Wednesday, August 8, 2007

landmine for villigers in Kayah state

မြေမြုပ်မိုင်းများကြောင့် ရွာသားများ လယ်ယာလုပ်ကိုင်ရန်ခက်ခဲနေ
အောင်မိုးမြင့်။ သတင်းနှင့်မီဒီယာကွန်ယက် သြဂုတ်လ ၇ ရက်၊ ၂၀၀၇ ခုနှစ်။


တိုက် မိုင်း ၊ နှင်းမိုင်း များကို စွန့်လွတ်မိုင်းများအဖြစ် ထောင်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
(စွန့်လွှတ်မိုင်းဆိုသည်မှာ သက်တမ်းကုန်ဆုံးခြင်းမရှိပဲ အစဉ်အန္တရာယ်ရှိသော မိုင်းများကို ခေါ်သည်။)


လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စု နန့်မဟူးကျေးရွာအနီးပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းများ ထောင် ထားမှုကြောင့် ဒေသခံ ရွာသူရွာသားများ လယ်ယာလုပ်ကိုင်ရန် အခက်အခဲရှိနေကြောင်း ဒေသခံတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်ခန့်မှ စတင်၍ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာ တပ်စခန်းရှိ ခမရ ၅၃၀ တပ်ရင်းမှ နန့်မဟူး ကျေးရွာ အနောက်မြောက်ဘက် နှစ်မိုင်ခန့်ရှိ ရေထွက်ပေါက်များအနီးတ၀ိုက်တွင် တိုက် မိုင်း ၊ နှင်းမိုင်း များကို စွန့်လွတ်မိုင်းများအဖြစ် ထောင်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
(စွန့်လွှတ်မိုင်းဆိုသည်မှာ သက်တမ်းကုန်ဆုံးခြင်းမရှိပဲ အစဉ်အန္တရာယ်ရှိသော မိုင်းများကို ခေါ်သည်။)

“အဲ့လိုမျိုး ထောင်ထားတဲ့အခါကျတော့ ရွာသူရွာသားတွေက တောင်ယာသွားလုပ်ဖို့ လယ်လုပ်ဖို့ဆို တာ ကတဲ့ သူတို့အတွက် အခက်အခဲတအားဖြစ်တယ်တဲ့ မသွားရဲဘူးတဲ့ သွားလို့ရှိရင် အဲ့မှာ ကျွဲနွား တွေ အရင်ဆုံးလွှတ် လိုက်တဲ့အချိန်မှာ ကျွဲနဲ့ နွား အဲ့ဒီမိုင်းနှင်းမိပြီး သေသွားတယ်တဲ့။ မိုင်းအဲ့ဒီ ထောင်ထားတဲ့မိုင်းနင်းမိပြီးသေသွား တယ်တဲ့ ကျွဲနဲ့နွား ၁၅ ကောင်က။”

ရွာသူရွာသားများက ထောင်ထားသောမိုင်းများကို ဖြုတ်ပေးရန်တောင်းဆိုသော်လည်း နအဖ စစ်တပ်က ငြင်းဆို ကြောင်း အခုလိုဆက်ပြောသည်။

“ခမရ ၅၃၀ ထောင်ထားတဲ့ အဲ့ဒီမိုင်းတွေကိုတဲ့ ဒေသခံ တောင်သူလယ်သမားတွေက သွားပြီးတော့ ပြန်ဖြုတ်ဖို့ ပြောတယ်တဲ့ ပြောတော့ အဲ့ဒါကိုသူတို့က တင်ပြတာပေါ့နော် မိုင်းတင်ပြတယ် အဲ့ဒီဖြုတ် ဖို့ တင်ပြတယ် သူတို့က လက်မခံဘူးတဲ့။ခုချိန်ထိ ဖြုတ်မပေးဘူးတဲ့။ မဖြုတ်ပေးတော့ ခုချိန်ထိ ရွာသူ ရွာသားတွေက လယ်လုပ်ဖို့ အတွက် ပြဿနာ အများကြီးဖြစ်နေတယ်။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖြတ်သန်းသွားလာချိန်တွင် ရေချောင်းအနီး တ၀ိုက်တွင် ချက်ပြုတ် စားသောက်လေ့ ရှိကြခြင်းကြောင့် ရေထွက်ပေါက်များ အနီးတ၀ိုက်တွင် မြေမြုပ်မိုင်းများ ထောင်ထားခြင်းဖြစ် သည်ဟု ၄င်းက ဆက်လက်ပြောသည်။

ကယားပြည်နယ်အတွင်း နအဖ စစ်တပ်၏ မြေမြုပ်မိုင်းထောင်မှုကြောင့် ၂၀၀၇ ခုနှစ် မတ်လမှ မေလအတွင်း ရှားတောမြို့နယ်တွင် သေဆုံးသူ အမျိုးသား ၄ ဦး ရှိပြီး ဒီမောဆိုမြို့နယ်တွင် သေဆုံးသူ အမျိုးသမီး တစ်ဦး ရှိခဲ့ သည်။


No comments: