓာတ်တိုင်မှာချည်တယ်”
မကွေးတိုင်း ပခုက္ကူမြို့က သံဃာတော်တွေက ပြည်သူလူထု တွေ့ကြုံခံစားနေရတဲ့ အကြပ်အတည်းဖြေရှင်းပေးဖို့ မေတ္တာ
ပို့ဝတ်ပြု လမ်းလျှောက် ဆန္ဒပြပွဲတာကို စစ်တပ်က အကြမ်းဖက် နှိမ်နှင်းခဲ့တာဟာ အလွန်ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရုပ်ရှင်မင်းသား အကယ်ဒမီကျော်သူက အခုလိုဝေဖန်ထားပါတယ်။
“ကျနော်ပြောချင်တာကပေါ့လေ ဒီဟာ အင်မတန်ရှက်ဖို့ကောင်းပါတယ်၊ ကျနော်တို့ မြန်မာပြည်မှာ ဗုဒ္ဓ အနေနဲ့ ဘုရားရဲ့ သားတော်တွေဖြစ်တဲ့ ဒီ သံဃာတော်တွေကို ဗမာလူမျိုးအချင်းချင်း အဲဒီလိုလုပ်တယ်ဆိုတာ အင်မတန်ရှက်ဖို့ကောင်းတယ်၊ ကမ္ဘာပေါ်မှာ အင်မတန်ရှက်ဖို့ကောင်းတယ်၊ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ဘာသာခြားတွေကတောင်မှ တအံ့တသြတွေဖြစ်ကုန်တယ်။
ခရစ်ယာန်တို့ မူစလင်တို့က အစပေါ့လေ။ ဒါ ကိုယ့်ရဲ့ ကိုယ်အားကိုးတဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီးတွေ သံဃာတော်တွေကို လည်ပင်းကြိုးနဲ့ဆွဲ ဓာတ်တိုင်မှာချည်တယ်။ အဲဒါတွေကတော့ မြန်မာလူမျိုးတယောက်အနေနဲ့ အင်မတန် ရှက်ဖို့ကောင်းပါတယ်၊”
ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူရဲ့ ဝေဖန်ချက်ဖြစ်ပါတယ်။
( http://burmese.dvb.no ကနေ ယူတယ်။)
No comments:
Post a Comment