Saturday, July 21, 2007

Kachin org under pressure


အာအက်ဖ်အေရဲ့ အမျိုးသားညီလာခံရေးရာသတင်း

ကချင်အဖွဲ့အပေါ် စစ်အစိုးရက အပြင်းထန်ဆုံး
စီးပွားရေးဖိအားပေး
2007.07.21

အမျိုးသားညီလာခံနဲ့ ပတ်သက်ပြီး ကေအိုင်အို
ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ အကြံပြုတောင်းဆိုချက်
ထွက်ပေါ်လာပြီးနောက် နအဖစစ်အစိုးရက
ကေအိုင်အိုအဖွဲ့အပေါ် စီးပွားရေးအရ အပြင်းထန်ဆုံး
ဖိအားပေး တင်းကြပ်လာတယ်လို့
ကချင်သတင်းရပ်ကွက်တွေက RFA ကို ပြောပါတယ်။

ကေအိုင်အိုအဖွဲ့ အဓိကဝင်ငွေရရှိတဲ့
ရွှေနဲ့သစ်လုပ်ငန်းတွေကို လုံးဝ ပိတ်ပင်သွားမယ်လို့
မြစ်ကြီးနားမြို့တော်ခန်းမမှာ မကြာခင်က ကျင်းပတဲ့
အစည်းအဝေးအတွင်း ကချင်ပြည်နယ် တိုင်းမှုး ဗိုလ်ချုပ်
အုန်းမြင့်က ပြောဆိုတာဖြစ်တယ်လို့
ကချင်သတင်းရပ်ကွက်တွေက RFAကို ပြောဆိုပါတယ်။

ပြီးခဲ့တပတ်ကျော်ကစပြီး ကေအိုင်အိုအဖွဲ့ရဲ့
အဓိကရွှေမှော်တွေရှိတဲ့ တပ်မဟာ (၂) ထိန်းချုပ်ဒေသ
တိုံင်းနဲ့ တပ်မဟာ (၁) ထိန်းချုပ်ဒေသ မေခ-မေလိခကြား
တြိဂံဒေသတွေကို နအဖစစ်ကြောင်းတွေ ဝင်ရောက်ပြီး၊
မြေတူးစက်တွေနဲ့ လူတွေကို ရှာဖွေဖမ်းဆီးနေကြောင်း
ကချင်သတင်းဌာနက ပြောပါတယ်။ တခါ ကေအိုင်အိုက
ကျွန်းသစ်လုပ်ငန်းတွေအဓိကလုပ်တဲ့
ဆင်ဘိုမြို့တဝိုက်ဒေသတွေမှာလည်း နအဖ
စစ်တပ်တွေက စစ်ကြောင်းထိုးနေတယ်လို့
ကချင်ကုန်သည်တဦးက အတည်ပြု ပြောဆို ပါတယ်။

- - - - ကချင်သတင်းဌာန
အယ်ဒီတာ ဦးနော်ဒင်က ကေအိုင်အိုအပေါ်
ပိုတင်းကျပ်လာတဲ့ ဖိအားပေးမှုတွေနဲ့ ပတ်သက်ပြီး ခုလို
ပြောပါတယ်။

ကေအိုင်အိုကို ၂၀၀၅ခုနှစ်ကတည်းက စီးပွားရေးအရ
ဖိအားပေးလာတာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ အခု
နောက်ဆုံးအနေနဲ့ အမျိုးသားညီလာခံမှာ ကေအိုင်အိုက
ကချင်ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီး
တင်ပြတာကို နအဖစစ်အစိုးရက တုံ့ပြန်တဲ့အနေနဲ့
ကေအိုင်အိုရဲ့ ဝင်ငွေရရှိတဲ့ ရွှေ နဲ့သစ်လုပ်ငန်းတွေကို
နေပြည်တော်ရဲ့ အမိန့်အရ လုံးဝ
ပိတ်လိုက်တယ်ဆိုပြီးတော့ တိုင်းမှူးက ပြောဆိုခဲ့ကြောင်း
ကချင်သတင်းဌာန အယ်ဒီတာ ဦးနော်ဒင်က ပြောပါတယ်။- - -

No comments: