Tuesday, September 4, 2007

walkers moved

ကျိုက္ကဆံစစ်ကြောရေးစခန်းရှိ အဖမ်းခံထားရသူများကို နေရာရွှေ့
ကိုသက် | စက်တင်ဘာ ၄၊ ၂၀၀၇

လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြခဲ့သောကြောင့် ကျိုက္ကဆံစစ်ကြောရေးစခန်းတွင် အဖမ်းခံထားရ သူများ ကမ္ဘာမကြေသီချင်းသီဆိုသောကြောင့် အမျိုးသမီးများအား မှော်ဘီရှိ တပ်ရင်း (၃)၊ အမျိုးသားများကို သံလျင်ရှိ တပ်ရင်း (၇) သို့ ပြောင်းရွှေ့လိုက်သည်ဟု မစုစုနွေးက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြခဲ့သောကြောင့် ကျိုက္ကဆံစစ်ကြောရေးစခန်းတွင် အဖမ်းခံထားရ သူများ ကမ္ဘာမကြေသီချင်းသီဆိုသောကြောင့် အမျိုးသမီးများအား မှော်ဘီရှိ တပ်ရင်း (၃)၊ အမျိုးသားများကို သံလျင်ရှိ တပ်ရင်း (၇) သို့ ပြောင်းရွှေ့လိုက်သည်ဟု မစုစုနွေးက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

“၂ ရက်နေ့ည ၁၀ နာရီကျော်လောက်ကရွှေ့တာ။ အဲဒီနေ့ည ၈ နာရီမှာ အစာငတ်ခံဆန္ဒပြသူတွေက ကမ္ဘာမကြေ သီချင်း ဆိုတော့ တာဝန်ကျအရာရှိကတားတယ်။ နောက်တော့ အမိုးမပါတဲ့ကားတွေနဲ့ နေရာပြောင်းလိုက်တယ်။ မိုးတွေသည်းနေတဲ့ အချိန်မှာ အမိုးမပါတဲ့ကားတွေ့နဲ့တင်သွားတာ” ဟု မစုစုနွေးက ပြောသည်။

ကြံ့ဖွံ့များ၏အကြမ်းဖက်ဖမ်းဆီးမှုကြောင့် ခြေထောက်တဖက်ကျိုးခဲ့သည့် ကိုအိုးဝေ ဆေးဝါးကုသမှုမရသဖြင့် သြဂုတ်လ ၃၀ ရက်နေ့တွင် ကျိုက္ကဆံစစ်ကြောရေးစခန်း၌ အဖမ်းခံထားရသူများအနက် ၄၁ ဦးက အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

ကျိုက္ကဆံစစ်ကြောရေးစခန်းတွင် ဆန္ဒပြသူ ၆၀ ကျော် အဖမ်းခံထားရသည်ဟုလည်း မစုစုနွေးက ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့မှစ၍ ယခုအချိန်အထိ နိုင်ငံရေးလှုပ်ရှားသူ ၁၃၀ ကျော်ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်း ထားသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ စာရင်းက ဆိုသည်။
အတည်ပြု၍မရသေးသည့်သတင်းများအရ သြဂုတ်လ ၂၁ ရက်နေ့ညတွင် အဖမ်းခံခဲ့ရသည့် ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့မှ ကျောင်းသားခေါင်းဆောင်များအား အကျဉ်းထောင်များသို့ ပြောင်းရွှေ့ချုပ်နှောင်ထားကြောင်း သိရသည်။
အမေရိကန်နိုင်ငံအခြေစိုက် US Campaign for Burma အဖွဲ့က အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ကို အကျဉ်းကျခံနေရ သူများနှင့် သွားရောက်တွေ့ဆုံခွင့်ပြုရန် စစ်အစိုးရအား တောင်းဆိုထားသည်။
သြဂုတ်လ ၃၁ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဆန္ဒပြသောကြောင့် အဖမ်းခံထားရသူ ၂ ဦး လွတ်မြောက် ရေးအတွက် တောင်ကုတ်မြို့ရှိ အန်အယ်လ်ဒီပါတီဝင် ၁၅ ဦးက ဒေသအာဏာပိုင်များနှင့် သွားရောက်ဆွေးနွေးကြရာ ပရိသတ်တထောင်ကျော်က လိုက်လံအားပေးကြကြောင်း တောင်ကုတ် အန်အယ်လ်ဒီ၏ စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဦးခင်လတ်က ဧရာဝတီကို ပြောသည်။

ယနေ့နေ့လယ်တနာရီတွင်လည်း ဒေါ်နော်အုန်းလှဦးဆောင်သည့် အင်္ဂါနေ့ဝတ်ပြုဆုတောင်းအဖွဲ့က ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီ အင်္ဂါထောင့်၌ ၀တ်ပြုဆုတောင်းကြရာ
ဝတ်ပြုဆုတောင်းသူများမှ ဒေါ်မြမြစန်းအား ဘုရားဂေါပကအဖွဲ့က ကျိုက္ကဆံ စစ်ကြောရေးစခန်းသို့ ဖမ်းဆီးပို့ဆောင် လိုက်ကြောင်း စုံစမ်းသိရှိရသည်။

(မှတ်ချက် - ဒီသတင်းကို http://irrawaddy.org/bur/news2007/September/sept_04b_07.html ကနေ ယူတယ်။)

No comments: