Monday, July 16, 2007

conflict between Rgn journalists

ရန်ကုန်မီဒီယာသမားများ၏အမှုကို ရုံးချိန်းထပ်ပေး

ဇူလိုင် ၁၆၊ ၂၀၀၇

ဧရာဝတီ

အယ်ဒီတာ ဦးမြတ်သစ်နှင့် စာရေးဆရာ ဦးမာဂျေတို့၏အမှုကို ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဒုတိယ မြို့နယ် တရားသူကြီးရုံးမှ မြို့နယ်တရားသူကြီးရုံးသို့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ပြောင်းရွှေ့အမှုရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြောင်း တရားရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ဧရာဝတီကို ပြောသည်။

မေလဆန်းက Forever ဂျာနယ်တွင်ဖော်ပြခဲ့သည့် စာရေးဆရာ ဦးမာဂျေ၏ “ဦးလေးနှင့် ဆာတေး” အမည်ရှိ သရော်စာ သည် Eleven ဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမြတ်သစ်အား ပုတ်ခတ်ရေးသားသည်ဟု ယူဆကာ အသရေဖျက်မှုဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။၎င်းတို့ ၂ ဦးသည် ဇူလိုင်လ ၉ ရက်နေ့မှစ၍ အမှုရင်ဆိုင်ခဲ့ကြသည်။ ယနေ့ပြုလုပ်သည့် တရားခွင်သို့ စာပေနယ်မှ စာရေး ဆရာ၊ အယ်ဒီတာအချို့ ဦးမာဂျေအား လာရောက်အားပေးခဲ့သည်ဟု ကိုယ်တိုင်သွားခဲ့သည့် အားကစား အယ်ဒီတာ ဦးဇော်သက်ထွေးက ဧရာဝတီကို ပြောဆိုသည်။

No comments: