ဝါဒဖြန့်စာအုပ်များ ဖိအားပေးရောင်းချခိုင်း
ဧရာဝတီ
သြဂုတ် ၃၊ ၂၀၀၇
မြန်မာနိုင်ငံရှိစာပေဖြန့်ချိရေးလုပ်ကိုင်နေသူများကို စာပေစိစစ်ရေးကခေါ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ၀ါဒဖြန့်ချိရေးစာအုပ်များနှင့် စစ်အစိုးရထုတ်စာအုပ်များကို ဖြန့်ချိပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
ယမန်နေ့က ခေါ်ယူဆွေးနွေးခံရသည့် စာပေထုတ်ဝေရေးများတွင် ဆင်တောင်ကြီးစာပေ၊ မိုးကောင်းကင်စာပေ၊ တင်စိုး စာပေ၊ မီလျှံနာစာပေဖြန့်ချိရေး၊ ရာပြည့်စာပေဖြန့်ချိရေး၊ ၀ါမိုးအောင်စာပေစသည့် နာမည်ကြီးဖြန့်ချိရေးများ ပါဝင်သည်။
စစ်အစိုးရနှင့် ပြန်ကြားရေးဝန်ကြီးဌာန ထုတ်စာအုပ်များကို စာအုပ်ဆိုင်များပေါ်တွင်မတင်ကြသဖြင့် အပ်ကုန်စနစ်ဖြင့် ရောင်းပြီးမှငွေရှင်းရန် စာပေစိစစ်ရေးက ပြောကြားသော်လည်း ဖြန့်ချိရေးသမားများက ဆောင်ရွက်ပေးရန် စိတ်အား ထက်သန်မှုမရှိကြောင်း ရန်ကုန်ရှိစာနယ်ဇင်းသမားတဦးက ပြောဆိုသည်။စာပေဖြန့်ချိသူတဦးကလည်း ရောင်းရသော ပရိသတ်ကြိုက် စာစောင်၊ စာအုပ်မျိုးမဟုတ်ပါက ဆိုင်မတင်လိုကြောင်း ပြောဆိုသည်။
No comments:
Post a Comment