Thursday, July 12, 2007

USDA's antiDawSuu activities

ဘုရားတက်သူများကို တားဆီးရန်
ကြံ့ဖွံ့က အနှိပ်သမများကို ဆင့်ခေါ်

NEJ /
၁၂ ဇူလိုင် ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားတက် ၀တ်ပြု ဆုတောင်းသူများကို နှောင့်ယှက်ဟန့်တားရာတွင် စစ်အစိုးရ ကြံ့ဖွံအဖွဲ့က တရားမ၀င် အနှိပ်ခန်း
များမှ အနှိပ်သမများကို ခေါ်ယူအသုံးပြုနေသည်။

ကျမတို့ အနှိပ်ခန်းက တပတ်ကို မိန်းကလေးနှစ်ယောက် အလှည့်ကျလွှတ်ပေးရတယ်။ ဒီလ
(
) ရက်နေ့က ကျမနဲ့ သူငယ်ချင်းတယောက် သွားရတယ်။ ဗဟန်းဘက်က ဓမ္မာရုံတခုကို သွားရတယ်။ အဲဒီမှာ ကျမတို့လို အခြားအနှိပ်ခန်းတွေက ခေါ်လာတဲ့ မိန်းကလေးတွေလည်း တွေ့တယ်” ဟု ဒဂုံမြို့နယ်အတွင်း လျှို့ဝှက်ဖွင့်လှစ်ထားသည့် အနှိပ်ခန်းတခုမှ အမျိုးသမီးတဦးက ပြောသည်။

၎င်းတို့အား ကြီးကြပ်သည့် ကြံ့ဖွံ့တာဝန်ခံက ရွှေတိဂုံဘုရားပေါ်သို့ တက်လာသူအချို့ကို လိုအပ်ရင် တားဆီးရမည်ဖြစ်ပြီး ညွှန်ကြားသည့်အတိုင်းလုပ်ရမည်ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို ပြည်သူဟု ပြောဆိုရမည်ဖြစ်ကြောင်း၊ သတင်းပေါက်ကြားပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ပြောဆို ကြောင်း ထိုအမျိုးသမီးက ပြန်ပြောပြသည်။

အဲဒီနေ့ကတော့ ဘုရားပေါ်တက်ဆုတောင်းမယ့်အဖွဲ့တွေကို ခပ်လှမ်းလှမ်းက စောင့်ကြည့်ရုံပဲ စောင့်ကြည့်ခဲ့ပြီး ဘာမှတော့ မလုပ်ရဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ မိန်းကလေး အလုပ်လုပ်သည့် အနှိပ်ခန်းသည် သက်ဆိုင်ရာနယ်မြေခံရဲ အပါအ၀င် အာဏာပိုင်များကို ဆက်ကြေးပေး၍ ဖွင့်လှစ်ထားခြင်းဖြစ်သည်။ အနှိပ်သည် မိန်းကလေးများ
အပါအ၀င် ၀န်ထမ်းယောက်ျားလေးများပါ အပါတ်စဉ် ဧည့်စာရင်းတိုင်ကြားရသောကြောင့် အလုပ်လုပ်ကိုင်သူများ၏ အရေအတွက်ကို ရပ်ကွက်မြိုနယ်အာဏာပိုင်များနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက သိရှိကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်မေလမှစပြီး အနှိပ်ခန်းတခုလျင် လူ (၁၀) ဦးစီ စာရင်းတောင်းကာ တပတ်လျှင် () ဦး သို့မဟုတ် () ဦးစီ ၎င်းတို့ညွှန်ကြားရာ နေရာများသို့သွားရကြောင်း သိရသည်။

ထိုသို့ ကြံ့ဖွံ့အဖွဲ့ဝင်များက စုစည်းခေါ်ဆောင်သူများတွင် ရပ်ကွက်အတွင်း လိုင်စင်မဲ့ အရက်ရောင်း သူများ၊ ချဲထီရောင်းသူများလည်းပါဝင်ပြီး အားလုံးလိုလိုသည် တရားမ၀င်လုပ်ငန်းများဖြင့် အသက် မွေးဝမ်းကျောင်းပြုနေသူများဖြစ်ကြောင်း အဆိုပါ အနှိပ်သမဖြစ်သူက ပြောသည်။

ရန်ကုန်မြို့တွင် တရားမ၀င်အနှိပ်ခန်း၊ နိုက်ကလပ်၊ မိန်းကလေးများဧည့်ခံသည့် ကာရာအိုကေဆိုင်၊ ပြည့်တန်ဆာရနိုင်သည့် ဟိုတယ်တည်းခိုခန်းများ စုစုပေါင်း ရာနှင့်ချီရှိပြီး အားလုံးသည် အဏာ ပိုင်များကို အသိပေး၊ ဆက်ကြေးပေးပြီးမှ ဖွင့်လှစ်လုပ်ကိုင်ခွင့်ရကြောင်း သိရသည်။ ။


No comments: