(ကဲ ခက်ကုန်တော့မှာပဲ။ ဗိုလ်ချုပ်ကြီးအေးချမ်းသာယာရေးတို့ရဲ့ အခက်အခဲဖြေရှင်းနည်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဗျာ။ ဖတ်ပါဦး
သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးသည့်ကြံ့ဖွံ့နှင့် စွမ်းအားရှင်၏ နေအိမ်ဖျက်ဆီးခံရ
NEJ/ ၇ စက်တင်ဘာ ၂၀၀၇
ပခုက္ကူမြို့၌ ဆန္ဒပြသည့် သံဃာတော်များအား အကြမ်းဖက်ဖမ်းဆီးသည့် ကြံ့ဖွံ့အတွင်းရေးမှူး၏ ဆိုင်နှင့် စွမ်းအားရှင် ပခုက္ကူမြို့၌ ဆန္ဒပြသည့် သံဃာတော်များအား အကြမ်းဖက်ဖမ်းဆီးသည့် ကြံ့ဖွံ့အတွင်းရေးမှူး၏ ဆိုင်နှင့် စွမ်းအားရှင်
အဖွဲ့ဝင်တဦး၏နေအိမ်ကို သံဃာတော်များက ယမန်နေ့ည၌ သွားရောက်
ဖျက်ဆီးလိုက်သည်ဟု ပခုက္ကူမြို့ခံတဦးက ပြောသည်။
ဖျက်ဆီးခံရသောဆိုင်မှာ ကြံ့ဖွံ့အတွင်းရေးမှူး လှဝင်းနိုင်၏ နေနတ်သား အီလက်ထရောနစ်ပစ္စည်း အရောင်းဆိုင်ဖြစ်ပြီး နေအိမ်မှာ စွမ်းအားရှင်အဖွဲ့ဝင် ခင်မောင်ဝင်း၏ နေအိမ်ဖြစ်သည်။
မြို့ခံတဦးက“ မနေ့ညက (၉) နာရီမှာဖျက်တယ်။ ခိုင်းတဲ့အတွင်းရေးမှူးရဲ့ဆိုင်နဲ့ အတွင်းရေးမှူးက ခိုင်းလို့ရိုက်တဲ့ကောင် စွမ်းအားရှင်ဆိုတာပေါ့၊ သူ့ရဲ့ တဲသာသာအိမ်ကို သံဃာတော်တွေက ဖျက် လိုက်တယ်” ဟု ပြောသည်။
ယမန်နေ့က ပခုက္ကူမြို့ အလယ်ကျောင်းတိုက်၌ အာဏာပိုင်များကို သံဃာတော်များက တနေကုန် နီးပါး ထိန်းသိမ်းခဲ့ပြီး အာဏာပိုင်များ၏ ကား (၄) စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းဖြစ်ရပ်ကို ယနေ့ထုတ် နအဖသတင်းစာများ၌ သတင်းထုတ်ပြန်ခဲ့ပြီး မင်းမဲ့စရိုက်လွှမ်းမိုးလာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ယနေ့ ပခုက္ကူမြို့ပေါ် နေရာအချို့တွင် စစ်သားများကင်းချထားသည်မှလွဲ၍ အခြေအနေထူးခြားမှု မရှိသေးဟု ပခုက္ကူမြို့ခံများထံမှသိရသည်။ ။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.khitpyaing.org/news/september_2007/7-9-07f.php ကနေ ယူတယ်။)
No comments:
Post a Comment