လူလာဖမ်းသည့်အာဏာပိုင်တို့ မောင်းထုတ်ခံရ
NEJ / ၅ စက်တင်ဘာ ၂၀၀၇
- - - - ဟောပြော နေစဉ် နံနက် (၁၁) နာရီခန့်၌ အာဏာပိုင်များက ဒိုင်နာကားဖြင့် ထပ်မံရောက်ရှိလာပြီး ဘိုကလေး မြို့နယ် အန်အယ်လ်ဒီတွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ချစ်ကို လာရောက်ခေါ်ဆောင်ခဲ့ရာ လူထုက မောင်းထုတ်လိုက်သဖြင့် ဖမ်းဆီးခြင်းမရှိဘဲ ပြန်လှည့်သွားသည်ဟု - - - - -
ယနေ့နံနက်က ဧရာဝတီတိုင်း ဘိုကလေးမြို့၊ မြို့မဈေးအနီး၌ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲဦးဆောင်သူတဦး ဖမ်းဆီးခံထားရသည်ဟု ဘိုကလေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တဦးက ပြောသည်။
ယနေ့နံနက် (၉) နာရီခန့်၌ ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ် ဦးဆောင်
သည့် ပါတီဝင် (၁၅) ဦးတို့က ကုန်ဈေးနှုန်းကျဆင်းရေး၊ လောင်စာဆီဈေးနှုန်းကျဆင်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ပိုစတာများ ကိုင်
ဆောင်ကာ မြို့မဈေးအနီး ဖျာပုံသင်္ဘောဆိပ်မှ စတင်ကာ လမ်းလျှောက်ဆန္ဒပြကြခြင်းဖြစ်သည်။
ဆန္ဒပြသူများ ဂန္ဓမာလက်ဖက်ရည်ဆိုင်၌ ရပ်နားသည့်အချိန်တွင် ဒိုင်နာကားတစီးနှင့် ကြံ့ဖွံ့၊ မယကနှင့် ရဲတပ်ဖွဲ့ဝင်များရောက်လာပြီး ဆန္ဒပြသည့် ဦးအောင်ခင်ဗိုလ်ကို မယကရုံးးသို့ ခေါ်သွားကြောင်း၊ ခေါ်သွားသည့်အချိန်တွင် ကျန်သည့်သူများက မကျေနပ်ကြသောကြောင့် ဟောပြောပွဲများ လုပ်ကြကြောင်း ဆန္ဒပြသူများနှင့်အဆက်အသွယ်ရှိသူတဦးက ပြောပြသည်။
ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်မိမိစိန်နှင့် ဒေါ်ခင်လေးတို့က ဈေးအနီး၌ လူထုကို ဟောပြောခဲ့ပြီး မြို့ခံလူထု (၁) ထောင်ခန့်က လက်ခုပ်တီးအားပေးကြကြောင်း၊ ဟောပြော နေစဉ် နံနက် (၁၁) နာရီခန့်၌ အာဏာပိုင်များက ဒိုင်နာကားဖြင့် ထပ်မံရောက်ရှိလာပြီး ဘိုကလေး မြို့နယ် အန်အယ်လ်ဒီတွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ချစ်ကို လာရောက်ခေါ်ဆောင်ခဲ့ရာ လူထုက မောင်းထုတ်လိုက်သဖြင့် ဖမ်းဆီးခြင်းမရှိဘဲ ပြန်လှည့်သွားသည်ဟု ဘိုကလေးအန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။
“လာခေါ်တဲ့အချိန်မှာ လူထုကနေပြီး အဲ့ဒီကားကို မောင်းထုတ်တယ်။ မောင်းထုတ်တော့ အဲဒီကား ပြန်လှည့်သွားတယ်။ ဆန္ဒပြတဲ့လူတွေကလည်း ဥက္ကဋ္ဌ ဦးအောင်ခင်ဗိုလ် ပြန်လာမှ ဆန္ဒပြတာကို ရပ်မယ်ဆိုပြီး ပြောကြတယ်” ဟု ၎င်းက ပြောသည်။
ဟောပြောပွဲ၌ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ် ခါးသီးစွာခံနေရသည့် အိမ်ရှင်မတို့၏ ဘ၀အခြေ
အနေကို မြို့ခံအမျိုးသမီးတဦးက ၀င်ရောက်ဟောပြောခဲ့ကြောင်း၊ အာဏာပိုင်များက ဈေးကို ပိတ်ပစ်လိုက်ပြီးသည့်နောက် လူစုကွဲသွားပြီဖြစ်ကြောင်းသိရသည်။ ။
(မှတ်ချက် - ဒီသတင်းက http://www.khitpyaing.org/news/september_2007/5-9-07f.php မှာ ပါပြီးသား။ ကူးချလိုက်တာ။)
No comments:
Post a Comment