Saturday, August 11, 2007

news last 3 days

(ဘလော့ဂါမှတ်ချက် - ဒီ သုံးလေးရက်အတွင်း ဖတ်ရတဲ့ သတင်းတွေက စိတ်ဝင်စားဖို့ သိပ်မကောင်းဘူးလို့ ယူဆ။
ဘာသတင်းတွေလည်း သိရအောင် ခေါင်းစဉ်နဲ့ သတင်းအစပျိုးပိုင်းတွေကို တင်ပေးလိုက်ပါပြီ။ )

ကန္တာရ၀တီတိုင်း(မ်)
(၅၉) နှစ်မြောက် ကရင်နီခုခံတော်ရေးနေ့ အခမ်းအနားတွင် မြန်မာစစ်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်
သြဂုတ်လ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။

ယမန်နေ့က ကျရောက်သည့် (၅၉) နှစ်မြောက် ကရင်နီခုခံတော်လှန်ရေးနေ့ အခမ်းအနားကို ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေ ညာမိုတပ်စခန့်း ကျင်းပနေချိန်တွင် မြန်မာစစ်အစိုးရတပ်မှ တပ်ရင်း၊ တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
မဇ္ဈိမသတင်းဌာန
နိုင်ငံတကာ တက္ကသိုလ် အားကစား ပြိုင်ပွဲသို့ မြန်မာ တက်ရောက်နိုင်ခြင်းမရှိ
သန်းထိုက်ဦး
သြဂုတ်လ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံ ပါဝင် ယှဉ်ပြိုင်နေသည့် ၂၄ ကြိမ်မြောက် နိုင်ငံတကာ တက္ကသိုလ် အားကစား ပြိုင်ပွဲသို့ ဖိတ်ကြားခြင်း ခံခဲ့ရသော်လည်း မြန်မာအသင်း ပါဝင် တက်ရောက်ခြင်း မရှိကြောင်း သိရသည်။
သတင်းနှင့်မီဒီယာကွန်ယက်
မြန်မာအလုပ်သမားကူညီရေးအဖွဲ့ တရားဝင်လုပ်ကိုင်ခွင့်ရတော့မည်
အောင်မိုးမြင့်။
သြဂုတ်လ ၉ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်းနိုင်ငံ ဖန်ငခရိုင်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကူညီနေသော မြန်မာ လူမှုအဖွဲ့အစည်းကို ထိုင်း လူ့အခွင့်အရေးလှုပ်ရှားသူ Mr. Kraisak Choonhavan ဥက္ကဌအဖြစ် တာဝန်ယူကာ အစိုးရထံ တရားဝင်မှတ်ပုံ တင်လိုက်ခြင်းဖြင့် မြန်မာအလုပ် သမားများအရေးကို ထိထိရောက်ရောက် ကူညီနိုင်တော့မည် ဖြစ်ကြောင်း လူမှုအဖွဲ့၏ တာဝန်ခံက ပြောသည်။
သတင်းနှင့်မီဒီယာကွန်ယက်
လက်နက်ကြီးကျည်ကျ၍ ထိုင်းရွာသားများ ထွက်ပြေး
ခွန်အောင်မြတ်။
သြဂုတ်လ ၈ ရက်၊ ၂၀၀၇ ခုနှစ်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ)က ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ စခန်း တခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကျည်အချို့ ထိုင်းနယ်အတွင်း ကျရောက်သဖြင့် ထိုင်းရွာ သား ၃၀၀ကျော် နေအိမ်စွန့်ခွာ ထွက်ပြေးနေကြောင်း ထိုင်းနိုင်ငံ ရုပ်မြင်သံကြား လိုင်းနံပတ် ၇ ( ချယ်လ်နေ ဆဲဗင်း)က ထုတ်လွှင့်သည်။


မြန်မာအလုပ်သမတဦး မဟာချိုင်တွင် အသတ်ခံရ
စောရန်နိုင်နှင့် စိုင်းဆစ်၊ ဧရာဝတီ/ သြဂုတ် ၁၀၊ ၂၀၀၇
ထိုင်းနိုင်ငံမဟာချိုင်ဒေသ ဆမွတ်စခွန်ခရိုင်တွင် မြန်မာအလုပ်သမတဦးကို ထိုင်းလူမျိုးဟု ယူဆရသည့် အမျိုးသားတဦးက မတရားပြု ကျင့်ရန်ကြိုးစားခဲ့ပြီး သတ်ဖြတ်လိုက် ကြောင်း သိရသည်။
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ က ၁၉ နှစ်အရွယ်ရှိ ဟေမာန်ဦး ခေါ် တုန်တုန်သည် အမျိုးသား အလုပ်သွားနေချိန် အခန်းထဲတွင် တယောက်တည်း အိပ်ပျော်နေစဉ် ယခုကဲ့သို့ သတ်ဖြတ် ခံခဲ့ရသည်ဟု ဒေသခံရဲ၊ မျက်မြင်သက်သေနှင့် သေဆုံးသူ၏ ဆွေမျိုးများက ဧရာဝတီကို ပြောသည်။
ထိုင်းလူမျိုးဟု ယူဆရသူက နေ့လယ် ၁ နာရီခန့်တွင် ဟေမာန်ဦးအခန်းသို့ ၀င်သွားကာ အဓမ္မပြုကျင့်ရန် ကြိုးစားရာ ဟေမာန်ဦးက ပြန်လည် ခုခံသောကြောင့် ကတ်ကြေးဖြင့် အချက်ပေါင်း ၁၈ ချက် အထိုးခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ခင်ပွန်းသည် ကိုမျိုးထွဋ် က ပြောသည်။

မယ်လဒုက္ခသည်စခန်းရှိ ကာလ၀မ်းရောဂါသည်တဦး သေဆုံး
ဧရာဝတီ သြဂုတ် ၉၊ ၂၀၀၇
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည် စခန်းတွင် ကာလ၀မ်းရောဂါဖြစ်ပွားသောကြောင့် အမျိုးသမီးတဦး သေဆုံး၍ တခြားသော လူ ၄၀ နီးပါးတွင် ၀မ်းရောဂါပိုး စမ်းသပ်တွေ့ရှိရကြောင်း ကျန်းမာရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိက တက္ကသိုလ်မှ ပါရဂူဘွဲ့ချီးမြှင့်မည်
ဧရာဝတီ/ သြဂုတ် ၁၀၊ ၂၀၀၇


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ ကိတ်ပ်တောင်း တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူများ စစ်အာဏာရှင်အောက်မှ လွတ်မြောက်အရေး လှုပ်ရှားသူဖြစ် သောကြောင့် သူ့ကို စံထား ဥပမာပြု၍ ကမ္ဘာပေါ်ရှိ သန်းနှင့်ချီသော အဖိနှိပ်ခံပြည်သူများအတွက် မျှော်လင့်ချက် ပေးနိုင်ရန် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ရခြင်းဖြစ်သည်ဟု ကိတ်ပ်တောင်းတက္ကသိုလ် ဒုတိယ အဓိပတိ နဂျတ်ဘူလို နဒီဘီလီက ဆိုသည်။
ယင်းဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခြင်းအခမ်းအနားကို လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ပြီး တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူးက ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ဘွဲ့ယူမည်ဖြစ်ကြာင်း သိရသည်။

အင်းလေးဒေသ သစ် ၀ါး ဈေးကြီး
ကြည်ဝေ ဧရာဝတီ/ သြဂုတ် ၈၊ ၂၀၀၇
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တွင်းရှိ အင်းလေးဒေသတွင် သစ်နှင့် ၀ါးဈေးများ အဆမတန်မြင့်တက်လာသည့် အတွက် ဒေသခံများ အခက်အခဲဖြစ်နေကြကြောင်း သိရသည်။
အင်းလေးကန်တွင်းရှိကျေးရွာ ၆၄ ရွာသည် ကျွန်းမျောများပေါ်တွင် စိုက်ခင်းများပြုလုပ်လျက်ရှိကြပြီး ကန်ရေပြင်တွင် ထိုကျွန်းမျောများ ရွေ့လျားသွားခြင်းမရှိရန် ၀ါးလုံးများကို ကန်အောက်ခြေထိ ထိုးစိုက်ထားရခြင်း၊ စိုက်ခင်းများတွင်လည်း ၀ါးတိုင်များကို အသုံးပြုရခြင်းအပြင် အင်းသားအများစုသည် ၀ါးဖြင့်ဆောက်သော အိမ်များတွင် နေထိုင်ကြရသူများဖြစ် သည့်အတွက် မရှိမဖြစ် အရေးကြီးသည့် ၀ါးဈေး ယခုကဲ့သို့ တက်လာသောကြောင့် အခက်အခဲဖြစ်ကြရသည်ဟု ဒေသခံ များက ပြောသည်။

တပ်ရိက္ခာ စပါးဝယ်ပေးသူများ အိပ်စ်ပို့တင်ပို့ခွင့်ရ
NEJ / ၁၀ သြဂုတ် ၂၀၀၇
နအဖစစ်တပ်အတွက် တပ်ရိက္ခာစပါးဝယ်ယူရာတွင် တက်ကြွစွာပါဝင်ခဲ့သူ၊ နအဖထိပ်ပိုင်း စစ်အာဏာပိုင်များနှင့် နီးစပ်သူများကို ဆန် ပြည်ပတင်ပို့ခွင့် ပါမစ်များ ချပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းမှ အမည်မဖော်လိုသူ အမှုဆောင်ကော်မတီဝင်တဦးက ပြောကြားသည်။

တိုက်ကြီးမြို့နယ်ရှိ ရေလှောင်တမံနှင့် ရေကာတာများ ရေ၀င်မှုကြောင့် စိုးရိမ်ရေမှတ် ကျော်လွန်နေ
NEJ / ၁၀ သြဂုတ် ၂၀၀၇

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် ရေကြီးမှုမှာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေသဖြင့် ရပ်ကွက်အချို့မှ နေအိမ်များ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရကြောင်း ဒေသခံတဦးက ပြောသည်။


No comments: