Thursday, July 19, 2007

One Day Blog Silence in honor towards Aung San & colleges

အာဇာနည်နေ့ စာအသစ်မတင်ခြင်းဖြင့် ဂုဏ်ပြုသည့် မြန်မာဘလော့ဂါများ
ဇူလိုင် ၁၉။ ဟစ်တိုင်


အာဇာနည်နေ့တွင် မိမိတို့ ဘလော့များမှာ ဘာမှ မရေးဘဲ ငြိမ်သက်ထားခြင်းဖြင့် အာဇာနည်များကို အလေးပြုကြရန် မြန်မာ ဘလော့ရေးသူ (ဘလော့ဂါ)များက နှိုးဆော်ထားပြီး ဘလော့ဂ် အတော်များများကလည်း တညီတညွတ်တည်း အာဇာနည်နေ့တွင် စာအသစ် မတင်ဘဲ ထားလိုက်ကြသည်။

စတင် နှိုးဆော်သည့် ဘလော့ဂါမှာ ကဒေါင်းညင်သာ ဖြစ်သည်ဟု သိရသည်။ စင်ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အမေရိကားနှင့် မြန်မာ ပြည်တွင်းမှ ဘလော့ဂ် အများစု ယနေ့ စာအသစ် မတင်ဘဲ အာဇာနည်နေ့ အမှတ်တရ ရေးသားမှုများကိုလည်း အာဇာနည် နေ့ မတိုင်မီကပင် ကြိုရေးထားသည်ကို တွေ့ရသည်။

အချို့ဘလော့ဂ်များတွင် ကျဆုံးသူ အာဇာနည်များ ဓာတ်ပုံနှင့် အာဇာနည် ခေါင်းဆောင်များကို အလေးပြုရန် နှိုးဆော်စာသားများ ဆင့်ပွားဖော်ပြထားသည်။


No comments: