Wednesday, July 4, 2007

USDA leader passes away

ဘုရားဝတ်ပြုသူများကို နှောင့်ယှက်သည့် ကြံ့ဖွံ့အတွင်းရေးမှူး
မိုးကြိုးပစ်ခံရ၍ သေဆုံး
NEJ /
၎ ဇူလိုင် ၂၀၀၇


ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းသူများအား လိုက်လံနှောင့်ယှက်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း သာယာဝတီမြို့နယ်အတွင်းရေးမှူးသည် ယနေ့နံနက်
တွင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသည်။

သာယာဝတီမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးသန်းဦးသည် ယနေ့နံနက် (၁၀) နာရီခွဲတွင် မိုးကြိုးပစ်ခံ ရပြီး သေဆုံးသွားကြောင်း မြို့နယ်ရုံးမှ အတည်ပြုပြောကြားသည်။

သာယာဝတီမြို့နဲ့ () မိုင်လောက်ဝေးတဲ့ သူနေထိုင်ရာ နွယ်ခွေရွာကနေ ဒီနေ့မနက် ရုံးကို မော်တော်ဆိုင်ကယ်နဲ့အလာ လမ်းမှာ မိုးကြိုးပစ်ခံရပြီး ဆုံးသွားတာ” ဟု မြို့ခံတဦးက ပြောသည်။

ဦးသန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းသူများအား လိုက်လံ နှောင့်ယှက်ရာတွင် ဦးဆောင်ခဲ့သူတဦးဖြစ်သည်။

ပြီးခဲ့သည့်ဇွန် (၁၉)၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် အန်အယ်လ်ဒီအဖွဲ့ဝင်များက သာယာ
ဝတီရှိ အောင်သိန္ဓိဘုရားတွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်း
ကြရာတွင် ဦးသန်းဦး ဦးဆောင်သည့် အင်အား (၅၀) ကျော်ခန့်ရှိ ကြံ့ဖွံ့အဖွဲ့ဝင်များက ၀ါးရင်း
တုတ်များကိုင်ကာ ဘေးမှဝိုင်းအော်ဟစ်နှောင့်ယှက်ခဲ့သည်။

ပြည်ပအားကိုး ပုဆိန်ရိုးတွေ၊ အဖျက်သမားများ ကျဆုံးပါစေ ဆိုပြီးတော့ ၀ါးရင်းတုတ်တွေကိုင်ပြီး
ဘေးကနေ၀ိုင်းအော်ကြတယ်။ ရုတ်ရုတ် ရုတ်ရုတ်လုပ်ရင် ရိုက်ဆိုပြီးတော့လည်း အော်ကြတယ်” ဟု
သာယာဝတီမြို့ခံတဦးက ပြောသည်။

(၂၅) ဦးခန့်ရှိသည့် ဘုရားဝတ်ပြုဆုတောင်းသူများက ဆုတောင်းပွဲအပြီး အေးအေးဆေးဆေး ပြန်သွားကြကြောင်း၊ ကြံ့ဖွံ့အဖွဲ့ဝင်များက ကားများနှင့် နောက်ကလိုက်ပြီး ထပ်အော်ကြကြောင်း ၎င်းကပြောသည်။

ထိုသို့ ဘုရားဝတ်ပြုဆုတောင်းသူများကို နှောင့်ယှက်ခဲ့သည့် ကြံ့ဖွံ့အတွင်းရေးမှူးသည် ယနေ့ မိုးကြိုးပစ်ခံရကာ သေဆုံးသွားသဖြင့် ပြည်သူများက “ဘုရားဝတ်ပြုတာကို နှောင့်ယှက်လို့ ဘုရားကဒဏ်ခတ်တာ” ဟု ပြောဆိုနေကြသည်။ ။


No comments: