Tuesday, September 11, 2007

no "You Tube" in Burma


နအဖစစ်အစိုးရက သတင်းအမှောင်ချမှုများ ပိုမိုပြုလုပ်လာ
NEJ/ ၁၁ စက်တင်ဘာ ၂၀၀၇

နအဖစစ်အစိုးရက You Tube ဗီဒီယိုဝက်ဘ်ဆိုက်ကို ပိတ်ပင်လိုက်ခြင်းအားဖြင့် သတင်း အမှောင်ချမှုများကို တိုးမြှင့်ပြုလုပ်လာနေသည်ဟု ပြင်သစ်နိုင်ငံအခြေစိုက် နယ်ခြားမဲ့သတင်း ထောက်များအဖွဲ့ (RSF) က ပြောကြားသည်။

You Tube ၀က်ဘ်ဆိုက်၌ လတ်တလော ပေါ် ပေါက်နေသည့် မြန်မာနိုင်ငံတွင်း ဆန္ဒပြမှုများကို ရိုက်ကူးထားသည့် ဗီဒီယိုအချို့ကို လွှတ်တင် ထားပြီး ထိုဝက်ဘ်ဆိုက်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက စက်တင်ဘာ (၃) ၌ အကြောင်းပြ ချက်တစုံတရာမပေးဘဲ ပိတ်ပင်လိုက်ခြင်းဖြစ် သည်။ မြန်မာနိုင်ငံတွင် အဓိက အင်တာနက်
ဝန်ဆောင်မှုပေးနေသည့် ပုဂံနက်ကလည်း You Tube ၀က်ဘ်ဆိုက်ကို ယခင်ကတည်းက ပိတ်ပင်ထားသည်။

ယင်းသို့ပိတ်ပင်မှုအပေါ် မြန်မာစစ်အစိုးရကို RSF အဖွဲ့က ပြစ်တင်ရှုတ်ချလိုက်ပြီး ၎င်းတို့၏ အင်တာနက်စာမျက်နှာ၌ “ဒီဝက်ဘ်ဆိုက်ကို ကြည့်ရှုခွင့် တားမြစ်လိုက်ခြင်းအားဖြင့် မြန်မာ စစ်အစိုးရဟာ သူရဲ့သတင်းအမှောင်ချမှုကို တိုးမြင့်ဆောင်ရွက်လိုက်တာပဲ” ဟု ဖော်ပြထားသည်။

နအဖစစ်အစိုးရသည် You Tube ၀က်ဘ်ဆိုက်ကိုသာမက နိုင်ငံရေးလှုပ်ရှားမှုသတင်းများဖော်ပြ
သည့် ပြည်ပအခြေစိုက် အင်တာနက်စာမျက်နှာများကိုလည်း ယခင်ကတည်းက ပိတ်ပင်ထားသည်။

ပြည်တွင်းထုတ်ဂျာနယ်နှင့် မဂ္ဂဇင်းများ၌ လူထုဆန္ဒပြပွဲသတင်းများကို စစ်အစိုးရက ဖော်ပြခွင့်
မပေးဘဲ ဆင်ဆာဖြတ်တောက်ထားပြီး နိုင်ငံခြားသတင်းအေဂျင်စီများမှ ဌာနေသတင်းထောက်
များကို လွတ်လပ်စွာသတင်းယူခွင့် ကန့်သတ်ချုပ်ချယ်ထားကြောင်း ရန်ကုန်မြို့ စာနယ်ဇင်းအသိုင်း
အ၀န်းမှသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပခုက္ကူမြို့၌ ဖြစ်ပွားခဲ့သော သံဃာတော်များဆန္ဒပြသည့်သတင်းကို ပြည်ပအသံလွှင့်ဌာနများသို့ပြောကြားခဲ့သူ မြို့ခံအချို့ကိုလည်း ရဲက ဖမ်းဆီးထားပြီး နိုင်ငံရေး လှုပ်ရှားသူများ၏ တယ်လီဖုန်းလိုင်းများကိုပါ ဖြတ်တောက်၍ မီဒီယာနှင့်အဆက်ပြတ်စေရန် ပြုလုပ်လျက်ရှိသည်။

နိုင်ငံရေးလှုပ်ရှားမှုသတင်းများကို နည်းလမ်းပေါင်းစုံဖြင့် စစ်အစိုးရက ပိတ်ပင်တားဆီးနေသော်
လည်း ၎င်းပိုင်နေ့စဉ်ထုတ် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်သံတို့မှ ဆန္ဒပြသူများအပေါ် တဘက်သတ် စွပ်စွဲထားသည့်သတင်းများနှင့် ဆောင်းပါးများကိုမူ နေ့စဉ်ဆိုသလို ကျယ်ကျယ်ပြန့်ပြန့် ရေးသား ထုတ်လွှင့်နေသည်။ ။



(Original web page is http://www.khitpyaing.org/news/september_2007/11-9-07d.php)


No comments: