Wednesday, September 12, 2007

BNI news ( sep 10-12 )

ဆန်ဈေးခုန်တက်တဲ့ မြစ်ကြီးနား
မဇ္ဈိမသတင်းဌာန စက်တင်ဘာ ၁၂

မြစ်ကြီးနားမြို့တွင် ဆန်ဈေးများ တလအတွင်း တဟုန်ထိုး တက်သွားသည်။ ကချင်ပြည်နယ်ထွက်ဆန် (ဒေသအခေါ်အရ ကော်ချက်ဆန်) ၂၄ ပြည်ပါ တတင်းခွဲ တအိတ်လျှင် ပြီးခဲ့သည့်လက ၂၁ဝဝဝ ကျပ် ရှိရာမှ ယခုအခါ ၂၇ဝဝဝ ကျပ်သို့ မြင့်တက်သွားသည်။ လုံးကွယ်မွှေးဆန်သည် ၂၄ဝဝဝ ကျပ်မှ ၂၉ဝဝဝ ကျပ် ဈေးပေါက်နေပြီး၊ ကုလားကြီးဆန်က ၁၇ဝဝဝ ကျပ်မှ ၂၁ဝဝဝ ကျပ်ဈေး ဖြစ်လာသည်။

ဆရာဝန်တဦး၏ တာဝန်ပေါ့ဆမှူကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ခလေးသေဆုံး
နိရဉ္စရာသတင်း စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အစိုးရ ဆေးရုံမှ ဆရာဝန် တဦး၏ တာဝန်ပေါ့လျော့မှူကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ခလေးငယ်မှာ ဆေးရုံတင်ပြီး ၂ နာရီခန့်အကြာတွင် သေဆုံးသွားကြောင်း မောင်တောမှ ပေးပို့သော သတင်းအရ သိရှိရသည်။

ပြုန်းတီးအင်အားများ၍ ဒစကမှူး ဦးနှောက်စားခံနေရ
နိရဉ္စရာသတင်း စက်တင်ဘာ ၁၂
ရခိုင်ပြည်နယ် စစ်ဒေသကွပ်ကဲမှူးဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်းများတွင် စစ်သားပြုန်းတီးမှု အင်အား လစဉ် လစဉ် အဆမတန် တိုးပွားနေသဖြင့် စစ်တွေ အခြေစိုက် စစ်ဗျူဟာ ကွပ်ကဲရေး ဌာချုပ်မှူး ဒုဗိုလ်မှူးကြီး သန်းထွန်းအောင်မှာ ဦးနှောက်စား ခံနေရကြောင်း ရခိုင်အမျိုးသား တပ်ကြပ်ကြီး စာရေး တဦးမှ ပြောသည်။

ဆန္ဒပြ သံဃာတော်နှစ်ပါး ထိန်းသိမ်းခံရ
ခွန်အောင်မြတ်။ သတင်းနှင့်မီဒီယာကွန်ယက် စက်တင်ဘာ ၁၂
မကွေးတိုင်း ပခုက္ကူမြို့တွင် မေတ္တာပို့ ဆုတောင်းလှည့်လည်ခဲ့သော သံဃာတော်များကို အကြမ်းဖက်ဖြိုခွဲခဲ့မှုကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နံနက်က ဆန္ဒပြခဲ့သော မြန်မာ သံဃာတော်နှစ်ပါးကို ထိုင်းအာဏာပိုင်က ဖမ်းဆီးလိုက်သည်။

ရေစကြို ကုန်သည်များ တောင်းဆိုချက် အာဏာပိုင်ဘက် မတုံ့ပြန်သေး
မဇ္ဈိမသတင်းဌာန စက်တင်ဘာ ၁၁

စီးပွားရေး လုပ်ငန်းရှင် ၃၆ ဦးက ကုန်တင်ကားခ ဈေးနှုန်း လျှော့ချပေးရန် ရေစကြို မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌနှင့် မော်တော်ယာဉ် ထိန်းသိမ်းရေး ဌာနကို တနင်္ဂနွေနေ့က တောင်းဆိုခဲ့သော်လည်း တစုံတရာ တုံ့ပြန်မှု မရသေးဘဲ ဖြစ်နေသည်။

နိုင်ငံ့ အသုံးစားရိတ် ပြုပြင် ပြောင်းလဲမှု လုပ်ရန် ထင်ရှားသော စီးပွားရေး ပညာရှင် တိုက်တွန်း
မဇ္ဈိမသတင်းဌာန စက်တင်ဘာ ၁၁

မြန်မာနိုင်ငံ၏ ယိုယွင်း ပျက်စီးနေသော စီးပွားရေးကို ပြန်လည် နာလန် ထူလာနိုင်စေရေး အတွက် အစိုးရ အနေဖြင့် လက်ရှိ သုံးစွဲလျက်ရှိသည့် အနည်းငယ်သော ဘဏ္ဍာငွေ ခွဲတမ်းများကို ပြန်လည် သုံးသပ်ကာ သုံးစွဲ သွားစေလိုကြောင်း မြန်မာ စီးပွားရေး ပညာရှင် တဦးက ပြောဆိုသည်။

နိုင်ငံရေး လှုပ်ရှားသူများ ဖုန်းလိုင်း ဖြတ်တောက်ခံရ
မဇ္ဈိမသတင်းဌာန စက်တင်ဘာ ၁၁

ရန်ကုန်မြို့ရှိ ထင်ရှားသော နိုင်ငံရေး လှုပ်ရှားသူများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အချို့၏ လက်ကိုင်ဖုန်းနှင့် အိမ်ဖုန်းလိုင်းများကို အာဏာပိုင်များက ယမန်နေ့က စတင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် လူငယ်တဦး တကိုယ်တော်ဆန္ဒပြ
မောင်အေး နိရဉ္စရာသတင်း စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ယနေ့ နံနက်က တကိုယ်တော် ဆန္ဒပြပွဲ တခု ပေါ်ပေါက်ခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲအား အသက် (၂၀) အရွယ် လူငယ်တဦးမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့အရေး နိုင်ငံတကာ ညီလာခံခေါ်ရန် အီးအန်စီ က ကုလကို တိုက်တွန်း
မဇ္ဈိမသတင်းဌာန စက်တင်ဘာ ၁၀

မြန်မာ့အရေး နိုင်ငံတကာ ညီလာခံတရပ် ခေါ်ယူ ကျင်းပရန်အတွက် ENC ခေါ် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ ကောင်စီက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကို ယနေ့တွင် ကျေညာချက် ထုတ်ပြန်ကာ တိုက်တွန်း ပြောကြားလိုက်သည်။

မြစ်ကြီးနား အာဏာပိုင်များ လုံခြုံရေးဆိုင်ရာ အရေးပေါ် အစည်းအဝေးခေါ်
မဇ္ဈိမသတင်းဌာန မျိုးကြီး စက်တင်ဘာ ၁၀
သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ပါဝင်သည့် တောင်းဆိုချက် ၅ ချက်ပါ ပိုစတာများကို ပြီးခဲ့သည့် စနေနေ့က ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် လိုက်လံ ဖြန့်ဝေမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသ အာဏာပိုင်များသည် လုံခြုံရေးဆိုင်ရာ အစည်းအဝေး ပွဲများကို ယမန်နေ့မှ စတင်ကာ အရေးပေါ် ခေါ်ယူ ကျင်းပနေသည်။


မြန်မာအမျိုးသမီးအသင်း ဆီမီးဖိုင်နယ် တက်ပြီ

မဇ္ဈိမသတင်းဌာန နန်းဒေဝီ စက်တင်ဘာ ၁၀
တတိယအကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ယနေ့တွင် သုဝဏ္ဏ မိုးလုံလေလုံ အားကစားဝင်း အတွင်း ဆက်လက် ကျင်းပရာတွင် မြန်မာအသင်းသည် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်သည်။

လျှပ်စစ်မီးဖိုးအတွက် ဟိုတယ်ပိုင်ရှင်ထံမှ တည်းခိုခ ဖြတ်ကောက်
သျှမ်းသံတော်ဆင့်သတင်းစဉ် စက်တင်ဘာ ၁၀
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့လယ်ရှိ ဟာလိ နှစ်ထပ်တိုက် ဟိုတယ်သို့ လာရောက် တည်းခိုသူများအား လျှပ်စစ်မီးဖိုးအဖြစ် တည်းခိုခ လေးပုံတစ်ပုံ တန်ဖိုး အပိုထပ်ပေးဆောင်ရန် ဒေသခံ နအဖအာဏာပိုင်များ ဆင့်ဆို တောင်းယူကြောင်း နယ်စပ်သတင်းရပ်ကွက်က ဆိုပါသည်။


ဖင်လန်ရှိ ကရင်နီအမျိုးသားများ ဒီးကူထုပ်သည့် အရွက်မရှိသော်လည်း ပွဲ ကျင်းပခဲ့
ဒေလီထက်
ကန္တာရ၀တီတိုင်း(မ်) စက်တင်ဘာ ၁၀
ကရင်နီအမျိုးသားပွဲတော်တခုဖြစ်သည့် ဒီးကူပွဲတော်ကို ဖင်လန်နိုင်ငံ၊ Korsnas ရှိ ကရင်နီအမျိုးသားများက ဒီးကူရွက်၊ ဘုံမောင်း၊ ပုလွေ မရှိသော်လည်း သတိရ အောက်မေ့တမ်းတသည့် အနေဖြင့် ခေါင်ရည်၊ ကရင်နီ အစားအစာများကို ချက်ပြုတ်ပြီး ဧည်သည်တော်များအား ဧည်ခံကျွေးမွေးခဲ့သည်ဟု သိရသည်။

No comments: